ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း (Intergovernmental Panel on Climate Change (IPCC) ) က ၂၀၂၂ ဖေဖော်ဝါရီ ၂၈ က ခြောက်ခုမြောက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်၊ ယင်းအစီရင်ခံစာကို ပညာရပ် နယ်ပယ်တွင် The Sixth Assessment Report (AR6) ဟု ခေါ်သည်၊ AR6 တွင် ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများ၊ ယင်းသက်ရောက်မှုကို အထိအခိုက် အနည်းဆုံးဖြင့် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ခြင်းများ၊ ထိခိုက်နိုင်ခြေများကို ဖော်ပြထားသည်။ အဆိုပါ အစီရင်ခံစာမှ ရေနှင့်ဆက်စပ်သည့် အရေးပါသောအချက်များကို ကောက်နုတ် ဖော်ပြရလျှင် - ၁ - ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများသည် အရှိန်ရလာနေသည်။ … Continue reading ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ခြောက်ခုမြောက် အစီရင်ခံစာ
Category: Adaptation and Resilience
ဂျီအိုအင်ဂျင်နီယာ
မှန်အလုံပိတ်ထားသော ကားများထဲတွင် လူနှင့် အခြားပစ္စည်းများမှ ထွက်သော အပူဓာတ် သို့မဟုတ် အနီအောက်ရောင်ခြည်ကို ကားမှန်က တားဆီးထား၍ ကားတွင်း၌ ပူနွေးလာသကဲ့သို့ လေထုတွင်းရှိ သဘာဝ ဖန်လုံအိမ် ဓာတ်ငွေ့များသည်လည်း မြေပြင်ကို ရိုက်ခတ်ပြီး ပြန်ကန်ထွက်လာသော နေရောင် အပူဓာတ်ကို အာကာသထဲ ပြန်ထွက်ခွင့် မပေးဘဲ ထိန်းအုပ်ထားခြင်းဖြင့် ကမ္ဘာကို အလောတော် အခြေအနေ၌ နွေးထွေးစေသည်။ သို့သော် လူတို့က ရေနံ၊ ကျောက်မီးသွေးစသည့် ရုပ်ကြွင်းလောင်စာများကို အလွန်အကျွံ သုံးစွဲမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ ရှိသင့်သည်ထက် များလာပြီး ကမ္ဘာ့အပူချိန်သည် တစ်ချိန်ထက် တစ်ချိန် တိုးတက်လာလျက် ရှိသည်။ ယင်းပြဿနာကို ကုစားဖို့ ကာဘွန်ဒိုင်အောက်ဆိုက် စသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးစားနေကြသော်လည်း ယင်းကြိုးပမ်းမှု အောင်မြင်ရန် အလားအလာမှာ … Continue reading ဂျီအိုအင်ဂျင်နီယာ
ရာသီဥတုပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံ၏ ထိခိုက်နိုင်ခြေနှင့် အဆင်သင့်ဖြစ်မှု
ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများကြောင့် ထိခိုက်ပျက်စီးနိုင်ခြေရှိသည့် နိုင်ငံများစစ်တမ်းကို အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်နေကြရာ ၂၀၂၁ ခုနှစ်အတွင်း ထုတ်ပြန်ချက်များကို လေ့လာကြည့်ပါသည်။ Germanwatch ၏စစ်တမ်းတွင် ထိခိုက်ပျက်စီးနိုင်ခြေအများဆုံးရှိနေသည့် ၁၆ နိုင်ငံ၊ အမေရိကန် The Office of the Director of National Intelligence (ODNI) ၏ စစ်တမ်း၌ ၁၁ နိုင်ငံပါရှိသည့်အနက် ငါးနိုင်ငံသည် စစ်တမ်းနှစ်ခုစလုံးတွင် ပါဝင်နေကြောင်း တွေ့ရှိပါသည်။ အဆိုပါငါးနိုင်ငံမှာ အာဖဂန်နစ္စတန်၊ ဟေတီ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာတို့ ဖြစ်ကြသည်။ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် နော့ထရာဒမ်တက္ကသိုလ်(University of Notre Dame)ကမူ နိုင်ငံပေါင်း ၁၉၀ ၏ အခြေအနေများကို လေ့လာပြီး ရာသီဥတုပြောင်းလဲခြင်း၏ဆိုးကျိုးများကြောင့် ထိခိုက်နိုင်ခြေနှင့် ယင်းဆိုးကျိုးများကို ရင်ဆိုင်ရန် … Continue reading ရာသီဥတုပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံ၏ ထိခိုက်နိုင်ခြေနှင့် အဆင်သင့်ဖြစ်မှု
တရုတ်ပြည်မှာရွာသည့်မိုး
တရုတ်နိုင်ငံ ဝူဟန်မြို့သည် အကြောင်း သုံးခုကြောင့် ကျော်ကြားခဲ့သည်။ ၁၉၁၁ ခုနှစ်က ဝူဟန်ဒေသတွင် စတင်ခဲ့သောတော်လှန်ရေးကြောင့် တရုတ်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့သဖြင့် ဝူဟန်ကို ခေတ်သစ်တရုတ်နိုင်ငံ မွေးဖွားရာဒေသဟု သတ်မှတ်ကြသည်။ ဒုတိယအကြောင်းမှာ ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင် မြို့ကြီး သုံးမြို့စလုံးနှင့်တူညီသောအကွာအဝေးတွင်ရှိ၍ တရုတ်အစိုးရအဆက်ဆက်သည် ဝူဟန်ကို နယူးယောက်၊ လန်ဒန်စသည်တို့ကဲ့သို့ ကမ္ဘာ့မြို့တော်ကြီးတစ်ခုဖြစ်လာအောင် ရည်ရွယ်သည်။ တတိယအချက်မှာ မြို့တွင်းနှင့် မြို့ဝန်းကျင်တွင် သာယာလှပသောရေကန်ပေါင်း ၁၂၇ ကန်မျှ ရှိခဲ့သဖြင့် ကန်တစ်ရာမြို့ဟု ထင်ရှားခဲ့သည်။ ၂၀၁၉ မှစ၍မူ ဝူဟန်သည် ကိုဗစ်-၁၉ ဗိုင်းရပ်စတင်ပြန့်ပွားရာအဖြစ် ထင်ရှားလာသည်။ ဝူဟန်သည် ယခုအခါ ကန်တစ်ရာမြို့မဟုတ်တော့ပြီ။ ကန်တစ်ရာကျော်အနက် ကန်တစ်ရာနီးပါး ပျောက်ကွယ်သွားသဖြင့် ကန် ၃၀ သာရှိတော့သည်။ ထိုသို့ ဖြစ်ရသည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ … Continue reading တရုတ်ပြည်မှာရွာသည့်မိုး
ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ရန် အားထုတ်လုပ်ဆောင်နိုင်သူ
၂၀၂၁ သြဂုတ် ၉ ရက်နေ့က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း(အိုင်ပီစီစီ)သည် "ရာသီဥတုပြောင်းလဲခြင်း လေ့လာဆန်းစစ်မှုအစီရင်ခံစာ"၏ ပထမပိုင်းကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာသည် ဆဋ္ဌမမြောက်ဖြစ်ပြီး ပြီးခဲ့သောအစီရင်ခံစာနှင့် စာလျှင် ထောင့်ပိုစုံ၊ ပိုပြည့်စုံသည်။ ယင်းအစီရင်ခံစာတွင် ရာသီဥတု မည်သို့ပြောင်းလဲသည်၊ မည်သည့်နေရာတွင်ပြောင်းလဲသည်၊ မည်သည့်အတွက်ကြောင့် ပြောင်းလဲသည်တို့ကို သေသေချာချာ နှံ့နှံ့စပ်စပ် ဖော်ပြထားပြီး အနာဂတ်တွင် ကျွန်ုပ်တို့ မည်သည်တို့ကို မျှော်လင့်တွေ့ထိရမည်ဆိုသည်တို့ ပါရှိသည်။ လွန်ခဲ့သည်ရှစ်နှစ်က အိုင်ပီစီစီ၏ပဉ္စမအစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်ပိုင်း ကျွန်ုပ်တို့သည် ပြောင်းလဲလာသောရာသီဥတုကြောင့်ပေါ်ပေါက်သည့် စံချိန်တင်တောမီးလောင်မှုများ၊ ပြင်းထန်သောအပူလှိုင်းများ၊ အပျက်အစီးများလှသည့်ရေကြီးမှုများ၊ အားကောင်းသောမုန်တိုင်းများစသည့် သဘာဝဘေးအန္တရာယ်များကို ဆင့်ကဲဆင့်ကဲ ခံစားခဲ့ကြရပြီး၊ ခံစားနေကြရဆဲ ဖြစ်သည်။ (ယင်းအန္တရာယ်များအား)တစ်ချိန်ထက်တစ်ချိန် ထိန်းချုပ်ရန်ခက်လာသောကမ္ဘာကြီးတွင် ကျွန်ုပ်တို့သည် ယုံကြည်မျှော်လင့်ချက်ကို အပူတပြင်း အလိုရှိနေကြသည်။ ယင်းယုံကြည်မျှော်လင့်ချက်မှာ ကျွန်ုပ်တို့ရင်ဆိုင်နေရသော စိန်ခေါ်မှု၏ ပမာဏကြီးမားလှပုံကို ယုံကြည်လက်ခံအသိအမှတ်ပြုတတ်ခြင်းနှင့် … Continue reading ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ရန် အားထုတ်လုပ်ဆောင်နိုင်သူ
မြစ်ရေကိုနေရာပေးခြင်း
မြစ်တစ်စင်း ချောမွေ့သန့်ရှင်းစွာ စီးဆင်းနေနိုင်ခြင်းတွင် မြစ်ကြမ်းပြင်၊ မြစ်ကမ်းပါးစသည်တို့ မပျက်စီးဖို့ လိုသည့်အပြင် ရေဝေဒေသ၊ ရေလွှမ်းလွင်ပြင်တို့ကို ထိန်းသိမ်းခြင်းကလည်း အရေးပါသည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာသောခေတ်တွင် ရေဝေဒေသ၏ တန်ဖိုး၊ ရေဝေဒေသအား ကောင်းစွာ ထိန်းသိမ်းရမည်ဆိုသည်တို့ကို သိလာကြသော်လည်း ရေလွှမ်းလွင်ပြင်၏အရေးပါပုံကိုမူ ကျယ်ပြန့်စွာ မသိကြသေးချေ။ ရေလွှမ်းလွင်ပြင်ဆိုသည်မှာ ပုံမှန်ထက်တိုးလာသောမြစ်ရေများ ကမ်းပါးတစ်ဖက်တစ်ချက်ကို ကျော်လွန်ကာ အချိန်ကာလတစ်ခုအထိ လွှမ်းမိုးဖုံးအုပ်သွားသော နယ်မြေဖြစ်သည်။ မြစ်ရေပြန်ကျသောအခါ ရေလွှမ်းလွင်ပြင်ရှိရေလည်း အတူလိုက်ပါကျဆင်းသည်။ ရေလွှမ်းလွင်ပြင်က ရေကို ယာယီထိန်းထားခြင်းကြောင့် မြစ်အောက်ပိုင်းဒေသများတွင် ရေဘေးအန္တရာယ် လျော့နည်းသည်၊ ဥပမာ အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်ရိုးတလျှောက်ရှိ ရေလွှမ်းလွင်ပြင်များသည် ရေဧကပေ ၃၉ သန်းကို ယာယီလက်ခံထားခြင်းဖြင့် မြစ်ရေကြီးမှုကို ထိန်းသိမ်းပေးနိုင်သည်။ (ဧကပေသည် တစ်ဧက အကျယ်၊ တစ်ပေအနက်ရှိ ရေထုထည်ဖြစ်သည်။) ရေလွှမ်းလွင်ပြင်များအား ပြန်လည်ထိန်းသိမ်းခြင်းဖြင့် … Continue reading မြစ်ရေကိုနေရာပေးခြင်း