Pollution
-
ညစ်ညမ်းဧရာဝတီ
၂၀၁၃ ခုနှစ် မတ်လနှင့်ဇူလိုင်လများက စဉ့်ကူး၊ မန္တလေး၊ ပြည်၊ ဟင်္သာတနှင့် ညောင်တုန်းမြို့များရှိ ဧရာဝတီမြစ်တွင် ရေနမူနာများရယူပြီး ဧရာဝတီမြစ်ရေ ညစ်ညမ်းခြင်းလေ့လာချက်တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါ လေ့လာချက်အရ သတ္တုတူးဖော်ခြင်း၊ သစ်တောပြုန်းခြင်း၊ မြေယာအသုံးချမှု စသည်တို့ကြောင့် တစ်နှစ်လျှင် တန်ချိန် ၃၆၀ မျှရှိသည့် မြေစာများ၊ နုံးအနည်များ ဧရာဝတီမြစ်တွင်းသို့ ဝင်ရောက်လျက်ရှိသည်။ ရေနေသတ္တဝါတို့ရှင်သန်ရေးအတွက် အရေးပါသည့်အောက်ဆီဂျင်သည် မြစ်ရေ၌ လုံလောက်စွာ…
-
သဘာဝ၏ရေသန့်စင်နိုင်စွမ်း
မြစ်ရေကန်ရေများထဲသို့ ညစ်ညမ်းပစ္စည်းများ ဘက်ပေါင်းစုံမှ ဝင်ရောက်နေပြီး ကမ္ဘာ့နေရာ အတော်များများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းရေများကို မသန့်စင်မပြုပြင်ဘဲ သို့မဟုတ် လုံလောက်စွာ မသန့်စင် မပြုပြင်ဘဲ သောက်သုံးနေကြသည်။ ယင်းသို့ သောက်နေ၍ ရောဂါရကြ သေဆုံးနေကြသော်လည်း ဝင်နေသော အညစ်အကြေးပမာဏနှင့်စာလျှင် ကပ်ဘေးဆိုက်သည်အထိ ရောဂါဖြစ်ပွားနိုင်ပါလျက် မဖြစ်ခြင်းမှာ ရေထုသည် မိမိထဲရောက်လာသော အညစ်အကြေးများကို သဘာဝအလျောက် သန့်စင်ပေးနိုင်သော အရည်အသွေးကို…
-
စက်မှုအညစ်အကြေး
စက်မှုလုပ်ငန်းများမှထွက်လာသော စွန့်ပစ်ပစ္စည်းများတွင် လုပ်ငန်းအမျိုးအစားကို လိုက်၍ ဆိုင်ယာနိုက်၊ ဇင့်၊ ခဲ၊ ကြေးနီ၊ ကက်(ဒ)မင်၊ ပြဒါးစသည်တို့ပါဝင်ရာ ယင်းတို့ကိုစားသုံးမိသော ရေသတ္တဝါတို့သည် ဓာတ်အမျိုးအစားနှင့်ပမာဏကို လိုက်၍ အချိန်တိုအတွင်း သေကြသည်လည်းရှိ၍ ရုတ်ချည်းမသေဘဲ ကိုယ်ခန္ဓာအတွင်းရှိနေကာ ယင်းသတ္တဝါတို့ကို ထပ်ဆင့် စားသုံးကြသည့် လူအပါအဝင် အခြားသတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်းရောက်ရှိ၍ ဖြည်းဖြည်းချင်း ရောဂါရသေဆုံးကြသည်မျိုးလည်း ရှိနိုင်သည်။ အချို့သော စက်ရုံထွက်စွန့်ပစ်ပစ္စည်းများတွင် အောက်ဆီဂျင်ကိုစုပ်ယူဓာတ်ပြုသော…
-
ရေညစ်ညမ်းခြင်းဆိုသည်မှာ
ရေညစ်ညမ်းသည်ဆိုရာတွင် ရေသည် နောက်ကျိကာ အနည်နှင့် အမှိုက်သရိုက်များ ပါဝင်ရောနှောနေသည် ကိုသာ ဆိုလိုခြင်းမဟုတ်၊ လူတို့ကို ရောဂါရစေ သေကြေစေရုံသာမက ရေနေသတ္တဝါများ၏ ရှင်သန်မှုကို ထိခိုက်ကာ အဏ္ဏဝါဂေဟစနစ်ကြီးတစ်ခုလုံးကိုပါ ယိုယွင်းစေသော ပိုးမွှား အနည်အမှုန်၊ အရည်နှင့် ဓာတ်ပစ္စည်းအမျိုးမျိုးတို့ ရောယှက်နေခြင်းကို ခေါ်သည်။ ရေညစ်ညမ်းမှုရှိမရှိ သောက်သုံးရန် သင့်မသင့် သိနိုင်ရန် ရေတွင် လုံးလုံးမပါသင့်သည့် သို့မဟုတ် အများဆုံး…
-
ကျေးလက်မိုးရေလှောင်ကန်မှသည် ယမုန်နာနှင့်ဂင်္ဂါဆီသို့
ကျွန်တော့ကို အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ မွေးပါတယ်။ ကျွန်တော်တို့ရွာကလေးမှာ ဂင်္ဂါနဲ့ ယမုန်နာမြစ်တွေက ရေလွှဲယူထားတဲ့တူးမြောင်းတွေ ရှိတယ်။ အဲဒီရေတွေကြောင့် ရွာပတ်ဝန်းကျင်က လယ်ကွင်းတွေဟာ အမြဲစိမ်းစိုနေတယ်။ ဒါပေမဲ့ ကျွန်တော့အဖေက ကျွန်တော့ကို လယ်သမား မဖြစ်စေချင်ဘူး။ ဒါနဲ့ ကျွန်တော်ဟာ အာယုဗေဒဆေးပညာကို သင်ယူတယ်။ ပြီးတော့ ရာဂျက်စထန်ပြည်နယ် ဂျိုင်ပူးမြို့က လူငယ်နဲ့အားကစားဌာနမှာ အလုပ်ရပါတယ်။ ရာဂျက်စထန်ပြည်နယ်မှာ ခြောက်သွေ့ပြီး မိုးခေါင်တယ်၊…
-
မြစ်ရေညစ်ညမ်းမှု
ဂင်္ဂါမြစ်ထဲသို့ရေဆင်းချိုးလျှင် ပြုခဲ့သောအပြစ်တို့ကွာကျကင်းစင်သွားသည်ဟု ဟိန္ဒူဘာသာဝင်တို့ ယုံကြည်ကြသည့်အလျောက် ယင်းမြစ်ရိုးတစ်လျှောက်တွင် လူနှစ်သန်းကျော်တို့ နေ့စဉ် ရေဆင်းချိုးနေကြသည်။ ထို့ပြင် ဂင်္ဂါရေကို လူပေါင်းသန်း ၄၀၀ တို့က သောက်သုံးရေအတွက် မှီခိုနေရသည်။ သို့သော် ဂင်္ဂါမြစ်၏ ကျန်းမာရေးကို လုံလောက်စွာဂရုမပြုခဲ့ကြချေ။ မြစ်ရိုးတစ်လျှောက်ရှိ မြို့ကြီးပေါင်း ၂၇ မြို့၊ မြို့ငယ်၊ ကျေးရွာများမှ စွန့်ထုတ်လိုက်သော မိလ္လာရည်များသည် လုံးဝသန့်စင်ပြုပြင်ခြင်းမရှိဘဲ သို့မဟုတ် လုံလောက်စွာသန့်စင်ခြင်းမရှိဘဲ…


