'စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲမဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီ မှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး' ဟု 'ညီပုလေး'က 'စိမ်းလန်းတဲ့တောင်ကုန်း မြင့်မားတဲ့တောင်တန်း' စာအုပ်တွင် ရေးသားခဲ့သည်။ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ 'ညီပုလေး' ကဲ့သို့ စိုးရိမ်စိတ်ဝင်နေသူသန်းပေါင်းများစွာရှိရာ တိဘက်လယ်သမား ဂျီယာဆွန်လည်းပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်ထူထပ်သောအပိုင်း၌ နေသူဂျီယာဆွန်က ''ကျွန်တော်တို့ဟာ သဘာဝတရားကြီးကိုနှောင့်ယှက်ဖျက်ဆီးမိခဲ့ပြီ''ဟု ပြောသည်။ ဂျီယာဆွန်သည် နွေရာသီ၏ နေ့တစ်နေ့တွင် ပေ ၂၂၀ဝ၀ မြင့်သော ကာဝါဂီဘို တောင်ပေါ်တက်ရင်း မင်ယွန်းရေခဲမြစ်ရှိရာကိုကြည့်၍ ယင်းသို့ပြောခြင်းဖြစ်သည်။ လွန်ခဲ့သောဆယ်နှစ်အထိတွေ့မြင်နေခဲ့သော မင်ယွန်းရေခဲမြစ်ကို တွေ့နေကျနေရာ၌ မမြင်ရတော့ပေ။ ရေခဲမြစ်သည် တိုဝင် နောက်ဆုတ်သွားခဲ့ပြီ။ ဂျီယာဆွန်သည် တောင်ပေါ်သို့အတန်ငယ်ထပ်တက်ပြီး မြစ်ကွေ့နေရာသို့ရောက်တော့မှ ရေခဲမြစ်ရှိခဲ့ကြောင်း သက်သေဖြစ်သည့် ကျောက်တုံးအကြေအမွများကိုတွေ့ရသည်။ … Continue reading အရည်ပျော်တောင်ထိပ်များ
Category: Climate Change
မြန်မာ့အပူချိန်နှင့် မိုးရေချိန် ပြောင်းလဲမှု လေ့လာချက်
ဤလေ့လာချက်သည် မြန်မာနိုင်ငံ၌ ၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မိုးလေဝသစခန်း ၃၅ ခု၏ တိုင်းတာချက်များကို အသုံးပြု၍ အစွန်းရောက် နေ့စဉ်အပူချိန်နှင့် မိုးရေချိန်များ နှစ်စဉ်ပြောင်းလဲလာပုံကို လေ့လာသည်။ ယင်းလေ့လာချက်အရ မြန်မာနိုင်ငံ၌ သိသာစွာ ပူပြင်းလာနေသောအချက်ကို တွေ့ရှိသည်။ ၂၀ဝ၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အပူချိန်မြင့်မားလာမှုသည် ၂၀၁၁ ခုနှစ်မှလွဲ၍ နှစ်စဉ် ဝ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်စီ တက်လာနေခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးအပူချိန်များသည် တောက်လျှောက် မြင့်မားလာနေခဲ့သည်။ ပူပြင်းသောနေ့နှင့်ညများသည် များပြားလာနေပြီး အေးသောနေ့နှင့်ညများ လျော့နည်းသွားသည်။ ၁၉၈၁ မှ ၂၀၁၅ အတွင်း မြန်မာနိုင်ငံ၌ အမြင့်ဆုံးအပူချိန် နှစ်စဉ်ပြောင်းလဲမှု ၂၀၁၈ ခုနှစ်နှင့် ၂၀၁၅ … Continue reading မြန်မာ့အပူချိန်နှင့် မိုးရေချိန် ပြောင်းလဲမှု လေ့လာချက်
ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ
မြန်မာနိုင်ငံရှိ မိုးလေ၀သစခန်း ၃၅ ခု၏ မှတ်တမ်းများအရ ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်ပြည်လုံး အတိုင်းအတာဖြင့် မိုးရေချိန်နှင့် အပူချိန် သိသိသာသာ တိုးလာခဲ့သည်။ ၁၉၈၁ မှ ၂၀၂၀ အထိ၊ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်သည် ၁ . ၁ ဒီဂရီ စင်တီဂရိတ်ခန့် တိုးလာပြီး တစ်နှစ်တာ မိုးရေချိန်သည် ၁၅၇ . ၇ မီလီမီတာခန့် များလာသည်။ မိုးရွာသွန်းမှု နှစ်ပေါင်း ၃၀ အတွင်း တစ်နှစ်တာ မိုးရေချိန် များလာမှု မိုးရေချိန် တိုးလာသည် ဆိုရာ၌ ပျံ့ပျံ့နှံ့နှံ့နှင့် ရွာသွန်းခြင်း မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နေရာတည်းတွင် မိုးအလွန် သည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် … Continue reading ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ
အိန္ဒိယတွင် ၁၁၅ နှင့် ပါကစ္စတန်တွင် ၁၂၀ ဒီဂရီ ဖာရင်ဟိုက် (ကိုသန်းလွင်)
(၁)ကျွန်တော်တို့သည် ဘီလီယံချီသော လူသားများအား "နိဂုံး"ကို ပြသရန် လောကကြီးကို ဇောက်ထိုးမိုးမျှော် လုပ်ပြနေစရာ မလိုပါ။ အလွန်ပူလောင်သော နေ့ရက်များကို ထုံးစံတစ်ခုကဲ့သို့ ကြုံတွေ့လာနေရခြင်းက လူသားတို့၏ "နိဂုံး"ကို ညွှန်ပြလျက်ရှိပါသည်။ (၂)ရာသီဥတုအကြောင်း ဖွဲ့ဆိုထားသော ဝတ္ထုတစ်ပုဒ်ပါ လူသန်း ၂၀ မျှသေဆုံးခဲ့ရသော အပူချိန်ထက် ၁၀ ဒီဂရီ စင်တီဂရိတ်မျှ ပိုမြင့်သည့် အပူကို တစ်ဘီလီယံမျှသော တောင်အာရှသားများ လွန်ခဲ့သောလက ခံစားခဲ့ရပါသည်။ ရက်သတ္တပတ် အနည်းငယ်ကြာသည်အထိ ထိုအပူငွေ့ ရှိနေခဲ့ပါသည်။ မိုးကျမည့် ဇွန်လမှသာ အပူဒဏ်မှ သက်သာရာ ရတော့မည်။ လူသေဆုံးမှု ဖြစ်ရာတွင် လေထုတွင်း ရေငွေ့ ပါဝင်နှုန်းသည် အပူချိန်ကဲ့သို့ပင် အရေးပါသည်။ အိန္ဒိယတွင် ၁၁၅ ဒီဂရီ ဖာရင်ဟိုက်၊ ပါကစ္စတန်တွင် ၁၂၀ ဒီဂရီ … Continue reading အိန္ဒိယတွင် ၁၁၅ နှင့် ပါကစ္စတန်တွင် ၁၂၀ ဒီဂရီ ဖာရင်ဟိုက် (ကိုသန်းလွင်)
စိုထိုင်းအပူချိန် (Wet Bulb Temperature)
လူ့ခန္ဓာကိုယ်တွင်း၌ အပူများလာသောအခါ ချွေးထွက်ခြင်းဖြင့် ကိုယ်တွင်းအပူများကို အလိုအလျောက် ထုတ်ပေးသည်။ လေထုတွင်း ရေငွေ့နည်းလျှင် ခန္ဓာကိုယ်တွင်းမှ အပူများ ချွေးအဖြစ် ထွက်သွားနိုင်သော်လည်း လေထုတွင်း ရေငွေ့ အလွန်အမင်းများနေလျှင် ခန္ဓာကိုယ်အပူသည် ချွေးအဖြစ် ထွက်မသွားနိုင်တော့ချေ။ ယင်းအခါမျိုးတွင် လူသေဆုံးနိုင်သည်အထိ အန္တရာယ် ရှိသည်၊ ထိုင်နေရင်းလည်း အသက်ထွက်သွားနိုင်သည်။ ထို့ကြောင့် အပူကြောင့် လူအန္တရာယ် ဖြစ်ခြင်း မဖြစ်ခြင်းကို ညွှန်ပြရာ၌ ပကတိအပူချိန် အပြင် ရေငွေ့ပါဝင်မှုကိုလည်း ထည့်တွက်ကာ စိုထိုင်းအပူချိန် (wet bulb temperature) ဖြင့် ပြဆိုကြသည်။ ၂၀၂၂ ဇွန်လ ၁၅ ရက် နံနက် လေးနာရီခွဲတွင် ရန်ကုန် အပူချိန် ၂၆ ဒီဂရီ စင်တီဂရိတ်၊ စိုထိုင်းဆ ၉၄ ရာခိုင်နှုန်း ရှိရာ … Continue reading စိုထိုင်းအပူချိန် (Wet Bulb Temperature)
ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ - ၁ - လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ - မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ - ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ - သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ - သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ - ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ - အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊ … Continue reading ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
တောင်ထိပ် ရေခဲမြစ်များ အရည်ပျော် လျော့နည်းလာနေခြင်းနှင့် ဧရာဝတီမြစ်အပေါ် သက်ရောက်မှု
တစ်ကမ္ဘာလုံး သုံးစွဲနေသော ရေပမာဏ၏ ထက်ဝက်ကျော်ကို မြစ်များ ချောင်းများမှ ရရှိသည်၊ မြစ်အများစုတွင် စီးဆင်းနေသော ရေများသည် မိုးရေများ ဖြစ်ကာ အချို့ မြစ်ရေများသည် မြေအောက် ရေအောင်းလွှာများမှ စီးဝင်လာသော ရေများ ဖြစ်သည်၊ ဆီးနှင်းနှင့် တောင်ထိပ် ရေခဲမြစ်များမှ မြစ်ဖျားခံလာကြသော မြစ်များလည်း ရှိသည်၊ ယင်းမြစ်များ အပေါ် သောက်သုံးရေအတွက် မှီခိုနေရသော လူဦးရေမှာ သန်း ၂၀၀၀ ခန့် (ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံခန့်) ရှိသည် (၁)။ ထို့ကြောင့် တောင်ထိပ် ရေခဲမြစ်များသည် ရေဖူလုံရေး၌ အလွန် အရေးပါသည့် ကဏ္ဍတွင် ရှိနေသည်။ ရည်ညွှန်းရေခဲမြစ်များ ၁၉၄၅ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ဒြပ်ထု လျော့နည်းလာပုံ တောင်ထိပ် … Continue reading တောင်ထိပ် ရေခဲမြစ်များ အရည်ပျော် လျော့နည်းလာနေခြင်းနှင့် ဧရာဝတီမြစ်အပေါ် သက်ရောက်မှု
မြေအောက်ရေ အသုံးနှင့် စနစ်တကျ ပြန်လည် ဖြည့်တင်းခြင်း
၂၀၁၇ ခုနှစ် အတွင်းက တစ်ကမ္ဘာလုံး၌ မြေအောက်ရေ ၉၅၉ ကုဗ ကီလိုမီတာ ထုတ်ယူ သုံးစွဲခဲ့သည်၊ စိုက်ပျိုးရေး အတွက် ၆၉ ရာခိုင်နှုန်း၊ သောက်သုံးရန် ၂၂ ရာခိုင်နှုန်းနှင့် စက်မှုလုပ်ငန်းများအတွက် ၉ ရာခိုင်နှုန်း အသီးသီး သုံးခဲ့သည်။ ဆည်မြောင်း ရေသွယ် စနစ်တွင် မြေအောက်ရေကို ၂၅ ရာခိုင်နှုန်း သုံးသည်၊ မြေအောက်ရေအပေါ် မြောက်အမေရိက ဆည်မြောင်း ရေသွယ် စနစ်က ၅၉ ရာခိုင်နှုန်းနှင့် တောင်အာရှ ဆည်မြောင်း ရေသွယ် စနစ်က ၅၇ ရာခိုင်နှုန်း အသီးသီး မှီခိုနေရသည်။ ကဏ္ဍစုံ၌ အာရှ ပစိဖိတ်ဒေသက မြေအောက်ရေ အများဆုံး သုံးသည်၊ ကမ္ဘာ့ မြေအောက်ရေ အသုံးဆုံး ဆယ်နိုင်ငံသည် ကမ္ဘာ့ … Continue reading မြေအောက်ရေ အသုံးနှင့် စနစ်တကျ ပြန်လည် ဖြည့်တင်းခြင်း
ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ခြောက်ခုမြောက် အစီရင်ခံစာ
ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း (Intergovernmental Panel on Climate Change (IPCC) ) က ၂၀၂၂ ဖေဖော်ဝါရီ ၂၈ က ခြောက်ခုမြောက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်၊ ယင်းအစီရင်ခံစာကို ပညာရပ် နယ်ပယ်တွင် The Sixth Assessment Report (AR6) ဟု ခေါ်သည်၊ AR6 တွင် ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများ၊ ယင်းသက်ရောက်မှုကို အထိအခိုက် အနည်းဆုံးဖြင့် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ခြင်းများ၊ ထိခိုက်နိုင်ခြေများကို ဖော်ပြထားသည်။ အဆိုပါ အစီရင်ခံစာမှ ရေနှင့်ဆက်စပ်သည့် အရေးပါသောအချက်များကို ကောက်နုတ် ဖော်ပြရလျှင် - ၁ - ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများသည် အရှိန်ရလာနေသည်။ … Continue reading ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ခြောက်ခုမြောက် အစီရင်ခံစာ
မျက်နှာဖုံးအသစ် တပ်ထားသော ခေတ်ဟောင်း လုပ်ရပ်တစ်ခု – ရာသီဥတု ပြောင်းလဲနေချိန်၌ ရေကို လက်နက်အဖြစ် အသုံးပြုခြင်း
( Pacific Research Institute မှ Christina Kohler ၏ An Ancient Practice with a New Face: The Use of Water as a Weapon in Times of Climate Change ဆောင်းပါးကို အကျဉ်းချုပ် ပြန်ဆိုခြင်း ဖြစ်ပါသည်။) သမိုင်းတလျှောက်၌ နိုင်ငံ အစိုးရများရော အစိုးရ မဟုတ်သူများပါ သူတို့၏ အာဏာ စွမ်းအားဖြင့် ပြည်သူများကို ဖိနှိပ်ရန် သို့မဟုတ် တိုက်ပွဲများတွင် အသာစီးရရန် ရေနှင့် ရေဘက်ဆိုင်ရာ အဆောက်အအုံများကို အသုံးချခဲ့ကြသည်။ ယနေ့တွင် ရာသီဥတု ပြောင်းလဲလာခြင်း၊ ယင်းနှင့် ဆက်စပ်သည့် ရေရှားပါးခြင်းတို့ကြောင့် ရေကို … Continue reading မျက်နှာဖုံးအသစ် တပ်ထားသော ခေတ်ဟောင်း လုပ်ရပ်တစ်ခု – ရာသီဥတု ပြောင်းလဲနေချိန်၌ ရေကို လက်နက်အဖြစ် အသုံးပြုခြင်း
ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)
(Civil Engineering Journal, Vol. 5, No. 10, October, 2019 ပါ Han Thi Oo , Win Win Zin , Cho Cho Thin Kyi, Department of Civil Engineering, Yangon Technological University တို့ ပြုစုသော Assessment of Future Climate Change Projections Using Multiple Global Climate Models စာတမ်းကို အများ နားလည်လွယ်အောင် အကျဉ်းချုံး ပြန်ဆို တင်ပြခြင်း ဖြစ်ပါသည်။) မူရင်းစာတမ်းကို လေ့လာလိုလျှင် Click here (နိဒါန်း) နိုင်ငံ၏ … Continue reading ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)
၂၀၂၁ တစ်နှစ်တည်းအတွင်း၌ သမုဒ္ဒရာရေထုတွင်း ဝင်ရောက်ခဲ့သော အပူပမာဏ
လွန်ခဲ့သောနှစ်က သိပ္ပံပညာရှင် ၂၃ ဦးသည် ကမ္ဘာ့သမုဒ္ဒရာပြင် နေရာအနှံ့၌ ရေအပူချိန် တိုင်းတာချက် ထောင်ပေါင်း များစွာကို ပြုလုပ်ခဲ့သည်၊ ရေထုအပူချိန် တိုင်းတာရာတွင် အဆင့်မြင့် ကိရိယာများကို ဘော်ယာများ၊ သင်္ဘောများတွင် တပ်ဆင် တိုင်းတာသည့်အပြင် အချို့ ရေသတ္တဝါများ၏ ကိုယ်တွင်ပါ တပ်ဆင် လေ့လာသဖြင့် ယင်းသတ္တဝါတို့ ရှင်သန် ကျက်စားရာ လမ်းကြောင်းတလျှောက်ရှိ ရေထု၏ အပူချိန်ကိုပါ ရရှိသည်။ သမုဒ္ဒရာရေထု၏ အပူချိန်ကို တိုင်းတာ လေ့လာရခြင်းသည် ကမ္ဘာပူနွေးလာခြင်းနှင့် ဆက်စပ်နေသော အပူဓာတ် အများစုကို ရေထုက စုပ်ယူထားခြင်းကြောင့် ဖြစ်သည်၊ အတိအကျ ဆိုရလျှင် အပူဓာတ် ပမာဏ၏ ၉၀ ရာခိုင်နှုန်းသည် သမုဒ္ဒရာ ရေထုတွင်းသို့ စိမ့်ဝင် ရောက်ရှိသည်၊ ထို့ကြောင့် ကမ္ဘာပူနွေးမှုကို လေ့လာလျှင် … Continue reading ၂၀၂၁ တစ်နှစ်တည်းအတွင်း၌ သမုဒ္ဒရာရေထုတွင်း ဝင်ရောက်ခဲ့သော အပူပမာဏ
ဂရင်းလန်းကျွန်း ရေခဲအရည်ပျော်နေမှု ဓာတ်ပုံများ
ရာသီဥတုပြောင်းလဲခြင်းသည် နှေးကွေးစွာ ပေါ်ပေါက်နေသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သို့သော် ရာသီဥတု ပူနွေးလာမှုကြောင့် ရေခဲမြစ်များထဲမှ အချို့သည် မြန်ဆန်စွာ အရည်ပျော် ကျိုးပဲ့လျက် ရှိသည်၊ ယင်းကို ရိုက်တာဓာတ်ပုံဆရာတစ်ဦးဖြစ်သူ Lucas Jackson သည် ၂၀၁၈ ခုနှစ်က ဂရင်းလန်းကျွန်းပေါ် ရောက်ခိုက် ရေခဲမြစ် အရည်ပျော်နေပုံကို ဓာတ်ပုံဖြင့် မှတ်တမ်းတင်လိုက်နိုင်ခဲ့သည်၊ အောက်ပါ slideshow တွင် ရှုစားနိုင်ပါသည်။ ဂရင်းလန်းကျွန်း Tasiilaq မြို့ငယ်ကို နှင်းဖုံးတောင်များ နောက်ခံဖြင့် တွေ့ရသည်။ Tasiilaq မြို့အနီး ရေပြင်ပေါ်ရှိ ရေခဲတောင်တစ်ခု အရည်ပျော်နေပုံ Tasiilaq မြို့အနီး ရေပြင်ပေါ်တွင် မျောနေသော ရေခဲတောင် ရေခဲပြင်တစ်ခု၏ အရည်ပျော်နေသောအပေါ်ယံမျက်နှာပြင်ပေါ်၌ ပေါလောမျောနေသော ရေခဲတုံးများ Tasiilaq မြို့အနီးရှိ ရေခဲတောင်တစ်ခုဘေးမှ ဖြတ်မောင်းနေသော … Continue reading ဂရင်းလန်းကျွန်း ရေခဲအရည်ပျော်နေမှု ဓာတ်ပုံများ
ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ်
ကမ္ဘာ့ရာသီဥတုသည် ပစ္စုပ္ပန်၌ ပြောင်းလဲနေရုံတင်မက ပြောင်းလဲမှု အရှိန်အဟုန် မြင့်မားလာလျက် ရှိရာ အနာဂတ်တွင် ကမ္ဘာ့ရာသီဥတု မည်သို့ မည်ပုံ ပြောင်းဦးမည်နည်း ဆိုသည်ကို လေ့လာရန် လိုအပ်သည်။ ယင်းအချက်ကို သိရန် ပညာရှင်တို့သည် ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ်များကို ရေးဆွဲ တည်ဆောက် လေ့လာကြသည်။ ကမ္ဘာ့လေထု မြေထု ရေထု သစ်ပင် ရေခဲပြင်စသည်တို့နှင့် ဆိုင်ရာ အချက်အလက်များ၊ ညီမျှခြင်းများ စသည်တို့ကို ကွန်ပျူတာတွင် ထည့်သွင်း၍ ယင်းတို့ အချင်းချင်း အပြန်အလှန် ဆက်နွှယ် ပြောင်းလဲပုံကို သင်္ချာနည်းဖြင့် တွက်ချက်ကာ မိုးလေဝသနှင့် ရာသီဥတု ပြောင်းလဲပုံ လေ့လာခြင်းကို ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ် တည်ဆောက် တွက်ချက်သည် ဟု ခေါ်သည်။ ၁၉၆၀ ပြည့်နှစ် … Continue reading ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ်