Ocean

  • ၂၀၂၂ ခုနှစ် ကမ္ဘာ့ရာသီဥတုအခြေအနေ (ကမ္ဘာ့မိုးလေဝသအဖွဲ့)

    ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများသည် ၂၀၂၂ ခုနှစ်အတွင်း သမုဒ္ဒရာအနက်ပိုင်းမှသည် တောင်ထိပ်ဖျားများအထိ ရောက်ရှိကာ ဆက်လက်ပြင်းထန်လာနေကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်လိုက်သော ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။ မိုးခေါင်မှု ရေကြီးမှုနှင့် အပူလှိုင်းများသည် ကမ္ဘာ့တိုက်ကြီးများအားလုံး၌ ဖြစ်ပေါ်ခဲ့ကာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ လေထု ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၂၀၂၁ ခုနှစ်၌ ၄၁၅ ဒသမ…

  • ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်

    ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ – ၁ – လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ – မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ – ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ – သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ်…

  • ၂၀၂၁ တစ်နှစ်တည်းအတွင်း၌ သမုဒ္ဒရာရေထုတွင်း ဝင်ရောက်ခဲ့သော အပူပမာဏ

    လွန်ခဲ့သောနှစ်က သိပ္ပံပညာရှင် ၂၃ ဦးသည် ကမ္ဘာ့သမုဒ္ဒရာပြင် နေရာအနှံ့၌ ရေအပူချိန် တိုင်းတာချက် ထောင်ပေါင်း များစွာကို ပြုလုပ်ခဲ့သည်၊ ရေထုအပူချိန် တိုင်းတာရာတွင် အဆင့်မြင့် ကိရိယာများကို ဘော်ယာများ၊ သင်္ဘောများတွင် တပ်ဆင် တိုင်းတာသည့်အပြင် အချို့ ရေသတ္တဝါများ၏ ကိုယ်တွင်ပါ တပ်ဆင် လေ့လာသဖြင့် ယင်းသတ္တဝါတို့ ရှင်သန် ကျက်စားရာ လမ်းကြောင်းတလျှောက်ရှိ ရေထု၏ အပူချိန်ကိုပါ…

  • ရာသီဥတုကို လွှမ်းမိုးခြယ်လှယ်နေသည့် ရေထု

    မိုးရွာခြင်း လေတိုက်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ၊ နွေ မိုး ဆောင်း ရာသီဥတုများသည် လေထုကြောင့် အဓိကပေါ်ပေါက်သည့် သဘာဝ အခြင်းအရာများဟု သိရှိကြသည်။ သို့သော် ယင်းတို့ ဖြစ်ပေါ် ပြောင်းလဲရာတွင် ရေထုသည်လည်း လေထုကဲ့သို့ပင်အရေးကြီးသောကဏ္ဍမှ ပါဝင်သည်။ ရေမျက်နှာပြင်သည် ကမ္ဘာ့မျက်နှာပြင်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမျှကို ပိုင်ဆိုင်ထားသည့်အတွက် မိုးလေဝသ နှင့်ရာသီဥတုဖြစ်စဉ်များကို မောင်းနှင်နေသည့် နေရောင်ကိုစုပ်ယူနိုင်သည့်ဧရိယာပမာဏသည် ကုန်းမြေထက် ပိုသည်။…

  • တောက်လျှောက်တက်လာနေသောကမ္ဘာ့အပူချိန်

    ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုတွင်းသို့တိုးတက်ရောက်ရှိလာခြင်း၏ တိုက်ရိုက် အကျိုးဆက်မှာ လေထုတွင်း သဘာဝဖန်လုံအိမ်အာနိသင် တိုးမြင့်လာခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်သည် သဘာဝကြောင့် ဖြစ်ပေါ်နေသော အလောတော်ကမ္ဘာ့ပျမ်းမျှအပူချိန်ကို မြင့်တက်လာစေလျက် ရှိသည်။ စက်မှုတော်လှန်ရေးခေတ်မတိုင်မီက ကမ္ဘာ့အပူချိန်နှင့် ယင်းအချိန်နောက်ပိုင်း ကမ္ဘာ့အပူချိန်တို့ကို နှိုင်းယှဉ် လေ့လာလျှင် လူတို့ကြောင့် ပေါ်ပေါက်သော ထပ်ဆောင်းဖန်လုံအိမ်အာနိသင်၏ သက်ရောက်မှုကို ထင်ရှားစွာ တွေ့နိုင်သည်။ ၁၉၇၀ ပြည့်နှစ်မှစ၍ ဆယ်နှစ်လျှင် ပျမ်းမျှ…

  • ရေထဲရောက် ကာဘွန်ဒိုင်အောက်ဆိုက်

    ရေသည် ဓာတ်ပစ္စည်းများပျော်ဝင်ရန် လွယ်ကူသော အရည်ဖြစ်၍ လေထုတွင်းသို့ များပြားစွာ ဝင်ရောက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် ရေထုတွင်းသို့လည်း ပျော်ဝင်ရောက်ရှိကြသည်။ ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့ ရောနှောဓာတ်ပြုကြလျှင် ကာဗွန်နစ်အက်စစ် ဖြစ်လာသည်။ ရေနှင့်အရည်များတွင် အက်စစ်ပါဝင်မှုကို “ပီအိပ်ချ်”အမှတ်ဖြင့် တိုင်းတာသည်။ ပီအိပ်ချ် မြင့်လျှင် အက်စစ် နည်း၍ ပီအိပ်ချ် နိမ့်လျှင် အက်စစ် များသည်။ လေ့လာချက်များအရ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးတွင် ရေထု၏…

  • သန္တာကျောက်တန်း

    သန္တာကျောက်တန်း(coral reef)တို့တွင် အပင်နှင့်ငါးမျိုးစိတ် သန်းပေါင်းများစွာ တည်မှီနေထိုင်၍ မိုးသစ်တောများကဲ့သို့ ဇီဝမျိုးစိတ်အလွန်ကြွယ်ဝသော ဂေဟစနစ်တစ်မျိုး ဖြစ်သည်။ သန္တာကျောက်တန်း ထုထည်ပမာဏသည် ကမ္ဘာ့ရေထု၏ ၀ ဒသမ ၂၅ ရာနှုန်းမျှသာရှိသော်လည်း ငါးမျိုးစိတ်လေးပုံတစ်ပုံတို့ မှီခိုရှင်သန်ရာ ဖြစ်သည်။ သန္တာကျောက်တန်းများတွင်နေထိုင်သော သက်ရှိအချို့မှ ကင်ဆာကုဆေးကဲ့သို့သောအဖိုးတန်ဆေးဝါးများကို ထုတ်ယူနိုင်သည်။ အချို့နေရာများတွင် သန္တာကျောက်တန်းတို့သည် ရေလှိုင်းလုံးဒဏ်ကြောင့် ကမ်းခြေ ပျက်စီးမှုမရှိရန် အကာအကွယ်ပေးသည်။ သန္တာကျောက်တန်းများ၏…