ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃

(ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစိုးရကိုယ်စားပြု ပညာရှင်များအဖွဲ့(အိုင်ပီစီစီ)၏ "ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃" အစီရင်ခံစာပါ အဓိကအချက်များ) ၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြား ကမ္ဘာ့မျက်နှာပြင်ပျမ်းမျှအပူချိန်သည် ၁၈၅၀ နှင့် ၁၉၀ဝ ကြား ကာလထက် ၁ ဒသမ ဝ၉ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်ခဲ့သည်။ မြေပြင်အပူချိန်သည် ၁ ဒသမ ၅၉ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့ပြီး သမုဒ္ဒရာရေပြင်သည် ဝ ဒသမ ၈၈ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့သည်။ ၁၈၅၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်ခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏသည် ဂိုင်ဂါတန် ၂၄၀ဝ ခန့် ဖြစ်သည်။ ယင်းပမာဏ၏ ၅၈ ရာခိုင်နှုန်းသည် ၁၈၅၀ နှင့် ၁၉၈၉ …

Continue reading ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃

၂၀၂၂ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ (ကမ္ဘာ့မိုးလေဝသအဖွဲ့)

ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများသည် ၂၀၂၂ ခုနှစ်အတွင်း သမုဒ္ဒရာအနက်ပိုင်းမှသည် တောင်ထိပ်ဖျားများအထိ ရောက်ရှိကာ ဆက်လက်ပြင်းထန်လာနေကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်လိုက်သော ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။ မိုးခေါင်မှု ရေကြီးမှုနှင့် အပူလှိုင်းများသည် ကမ္ဘာ့တိုက်ကြီးများအားလုံး၌ ဖြစ်ပေါ်ခဲ့ကာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ လေထု ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၂၀၂၁ ခုနှစ်၌ ၄၁၅ ဒသမ ၇ ပီပီအမ် ဖြစ်ရာ စက်မှုခေတ် မတိုင်မီကနှင့် စာလျှင် ၁၄၉ ရာခိုင်နှုန်း တက်လာသည်။ မီသိန်းက ၁၉၀၈ ပီပီဘီ ဖြစ်ပြီး စက်မှုခေတ် အကြိုထက် ၂၆၂ ရာခိုင်နှုန်း တက်ပြီး နိုက်ထရပ်စ်အောက်ဆိုက်က ၃၃၄ ဒသမ ၅ ပီပီဘီ ဖြစ်ကာ စက်မှုခေတ် …

Continue reading ၂၀၂၂ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ (ကမ္ဘာ့မိုးလေဝသအဖွဲ့)

အိုဇုန်းအပေါက်နှင့် ကမ္ဘာကြီးပူနွေးလာမှု

ကမ္ဘာ့မျက်နှာပြင်မှ ၁၅ ကီလိုမီတာနှင့် ကီလိုမီတာ ၅၀ ကြားရှိ စထရာတိုစဖီးယားဟု ခေါ်သောအလွှာ၌ အောက်ဆီဂျင် အက်တမ်သုံးလုံး ပါသည့် အိုဇုန်းတို့သည် သဘာဝအလျောက် ဖွဲ့စည်းပါဝင်နေသည်။ ယင်းအိုဇုန်းတို့သည် အာကာသတွင်းမှ ခရမ်းလွန်ရောင်ခြည်တို့ကို ကမ္ဘာ့မျက်နှာပြင်ပေါ် ရောက်မလာအောင် ပိုက်ကွန်သဖွယ် တားဆီးပေးထားသည်။ ကမ္ဘာ့မျက်နှာပြင်ပေါ်ရောက်သော ခရမ်းလွန်ရောင်ခြည်တို့သည် ပမာဏ များပြားပါက လူတို့၌ နေလောင်ခြင်း၊ အရေပြားကင်ဆာ ဖြစ်စေခြင်း၊ ကိုယ်ခံစွမ်းအား လျော့နည်းစေခြင်း၊ မျက်စိအတွင်းတိမ် ဖြစ်စေခြင်း၊ သီးနှံပင်တို့ကို ပျက်စီးစေခြင်းတို့ ဖြစ်ပေါ်စေသည်။ ထို့ပြင် ခရမ်းလွန်ရောင်ခြည်သည် ပင်လယ်သမုဒ္ဒရာများတွင်းရှိ အပင်နှင့်အကောင်ငယ်များကို သေစေကာ ရေသတ္တဝါကြီးများ၏ အစာကို လျော့ပါးပြုန်းတီးစေခြင်းဖြင့် ရေနေသတ္တဝါတို့ ပေါက်ပွားရှင်သန်မှုကို ထိခိုက်စေသည်။ လေထု အမြင့်ပိုင်းရှိ အိုဇုန်းတို့သည် သက်ရှိလောကကို အကျိုးပြုသော်လည်း မြေပြင်မှ ရှစ်ကီလိုမီတာနှင့် ၁၅ …

Continue reading အိုဇုန်းအပေါက်နှင့် ကမ္ဘာကြီးပူနွေးလာမှု

ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်

ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ - ၁ - လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ - မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ - ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ - သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ - သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ - ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ - အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊ …

Continue reading ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်

လေထုတွင်းရှိ ဓာတ်ငွေ့များနှင့် ရာသီဥတုပြောင်းလဲခြင်း

ကမ္ဘာ့လေထုကို ကိုယ်ပိုင်ဂုဏ်သတ္တိအသီးသီးရှိကြသော နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းနှင့် အခြားဓာတ်ငွေ့ ၁ ရာခိုင်နှုန်းတို့ဖြင့် ပါဝင် ဖွဲ့စည်းထားသည်။ အခြားဓာတ်ငွေ့ ၁ ရာခိုင်နှုန်းထဲတွင် ဓာတ်ပြုနိုင်မှု နည်းပါးလွန်းသည့် အာဂွန်ဓာတ်များ ပါသကဲ့သို့ ကမ္ဘာ့လေထုကို ကြီးစွာ အကျိုး သက်ရောက်နိုင်သည့် ကာဘွန်ဒိုင်အောက်ဆိုက်နှင့် အိုဇုန်းဓာတ်ငွေ့များ၊ ရေငွေ့များလည်း ပါသည်။ ယင်းအချိုးအဆမှာ ပုံသေမဟုတ်ဘဲ အချိန်နှင့်နေရာကို လိုက်၍ အပြောင်းအလဲအနည်းငယ် ရှိသည်။ ထုထည်ပမာဏအများဆုံး ဖြစ်သည့် နိုက်ထရိုဂျင်သည် သက်ရှိခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ်တို့၏ အခြေခံ အုတ်မြစ် အမိုင်နိုအက်ဆစ်ဖြစ်ပေါ်ရန် အရေးပါသည့် ကဏ္ဍမှ ပါဝင်သည်။ သို့သော် လူတို့သည် နိုက်ထရိုဂျင်ကို လေထုတွင်းမှ တိုက်ရိုက် ရယူနိုင်စွမ်း မရှိချေ။ ဘက်တီးရီယားပိုးအချို့၏လုပ်ဆောင်ချက်၊ မိုးကြိုးပစ်ခြင်းတို့မှ မြေထုနှင့် …

Continue reading လေထုတွင်းရှိ ဓာတ်ငွေ့များနှင့် ရာသီဥတုပြောင်းလဲခြင်း

ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ

တစ်ကမ္ဘာလုံးရှိ ရေနှင့်မြေမျက်နှာပြင်၊ အပင်တို့မှ ရေငွေ့ပျံခြင်းသည် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား ကာလတွင် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခဲ့ကြောင်း တိုင်းတာရရှိသည်။ အပူချိန် မြင့်မားလာသဖြင့် ရေငွေ့ပျံမှုလည်း လိုက်၍ များမှန်းသိခဲ့ကြသော်လည်း ထိုမျှပိုမိုအငွေ့ပျံနေသည်ကိုမူ အခုမှ သိကြရသည်။ ရေငွေ့ပိုပျံလာကြောင်း တိကျသေချာစွာ သိရှိရသည်မှာ ဂရေ့စ်ဂြိုဟ်တုများ (Gravity Recovery and Climate Experiment (GRACE) satellites )မှ တိုင်းတာ ပေးပို့လိုက်သော အချက်အလက်များကြောင့် ဖြစ်သည်။ ဂရေ့စ်ဂြိုဟ်တုနှစ်လုံးသည် ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၌ လည်းကောင်း၊ ယင်းဂြိုဟ်တုများ သက်တမ်းကုန်ပြီးနောက် ထပ်မံလွှတ်တင်သော ဂရေ့စ်ဂြိုဟ်တုနှစ်လုံးက ၂၀၁၈ ခုနှစ် နောက်ပိုင်း၌ လည်းကောင်း ကမ္ဘာပတ်လမ်းကြောင်းထဲ၌ ပျံသန်းကာ မြေဆွဲအားကို တိုင်းတာနေခဲ့သည်။ …

Continue reading ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ

ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ

နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကိုမေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့်ပြောကြသည်။ ယင်း 'မိုးလေဝသ'ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူးတတွဲတွဲ ရေးသားပြောဆိုနေကြသော စကားလုံးတစ်ခုမှာ 'ရာသီဥတု' ဖြစ်သည်။ အချို့က မိုးလေဝသနှင့်ရာသီဥတုတို့ကိုရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာယင်းအရပ်၏ မိုးလေဝသအခြေအနေဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ်ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံးပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို သို့မဟုတ် လအတန်ကြာ ရွာသွန်းနေသဖြင့် ယင်းဒေသ၏ နေ့စဉ်မိုးလေဝသအခြေအနေကိုမေးလျှင် ပူသည်၊ မိုးရွာသည်စသည့်အဖြေများကိုသာ ကြားရမည်။ အဆိုပါ နေ့စဉ်ကြုံတွေ့ရသော မိုးလေဝသအခြေအနေများကို ကာလကြာစုပေါင်း၍ အီကွေတာဒေသတွင် ပူအိုက်စွတ်စိုသောရာသီဥတု ရှိသည်ဟု …

Continue reading ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ