ရေငတ်လွန်းသူအတွက်ကုထုံး

စက်မှုလုပ်ငန်းသုံးရေ၊ သောက်သုံးရေစသည့်တို့ထက် စိုက်ပျိုးရေး အတွက် ရေကို အများဆုံး အသုံးပြုနေရသည်။ ကမ္ဘာ့စုစုပေါင်းရေအရင်းအမြစ်၏ ၇၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးအတွက် အသုံးပြုနေရသည်။ ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်၌ သန်း ၉၈၀ဝ ရှိလာမည်ဟု ခန့်မှန်းထားပြီး ဝင်ငွေပိုကောင်းလာမည့် ဖွံ့ဖြိုးဆဲနိုင်ငံသားတို့ အစားအစာပို၍ စားလာမည်။ ယင်းလိုအပ်ချက်ကို ပြည့်မီရန်အတွက် သီးနှံအထွက်နှုန်းသည် ယခုထက် ၇၀ ရာခိုင်နှုန်းမျှ ပိုလိုလာမည်။ လက်ရှိတွင် စိုက်ပျိုးမြေနှင့်မွေးမြူရေးစားကျက်မြေနှစ်မျိုးပေါင်းသည် ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ စိုက်မှုပျိုးမှု မွေးမြူမှုအတွက် ထိုမျှကျယ်ဝန်းသောမြေကို အသုံးချနေရသည့်တိုင် လူအများအပြား စားနပ်ရိက္ခာမလုံမလောက်ဖြစ်နေသည်။ အစားအစာပိုရရန် စိုက်ပျိုးမြေနှင့်စားကျက်မြေများကို ထပ်ချဲ့ဖို့ဆိုလျှင် ဘေးထွက်ဆိုးကျိုးများ ရှိနေသည်။ မြေချဲ့လျှင် အများအားဖြင့် သစ်တောများကို ခုတ်လှဲရမည်။ သစ်တောပြုန်းတီးလျှင် ယင်းတို့ထဲတွင်နေသော တိရစ္ဆာန်များ ဇီဝမျိုးကွဲများရှင်သန်ရေးကို … Continue reading ရေငတ်လွန်းသူအတွက်ကုထုံး

အစက်ချစိုက်နည်း

ကမ္ဘာ့စုစုပေါင်းရေအရင်းအမြစ်၏ ၇၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးအတွက် အသုံးပြုနေရသည်။ ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်၌ သန်း ၉၈၀၀ ရှိလာမည်ဟု ခန့်မှန်းထားပြီး ဝင်ငွေပိုကောင်းလာမည့် ဖွံ့ဖြိုးဆဲနိုင်ငံသားတို့ အစားအစာပို၍ စားလာမည်။ ယင်းလိုအပ်ချက်ကို ပြည့်မီရန်အတွက် သီးနှံ အထွက်နှုန်းသည် ယခုထက် ၇၀ ရာခိုင်နှုန်းမျှ ပိုလိုလာမည်။ လက်ရှိတွင် စိုက်ပျိုးမြေနှင့်မွေးမြူရေးစားကျက်မြေနှစ်မျိုးပေါင်းသည် ကမ္ဘာ့ကုန်းမြေ ဧရိယာ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ စိုက်မှု ပျိုးမှု မွေးမြူမှုအတွက် ထိုမျှကျယ်ဝန်းသောမြေကို အသုံးချနေရသည့်တိုင် လူအများအပြား စားနပ်ရိက္ခာမလုံမလောက်ဖြစ်နေသည်။ အစားအစာပိုရရန် စိုက်ပျိုးမြေနှင့်စားကျက်မြေများကို ထပ်ချဲ့ဖို့ဆိုလျှင် ဘေးထွက်ဆိုးကျိုးများ ရှိနေသည်။ မြေချဲ့လျှင် အများအားဖြင့် သစ်တောများကို ခုတ်လှဲရမည်။ သစ်တောပြုန်းတီးလျှင် ယင်းတို့ထဲတွင်နေသော တိရစ္ဆာန်များ ဇီဝမျိုးကွဲများ ရှင်သန်ရေးကို ထိခိုက်မည်။ ရေစီးရေလာ ထိန်းသိမ်းထားနိုင်စွမ်း … Continue reading အစက်ချစိုက်နည်း

အပူပိုင်းဒေသ မိုးရေစုဆောင်းနည်းသုံးမျိုး – ၀င်းစိုး (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အပူပိုင်းဒေသ ဖြစ်သော မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့သည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ အဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသများဖြစ်သည်။ အကျယ်အဝန်း အားဖြင့် ၅၄၃၉၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်း၍ မြန်မာနိုင်ငံ စုစုပေါင်း ဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှ မိုးရေချိန် ၇၀၀- ၁၀၀၀ မီလီမီတာခန့်သာ ရရှိပြီး စိုက်ပျိုးရေး လုပ်ငန်းများအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။ ဇွန်လနှင့် ဇူလိုင်လတို့တွင် မိုးရွာသွန်းမှု နည်းခြင်း၊ အပူချိန် မြင့်မားခြင်းနှင့် လေတိုက်နှုန်းမြင့်မားခြင်းတို့ကြောင့် ပူပြင်း ခြောက်သွေ့ပြီး အပေါ်ယံ စိုက်ပျိုးမြေသား ဆုံးရှုံးမှုများ နှစ်စဉ် ကြုံတွေ့နေရသည်။ ထို့အပြင် ရွာသွန်းသော မိုးရေချိန် ပမာဏသည် တစ်နှစ်ထက် … Continue reading အပူပိုင်းဒေသ မိုးရေစုဆောင်းနည်းသုံးမျိုး – ၀င်းစိုး (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)