စဉ်ခဲဒေသအစဉ်မခဲတော့သောအခါ

ရေခဲအမှတ်အောက်တွင် အနည်းဆုံးနှစ်နှစ်ဆက်တိုက်ရှိနေသော မြေလွှာ ကျောက်လွှာများရှိရာဒေသကို စဉ်ခဲဒေသဟု ခေါ်သည်။ မြောက်နှင့် တောင်ဝင်ရိုးစွန်း အနီးဝန်းကျင်အရပ်များ၊ အချို့တောင်တန်းများ၏ မြင့်မားသောအပိုင်းများသည် စဉ်ခဲဒေသများ ဖြစ်ကြသည်။ စဉ်ခဲဒေသ၏ ခဲမာနေသောမြေပြင်၏အထူသည် ပုံမှန်အားဖြင့် ၂ ပေ မှ ၁၂ ပေခန့်ရှိသော်လည်း အချိန်နှင့်နေရာကိုလိုက်၍ အပြောင်းအလဲရှိရာ ရုရှားပြည် ဆိုက်ဘေးရီးယား၏ အချို့နေရာများတွင် စဉ်ခဲမြေလွှာသည် ပေ ၄၅၀၀ အထိ ထူထဲသည်။ ရံခါ အရည်ပျော်တတ်သော စဉ်ခဲမြေလွှာများ၏ အပေါ်ယံ မျက်နှာပြင်တွင် သစ်ပင်များ ပေါက်ရောက်နိုင်သည်။ လက်ရှိစဉ်ခဲဒေသ၏ ဧရိယာသည် ကမ္ဘာမျက်နှာပြင်၏ ၂၀ ရာခိုင်နှုန်းမျှရှိသည်။ ယင်းအကျယ်အဝန်းသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲပူနွေးလာနေမှုကြောင့် စဉ်ခဲဒေသမြေလွှာများ အရည်ပျော်ကာ တဖြည်းဖြည်း ကျုံ့ဝင်သေးငယ်လာနေသည်။ မြေလွှာများအရည်ပျော်မှုကြောင့် ယင်းဒေသတွင် ဆောက်လုပ်ထားသော အဆောက်အအုံများ ကွဲအက် တိမ်း …

Continue reading စဉ်ခဲဒေသအစဉ်မခဲတော့သောအခါ