နယ်ချဲ့ညစ်ညမ်းရေ

အိန္ဒိယနိုင်ငံတွင် ဆွာမိနီဂါမာနန်းတစ်ယောက် အစာငတ်ခံဆန္ဒပြနေသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် နှစ်လ ပြည့်ခဲ့သည်။ ရက်ပေါင်း အတန်ကြာအစာမစားဘဲနေရာမှ သတိလစ်သွား၍ ဆေးရုံသို့ပို့ထားရသည်။ အထူးကြပ်မတ်ကုသဆောင်တွင် နှာခေါင်းပိုက်များတန်းလန်းနှင့် သူ့ကိုမြင်ရသည်မှာမသက်သာလှ။ သူ့ကို ထောက်ခံသူများက အားပေးစကားပြောသည်ကို ဆွာမိနီဂါမာနန်း ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည်။ သူ့အခြေအနေသည် တဖြည်းဖြည်းဆိုးလာကာ စ၍ အစာမစားသည်မှ ရေတွက်လျှင် ၇၃ ရက်မြောက်နေ့တွင် သေဆုံးသွားတော့သည်။ အခြားသူများအစာငတ်ခံဆန္ဒပြကြခြင်းမှာ လူနေမှုစနစ်ကို ဘဝင်မကျ၍၊ ကုန်ဈေးနှုန်းတက်၍၊ အုပ်ချုပ်သူများကို မကျေနပ်၍စသည်တို့ကြောင့် ဖြစ်သော်လည်း ဆွာမိနီဂါမာနန်း အစာငတ်ခံဆန္ဒပြခဲ့ခြင်း ၏ အကြောင်းရင်းမှာထူးခြားလှသည်။ ဂင်္ဂါမြစ်ရိုးတစ်လျှောက် သတ္တုတူးဖော်နေမှုအပါအဝင် မြစ်ထဲသို့ အညစ်အကြေးမျိုးစုံရောက်ရှိ နေသဖြင့် သူတစ်သက်တာလုံး ခင်တွယ်မြတ်နိုးလာခဲ့သောမြစ်ကြီး တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ညစ်ညမ်းလာနေခြင်းအား တားဆီးလိုသည့်ဆန္ဒကို ဆွာမိနီဂါမာနန်း တစ်ယောက် အသက်စွန့်၍ ထုတ်ဖော်ခဲ့ခြင်းသာ … Continue reading နယ်ချဲ့ညစ်ညမ်းရေ

မြေအောက်ရေတွင် ပျော်ဝင်သော ဖလူအိုရိုက်ဒ် – ဦးမြင့်သိန်း (မောင်ကျေးရေ)

(အမေရိကန်ရေလုပ်ငန်းများအသင်းအောက်တွင် ဖွဲ့စည်းထားသော အဖွဲ့ငယ်တစ်ခုဖြစ်သည့် စက်ရေတွင်း ပိုင်ရှင်များ အကြံပေးအဖွဲ့က ထုတ်ဝေသည့် စာစောင်ကို မှီငြမ်းပြီး မြန်မာပြည်သူများအတွက် မျှဝေသုတ အနေဖြင့် ၂၀၂၃ ဇန်နဝါရီလက ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ ဖလူအိုရိုက်ဒ်ပါဝင်သည့် မြေအောက်ရေကို မြန်မာပြည်အလယ်ပိုင်း ပူအိုက်စွတ်စိုသောအရပ်ဒေသများ၌ တွေ့ရသည်။ သို့သော် ဖလူအိုရိုက်ဒ် ပါဝင်မှုပမာဏ မမြင့်မားလှပါ။) ဖလူရိုရိုက်ဒ်သည် ဓာတုဒြပ်စင်တစ်ခုဖြစ်သည်။ မြေအောက်ရေတွင် အများအားဖြင့် တွေ့ရပြီး လူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသည်။ မြေအောက်ရေတွင် ဖလူအိုရိုက်ဒ်ပါဝင်မှုသည် ဘူမိဖြစ်စဉ်နှင့် ကျောက်လွှာမြေလွှာ အမျိုးအစားများပေါ် တည်သည်။ ဖလူအိုရိုက်ဒ်ပါဝင်သည့် သတ္တုများမှာ လချေးပြား၊ အပါတိုက်နှင့် ဖလူအိုရိုက်ဒ်တို့ ဖြစ်ကြသည်။ အဆိုပါသတ္တုများသည် မူလအရင်းခံကျောက်များ ပို့ချစဉ်က ပါဝင်ခဲ့သည့် သတ္တုဓာတ်စင်များ ဖြစ်ကြသည်။ ဖလူအိုရိုက်ဒ်သတ္တုများပါဝင်သည့် မူလအနည်ကျကျောက်လွှာကို ဘူမိသက်တမ်းတလျှောက် တိုက်စားခြင်း၊ … Continue reading မြေအောက်ရေတွင် ပျော်ဝင်သော ဖလူအိုရိုက်ဒ် – ဦးမြင့်သိန်း (မောင်ကျေးရေ)

ရေဘက်ဆိုင်ရာ ကဏ္ဍနှင့် ပတ်လည် စီးပွားရေး ပုံစံ

ပြန့်ကား ကြီးထွားလာနေသော မြို့ကြီးများနှင့်အတူ စိန်ခေါ်မှုများကလည်း လိုက်ပါ ကြီးမားလာနေသည်၊ ၂၀၅၀ ပြည့်နှစ်တွင် မြို့ပြ လူဦးရေသည် ယခုထက် နှစ်ဆများလာမည်၊ လက်ရှိတွင် မြို့ပြများ၏ ရေအသုံးသည် ကမ္ဘာ့စုစုပေါင်း ရေအသုံး၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား ရှိနေရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ ရောက်လာမည်ဟု ခန့်မှန်းကြသည်။ ရေလိုအပ်ချက် များပြားလာခြင်းနှင့်အတူ စွန့်ပစ်ရေ ပမာဏနှင့် ရေညစ်ညမ်းမှုတို့သည်လည်း သဘာဝကျစွာ ကြီးထွားလာမည်။ ရေမဖူလုံမှု၊ ရှိသည့်ရေ ညစ်ညမ်းမှု ပြဿနာကို ကမ္ဘာမြို့ကြီးတိုင်း ရင်ဆိုင်ရမည် ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲနှင့် ဝင်ငွေနည်း နိုင်ငံများရှိ မြို့ကြီးများအား စိန်ခေါ်ချက်သည် ပို၍ များသည်။ ယင်းကို ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိသည့်အနက် စွန့်ပစ်ရေများကို စီးပွားရေး … Continue reading ရေဘက်ဆိုင်ရာ ကဏ္ဍနှင့် ပတ်လည် စီးပွားရေး ပုံစံ

မြေအောက်ရေ အသုံးနှင့် စနစ်တကျ ပြန်လည် ဖြည့်တင်းခြင်း

၂၀၁၇ ခုနှစ် အတွင်းက တစ်ကမ္ဘာလုံး၌ မြေအောက်ရေ ၉၅၉ ကုဗ ကီလိုမီတာ ထုတ်ယူ သုံးစွဲခဲ့သည်၊ စိုက်ပျိုးရေး အတွက် ၆၉ ရာခိုင်နှုန်း၊ သောက်သုံးရန် ၂၂ ရာခိုင်နှုန်းနှင့် စက်မှုလုပ်ငန်းများအတွက် ၉ ရာခိုင်နှုန်း အသီးသီး သုံးခဲ့သည်။ ဆည်မြောင်း ရေသွယ် စနစ်တွင် မြေအောက်ရေကို ၂၅ ရာခိုင်နှုန်း သုံးသည်၊ မြေအောက်ရေအပေါ် မြောက်အမေရိက ဆည်မြောင်း ရေသွယ် စနစ်က ၅၉ ရာခိုင်နှုန်းနှင့် တောင်အာရှ ဆည်မြောင်း ရေသွယ် စနစ်က ၅၇ ရာခိုင်နှုန်း အသီးသီး မှီခိုနေရသည်။ ကဏ္ဍစုံ၌ အာရှ ပစိဖိတ်ဒေသက မြေအောက်ရေ အများဆုံး သုံးသည်၊ ကမ္ဘာ့ မြေအောက်ရေ အသုံးဆုံး ဆယ်နိုင်ငံသည် ကမ္ဘာ့ … Continue reading မြေအောက်ရေ အသုံးနှင့် စနစ်တကျ ပြန်လည် ဖြည့်တင်းခြင်း

သက်မဲ့ဇုန်များနှင့် ရာသီဥတု ပြောင်းလဲမှု

လူတို့သည် အောက်ဆီဂျင် အဓိကပါသောလေဖြင့် ရှင်သန်ကြသည့်နည်းအတိုင်း ရေနေသတ္တဝါ အများစုသည်လည်း ရေတွင် ပျော်ဝင်နေသော အောက်ဆီဂျင်ဖြင့် ရှင်သန်ကြသည်။ ရေတွင် ပျော်ဝင်နေသည့် အောက်ဆီဂျင်တို့ တစ်နည်းနည်းဖြင့် လျော့နည်းလာသောအခါ ရေသတ္တဝါတို့ မရှင်သန် မရပ်တည်နိုင်ကြ တော့သဖြင့် ငါး ပုစွန်စသည့် သွားလာရလွယ်သော သတ္တဝါတို့သည် အောက်ဆီဂျင် ရနိုင်သော အခြားနေရာများသို့ ကူးလူး ရွှေ့ပြောင်းကြသည်။ သွားလာ ရွှေ့ပြောင်းရန် မလွယ်သည့် ကမာကောင် စသည်တို့မှာမူ သေဆုံးကြသည်။ ကြာသော် ယင်းနေရာတွင် ရေနေသက်ရှိတို့ ကင်းမဲ့သွားသဖြင့် သက်မဲ့ဇုန် (Dead Zone)ဟု ခေါ်သည်။ ကုန်းမြေနှင့် ဝေးသည့် ရေထုအတွင်းပိုင်း နေရာများတွင် သက်ရှိရေသတ္တဝါများ သဘာဝအလျောက် မနေထိုင်ကြသည့် နေရာများ ရှိသော်လည်း ယင်းနေရာတို့ကို သက်မဲ့ဇုန်ဟု မခေါ်ချေ။ သဘာဝအားဖြင့် … Continue reading သက်မဲ့ဇုန်များနှင့် ရာသီဥတု ပြောင်းလဲမှု

ရေကန်ကြီးပေါင်း ၁၄၀ ကျော်ကို ဦးဆောင် ရှင်းလင်း သန့်စင်ပေးသူ အိန္ဒိယလူငယ်တစ်ဦး

ယခုအသက် ၃၅ နှစ်အရွယ်ရောက်နေသူ အရွန်ခရစ်ရှနာမူရ်သီး(Arun Krishnamurthy)သည် သူဆယ်ကျော်သက် အရွယ်တုန်းက သူ့အိမ်အနီးရှိ ရေကန်ကို ကြည့်ရင်း စိတ်မချမ်းမသာဖြစ်ခဲ့ရပုံကို ပြန်သတိရနေသည်။ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့သား အရွန်ခရစ်ရှနာမူရ်သီး နေခဲ့သောအိမ်ဘေးရှိ ကန်သည် ရေကန်ဟုဆိုသော်လည်း အမှိုက်များဖြင့် ပြည့်နေသဖြင့် သူ၏ငယ်စဉ်ဘဝသည် ပျော်စရာ မကောင်းခဲ့ပေ။ သို့သော် ယင်းကန်ကြီးကြောင့်ပင် ခရစ်ရှနာမူရ်သီး၏ ဘဝ၌ အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ရသည်။ အမှိုက်ကန်ကြီးကို နိစ္စဓူဝမြင်ရင်း ကြီးပြင်းလာသူ ခရစ်ရှနာမူရ်သီး အရွယ်ရောက်လာသောအခါ ၂၀၀၇ ခုနှစ်၌ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်ရှိ ဂူးဂဲလ်(Google)ကုမ္ပဏီတွင် စာရင်းကိုင်အဖြစ်အမှုထမ်းသည်။ ဝန်ထမ်းဖြစ်လာသော်လည်း ငယ်စဉ်ကမြင်ခဲ့ရသော အမှိုက်များဖြင့် ပြည့်နေသော ကန်ကြီးကို မေ့၍မရချေ။ လုပ်ဖော်ကိုင်ဖက်များ၊ အထက်အရာရှိများနှင့် ကြုံတိုင်း ယင်းရေကန်အကြောင်း၊ အလားတူ အမှိုက်နှင့်အခြားအညစ်အကြေးများ ဝင်ရောက် ရောနှောနေသော ကန်များအကြောင်း၊ … Continue reading ရေကန်ကြီးပေါင်း ၁၄၀ ကျော်ကို ဦးဆောင် ရှင်းလင်း သန့်စင်ပေးသူ အိန္ဒိယလူငယ်တစ်ဦး

ညစ်ညမ်းဧရာဝတီ

(Source: Thantmyanmar) ၂၀၁၃ ခုနှစ် မတ်လနှင့်ဇူလိုင်လများက စဉ့်ကူး၊ မန္တလေး၊ ပြည်၊ ဟင်္သာတနှင့် ညောင်တုန်းမြို့များရှိ ဧရာဝတီမြစ်တွင် ရေနမူနာများရယူပြီး ဧရာဝတီမြစ်ရေ ညစ်ညမ်းခြင်းလေ့လာချက်တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါ လေ့လာချက်အရ သတ္တုတူးဖော်ခြင်း၊ သစ်တောပြုန်းခြင်း၊ မြေယာအသုံးချမှု စသည်တို့ကြောင့် တစ်နှစ်လျှင် တန်ချိန် ၃၆၀ မျှရှိသည့် မြေစာများ၊ နုံးအနည်များ ဧရာဝတီမြစ်တွင်းသို့ ဝင်ရောက်လျက်ရှိသည်။ ရေနေသတ္တဝါတို့ရှင်သန်ရေးအတွက် အရေးပါသည့်အောက်ဆီဂျင်သည် မြစ်ရေ၌ လုံလောက်စွာ မရှိပေ။ ရေတစ်လီတာလျှင် အောက်ဆီဂျင် ၆ မီလီဂရမ်အထက်ရှိမှ ငါးသားပေါက်ခြင်း၊ ရှင်သန်ခြင်းတို့ဖြစ်နိုင်ပြီး ၁၀ မီလီဂရမ်ရှိမှရေနေသတ္တဝါများ ပေါကြွယ်သည်။ ဧရာဝတီရေတွင် အောက်ဆီဂျင်အများဆုံး ၉ မီလီဂရမ် ခန့်သာ ရှိပြီး အချို့နေရာများ၌ ၄ မီလီဂရမ်အထိ လျော့နည်းနေသည်။ ရေတစ်လီတာ၌ အာဆင်းနစ် ၁၀ … Continue reading ညစ်ညမ်းဧရာဝတီ

သဘာဝ၏ရေသန့်စင်နိုင်စွမ်း

မြစ်ရေကန်ရေများထဲသို့ ညစ်ညမ်းပစ္စည်းများ ဘက်ပေါင်းစုံမှ ဝင်ရောက်နေပြီး ကမ္ဘာ့နေရာ အတော်များများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းရေများကို မသန့်စင်မပြုပြင်ဘဲ သို့မဟုတ် လုံလောက်စွာ မသန့်စင် မပြုပြင်ဘဲ သောက်သုံးနေကြသည်။ ယင်းသို့ သောက်နေ၍ ရောဂါရကြ သေဆုံးနေကြသော်လည်း ဝင်နေသော အညစ်အကြေးပမာဏနှင့်စာလျှင် ကပ်ဘေးဆိုက်သည်အထိ ရောဂါဖြစ်ပွားနိုင်ပါလျက် မဖြစ်ခြင်းမှာ ရေထုသည် မိမိထဲရောက်လာသော အညစ်အကြေးများကို သဘာဝအလျောက် သန့်စင်ပေးနိုင်သော အရည်အသွေးကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ အညစ်အကြေးတွင်ပါဝင်သည့် ရေထက်လေးသော အစိုင်အခဲကြီးငယ်များသည် အနည်ထိုင်ခြင်းဖြင့် ရေစီးထဲမှထွက် ကျန်ရစ်သည်။ မြစ်ကြမ်းပြင်၌ ထိုင်ကျန်သော အန္တရာယ်ရှိဇီဝဓာတုပစ္စည်းများသည် အညစ်အကြေးတွင်ပါဝင်သည့် ဘက်တီးရီယားတို့၏ ဓာတ်ပြုမှုကြောင့် တဖြည်းဖြည်းဓာတ်ပြိုကွဲလျက် အန္တရာယ်မရှိသော ဇီဝဓာတုပစ္စည်းများအဖြစ်သို့ရောက်သည်။ ပေါ့ပါးသောအမှုန်များသည်မူ ရေနှင့်အတူဆက်လက်မျောပါသွားသည်။ ထိုသို့ပါသွားသောအမှုန်နှင့် အညစ်အကြေးများသည် လှိုင်းများ၊ ဝဲဂယက်များ၊ ရေအပေါ်အောက်လှန်မှုများကြောင့် မြစ်ရေနှင့် … Continue reading သဘာဝ၏ရေသန့်စင်နိုင်စွမ်း

စက်မှုအညစ်အကြေး

စက်မှုလုပ်ငန်းများမှထွက်လာသော စွန့်ပစ်ပစ္စည်းများတွင် လုပ်ငန်းအမျိုးအစားကို လိုက်၍ ဆိုင်ယာနိုက်၊ ဇင့်၊ ခဲ၊ ကြေးနီ၊ ကက်(ဒ)မင်၊ ပြဒါးစသည်တို့ပါဝင်ရာ ယင်းတို့ကိုစားသုံးမိသော ရေသတ္တဝါတို့သည် ဓာတ်အမျိုးအစားနှင့်ပမာဏကို လိုက်၍ အချိန်တိုအတွင်း သေကြသည်လည်းရှိ၍ ရုတ်ချည်းမသေဘဲ ကိုယ်ခန္ဓာအတွင်းရှိနေကာ ယင်းသတ္တဝါတို့ကို ထပ်ဆင့် စားသုံးကြသည့် လူအပါအဝင် အခြားသတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်းရောက်ရှိ၍ ဖြည်းဖြည်းချင်း ရောဂါရသေဆုံးကြသည်မျိုးလည်း ရှိနိုင်သည်။ အချို့သော စက်ရုံထွက်စွန့်ပစ်ပစ္စည်းများတွင် အောက်ဆီဂျင်ကိုစုပ်ယူဓာတ်ပြုသော ဓာတုဓာတ်ပေါင်းများ ပါဝင်နေပါက ယင်းဓာတ်ပေါင်းများသည် ဓာတုနည်းဖြင့် ရေထဲရှိအောက်ဆီဂျင်မည်မျှကို ဓာတ်ပြု ဖယ်ရှားနိုင်သနည်းဆိုသည်ကို စီအိုဒီ COD(Chemical Oxygen Demand) ယူနစ်ဖြင့် တိုင်းတာသည်။ စီအိုဒီသည် ဓာတုဆိုင်ရာအောက်ဆီဂျင် လိုအပ်မှုဟု အဓိပ္ပာယ်ရသည်။ မြင့်မားသော စီအိုဒီကိန်းရှိသောရေသည် ညစ်ညမ်းရေပင် ဖြစ်သည်။ စက်မှုလုပ်ငန်းများသည် အဆိပ်သင့်ဓာတ်၊ အောက်ဆီဂျင် စုပ်ဓာတ်တို့ဖြင့်သာ … Continue reading စက်မှုအညစ်အကြေး

ရေညစ်ညမ်းခြင်းဆိုသည်မှာ

ရေညစ်ညမ်းသည်ဆိုရာတွင် ရေသည် နောက်ကျိကာ အနည်နှင့် အမှိုက်သရိုက်များ ပါဝင်ရောနှောနေသည် ကိုသာ ဆိုလိုခြင်းမဟုတ်၊ လူတို့ကို ရောဂါရစေ သေကြေစေရုံသာမက ရေနေသတ္တဝါများ၏ ရှင်သန်မှုကို ထိခိုက်ကာ အဏ္ဏဝါဂေဟစနစ်ကြီးတစ်ခုလုံးကိုပါ ယိုယွင်းစေသော ပိုးမွှား အနည်အမှုန်၊ အရည်နှင့် ဓာတ်ပစ္စည်းအမျိုးမျိုးတို့ ရောယှက်နေခြင်းကို ခေါ်သည်။ ရေညစ်ညမ်းမှုရှိမရှိ သောက်သုံးရန် သင့်မသင့် သိနိုင်ရန် ရေတွင် လုံးလုံးမပါသင့်သည့် သို့မဟုတ် အများဆုံး ပါသင့်သည့် ပိုးမွှားနှင့် ဓာတုဇီဝပစ္စည်းများ၏ ပမာဏကို သတ်မှတ်၍ ယင်းပမာဏထက် ကျော်လွန်မှု ရှိမရှိကို စစ်ဆေးလေ့ရှိကြသည်။ လူနှင့်တိရစ္ဆာန်တို့၏မိလ္လာအညစ်အကြေးများ ရေတွင် ပါမပါ စစ်ဆေးရာတွင် အီးကိုလိုင် E. coli ခေါ် ဘက်တီးရီးယားတစ်မျိုးပါဝင်နေမှုကို အဓိကစစ်ဆေးကြသည်။ မိလ္လာအညစ်အကြေးများ၊ ဓာတ်မြေသြဇာအအကျန်စသည်တို့ပါမပါ ညွှန်ပြသည့် အခြားကိန်းတစ်ခုမှာ နိုက်ထရိုဂျင်ဓာတ်ပေါင်းများဖြစ်သည်။ နိုက်ထရိတ်၊ … Continue reading ရေညစ်ညမ်းခြင်းဆိုသည်မှာ

ကျေးလက်မိုးရေလှောင်ကန်မှသည် ယမုန်နာနှင့်ဂင်္ဂါဆီသို့

ကျွန်တော့ကို အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ မွေးပါတယ်။ ကျွန်တော်တို့ရွာကလေးမှာ ဂင်္ဂါနဲ့ ယမုန်နာမြစ်တွေက ရေလွှဲယူထားတဲ့တူးမြောင်းတွေ ရှိတယ်။ အဲဒီရေတွေကြောင့် ရွာပတ်ဝန်းကျင်က လယ်ကွင်းတွေဟာ အမြဲစိမ်းစိုနေတယ်။ ဒါပေမဲ့ ကျွန်တော့အဖေက ကျွန်တော့ကို လယ်သမား မဖြစ်စေချင်ဘူး။ ဒါနဲ့ ကျွန်တော်ဟာ အာယုဗေဒဆေးပညာကို သင်ယူတယ်။ ပြီးတော့ ရာဂျက်စထန်ပြည်နယ် ဂျိုင်ပူးမြို့က လူငယ်နဲ့အားကစားဌာနမှာ အလုပ်ရပါတယ်။ ရာဂျက်စထန်ပြည်နယ်မှာ ခြောက်သွေ့ပြီး မိုးခေါင်တယ်၊ ရေရှားတယ်။ ရာဂျက်စထန်ရဲ့ ဧရိယာဟာ အိန္ဒိယနိုင်ငံဧရိယာရဲ့ ၁၀ ပုံ ၁ ပုံလောက်အထိ ကျယ်ပေမယ့် မြေပေါ်ရေပမာဏဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မြေပေါ်ရေရဲ့ ၁ ရာခိုင်နှုန်းလောက်သာရှိပါတယ်။ ဌာနမှာအလုပ်ဝင်ပြီး တစ်နှစ်ကြာတော့ အလုပ်ကထွက်ပြီး ရာဂျက်စထန် ကျေးလက်တွေက ကလေးတွေအတွက် စာသင်ကျောင်းတည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော် စကြိုးစားတဲ့ … Continue reading ကျေးလက်မိုးရေလှောင်ကန်မှသည် ယမုန်နာနှင့်ဂင်္ဂါဆီသို့

မြစ်ရေညစ်ညမ်းမှု

ဂင်္ဂါမြစ်ထဲသို့ရေဆင်းချိုးလျှင် ပြုခဲ့သောအပြစ်တို့ကွာကျကင်းစင်သွားသည်ဟု ဟိန္ဒူဘာသာဝင်တို့ ယုံကြည်ကြသည့်အလျောက် ယင်းမြစ်ရိုးတစ်လျှောက်တွင် လူနှစ်သန်းကျော်တို့ နေ့စဉ် ရေဆင်းချိုးနေကြသည်။ ထို့ပြင် ဂင်္ဂါရေကို လူပေါင်းသန်း ၄၀၀ တို့က သောက်သုံးရေအတွက် မှီခိုနေရသည်။ သို့သော် ဂင်္ဂါမြစ်၏ ကျန်းမာရေးကို လုံလောက်စွာဂရုမပြုခဲ့ကြချေ။ မြစ်ရိုးတစ်လျှောက်ရှိ မြို့ကြီးပေါင်း ၂၇ မြို့၊ မြို့ငယ်၊ ကျေးရွာများမှ စွန့်ထုတ်လိုက်သော မိလ္လာရည်များသည် လုံးဝသန့်စင်ပြုပြင်ခြင်းမရှိဘဲ သို့မဟုတ် လုံလောက်စွာသန့်စင်ခြင်းမရှိဘဲ ဂင်္ဂါမြစ်ထဲဝင်ရောက်ခဲ့သည်။ ဂင်္ဂါမြစ်ကမ်းတစ်လျှောက်ရှိ စက်ရုံများကလည်း မြစ်ရေညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေသည်။ ဂင်္ဂါမြစ်၏ အူတာပရာဒက်ရှ်ပြည်နယ်အပိုင်းတွင်ပင် စက်ရုံ ၁၅၀ နီးပါးရှိသည်။ ယင်းစက်ရုံများမှ ဟိုက်ဒရိုကလိုရစ် အက်စစ်၊ ပြဒါး၊ သတ္တုလေးများ၊ ဆိုးဆေးများအပါအဝင် စွန့်ပစ်ဓာတ်ပေါင်းများသည် မြစ်ထဲသို့စီးဝင်သည်။ စက်ရုံထွက်အညစ်အကြေးများအပြင် စိုက်ခင်းများမှဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အကြွင်းအကျန်စသည့် စိုက်ပျိုးရေးအညစ်အကြေးများလည်း စီးဝင်လျက်ရှိရာ မိလ္လာရည်၊ … Continue reading မြစ်ရေညစ်ညမ်းမှု

ကမ္ဘာတစ်လွှားမှရေညစ်ညမ်းမှုပုံရိပ်များ

ဂရင်းလန်းကျွန်းအမှိုက်ပုံ ပီရူးနိုင်ငံ ရွှေတူးသူမျာ၏စွန့်ပစ်ရေစီးထဲမှကလေးငယ်တစ်ဦး ဂွာတီမာလာမြို့တော်၏အမှိုက်ပုံထဲတွင် သတ္တုအစအနရှာနေသူများ တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ညစ်ညမ်းရေကန်တစ်ခု ဘင်္ဂလားဒက်ရှ် ကော်စက်ရုံတစ်ခုဘေး ဘရာဇီးနိုင်ငံ ရီအိုဒီဂျနီရိုးရှိ ချောင်းတစ်ချောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒါကာမြို့တော် သောက်ရေအတွက်တန်းစီနေသူများ တရုတ်နိုင်ငံ ဝမ်ချောင်မြို့ ဆိုးဆေးရည်များဝင်ရောက်နေသည့်မြစ်ရေ ယိုဖိတ်ရေနံများကိုရှင်းထုတ်နေသောတောင်ကိုးရီးယားလုပ်သားများ