ဧရာ၀တီ — ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး (ပါမောက္ခ ဦးမောင်မောင်အေး)

(၈ .၁၁ .၂၀၁၆ နှင့် ၉ . ၁၁ . ၂၀၁၆ ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးနှစ်ပုဒ်ကို စုစည်း၍ ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။) မြန်မာနိုင်ငံ၏ မြေကြော၊ ရေကြော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မြစ်ချောင်း အလွန်ပေါများကြွယ်၀သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် အဓိကမြစ်ကြီး လေးစင်းနှင့် မြစ်လက်တက် ကြီးငယ်များ၊ ချောင်းကြီး၊ ချောင်းငယ်များ၊ မြစ်ခွဲများ စသည်ဖြင့် မြစ်ဝှမ်း ချောင်းဝှမ်းပေါင်း မြောက်မြားစွာ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါသည်။ နိုင်ငံအတွင်း မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်တန်းများ (ဝါ) ဘူမိရုပ်သွင်ယူနစ်များ (morphotectonic units) က မြစ်များ စီးဆင်းသည့် လားရာအရပ် (Direction … Continue reading ဧရာ၀တီ — ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး (ပါမောက္ခ ဦးမောင်မောင်အေး)

အီဂျစ်နိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု

လူဦးရေ ၁၀၁ သန်း နေထိုင်ကာ နိုင်ငံ အကျယ်အဝန်း ၁၀၀၁၄၄၉ စတုရန်း ကီလိုမီတာ (၂၈၆၆၆၂ စတုရန်းမိုင်) ရှိသော အီဂျစ်နိုင်ငံသည် အာဖရိကတိုက်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်၊ မြောက်ဘက်တွင် မြေထဲ ပင်လယ်၊ အရှေ့ဘက်တွင် အစ္စရေးနှင့် ပင်လယ်နီ၊ တောင်ဘက်၌ ဆူဒန်နှင့် အနောက်ဘက်၌ လစ်ဗျား နိုင်ငံတို့ ရှိသည်။ အီဂျစ်တွင် ဧပြီလလယ်မှ အောက်တိုဘာလလယ်အထိ နွေရာသီနှင့် အောက်တိုဘာလလယ်မှ ဧပြီလလယ်အထိ ဆောင်းရာသီ၊ ရာသီနှစ်မျိုးသာ ရှိသည်။ အီဂျစ်နိုင်ငံကို မြေမျက်နှာ သွင်ပြင်အားဖြင့် အနောက်ပိုင်း သဲကန္တာရ၊ နိုင်းလ်မြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်၊ အရှေ့ပိုင်း သဲကန္တာရ၊ ဆိုင်နိုင်းကျွန်းဆွယ် ဟူ၍ လေးပိုင်း ခွဲခြားနိုင်သည်။ အနောက်ပိုင်း သဲကန္တာရ ဒေသတွင် မြစ်ချောင်းများ မရှိဘဲ … Continue reading အီဂျစ်နိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ ရေစီးနှုန်းနှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်း လေ့လာသွားမည်

https://news-eleven.com/ Published 26 April 2022 မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ မြစ်ဖျားမှ စတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်း တိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏတို့ကို စူးစမ်း လေ့လာဆောင်ရွက်နိုင်ရေးအတွက် ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့ကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီက အမိန့်ကြော်ငြာစာ အမှတ် (၄၃/၂၀၂၂) ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့သည် တိုင်းတာရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ မြစ်ဖျားမှ ပင်လယ်ဝအထိ ရေစီးနှုန်းများ တိုင်းတာ ဆောင်ရွက်ရန်၊ … Continue reading ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ ရေစီးနှုန်းနှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်း လေ့လာသွားမည်

တောင်ထိပ် ရေခဲမြစ်များ အရည်ပျော် လျော့နည်းလာနေခြင်းနှင့် ဧရာဝတီမြစ်အပေါ် သက်ရောက်မှု

တစ်ကမ္ဘာလုံး သုံးစွဲနေသော ရေပမာဏ၏ ထက်ဝက်ကျော်ကို မြစ်များ ချောင်းများမှ ရရှိသည်၊ မြစ်အများစုတွင် စီးဆင်းနေသော ရေများသည် မိုးရေများ ဖြစ်ကာ အချို့ မြစ်ရေများသည် မြေအောက် ရေအောင်းလွှာများမှ စီးဝင်လာသော ရေများ ဖြစ်သည်၊ ဆီးနှင်းနှင့် တောင်ထိပ် ရေခဲမြစ်များမှ မြစ်ဖျားခံလာကြသော မြစ်များလည်း ရှိသည်၊ ယင်းမြစ်များ အပေါ် သောက်သုံးရေအတွက် မှီခိုနေရသော လူဦးရေမှာ သန်း ၂၀၀၀ ခန့် (ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံခန့်) ရှိသည် (၁)။ ထို့ကြောင့် တောင်ထိပ် ရေခဲမြစ်များသည် ရေဖူလုံရေး၌ အလွန် အရေးပါသည့် ကဏ္ဍတွင် ရှိနေသည်။ ရည်ညွှန်းရေခဲမြစ်များ ၁၉၄၅ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ဒြပ်ထု လျော့နည်းလာပုံ တောင်ထိပ် … Continue reading တောင်ထိပ် ရေခဲမြစ်များ အရည်ပျော် လျော့နည်းလာနေခြင်းနှင့် ဧရာဝတီမြစ်အပေါ် သက်ရောက်မှု

မြစ်ပြင်များ၏ အကျယ်အဝန်း

မြစ်တစ်စင်း၏ အချက်အလက်ကို ပြောဆိုကြရာ၌ မြစ်၏ အရှည်၊ အချိန်ယူနစ် တစ်ခုအတွင်း စီးဆင်းသည့် ရေထုထည်တို့ကို ဖော်ပြလေ့ရှိသည်၊ မြစ်ပြင်၏ အကျယ်အဝန်းသည် အရေးပါသော အချက်တစ်ခု ဖြစ်သော်လည်း ယင်းကို တိုင်းတာ ဖော်ပြခြင်း နည်းပါးသည်၊ အကြောင်းများအနက် အချို့မှာ မြစ်၏ အစိတ်အပိုင်းအချို့သည် ဝေးလံခေါင်သီ၍ သွားရောက် တိုင်းတာရန် မလွယ်ကူခြင်း၊ မြစ်ပြင်၏ အကျယ်အဝန်းသည် ရာသီကို လိုက်၍ ပြောင်းလဲသဖြင့် တသမတ်တည်း ရှိမနေသောကြောင့် ဖြစ်သည်။ အမေရိကန် ပညာရှင်များ ဖြစ်ကြသော George Allen နှင့် Tamlin Pavelsky တို့သည် Landsat ဂြိုဟ်တုမှပေးပို့သော ဓာတ်ပုံပေါင်း ၇၃၀၀ ၏ အကူဖြင့် ၂၀၁၈ ခုနှစ်က ကမ္ဘာ့မြစ်များ၏ ပျမ်းမျှအကျယ်ကို တိုင်းတာ … Continue reading မြစ်ပြင်များ၏ အကျယ်အဝန်း

မြစ်တစ်စင်း၏ ဈာပန (အောင်ဖေကြည်စိုး ရေး၍ ဟေမန်ပြည့် ကူညီပံ့ပိုးသည်)

(စကားဦး - မြစ်၊ ချောင်းဟု ဆိုရာ၌ ဧရာဝတီမြစ်၊ ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်း စသည် တို့ကို ထောက်၍ ကျယ်ပြန့်၍ ထုထည် များသော ရေစီးကြောင်းသည် မြစ် ဖြစ်ပြီး အသင့်အတင့်သာ ကျယ်သော ရေစီးကြောင်းသည် ချောင်း ဖြစ်သည်ဟု ယေဘုယျ နားလည်ခဲ့ပါသည်။ ထို့ထက် ပို၍ တိကျစွာ သိရှိလိုသဖြင့် ပါမောက္ခ ဆရာ ဦးမောင်မောင်အေးအား မေးမြန်းသောအခါ ဆရာက မြစ်နှင့်ချောင်း ကွဲပြားပုံ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြန်လည် ပေးပို့ပါသည်၊ ဆရာပေးပို့သော အဓိပ္ပာယ် ဖွင့်ဆိုချက်မှ ကောက်နုတ် ဖော်ပြရလျှင် Stream moves in a relatively narrow but clearly defined channel … Continue reading မြစ်တစ်စင်း၏ ဈာပန (အောင်ဖေကြည်စိုး ရေး၍ ဟေမန်ပြည့် ကူညီပံ့ပိုးသည်)

မြန်မာ့ မြစ်ချောင်းအချို့ ပျောက်ကွယ်ခြင်းနှင့် ဆက်စပ်၍

(ဘီဘီစီ မြန်မာပိုင်းသည် ဆည်မြောင်း အင်ဂျင်နီယာ ဦးအေးမြင့်အား မေးမြန်း၍ သူ့ထံမှ အဓိက ရရှိသော အချက်အလက်များဖြင့် "ပါတော်မူချောင်း သို့မဟုတ် မြန်မာ့မြေပေါ်က ပျောက်ဆုံးသွားတော့မယ့် မြစ်တစ်စင်း" ဆောင်းပါးကို ၂၀၂၂ ဧပြီ ၁၀ ရက်နေ့က ဘီဘီစီ မြန်မာပိုင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါသည်၊ ကျွန်တော်က ယင်းဆောင်းပါးပါ အချို့အကြောင်းအရာနှင့် အချက်အလက်များကို ပိုမို သိရှိလိုသဖြင့် ဦးအေးမြင့်နှင့် ဆက်သွယ် မေးမြန်း ဆွေးနွေးခဲ့ပါသည်၊ ယင်းသို့ ဆွေးနွေးရာမှ ဘီဘီစီ ဆောင်းပါးကို အဓိက အခြေခံ ကိုးကားပြီး ထပ်မံ ဖြည့်စွက်၊ ပိုမို တိကျအောင် ပြင်ဆင်၍ အသစ် ရေးသား တင်ပြသင့်ကြောင်း ဦးအေးမြင့်နှင့် ကျွန်တော် နှစ်ဦးစလုံး သဘောရကြသဖြင့် ယခုဆောင်းပါး ဖြစ်ပေါ်လာပါသည်။) … Continue reading မြန်မာ့ မြစ်ချောင်းအချို့ ပျောက်ကွယ်ခြင်းနှင့် ဆက်စပ်၍

ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)

(Civil Engineering Journal, Vol. 5, No. 10, October, 2019 ပါ Han Thi Oo , Win Win Zin , Cho Cho Thin Kyi, Department of Civil Engineering, Yangon Technological University တို့ ပြုစုသော Assessment of Future Climate Change Projections Using Multiple Global Climate Models စာတမ်းကို အများ နားလည်လွယ်အောင် အကျဉ်းချုံး ပြန်ဆို တင်ပြခြင်း ဖြစ်ပါသည်။) မူရင်းစာတမ်းကို လေ့လာလိုလျှင် Click here (နိဒါန်း) နိုင်ငံ၏ … Continue reading ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)

မြန်မာ့မြစ်များ၏ ရေဝေဒေသနှင့် ရေဝင်ပမာဏ

ရေဝေဒေသ(စတုရန်းကီလိုမီတာထောင်ပေါင်း)ပျမ်းမျှ နှစ်စဉ်ရေဝင်ပမာဏ(ကုဗကီလိုမီတာ)မြေအောက်ရေ(ကုဗကီလိုမီတာ)ချင်းတွင်း၁၁၅၁၄၁၅၈ဧရာဝတီ(အထက်)(ချင်းတွင်းမြစ်ဆုံအထိ)၁၉၃၂၂၈၉၃ဧရာဝတီ(အောက်)(ချင်းတွင်းမြစ်ဆုံမှ)၉၆၈၆၁၅၃စစ်တောင်း၄၈၈၁၂၈ရခိုင်မြစ်များ၅၈၁၃၉၄၂တနင်္သာရီမြစ်များ၄၁၁၃၁၃၉သံလွင်(နယ်စပ်မှမြစ်ဝ)၁၅၈၂၅၈၇၅မဲခေါင်(မြန်မာနယ်နိမိတ်အတွင်း)၂၉၁၈၇စုစုပေါင်း၇၃၈၁၀၈၂၄၉၅(Source: Irrigation Department, Myanmar) မှတ်ချက် - တတိယကော်လံရှိ ရေဝင်ပမာဏသည် မြေပေါ်ရေ ဖြစ်ပါသည်။

ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု

ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။ ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ … Continue reading ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု

တရုတ်မြစ်ပေါင်း ၂၈၀၀၀ ပျောက်ဆုံးသွားသည့်ကိစ္စ

တစ်ချိန်က တရုတ်နိုင်ငံတွင် မြစ်ပေါင်း ၅၀၀၀၀ ခန့်ရှိခဲ့ရာမှ တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်က လူပေါင်း ၈၀၀၀၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့သော အမျိုးသားရေသန်းခေါင်စာရင်းအရ ရေဝေဧရိယာ စတုရန်းမိုင် ၄၀ နှင့် အထက်ရှိသောမြစ် ၂၂၉၀၉ စင်းသာရှိတော့ကြောင်း သိရရာ နှစ်ပေါင်း ၂၀ ကျော်အတွင်း တရုတ်မြစ်ချောင်းပေါင်း ၂၈၀၀၀ ခန့် တိမ်ကောသွား၊ ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်။ ထိုသို့ မြစ်များလျော့နည်းရခြင်းမှာ စာရင်းကောက်ယူရာတွင် မတိကျမှု၊ မှားယွင်းလွဲချော်မှု၊ ရေနှင့် မြေဆီလွှာ လျော့နည်း ဆုံးရှုံးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့်ဟု တရုတ်အစိုးရ တရားဝင်သတင်းထုတ်ပြန်ချက်က ဆိုသည်။ စာရင်းအင်းပြုစုရေး အားနည်းချက်များဆိုရာ၌ တရုတ်နိုင်ငံ၏ စာရင်းကောက်ယူမှတ်တမ်းတင်ရေးစနစ်တွင် လိုအပ်ချက်များ ရှိနေသည်မှာ အမှန် ဖြစ်သည်။ သူတို့ကျင့်သုံးနေသော မြေပုံစနစ်သည် ရှုပ်ထွေးကာ အမှားအယွင်းများ … Continue reading တရုတ်မြစ်ပေါင်း ၂၈၀၀၀ ပျောက်ဆုံးသွားသည့်ကိစ္စ

ခွဲတမ်းလျှော့ယူရတော့မည့် ကော်လိုရာဒိုမြစ်ရေ

အမေရိကန်ပြည် ကော်လိုရာဒိုမြစ်သည် ကီလိုမီတာ ၂၃၀၀ ကျော်ရှည် (ဧရာဝတီထက် အနည်းငယ်ပို)သည်။ ရော့ကီးတောင်တန်းများပေါ် ကျရောက်သော ဆီးနှင်းများ အရည်ပျော်ရာမှ ကော်လိုရာဒိုမြစ် စတင်ဖြစ်ပေါ်သည်။ ကော်လိုရာဒိုမြစ်ရေကို စိုက်ပျိုးဧက ငါးသန်းကျော်အတွက် ရေ၊ ရေအားလျှပ်စစ်အပြင် စုစုပေါင်းလူသန်းပေါင်း ၄၀ ကျော်တို့၏ သောက်သုံးရေ ဇာစ်မြစ်အဖြစ် အသုံးချနေကြသည်။ ဥပမာ လောင်းကစားမြို့တော်အဖြစ် လူသိများသော လာ့စ်ဗေးဂတ်စ်၏ သောက်သုံးရေ ၉၀ ရာခိုင်နှုန်းကို ကော်လိုရာဒိုမြစ်မှ ရယူသည်။ မြစ်ကြောင်းရှည်သလောက် ရေထုတ်ယူမှုလည်း များသည်။ သို့သော် ကော်လိုရာဒိုမြစ်ဖြတ်စီးရာ ပြည်နယ်ခုနစ်ခုအနက် ခြောက်ခုသည် မိုးအလွန်နည်းသောပြည်နယ်များ ဖြစ်ကြသည်။ အချို့ပြည်နယ်များ၏ တစ်နှစ်မိုးရေချိန်သည် လက်မ ၂၀ ပင် မပြည့်ချေ။ စိတ်တိုင်းကျ ထုတ်ယူလျှင် ပင်လယ်ဝမရောက်မီ ကော်လိုရာဒိုမြစ်ရေ ခန်းခြောက်သွားနိုင်သဖြင့် ကော်လိုရာဒိုမြစ်ဖြတ်သန်းစီးဆင်းရာ ခုနစ်ပြည်နယ်နှင့် … Continue reading ခွဲတမ်းလျှော့ယူရတော့မည့် ကော်လိုရာဒိုမြစ်ရေ

အရည်ပျော်တောင်ထိပ်များ

စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲ မဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီမှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး ဟု ညီပုလေးက စိမ်းလန်းတဲ့ တောင်ကုန်း မြင့်မားတဲ့တောင်တန်း စာအုပ်တွင် ရေးသားခဲ့သည်။ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ ညီပုလေးကဲ့သို့ စိုးရိမ်စိတ်ဝင်နေသူသန်းပေါင်းများစွာရှိရာ တိဘက်လယ်သမား ဂျီယာဆွန်လည်းပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်ထူထပ်သောအပိုင်း၌ နေသူဂျီယာဆွန်က ကျွန်တော်တို့ဟာ သဘာဝတရားကြီးကိုနှောင့်ယှက်ဖျက်ဆီးမိခဲ့ပြီဟု ပြောသည်။ ဂျီယာဆွန်သည် နွေရာသီ၏ နေ့တစ်နေ့တွင် ပေ ၂၂၀၀၀ မြင့်သော ကာဝါဂီဘိုတောင်ပေါ်တက်ရင်း မင်ယွန်းရေခဲမြစ်ရှိရာကိုကြည့်၍ ယင်းသို့ပြောခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်အထိ တွေ့မြင်နေခဲ့သော မင်ယွန်းရေခဲမြစ်ကို တွေ့နေကျနေရာ၌ မမြင်ရတော့ပေ။ ရေခဲမြစ်သည် တိုဝင်နောက်ဆုတ်သွားခဲ့ပြီ။ ဂျီယာဆွန်သည် တောင်ပေါ်သို့အတန်ငယ်ထပ်တက်ပြီး မြစ်ကွေ့နေရာသို့ ရောက်တော့မှ ရေခဲမြစ်ရှိခဲ့ကြောင်း သက်သေဖြစ်သည့် ကျောက်တုံးအကြေအမွများကို … Continue reading အရည်ပျော်တောင်ထိပ်များ

မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေး

တရုတ်နိုင်ငံ တောင်မြောက်ရေလွှဲစီမံကိန်း မိုးကနည်း၊ မြေအောက်ရေမလုံလောက်၊ ရေကာတာဆောက်ရန်လည်း အခြေအနေမပေးသောနေရာများသို့ ရေပေါသောမြစ်ဝှမ်းများမှ ရေများကို လွှဲပြောင်းပေးနိုင်သည်။ လေ့လာချက်တစ်ခုအရ ရေလွှဲပြောင်းရေး စီမံကိန်းများ ကမ္ဘာပေါ်၌ ၇၆ ခုရှိပြီး လွှဲပြောင်းနေသောအကွာအဝေး စုစုပေါင်းမိုင် ၆၅၀၀၀ ကျော်သည်ဟု သိရသည်။ မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေးလုပ်ငန်းများကို သြစတေးလျ၊ ကနေဒါ၊ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် အများဆုံးတွေ့နိုင်သည်။ အဆိုပါစီမံကိန်းများအနက်အကြီးဆုံးမှာ တရုတ်နိုင်ငံတောင်ပိုင်းမှမြစ်ရေများကို နိုင်ငံမြောက်ပိုင်းသို့ ပေးပို့နေသည့် တောင်မြောက်ရေလွှဲစီမံကိန်း ဖြစ်သည်။ မြို့တော်ပေကျင်းအပါအဝင် မြောက်ပိုင်းဒေသများသို့ ယခု ရေစတင် လွှဲပြောင်းပေးနေသည့် ယင်းစီမံကိန်းသည် ၂၀၅၀ ပြည့်နှစ်တွင်မှ အပြီးသတ်မည်။ ပြီးစီးသည်အခါ တစ်နှစ်လျှင် နိုင်ငံတောင်ပိုင်းမှရေကုဗမီတာ ၄၅ ဘီလျံကို မြောက်ပိုင်းသို့ သယ်ယူလွှဲပြောင်းပေးမည်။ ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၆၂ ဘီလျံရှိမည်ဟု ခန့်မှန်းထားသည်။ မြစ်ဝှမ်းတစ်ခုမှအခြားတစ်ခုသို့ လွှဲပြောင်းပေးပို့မှုများကို … Continue reading မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေး