ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ - ၁ - လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ - မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ - ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ - သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ - သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ - ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ - အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊ … Continue reading ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
Category: Melting Ice
တောင်ထိပ် ရေခဲမြစ်များ အရည်ပျော် လျော့နည်းလာနေခြင်းနှင့် ဧရာဝတီမြစ်အပေါ် သက်ရောက်မှု
တစ်ကမ္ဘာလုံး သုံးစွဲနေသော ရေပမာဏ၏ ထက်ဝက်ကျော်ကို မြစ်များ ချောင်းများမှ ရရှိသည်၊ မြစ်အများစုတွင် စီးဆင်းနေသော ရေများသည် မိုးရေများ ဖြစ်ကာ အချို့ မြစ်ရေများသည် မြေအောက် ရေအောင်းလွှာများမှ စီးဝင်လာသော ရေများ ဖြစ်သည်၊ ဆီးနှင်းနှင့် တောင်ထိပ် ရေခဲမြစ်များမှ မြစ်ဖျားခံလာကြသော မြစ်များလည်း ရှိသည်၊ ယင်းမြစ်များ အပေါ် သောက်သုံးရေအတွက် မှီခိုနေရသော လူဦးရေမှာ သန်း ၂၀၀၀ ခန့် (ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံခန့်) ရှိသည် (၁)။ ထို့ကြောင့် တောင်ထိပ် ရေခဲမြစ်များသည် ရေဖူလုံရေး၌ အလွန် အရေးပါသည့် ကဏ္ဍတွင် ရှိနေသည်။ ရည်ညွှန်းရေခဲမြစ်များ ၁၉၄၅ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ဒြပ်ထု လျော့နည်းလာပုံ တောင်ထိပ် … Continue reading တောင်ထိပ် ရေခဲမြစ်များ အရည်ပျော် လျော့နည်းလာနေခြင်းနှင့် ဧရာဝတီမြစ်အပေါ် သက်ရောက်မှု
ဂရင်းလန်းကျွန်း ရေခဲအရည်ပျော်နေမှု ဓာတ်ပုံများ
ရာသီဥတုပြောင်းလဲခြင်းသည် နှေးကွေးစွာ ပေါ်ပေါက်နေသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သို့သော် ရာသီဥတု ပူနွေးလာမှုကြောင့် ရေခဲမြစ်များထဲမှ အချို့သည် မြန်ဆန်စွာ အရည်ပျော် ကျိုးပဲ့လျက် ရှိသည်၊ ယင်းကို ရိုက်တာဓာတ်ပုံဆရာတစ်ဦးဖြစ်သူ Lucas Jackson သည် ၂၀၁၈ ခုနှစ်က ဂရင်းလန်းကျွန်းပေါ် ရောက်ခိုက် ရေခဲမြစ် အရည်ပျော်နေပုံကို ဓာတ်ပုံဖြင့် မှတ်တမ်းတင်လိုက်နိုင်ခဲ့သည်၊ အောက်ပါ slideshow တွင် ရှုစားနိုင်ပါသည်။ ဂရင်းလန်းကျွန်း Tasiilaq မြို့ငယ်ကို နှင်းဖုံးတောင်များ နောက်ခံဖြင့် တွေ့ရသည်။ Tasiilaq မြို့အနီး ရေပြင်ပေါ်ရှိ ရေခဲတောင်တစ်ခု အရည်ပျော်နေပုံ Tasiilaq မြို့အနီး ရေပြင်ပေါ်တွင် မျောနေသော ရေခဲတောင် ရေခဲပြင်တစ်ခု၏ အရည်ပျော်နေသောအပေါ်ယံမျက်နှာပြင်ပေါ်၌ ပေါလောမျောနေသော ရေခဲတုံးများ Tasiilaq မြို့အနီးရှိ ရေခဲတောင်တစ်ခုဘေးမှ ဖြတ်မောင်းနေသော … Continue reading ဂရင်းလန်းကျွန်း ရေခဲအရည်ပျော်နေမှု ဓာတ်ပုံများ
ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု
ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။ ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ … Continue reading ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု
အန္တာတိက
ပင်လယ်ခြားသော ရပ်ဝေးနယ်များသို့ သင်္ဘောများဖြင့် မသွားနိုင်မီကပင် ကမ္ဘာ၏ တောင်ဘက်စွန်းတွင် တိုက်ကြီးတစ်တိုက် ရှိနေနိုင်ကြောင်းကို ဂရိလူမျိုးတို့က မှန်းဆခဲ့သည်။ ယင်းအချိန်က ကမ္ဘာ၏ မြောက်ဘက်စွန်း အာတိတ်ဒေသကို တွေ့ပြီးဖြစ်ရာ တောင်ဘက်စွန်း၌ ရှိနေနိုင်သည့်တိုက်ကို အာတိတ်၏ ဆန့်ကျင်ဘက်ဟု အဓိပ္ပာယ်ရသည့် အန္တာတိတ်(အန္တာတိက)ဟု ခေါ်ခဲ့သည်။ စွန့်စားရှာဖွေသူ ဂျိမ်းစ်ကွတ်သည် ၁၇၇၃ ခုနှစ်တွင် အန္တာတိကတိုက်အနီးသို့ ရောက်သော်လည်း ကုန်းမြေကို မမြင်ခဲ့ရချေ။ မျောနေသော ရေခဲတောင်များတွင် ကျောက်တုံးများ ပါဝင်နေသည်ကို တွေ့၍ အနီးအနား၌ ကုန်းမြေထုတစ်ခု ရှိမှန်းသာ သိခဲ့သည်။ ၁၈၂၀ ပြည့်နှစ်တွင်မှ ဗြိတိသျှလူမျိုး ဝီလျံစမစ် နှင့် အက်ဒဝပ်ဘရန်းစဖီးတို့က အန္တာတိကတိုက်ကို စတင်မြင်တွေ့ခဲ့သည်။ စတုရန်းမိုင်ငါးသန်းခွဲကျယ်သော အန္တာတိကတိုက်သည် အာရှ၊ အာဖရိက၊ မြောက်အမေရိကနှင့် တောင်အမေရိကတို့ ပြီးလျှင် ပဉ္စမအကြီးဆုံးတိုက် … Continue reading အန္တာတိက
ကမ္ဘာကို အမှန်တကယ် ကိုင်လှုပ်နေသော ရေခဲပြင်အရည်ပျော်မှု
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာသောကြောင့် အအေးပိုင်းအရပ်များရှိ ရေခဲပြင်များ အရည်ပျော်လာနေကြောင်း သိရှိကြသည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း Cryosphere ဂျာနယ်တွင် ဖော်ပြချက်အရ ၁၉၉၄ ခုနှစ်မှ ၂၀၁၇ အထိ ကမ္ဘာ့ရေခဲပြင်များအားလုံးမှ အရည်ပျော်ကျသွားသော ရေခဲအလေးချိန်စုစုပေါင်းသည် ၂၈ ထရီလျံတန်မျှ ရှိသည်ဟု သိရသည်။ (မှတ်ချက်- တစ်ထရီလျံ = တစ်နောက်ကသုည ၁၂ လုံး) ကြီးမားလှသော ရေခဲအရည်ပျော်ပမာဏသည် ကမ္ဘာကြီးကို ကိုင်လှုပ်နေသော အခြေအနေသို့ပင် ရောက်နေသည်။ ရေခဲအရည်ပျော်ခြင်းကြောင့် အရည်ပျော်ရေခဲပြင်များ၏အောက်ရှိ မြေလွှာများ ထမ်းထားရသောဝန် ပေါ့သွားသဖြင့် မြေလွှာလှုပ်ရှားလာကြောင်း ကနေဒါနိုင်ငံအတွင်းပိုင်း၊ နော်ေ၀ ဆွီဒင်စသောနိုင်ငံများ ပါသည့် စကင်ဒီနေဗီးယားနိုင်ငံများ၌ တွေ့ရှိပြီးဖြစ်သည်။ ယခုခေတ်တွင်မှမဟုတ် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ဝန်းကျင်ကလည်း စကင်ဒီနေးဗီးယားဒေသ၌ ရေခဲခေတ်ကို လွန်မြောက်၍ အအေးပေါ့လာချိန်တွင် … Continue reading ကမ္ဘာကို အမှန်တကယ် ကိုင်လှုပ်နေသော ရေခဲပြင်အရည်ပျော်မှု
အရည်ပျော်တောင်ထိပ်များ
စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲ မဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီမှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး ဟု ညီပုလေးက စိမ်းလန်းတဲ့ တောင်ကုန်း မြင့်မားတဲ့တောင်တန်း စာအုပ်တွင် ရေးသားခဲ့သည်။ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ ညီပုလေးကဲ့သို့ စိုးရိမ်စိတ်ဝင်နေသူသန်းပေါင်းများစွာရှိရာ တိဘက်လယ်သမား ဂျီယာဆွန်လည်းပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်ထူထပ်သောအပိုင်း၌ နေသူဂျီယာဆွန်က ကျွန်တော်တို့ဟာ သဘာဝတရားကြီးကိုနှောင့်ယှက်ဖျက်ဆီးမိခဲ့ပြီဟု ပြောသည်။ ဂျီယာဆွန်သည် နွေရာသီ၏ နေ့တစ်နေ့တွင် ပေ ၂၂၀၀၀ မြင့်သော ကာဝါဂီဘိုတောင်ပေါ်တက်ရင်း မင်ယွန်းရေခဲမြစ်ရှိရာကိုကြည့်၍ ယင်းသို့ပြောခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်အထိ တွေ့မြင်နေခဲ့သော မင်ယွန်းရေခဲမြစ်ကို တွေ့နေကျနေရာ၌ မမြင်ရတော့ပေ။ ရေခဲမြစ်သည် တိုဝင်နောက်ဆုတ်သွားခဲ့ပြီ။ ဂျီယာဆွန်သည် တောင်ပေါ်သို့အတန်ငယ်ထပ်တက်ပြီး မြစ်ကွေ့နေရာသို့ ရောက်တော့မှ ရေခဲမြစ်ရှိခဲ့ကြောင်း သက်သေဖြစ်သည့် ကျောက်တုံးအကြေအမွများကို … Continue reading အရည်ပျော်တောင်ထိပ်များ
အရည်ပျော်ရေခဲပြင်များ
Massive icebergs from Jakobshavn Glacier melting in Disko Bay on sunny summer evening, Ilulissat, Greenland. မြောက်လတ္တီတွဒ် ၆၆ ဒီဂရီ မျဉ်းကြောင်းကို အာတိတ်စက်ဝိုင်းဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းသည် နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ရုရှား၊ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၊ ကနေဒါ၊ ဒိန်းမတ်နိုင်ငံ ဂရင်းလန်းကျွန်း၊ အိုက်စလန်တို့ကို ဖြတ်သည်။ ယင်းမျဉ်းကြောင်းဝန်းကျင်ဒေသများကို အာတိတ်စက်ဝိုင်း ဒေသများဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းဝန်းကျင်ဒေသများတွင် နွေပျမ်းမျှနေ့စဉ်အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထက် မပိုသည့်အပြင် သစ်ပင်များလည်း မပေါက်ရောက်နိုင်ချေ။ အာတိတ်စက်ဝိုင်းဒေသရှိ အာတိတ်သမုဒ္ဒရာသည် မကြာသေးမီ အချိန်ကအထိ အစဉ်ရေခဲနေသော နေရာ ဖြစ်သည်။ ရေခဲခွဲသင်္ဘောများမှလွဲ၍ ရိုးရိုးသင်္ဘောများဖြတ်မောင်း၍မရသော ရေခဲသမုဒ္ဒရာဖြစ်သည်။ … Continue reading အရည်ပျော်ရေခဲပြင်များ
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များလျော့နည်းတိုဝင်လာခြင်း
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသနှင့် မြစ်ဝှမ်း ၁၀ ခု ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ မြန်မာနိုင်ငံတို့၏မြောက်ဘက်၊ တရုတ်နိုင်ငံ၏အနောက်ဘက် တစ်စိတ်တစ်ပိုင်းတို့ဖြင့် ဖွဲ့စည်းထားသော ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ(Hindu Kush Himalayan Region (HKH))တွင် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်အပါအဝင် တောင်မြင့်များစွာပါဝင်သဖြင့် ကမ္ဘာ့ခေါင်မိုးဟုလည်းကောင်း၊ တောင်နှင့်မြောက်ဝင်ရိုးစွန်းဒေသများပြီးလျှင် ရေခဲပြင် ရေခဲမြစ်အများဆုံးရှိ၍ တတိယဝင်ရိုးစွန်းဟုလည်းကောင်း တင်စားခေါ်ဝေါ်ကြသည်။ ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များသည် ၁၉၇၀ ပြည့်နှစ်အလွန်မှစ၍ အရည်ပျော်မှုများလာကာ ရေခဲပြန်ဖြစ်မှုနည်းလာသဖြင့် လျော့နည်းတိုဝင်လာလျက်ရှိသည်(ခြွင်းချက်-ဒေသအနောက်ပိုင်းရေခဲမြစ်များ)။ လေ့လာချက်တစ်ခုအရ အိန္ဒိယ၊ တရုတ်၊ နီပေါနှင့်ဘူတန်တို့ရှိ ရေခဲမြစ်များသည် ၂၀၀၀ ပြည့်နှစ်မှစ၍ တစ်နှစ်လျှင် ရေခဲမြစ်အထူ တစ်ပေခွဲမျှ၊ အလေးချိန်အားဖြင့် ရှစ်ဘီလျံတန် လျော့နည်းလာနေသည်။ ယင်းပမာဏမှာ ၁၉၇၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း အရည်ပျော်နှုန်း၏နှစ်ဆခန့်ဖြစ်သည်။ ရေခဲမြစ်တိုးတက်အရည်ပျော်မှု၏ ထင်ရှားသောအမှတ်အသားများအနက်တစ်ခုမှာ ရေခဲမြစ်များဆုတ်ခွာသွားရာလမ်းတလျှောက်တွင် ပေါ်ထွန်းလာသောရေအိုင်များဖြစ်သည်။ ယင်းရေအိုင်များသည် … Continue reading ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များလျော့နည်းတိုဝင်လာခြင်း
အာတိတ်ဒေသ
အာတိတ်ဒေသ(Arctic)သည် ရုရှား၊ ဂရင်းလန်းကျွန်း၊ ကနေဒါနှင့်အမေရိကန်နိုင်ငံတို့က ၀ိုင်းပတ်ထားသော ရေပြင်ပေါ်တွင် ပေါလောမျောနေသည့် ရေခဲပြင်ကြီး ဖြစ်သည်။ အာတိတ်ရေခဲပြင်ဧရိယာသည် တစ်သမတ်တည်းမဟုတ်ဘဲ ဆောင်းအခါ ကျယ်လာလိုက် နွေအခါ ကျုံ့သွားလိုက်နှင့် ပြောင်းလဲနေသည်။ နှစ်တစ်နှစ်၏မတ်လတွင် အကြီးဆုံးအရွယ်သို့ရောက်ကာ စက်တင်ဘာလတွင် အငယ်ဆုံး ဖြစ်သွားသည်။ အာတိတ်ဒေသအပူချိန်တက်မှုသည် ကမ္ဘာ့ပျမ်းမျှထက်နှစ်ဆခန့်မျှဖြစ်သည်။ စက်မှုတော်လှန်ရေး မတိုင်မီကနှင့် ယှဉ်လျှင် ကမ္ဘာ့အပူချိန်သည် ၁ . ၈ ဒီဂရီဖာရင်ဟိုက်(၁ ဒီဂရီစင်တီဂရိတ်)မျှတက်ခဲ့သည်။ အာတိတ်ဒေသတွင်မူ ၃ . ၅ မှ ၅ . ၅ ဒီဂရီဖာရင်ဟိုက်(၂ မှ ၃ ဒီဂရီစင်တီဂရိတ်)မျှတက်ခဲ့သည်။ အပူချိန်တက်မှုကြောင့် ၁၉၇၉ ခုနှစ်မှစ၍ အာတိတ်ရေခဲပြင်သည် တစ်နှစ်လျှင် စတုရန်းမိုင် ၂၇၀၀၀ ခန့်နှုန်း သေးငယ်လာလျက်ရှိသည်။ ၂၀၂၀ ဇူလိုင်လက … Continue reading အာတိတ်ဒေသ
အန္တာတိကဒေသ
အန္တာတိကတိုက်(Antarctica)သည် ကမ္ဘာ့တောင်ဘက်စွန်းရှိ စတုရန်းကီလိုမီတာ ၁၄ သန်းကျယ်သော ရေခဲဖုံးကုန်းမြေဖြစ်သည်။ ဖုံးနေသောရေခဲထုသည် လေးမိုင်အထိထူကာ ကမ္ဘာပေါ်တွင် အကျယ်ဝန်းဆုံးရေခဲလွှာအဖြစ် တည်ရှိသည်။ ယင်းရေခဲလွှာရှိ ရေချိုပမာဏသည် ကမ္ဘာပေါ်ရှိ ရေချိုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။ အန္တာတိကတိုက်၏အပူချိန်သည် နှစ်တစ်နှစ်၏ အချိန်အတော်များများတွင် ရေခဲမှတ်အောက်သို့ ရောက်နေသည်။ အန္တာတိကတိုက်၏ အရှေ့ဘက်တစ်နေရာတွင် ၂၀၁၀ ပြည့်နှစ်က အနှုတ် ၉၂ . ၃ ဒီဂရီစင်တီဂရိတ်အထိကျဆင်းခဲ့ဖူးသည်။ အန္တာတိကတိုက်သည် လေအမြဲလိုလို တိုက်ခတ်နေသောနေရာဖြစ်သည်။ ပျမ်းမျှလေတိုက်နှုန်း တစ်နာရီ ၁၂ မိုင်ဖြစ်ပြီး တစ်ချိန်က တစ်နာရီမိုင် ၂၀၀ အထိတိုက်ခဲ့ဖူးသည်။ ယင်းတိုက်ပေါ်တွင် အမြဲတန်းနေထိုင်သောလူမရှိဘဲ သုတေသနပညာရှင်များသာ အချိန်ပိုင်းနှင့် နေနိုင်သည်။ ကမ္ဘာလှည့်ခရီးသည်အချို့လည်း လာရောက်လည်ပတ်ကြသည်။ အေးလွန်းသဖြင့် သစ်ပင် ချုံပင်များလုံးဝမပေါက်နိုင်ဘဲ ရေညှိ ရေမှော်တို့သာ … Continue reading အန္တာတိကဒေသ
ဂရင်းလန်း
ဂရင်းလန်း(Greenland)ကျွန်းသည် ဒိန်းမတ်နိုင်ငံ ပိုင်ဆိုင်သောနယ်မြေ ဖြစ်သော်လည်း သီးခြားအစိုးရရှိသည်။ ၂ . ၁၆ စတုရန်းကီလိုမီတာ(စတုရန်းမိုင် ၈၃၆၀၀၀)ကျယ်ပြီး ကမ္ဘာ့အကြီးဆုံးကျွန်း ဖြစ်သည်။ လူဦးရေ ၅၀၀၀၀ ကျော် နေထိုင်သည်။ (ပူးတွဲပုံ၏ အလယ်ဘက် တြိဂံပုံကုန်းမြေသည် ဂရင်းလန်းကျွန်းဖြစ်ပြီး ဂရင်းလန်းကျွန်း၏ထိပ်ရှိ အဖြူကွက်သည် အာတိတ်ရေခဲပြင် ဖြစ်သည်။ ပုံအောက်ဘက်တွင် ကနေဒါ၊ အပေါ်ဘက်တွင် ရုရှားနှင့် ဥရောပမြောက်ပိုင်းတို့ကို တွေ့နိုင်သည်။) ဂရင်းလန်းကျွန်း၏မြို့များတွင် မြို့တွင်း၌သာ ကားလမ်းရှိပြီး မြို့တစ်မြို့နှင့်ဆက်သွယ်သော ကားလမ်း ရထားလမ်းမရှိသဖြင့် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘောစသည်တို့ဖြင့်သာ ဆက်သွယ်သွားလာရသည်။ ကားလမ်း ရထားလမ်းမရှိခြင်းမှာ ကျွန်းမျက်နှာပြင်၏ ၈၀ ရာခိုင်နှုန်းကို လေးကီလိုမီတာအထိထူသော ရေခဲပြင်က ဖုံးအုပ်ထားသောကြောင့် ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဂရင်းလန်းရေခဲပြင် လျင်မြန်စွာ အရည်ပျော်လာနေရာ ၂၀၁၉ ခုနှစ်က … Continue reading ဂရင်းလန်း
ဂရင်းလန်းကျွန်းတွင် မိုးရွာခြင်း
နေရာဒေသတစ်ခုတွင် မိုးရွာခြင်းသည် အဆန်းမဟုတ်သော်လည်း ၂၀၂၁ သြဂုတ်လ ၁၄ ရက်နေ့က ဂရင်းလန်းကျွန်း၌ ရွာသောမိုးကို သမိုင်းဝင်မိုးအဖြစ် မှတ်တမ်းလိုက်ရသည်။ အကြောင်းမှာ ယင်းကျွန်းတွင် ဆီးနှင်းကျသည်သာ ရှိပြီး မည်သည့်အခါကမှ မိုးမရွာခဲ့သောကြောင့်ဖြစ်သည်။ လေထုတွင်းရှိရေငွေ့များသည် အပူချိန်ပေါ်မူတည်ပြီး အေးလျှင်ဆီးနှင်းအဖြစ်၊ နွေးလျှင်မိုးအဖြစ်ရွာကျရာ ဂရင်းလန်းကျွန်းပေါ်သို့ ပထမဆုံးရွာကျသောမိုးက ကမ္ဘာ့အပူချိန်တက်လာနေကြောင်း ထင်ရှားစွာ သက်သေပြလိုက်သည်။ ယင်းနေ့က ဂရင်းလန်းရှိတောင်ထိပ်တစ်ခုပေါ်၌ သုတေသနလုပ်နေသောပညာရှင်တို့သည် မိုးရွာသည်ကို အံ့အားသင့်စွာ တွေ့လိုက်ကြသော်လည်း မိုးရေချိန်ကိုမူ မတိုင်းလိုက်နိုင်ကြချေ။ အကြောင်းမှာ ဂရင်းလန်းတွင် မည်သည့်အချိန်ကမှ မိုးမရွာခဲ့ဖူးသည့်အတွက် မိုးရေချိန်တိုင်းကိရိယာလည်း မရှိ၍ ဖြစ်သည်။ မြင့်တက်လာနေသောအပူချိန်ကြောင့် ၂၀၂၁ ဇူလိုင်လ၏ ရက်တစ်ရက်တည်းတွင် ဂရင်းလန်းရေခဲထုတန်ချိန် ၈ . ၅ ဘီလျံတန်ခန့် ဆုံးရှုံးခဲ့သည်။ ၂၀၁၉ ခုနှစ်တစ်နှစ်လုံးတွင် ဂရင်းလန်းရေခဲထု ၅၃၂ … Continue reading ဂရင်းလန်းကျွန်းတွင် မိုးရွာခြင်း
အရည်ပျော်ရေခဲပမာဏ
၁၉၉၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကြားကာလအတွင်း စုစုပေါင်းရေခဲ ၂၇ . ၄ ထရီလျံတန်အရည်ပျော်ခဲ့သည်။ အန္တာတိတ်ဒေသမှ ၉ . ၉ ထရီလျံတန်(၃၆ ရာခိုင်နှုန်း) အာတိတ်ဒေသမှ ၇ . ၆ ထရီလျံတန်(၂၈ ရာခိုင်နှုန်း) တောင်ထိပ်ရေခဲပြင်များမှ ၆ . ၁ ထရီလျံတန်(၂၂ ရာခိုင်နှုန်း) ဂရင်းလန်းကျွန်းမှ ၃ . ၈ ထရီလျံတန်(၁၄ ရာခိုင်နှုန်း) ရေခဲအရည်ပျော်နှုန်းသည် ၁၉၉၀ ပြည့်နှစ်များမှစ၍ တစ်နှစ်လျှင် ၀ . ၈ မှ ၁ . ၂ ထရီလျံတန်နှုန်း တိုးမြင့်လာလျက်ရှိသည်။ (ရည်ညွှန်း - Earth's ice imbalance - Thomas Slater et … Continue reading အရည်ပျော်ရေခဲပမာဏ