ဤလေ့လာချက်သည် မြန်မာနိုင်ငံ၌ ၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မိုးလေဝသစခန်း ၃၅ ခု၏ တိုင်းတာချက်များကို အသုံးပြု၍ အစွန်းရောက် နေ့စဉ်အပူချိန်နှင့် မိုးရေချိန်များ နှစ်စဉ်ပြောင်းလဲလာပုံကို လေ့လာသည်။ ယင်းလေ့လာချက်အရ မြန်မာနိုင်ငံ၌ သိသာစွာ ပူပြင်းလာနေသောအချက်ကို တွေ့ရှိသည်။ ၂၀ဝ၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အပူချိန်မြင့်မားလာမှုသည် ၂၀၁၁ ခုနှစ်မှလွဲ၍ နှစ်စဉ် ဝ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်စီ တက်လာနေခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးအပူချိန်များသည် တောက်လျှောက် မြင့်မားလာနေခဲ့သည်။ ပူပြင်းသောနေ့နှင့်ညများသည် များပြားလာနေပြီး အေးသောနေ့နှင့်ညများ လျော့နည်းသွားသည်။ ၁၉၈၁ မှ ၂၀၁၅ အတွင်း မြန်မာနိုင်ငံ၌ အမြင့်ဆုံးအပူချိန် နှစ်စဉ်ပြောင်းလဲမှု ၂၀၁၈ ခုနှစ်နှင့် ၂၀၁၅ … Continue reading မြန်မာ့အပူချိန်နှင့် မိုးရေချိန် ပြောင်းလဲမှု လေ့လာချက်
Category: Temperature Rise
ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ
မြန်မာနိုင်ငံရှိ မိုးလေ၀သစခန်း ၃၅ ခု၏ မှတ်တမ်းများအရ ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်ပြည်လုံး အတိုင်းအတာဖြင့် မိုးရေချိန်နှင့် အပူချိန် သိသိသာသာ တိုးလာခဲ့သည်။ ၁၉၈၁ မှ ၂၀၂၀ အထိ၊ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်သည် ၁ . ၁ ဒီဂရီ စင်တီဂရိတ်ခန့် တိုးလာပြီး တစ်နှစ်တာ မိုးရေချိန်သည် ၁၅၇ . ၇ မီလီမီတာခန့် များလာသည်။ မိုးရွာသွန်းမှု နှစ်ပေါင်း ၃၀ အတွင်း တစ်နှစ်တာ မိုးရေချိန် များလာမှု မိုးရေချိန် တိုးလာသည် ဆိုရာ၌ ပျံ့ပျံ့နှံ့နှံ့နှင့် ရွာသွန်းခြင်း မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နေရာတည်းတွင် မိုးအလွန် သည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် … Continue reading ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ
အိန္ဒိယတွင် ၁၁၅ နှင့် ပါကစ္စတန်တွင် ၁၂၀ ဒီဂရီ ဖာရင်ဟိုက် (ကိုသန်းလွင်)
(၁)ကျွန်တော်တို့သည် ဘီလီယံချီသော လူသားများအား "နိဂုံး"ကို ပြသရန် လောကကြီးကို ဇောက်ထိုးမိုးမျှော် လုပ်ပြနေစရာ မလိုပါ။ အလွန်ပူလောင်သော နေ့ရက်များကို ထုံးစံတစ်ခုကဲ့သို့ ကြုံတွေ့လာနေရခြင်းက လူသားတို့၏ "နိဂုံး"ကို ညွှန်ပြလျက်ရှိပါသည်။ (၂)ရာသီဥတုအကြောင်း ဖွဲ့ဆိုထားသော ဝတ္ထုတစ်ပုဒ်ပါ လူသန်း ၂၀ မျှသေဆုံးခဲ့ရသော အပူချိန်ထက် ၁၀ ဒီဂရီ စင်တီဂရိတ်မျှ ပိုမြင့်သည့် အပူကို တစ်ဘီလီယံမျှသော တောင်အာရှသားများ လွန်ခဲ့သောလက ခံစားခဲ့ရပါသည်။ ရက်သတ္တပတ် အနည်းငယ်ကြာသည်အထိ ထိုအပူငွေ့ ရှိနေခဲ့ပါသည်။ မိုးကျမည့် ဇွန်လမှသာ အပူဒဏ်မှ သက်သာရာ ရတော့မည်။ လူသေဆုံးမှု ဖြစ်ရာတွင် လေထုတွင်း ရေငွေ့ ပါဝင်နှုန်းသည် အပူချိန်ကဲ့သို့ပင် အရေးပါသည်။ အိန္ဒိယတွင် ၁၁၅ ဒီဂရီ ဖာရင်ဟိုက်၊ ပါကစ္စတန်တွင် ၁၂၀ ဒီဂရီ … Continue reading အိန္ဒိယတွင် ၁၁၅ နှင့် ပါကစ္စတန်တွင် ၁၂၀ ဒီဂရီ ဖာရင်ဟိုက် (ကိုသန်းလွင်)
စိုထိုင်းအပူချိန် (Wet Bulb Temperature)
လူ့ခန္ဓာကိုယ်တွင်း၌ အပူများလာသောအခါ ချွေးထွက်ခြင်းဖြင့် ကိုယ်တွင်းအပူများကို အလိုအလျောက် ထုတ်ပေးသည်။ လေထုတွင်း ရေငွေ့နည်းလျှင် ခန္ဓာကိုယ်တွင်းမှ အပူများ ချွေးအဖြစ် ထွက်သွားနိုင်သော်လည်း လေထုတွင်း ရေငွေ့ အလွန်အမင်းများနေလျှင် ခန္ဓာကိုယ်အပူသည် ချွေးအဖြစ် ထွက်မသွားနိုင်တော့ချေ။ ယင်းအခါမျိုးတွင် လူသေဆုံးနိုင်သည်အထိ အန္တရာယ် ရှိသည်၊ ထိုင်နေရင်းလည်း အသက်ထွက်သွားနိုင်သည်။ ထို့ကြောင့် အပူကြောင့် လူအန္တရာယ် ဖြစ်ခြင်း မဖြစ်ခြင်းကို ညွှန်ပြရာ၌ ပကတိအပူချိန် အပြင် ရေငွေ့ပါဝင်မှုကိုလည်း ထည့်တွက်ကာ စိုထိုင်းအပူချိန် (wet bulb temperature) ဖြင့် ပြဆိုကြသည်။ ၂၀၂၂ ဇွန်လ ၁၅ ရက် နံနက် လေးနာရီခွဲတွင် ရန်ကုန် အပူချိန် ၂၆ ဒီဂရီ စင်တီဂရိတ်၊ စိုထိုင်းဆ ၉၄ ရာခိုင်နှုန်း ရှိရာ … Continue reading စိုထိုင်းအပူချိန် (Wet Bulb Temperature)
ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ - ၁ - လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ - မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ - ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ - သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ - သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ - ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ - အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊ … Continue reading ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
၂၀၂၁ တစ်နှစ်တည်းအတွင်း၌ သမုဒ္ဒရာရေထုတွင်း ဝင်ရောက်ခဲ့သော အပူပမာဏ
လွန်ခဲ့သောနှစ်က သိပ္ပံပညာရှင် ၂၃ ဦးသည် ကမ္ဘာ့သမုဒ္ဒရာပြင် နေရာအနှံ့၌ ရေအပူချိန် တိုင်းတာချက် ထောင်ပေါင်း များစွာကို ပြုလုပ်ခဲ့သည်၊ ရေထုအပူချိန် တိုင်းတာရာတွင် အဆင့်မြင့် ကိရိယာများကို ဘော်ယာများ၊ သင်္ဘောများတွင် တပ်ဆင် တိုင်းတာသည့်အပြင် အချို့ ရေသတ္တဝါများ၏ ကိုယ်တွင်ပါ တပ်ဆင် လေ့လာသဖြင့် ယင်းသတ္တဝါတို့ ရှင်သန် ကျက်စားရာ လမ်းကြောင်းတလျှောက်ရှိ ရေထု၏ အပူချိန်ကိုပါ ရရှိသည်။ သမုဒ္ဒရာရေထု၏ အပူချိန်ကို တိုင်းတာ လေ့လာရခြင်းသည် ကမ္ဘာပူနွေးလာခြင်းနှင့် ဆက်စပ်နေသော အပူဓာတ် အများစုကို ရေထုက စုပ်ယူထားခြင်းကြောင့် ဖြစ်သည်၊ အတိအကျ ဆိုရလျှင် အပူဓာတ် ပမာဏ၏ ၉၀ ရာခိုင်နှုန်းသည် သမုဒ္ဒရာ ရေထုတွင်းသို့ စိမ့်ဝင် ရောက်ရှိသည်၊ ထို့ကြောင့် ကမ္ဘာပူနွေးမှုကို လေ့လာလျှင် … Continue reading ၂၀၂၁ တစ်နှစ်တည်းအတွင်း၌ သမုဒ္ဒရာရေထုတွင်း ဝင်ရောက်ခဲ့သော အပူပမာဏ
မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် ဖြစ်လာနိုင်သည်များ
(ကြေးမုံသတင်းစာ၊ ၁၃၇၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ သောကြာနေ့၊ (၁၉၊ ၉၊ ၂၀၀၈) နေ့ထုတ်မှ ကောက်နုတ်ဖော်ပြသည်။) မြန်မာနိုင်ငံ၏ ၁၉၅၀ ပြည့်နှစ်မှစ၍ ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုများကို ၁၉၅၀ မှ ၁၉၇၈ ခုနှစ်အထိ ပထမကာလ၊ ၁၉၇၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ဒုတိယကာလ၊ ၁၉၉၉ ခုနှစ်မှ နောက်တတိယကာလ အဖြစ် သုံးကြိမ်ပိုင်းခြားလေ့လာသည်။ ပထမကာလတွင် စိုစွတ်သောရာသီဥတုဖြစ်ပြီး ယင်းနှစ်များအတွင်း မိုးကောင်းခြင်း၊ မုတ်သုံအဝင်အထွက် မှန်ကန်ခြင်းတို့ကြောင့် လွန်ကဲဖြစ်စဉ်များမရှိဘဲ ရာသီဥတု ကောင်းမွန် မှန်ကန်နေသည်ကို မှတ်တမ်းများအရ တွေ့မြင်ခဲ့ရသည်။ ဒုတိယကာလတွင် နှစ်စဉ်မိုးရွာသွန်းမှု နည်းပါးလာခြင်း၊ အပူချိန်များမြင့်တက်လာခြင်းတို့ကြောင့် ပူပြင်း ခြောက်သွေ့သော ရာသီဥတုများ ဖြစ်ပေါ်လာခဲ့သည်။ မုတ်သုံအဝင် နောက်ကျပြီး အထွက်စောသည်ကိုလည်း တွေ့လာရသည်။ … Continue reading မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် ဖြစ်လာနိုင်သည်များ
စက်မှုတော်လှန်ရေးနှင့် ရာသီဥတုပြောင်းလဲမှု
နျူကိုမင်၏ရေနွေးငွေ့အင်ဂျင် စက်မှုတော်လှန်ရေးဆိုသည်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး စသည်တို့၌ လူအား၊ တိရစ္ဆာန်တို့၏အားစသည်တို့ကို အဓိကသုံးနေရာမှ လောင်စာသုံးစက်ကိရိယာများဖြင့် လုပ်ငန်းပိုမိုမြန်ဆန်စွာ လုပ်ဆောင် ပြီးမြောက်လာစေနိုင်ခြင်း ဖြစ်စဉ်ကို ခေါ်သည်။ စက်မှုတော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်မှာ ရေနွေးငွေ့အင်ဂျင်ကို တီထွင်အသုံးပြုနိုင်မှုကြောင့် အဓိကဖြစ်သည်။ ရေနွေးငွေ့အင်ဂျင်မှ အစပြုလိုက်သော စက်ကိရိယာများကို အသုံးချနိုင်ခြင်းသည် လူ့သမိုင်း၌ မီးကို သုံးစွဲတတ်ခြင်းပြီးလျှင် ကြီးမားကျယ်ပြန့်သော တိုးတက်မှုတစ်ရပ်ပင် ဖြစ်သည်။ ရေနွေးငွေ့၏ရွေ့လျားတွန်းကန်အားဖြင့် တာဘိုင်ကို လည်ပတ်စေခြင်း၊ ပစ်စတင်များကို ရှေ့တိုးနောက်ငင် ရွေ့လျားစေခြင်းတို့ဖြင့် စက်ကိရိယာများ အလုပ်လုပ်သည်။ သုံးပြီးသောရေနွေးငွေ့တို့ကို ပြန်လည်အအေးခံကာ ရေပြန်ဖြစ်စေခြင်းဖြင့် အကျော့ပေါင်းများစွာ ပြန်လည်အသုံးချသည်။ ပေါ်ဦးစ ရေနွေးငွေ့အင်ဂျင်တို့တွင် ကျောက်မီးသွေး၊ ထင်းတို့ဖြင့် ရေကိုဆူပွက်စေ၍ ရေနွေးငွေ့ကို ဖန်တီးသည်။ နောက်ပိုင်းတွင် ကျောက်မီးသွေးကို အဓိကသုံးသည်။ ထင်း သို့မဟုတ် … Continue reading စက်မှုတော်လှန်ရေးနှင့် ရာသီဥတုပြောင်းလဲမှု
ရာသီဥတုပြောင်းလဲခြင်း သမိုင်းကြောင်း
ကမ္ဘာ့လူဦးရေနှင့် ရုပ်ကြွင်းလောင်စာအသုံး များပြားလာခြင်းတို့ကြောင့် ရာသီဥတုစနစ်ပြောင်းလဲပုံ အဆင့်ဆင့် ခုနှစ်ဖြစ်ရပ်၁၇၁၂ရေနွေးငွေ့အင်ဂျင်စက်ကို တီထွင်ခြင်းဖြင့် ကျောက်မီးသွေးအများအပြားစတင်အသုံးပြု၁၇၆၀အင်ဂျင်စက်အများအပြား အသုံးပြုခြင်းဖြင့် ပထမစက်မှုတော်လှန်ရေး စတင်၁၈၀၀-၁၈၇၀လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၂၉၀ ပီပီအမ်ကမ္ဘာ့ပျမ်းမျှအပူချိန် ၁၃ . ၆ ဒီဂရီစင်တီဂရိတ်၁၈၀၄ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ပြည့်၁၈၂၄ပြင်သစ်ပညာရှင် ဂျိုးဇက်ဖူရီယေးက ဖန်လုံအိမ်အာနိသင်အကြောင်း စတင်ဖော်ထုတ်၁၈၈၆ကမ္ဘာ့ပထမဆုံးမော်တော်ကားကို ထုတ်လုပ်၁၈၉၆ဆွီဒင်ပညာရှင် အာရင်းနီးယပ်စ်က ကျောက်မီးသွေးကြောင့် လေထုတွင်းရှိနှင့်ပြီး အပူဓာတ်ကို ပိုမိုပြင်းထန်လာစေလိမ့်မည်ဟု ပြော၁၈၇၀-၁၉၁၀ဒုတိယစက်မှုတော်လှန်ရေး စတင်၊ အင်ဂျင်စက်အသုံးပြုမှု ပိုတွင်ကျယ်လာ၁၉၂၀-၁၉၂၅ရုပ်ကြွင်းလောင်စာတစ်မျိုးဖြစ်သော ရေနံကို အများအပြား စတင်အသုံးပြု၁၉၂၇ကမ္ဘာ့လူဦးရေသန်း ၂၀၀၀ ပြည့်၁၉၃၈ဗြိတိသျှ ပညာရှင် ကောလင်ဒါက ၁၉ ရာစုအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန် တက်လာနေကြောင်း၊ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏလည်း လိုက်တက်လာကြောင်း ထုတ်ဖော်၁၉၅၈လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၃၁၅ ပီပီအမ်ကမ္ဘာ့ ပျမ်းမျှအပူချိန် ၁၃ . ၉ ဒီဂရီ … Continue reading ရာသီဥတုပြောင်းလဲခြင်း သမိုင်းကြောင်း
ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ
တစ်ကမ္ဘာလုံးရှိ ရေနှင့်မြေမျက်နှာပြင်၊ အပင်တို့မှ ရေငွေ့ပျံခြင်းသည် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား ကာလတွင် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခဲ့ကြောင်း တိုင်းတာရရှိသည်။ အပူချိန် မြင့်မားလာသဖြင့် ရေငွေ့ပျံမှုလည်း လိုက်၍ များမှန်းသိခဲ့ကြသော်လည်း ထိုမျှပိုမိုအငွေ့ပျံနေသည်ကိုမူ အခုမှ သိကြရသည်။ ရေငွေ့ပိုပျံလာကြောင်း တိကျသေချာစွာ သိရှိရသည်မှာ ဂရေ့စ်ဂြိုဟ်တုများ (Gravity Recovery and Climate Experiment (GRACE) satellites )မှ တိုင်းတာ ပေးပို့လိုက်သော အချက်အလက်များကြောင့် ဖြစ်သည်။ ဂရေ့စ်ဂြိုဟ်တုနှစ်လုံးသည် ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၌ လည်းကောင်း၊ ယင်းဂြိုဟ်တုများ သက်တမ်းကုန်ပြီးနောက် ထပ်မံလွှတ်တင်သော ဂရေ့စ်ဂြိုဟ်တုနှစ်လုံးက ၂၀၁၈ ခုနှစ် နောက်ပိုင်း၌ လည်းကောင်း ကမ္ဘာပတ်လမ်းကြောင်းထဲ၌ ပျံသန်းကာ မြေဆွဲအားကို တိုင်းတာနေခဲ့သည်။ … Continue reading ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ
ခွဲတမ်းလျှော့ယူရတော့မည့် ကော်လိုရာဒိုမြစ်ရေ
အမေရိကန်ပြည် ကော်လိုရာဒိုမြစ်သည် ကီလိုမီတာ ၂၃၀၀ ကျော်ရှည် (ဧရာဝတီထက် အနည်းငယ်ပို)သည်။ ရော့ကီးတောင်တန်းများပေါ် ကျရောက်သော ဆီးနှင်းများ အရည်ပျော်ရာမှ ကော်လိုရာဒိုမြစ် စတင်ဖြစ်ပေါ်သည်။ ကော်လိုရာဒိုမြစ်ရေကို စိုက်ပျိုးဧက ငါးသန်းကျော်အတွက် ရေ၊ ရေအားလျှပ်စစ်အပြင် စုစုပေါင်းလူသန်းပေါင်း ၄၀ ကျော်တို့၏ သောက်သုံးရေ ဇာစ်မြစ်အဖြစ် အသုံးချနေကြသည်။ ဥပမာ လောင်းကစားမြို့တော်အဖြစ် လူသိများသော လာ့စ်ဗေးဂတ်စ်၏ သောက်သုံးရေ ၉၀ ရာခိုင်နှုန်းကို ကော်လိုရာဒိုမြစ်မှ ရယူသည်။ မြစ်ကြောင်းရှည်သလောက် ရေထုတ်ယူမှုလည်း များသည်။ သို့သော် ကော်လိုရာဒိုမြစ်ဖြတ်စီးရာ ပြည်နယ်ခုနစ်ခုအနက် ခြောက်ခုသည် မိုးအလွန်နည်းသောပြည်နယ်များ ဖြစ်ကြသည်။ အချို့ပြည်နယ်များ၏ တစ်နှစ်မိုးရေချိန်သည် လက်မ ၂၀ ပင် မပြည့်ချေ။ စိတ်တိုင်းကျ ထုတ်ယူလျှင် ပင်လယ်ဝမရောက်မီ ကော်လိုရာဒိုမြစ်ရေ ခန်းခြောက်သွားနိုင်သဖြင့် ကော်လိုရာဒိုမြစ်ဖြတ်သန်းစီးဆင်းရာ ခုနစ်ပြည်နယ်နှင့် … Continue reading ခွဲတမ်းလျှော့ယူရတော့မည့် ကော်လိုရာဒိုမြစ်ရေ
အရည်ပျော်တောင်ထိပ်များ
စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲ မဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီမှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး ဟု ညီပုလေးက စိမ်းလန်းတဲ့ တောင်ကုန်း မြင့်မားတဲ့တောင်တန်း စာအုပ်တွင် ရေးသားခဲ့သည်။ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ ညီပုလေးကဲ့သို့ စိုးရိမ်စိတ်ဝင်နေသူသန်းပေါင်းများစွာရှိရာ တိဘက်လယ်သမား ဂျီယာဆွန်လည်းပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်ထူထပ်သောအပိုင်း၌ နေသူဂျီယာဆွန်က ကျွန်တော်တို့ဟာ သဘာဝတရားကြီးကိုနှောင့်ယှက်ဖျက်ဆီးမိခဲ့ပြီဟု ပြောသည်။ ဂျီယာဆွန်သည် နွေရာသီ၏ နေ့တစ်နေ့တွင် ပေ ၂၂၀၀၀ မြင့်သော ကာဝါဂီဘိုတောင်ပေါ်တက်ရင်း မင်ယွန်းရေခဲမြစ်ရှိရာကိုကြည့်၍ ယင်းသို့ပြောခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်အထိ တွေ့မြင်နေခဲ့သော မင်ယွန်းရေခဲမြစ်ကို တွေ့နေကျနေရာ၌ မမြင်ရတော့ပေ။ ရေခဲမြစ်သည် တိုဝင်နောက်ဆုတ်သွားခဲ့ပြီ။ ဂျီယာဆွန်သည် တောင်ပေါ်သို့အတန်ငယ်ထပ်တက်ပြီး မြစ်ကွေ့နေရာသို့ ရောက်တော့မှ ရေခဲမြစ်ရှိခဲ့ကြောင်း သက်သေဖြစ်သည့် ကျောက်တုံးအကြေအမွများကို … Continue reading အရည်ပျော်တောင်ထိပ်များ
တောက်လျှောက်တက်လာနေသောကမ္ဘာ့အပူချိန်
ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုတွင်းသို့တိုးတက်ရောက်ရှိလာခြင်း၏ တိုက်ရိုက် အကျိုးဆက်မှာ လေထုတွင်း သဘာဝဖန်လုံအိမ်အာနိသင် တိုးမြင့်လာခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်သည် သဘာဝကြောင့် ဖြစ်ပေါ်နေသော အလောတော်ကမ္ဘာ့ပျမ်းမျှအပူချိန်ကို မြင့်တက်လာစေလျက် ရှိသည်။ စက်မှုတော်လှန်ရေးခေတ်မတိုင်မီက ကမ္ဘာ့အပူချိန်နှင့် ယင်းအချိန်နောက်ပိုင်း ကမ္ဘာ့အပူချိန်တို့ကို နှိုင်းယှဉ် လေ့လာလျှင် လူတို့ကြောင့် ပေါ်ပေါက်သော ထပ်ဆောင်းဖန်လုံအိမ်အာနိသင်၏ သက်ရောက်မှုကို ထင်ရှားစွာ တွေ့နိုင်သည်။ ၁၉၇၀ ပြည့်နှစ်မှစ၍ ဆယ်နှစ်လျှင် ပျမ်းမျှ ၀ ဒသမ ၁၅ ဒီဂရီ စင်တီဂရိတ် နှုန်းဖြင့် မြင့်တက်နေခဲ့ရာ ၂၀ ရာစုပျမ်းမျှအပူချိန်သည် ၆၀ . ၄ ဒီဂရီဖာရင်ဟိုက်(၁၅ . ၈ ဒီဂရီစင်တီဂရိတ်)ဖြစ်ကြောင်း အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုလေ့လာရေးအဖွဲ့ NOAA (National Oceanic and Atmospheric Administration) … Continue reading တောက်လျှောက်တက်လာနေသောကမ္ဘာ့အပူချိန်
ရာသီဥတုပြောင်းလဲခြင်းအကြောင်းရင်း
ရာသီဥတုပြောင်းလဲလာရခြင်း၏အကြောင်းရင်းသည် ကမ္ဘာ့ကြီးပူနွေးလာခြင်းကြောင့်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အပူချိန်တက်လာသောအခါ ခန္ဓာ၏ဇီဝကမ္မစနစ်ကိုထိခိုက်ပြီး အစားအသောက်ပျက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းစသည်တို့ဖြစ်လာသကဲ့သို့ လူတို့မှီတင်းနေထိုင်ရာ ကမ္ဘာကြီးတွင်လည်း အပူချိန်တက်လာ၊ ပူနွေးလာသောအခါ ရေကြီး မိုးခေါင် ပင်လယ်ရေပြင်မြင့်တက် စသည့် ရာသီဥတုပြောင်းလဲမှုလက္ခဏာများ ပေါ်ပေါက်သည်။ ကမ္ဘာကြီးပူနွေးလာခြင်း၏အကြောင်းကို ဆက်၍လေ့လာလျှင် လူတို့က ရုပ်ကြွင်းလောင်စာများကို လောင်မြှိုက်ခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို လေထုတွင်းသွတ်သွင်းကြခြင်းဟူသော ဖြစ်စဉ်ကိုတွေ့ရမည်။ လူတို့သည် မိမိတို့၏ခွန်အားကိုအသုံးချ၍လည်းကောင်း၊ တိရစ္ဆာန်များကို ခိုင်းစေ၍လည်းကောင်း အသက်မွေးခဲ့ကြရာမှ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ ခန့်(၁၇၆၀ ပြည့်နှစ်ခန့်)မှ စ၍ စက်ကိရိယာများကို တီထွင်အသုံးချခြင်းဖြင့် မိမိတို့၏လူနေမှုဘဝကို အရှိန်အဟုန်နှင့်မြှင့်တင်ခဲ့ကြသည်။ အဆိုပါဖြစ်စဉ်ကို 'ပထမစက်မှုတော်လှန်ရေး'ဟုခေါ်သည်။ ယင်းစက်ကိရိယာများကို လည်ပတ်မောင်းနှင်ရန် လိုအပ်သောစွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာများ ဖြစ်ကြသော ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကို အသုံးပြုလောင်မြိုက်ကြသည်။ ထိုသို့လောင်မြိုက်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ကာဘွန်ဒိုင်အောက်ဆိုက် ထွက်ပေါ်လာကာ လေထုတွင်းရောက်ရှိသည်။ ကာဘွန်ဒိုင်အောက်ဆိုက်သည် … Continue reading ရာသီဥတုပြောင်းလဲခြင်းအကြောင်းရင်း