လူဦးရေ ၁၀၁ သန်း နေထိုင်ကာ နိုင်ငံ အကျယ်အဝန်း ၁၀၀၁၄၄၉ စတုရန်း ကီလိုမီတာ (၂၈၆၆၆၂ စတုရန်းမိုင်) ရှိသော အီဂျစ်နိုင်ငံသည် အာဖရိကတိုက်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်၊ မြောက်ဘက်တွင် မြေထဲ ပင်လယ်၊ အရှေ့ဘက်တွင် အစ္စရေးနှင့် ပင်လယ်နီ၊ တောင်ဘက်၌ ဆူဒန်နှင့် အနောက်ဘက်၌ လစ်ဗျား နိုင်ငံတို့ ရှိသည်။ အီဂျစ်တွင် ဧပြီလလယ်မှ အောက်တိုဘာလလယ်အထိ နွေရာသီနှင့် အောက်တိုဘာလလယ်မှ ဧပြီလလယ်အထိ ဆောင်းရာသီ၊ ရာသီနှစ်မျိုးသာ ရှိသည်။ အီဂျစ်နိုင်ငံကို မြေမျက်နှာ သွင်ပြင်အားဖြင့် အနောက်ပိုင်း သဲကန္တာရ၊ နိုင်းလ်မြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်၊ အရှေ့ပိုင်း သဲကန္တာရ၊ ဆိုင်နိုင်းကျွန်းဆွယ် ဟူ၍ လေးပိုင်း ခွဲခြားနိုင်သည်။ အနောက်ပိုင်း သဲကန္တာရ ဒေသတွင် မြစ်ချောင်းများ မရှိဘဲ … Continue reading အီဂျစ်နိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု
Category: Security
တောင်ထိပ် ရေခဲမြစ်များ အရည်ပျော် လျော့နည်းလာနေခြင်းနှင့် ဧရာဝတီမြစ်အပေါ် သက်ရောက်မှု
တစ်ကမ္ဘာလုံး သုံးစွဲနေသော ရေပမာဏ၏ ထက်ဝက်ကျော်ကို မြစ်များ ချောင်းများမှ ရရှိသည်၊ မြစ်အများစုတွင် စီးဆင်းနေသော ရေများသည် မိုးရေများ ဖြစ်ကာ အချို့ မြစ်ရေများသည် မြေအောက် ရေအောင်းလွှာများမှ စီးဝင်လာသော ရေများ ဖြစ်သည်၊ ဆီးနှင်းနှင့် တောင်ထိပ် ရေခဲမြစ်များမှ မြစ်ဖျားခံလာကြသော မြစ်များလည်း ရှိသည်၊ ယင်းမြစ်များ အပေါ် သောက်သုံးရေအတွက် မှီခိုနေရသော လူဦးရေမှာ သန်း ၂၀၀၀ ခန့် (ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံခန့်) ရှိသည် (၁)။ ထို့ကြောင့် တောင်ထိပ် ရေခဲမြစ်များသည် ရေဖူလုံရေး၌ အလွန် အရေးပါသည့် ကဏ္ဍတွင် ရှိနေသည်။ ရည်ညွှန်းရေခဲမြစ်များ ၁၉၄၅ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ဒြပ်ထု လျော့နည်းလာပုံ တောင်ထိပ် … Continue reading တောင်ထိပ် ရေခဲမြစ်များ အရည်ပျော် လျော့နည်းလာနေခြင်းနှင့် ဧရာဝတီမြစ်အပေါ် သက်ရောက်မှု
ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့၏ စွမ်းဆောင်မှုများ
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၏ လူဦးရေသည် ၁၉၉၃ ခုနှစ်က တစ်သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၂ . ၁ သန်းအထိ များပြားလာခဲ့သည်၊ နိုင်ငံ့လူဦးရေ၏ ၁၄ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ဖနွမ်းပင် လူဦးရေ တိုးတက်နှုန်းသည် ၃ . ၂ ရာခိုင်နှုန်း ဖြစ်ရာ နိုင်ငံပျမ်းမျှထက် သုံးဆ များပြားသည်၊ မြို့တော်၏ ဧရိယာသည်လည်း လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကထက် နှစ်ဆခန့် ကျယ်ပြန့်လာခဲ့သည်။ ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့ကို ၁၉၆၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့သည်၊ ကမ္ဘောဒီးယား ပြည်တွင်း အခြေအနေများနှင့်အတူ ယင်းအဖွဲ့၏ ကနဦး အခြေအနေသည် စိတ်ပျက်ဖွယ်ရာများနှင့် ကြုံခဲ့ရသည်။ ၁၉၇၅ ခုနှစ်က ရေပိုက်လိုင်း အရှည် … Continue reading ဖနွမ်းပင် ရေပေးရေး အာဏာပိုင်အဖွဲ့၏ စွမ်းဆောင်မှုများ
မျက်နှာဖုံးအသစ် တပ်ထားသော ခေတ်ဟောင်း လုပ်ရပ်တစ်ခု – ရာသီဥတု ပြောင်းလဲနေချိန်၌ ရေကို လက်နက်အဖြစ် အသုံးပြုခြင်း
( Pacific Research Institute မှ Christina Kohler ၏ An Ancient Practice with a New Face: The Use of Water as a Weapon in Times of Climate Change ဆောင်းပါးကို အကျဉ်းချုပ် ပြန်ဆိုခြင်း ဖြစ်ပါသည်။) သမိုင်းတလျှောက်၌ နိုင်ငံ အစိုးရများရော အစိုးရ မဟုတ်သူများပါ သူတို့၏ အာဏာ စွမ်းအားဖြင့် ပြည်သူများကို ဖိနှိပ်ရန် သို့မဟုတ် တိုက်ပွဲများတွင် အသာစီးရရန် ရေနှင့် ရေဘက်ဆိုင်ရာ အဆောက်အအုံများကို အသုံးချခဲ့ကြသည်။ ယနေ့တွင် ရာသီဥတု ပြောင်းလဲလာခြင်း၊ ယင်းနှင့် ဆက်စပ်သည့် ရေရှားပါးခြင်းတို့ကြောင့် ရေကို … Continue reading မျက်နှာဖုံးအသစ် တပ်ထားသော ခေတ်ဟောင်း လုပ်ရပ်တစ်ခု – ရာသီဥတု ပြောင်းလဲနေချိန်၌ ရေကို လက်နက်အဖြစ် အသုံးပြုခြင်း
ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်စ၍ ရေနံကြောင့် သူဌေးဖြစ်လာခဲ့သည့် ဆော်ဒီအာရေဗျ နိုင်ငံတွင် ရေအရင်း အမြစ်များက အလွန် ဆင်းရဲလှသည်၊ ပျမ်းမျှ တစ်နှစ် မိုးရေချိန် ၁၅၀ မီလီမီတာ (ခြောက်လက်မ) မျှသာ ရွာသည်၊ မြန်မာ့ ခြောက်သွေ့ ဒေသထက်ပင် မိုးနည်းသည်၊ ဆော်ဒီ၌ အမြဲ စီးဆင်းနေသော မြစ်ချောင်းများလည်း မရှိသောကြောင့် သာမန်တွေးပါက ဆော်ဒီတွင် ရေကာတာ မရှိဟု ထင်နိုင်သည်။ မြေပေါ်ရေ သို့သော် နည်းပါးလှသော မိုးရေသည်ပင် ရံခါ လျှပ်တစ်ပြက် ရေကြီးသည်အထိ ဖြစ်တတ်သေးရာ ယင်းရေများကို အလဟသ မဖြစ်စေဘဲ တားဆီး စုဆောင်းထားသော ရေကာတာပေါင်း ၂၀၀ ကျော်ရှိပြီး တစ်နှစ်လျှင် ရေကုဗပေ ၁၆ ဘီလျံကုဗပေ(၀ . … Continue reading ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ
ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)
(Civil Engineering Journal, Vol. 5, No. 10, October, 2019 ပါ Han Thi Oo , Win Win Zin , Cho Cho Thin Kyi, Department of Civil Engineering, Yangon Technological University တို့ ပြုစုသော Assessment of Future Climate Change Projections Using Multiple Global Climate Models စာတမ်းကို အများ နားလည်လွယ်အောင် အကျဉ်းချုံး ပြန်ဆို တင်ပြခြင်း ဖြစ်ပါသည်။) မူရင်းစာတမ်းကို လေ့လာလိုလျှင် Click here (နိဒါန်း) နိုင်ငံ၏ … Continue reading ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)
ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု
ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။ ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ … Continue reading ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု
သုံးပင်လိမ်အရင်းအမြစ်များ
စက်ကိရိယာများမပါ လူအားသက်သက်ဖြင့်သာ လုပ်ခဲ့စဉ်က ပြီးမြောက်နိုင်သော အလုပ်ပမာဏသည် လွန်စွာ နည်းပါးသည်။ ပျမ်းမျှယောက်ျားတစ်ယောက် တစ်ရက်စားသော အစာ၌ စွမ်းအင် ကယ်လိုရီ ၂၀၀၀ မှ ၃၀၀၀ ခန့်သာပါသည်။ ယင်းသည် ဓာတ်ဆီ ၁၀၀ မီလီလီတာတွင်ပါသော စွမ်းအင်နှင့်တူညီသည်။ ထို့ကြောင့် သူလုပ်၍ ပြီးနိုင်သော အလုပ်ပမာဏမှာလည်း ဓာတ်ဆီ ၁၀၀ မီလီလီတာမှ ရသော စွမ်းအင်ထက် မပိုနိုင်ပေ။ ကျောက်မီးသွေး၊ ရေနံစသည်တို့ကိုသုံး၍ စက်ကိရိယာများကို တီထွင် မောင်းနှင်တတ်လာသောအခါတွင်မူ လောင်စာစွမ်းအင်များကို သုံးလျှင် သုံးသလောက် အလုပ်ပို၍ပြီးစီးလာသည်။ အလုပ်ပိုလုပ်လာနိုင်သောအခါ ဝင်ငွေပိုကောင်းလာကြသည်။ လမ်းလျှောက်၊ စက်ဘီးစီး၍ သွားလာနေရာမှ ကိုယ်ပိုင်ကားဖြင့် ခရီးနှင်လာနိုင်သည်။ ပူအိုက်သောအခါ ယပ်တောင်ဖြင့် ယပ်ခတ်နေရသောဘဝမှ လေအေးစက် သုံးနိုင်လာသည်။ သစ်သားတစ်ထပ်အိမ်တွင် နေရသောဘဝကို စွန့်၍ … Continue reading သုံးပင်လိမ်အရင်းအမြစ်များ
ခေတ်ဟောင်းနှင့်ခေတ်သစ်ရေပြဿနာကွာခြားချက်
ရေထိန်းသိမ်းအသုံးချနိုင်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခေတ်ဟောင်းက မိုင်ယာနှင့်ခမာတို့၏ တိုင်းနိုင်ငံများ ပျက်သုဉ်းသည်အထိ ဆိုးရွားခဲ့သည်။ ခေတ်သစ်တွင်မူ ကိပ်တောင်းနှင့်ချင်းနိုင်တို့ကဲ့သို့ ရေပြဿနာကြီးထွားမှုမျိုးရှိခဲ့၊ နောင်တွင်လည်း ရှိလာဦးမည် ဖြစ်သော်လည်း ခေတ်ဟောင်းကကဲ့သို့ လူနေ မြို့ကြီးများပျက်စီးသည်အထိ ကြုံတွေ့ဖို့ မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ရေအရင်းအမြစ်များကို ရှာဖွေ ထိန်းသိမ်းအသုံးပြုရာတွင် ရှေးခေတ်ကထက် နည်းပညာ သိသာစွာတိုးတက်လာသောကြောင့် ဖြစ်သည်။ ရေကိုတစ်နေရာမှ တစ်နေရာသို့စက်အားဖြင့် တွန်းပို့နိုင်လာသည်။ မြေအောက်ရေကို အနက်ပိုင်းအထိ တူးဖော်ရယူနိုင်လာသည်။ လျော့နည်းသွားသည့် မြေအောက်ရေနေရာတွင် မိုးရေမြစ်ရေများဖြင့် အစားဖြည့်ပေးနိုင်လာကြသည်။ ပင်လယ်ရေငန်မှရေချိုချက်တတ်လာသည်။ သာမန်ရေဆိုးများကိုသာမက မိလ္လာရည်များကိုပါ သောက်သုံးနိုင်သည်အထိ သန့်စင်တတ်လာသည်။ ခေတ်မီနည်းပညာများအပြင် ရှေးခေတ်ကတည်းက အသုံး ပြုလာခဲ့သည့် မိုးရေတစ်နိုင်တစ်ပိုင် ခံယူ အသုံးချခြင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်လုပ်ဆောင်လာရကောင်းမှန်းသိလာကြသည်။ သို့သော် ယခုခေတ်တွင် လူဦးရေအဆမတန်များလာသည့်အပြင် တစ်ဦးချင်း ရေအသုံးလည်း … Continue reading ခေတ်ဟောင်းနှင့်ခေတ်သစ်ရေပြဿနာကွာခြားချက်
မိုးခေါင်၍ရေပြတ်လုဖြစ်ခဲ့သောမြို့ကြီးများ
၁၈၇၆ ခုနှစ်နှင့် ၁၈၇၈ ခုနှစ်များကြားတွင် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၌ ကြုံတွေ့ခဲ့ရသည့် မိုးခေါင်မှုကြောင့် ရေလျော့နည်း သီးနှံအထွက်ကျဆင်းကာ လူသန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ တရုတ်နိုင်ငံပြည်နယ်ငါးခု၌ လူဦးရေ ၁၀၈ သန်း နေထိုင်သည့်အနက် ကိုးသန်းမှ ၁၃ သန်းကြားသေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် မိုးခေါင်၍ အငတ်ဘေးကြုံခဲ့ကာ လူပေါင်းငါးသန်းခွဲမျှ သေဆုံးခဲ့သည်။ ခေတ်သစ်ရေအခက်အခဲ ၁၉ ရာစုနှစ်များနှင့် ၂၀ ရာစုအဦးပိုင်းအထိဖြစ်ပွားခဲ့သော မိုးခေါင်မှုများသည် ပစိဖိတ်သမုဒ္ဒရာတွင် ပေါ်ပေါက်သည့် အယ်လ်နီညိုဖြစ်စဉ်အပါအဝင် ဒေသတွင်းရာသီဥတုဖောက်ပြန်မှုအချို့ကြောင့် ဖြစ်သည်။ ယင်းကာလနောက်ပိုင်းတွင်မူ အဆိုပါအကြောင်းရင်းများအပြင် တစ်ကမ္ဘာလုံး ရာသီဥတု ပြောင်းလဲခြင်းကြောင့်လည်း အချို့နေရာများတွင် မိုးခေါင်လာသည်။ တစ်ချိန်က မိုးခေါင်ခြင်းကြောင့် ကျေးလက်များတွင် အများဆုံး ဒုက္ခရောက်ခဲ့ကြသော်လည်း ၂၁ ရာစုတွင် ယင်းဖြစ်စဉ်၏ အကျိုးဆက်ကို မြို့ပြနေသူများပါ ဆိုးရွားစွာခံစားလာကြရသည်။ … Continue reading မိုးခေါင်၍ရေပြတ်လုဖြစ်ခဲ့သောမြို့ကြီးများ
ရေရှားကမ္ဘာအတွက် အသင့်ပြင်ကြပါစို့
ရေကြည်ရာမြက်နုရာဟူ၍ စကားရှိသည့်အတိုင်း လူတို့သည် မြို့ပြ ပြည်ရွာများ တည်ထောင်ရာ၌ မြစ်ချောင်း အင်းအိုင်နှင့်နီးသောအရပ်တွင် ဦးစားပေး တည်ထောင်ခဲ့ကြသည်။ စ၍တည်ကတည်းက ရေကို အလေးပေးခဲ့သကဲ့သို့ ရေကိုထိန်းသိမ်းနိုင်ခြင်းရှိမရှိဆိုသည့်အချက်က ယင်းမြို့ပြများနှင့် လူ့ယဉ်ကျေးမှုကြီးများ၏ ရေရှည်တည်တံ့မှုကို အဆုံးအဖြတ်ပေးခဲ့သည်။ မိုင်ယာယဉ်ကျေးမှု လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ခန့်မှစ၍ မြို့ပြများကို တည်ဆောက်ခဲ့ကြသော မိုင်ယာလူမျိုးများသည် အမေရိကတိုက်တွင် ပေါ်ထွန်းခဲ့သည့် လူ့ယဉ်ကျေးမှုကြီးများအနက် အဆင့်အမြင့်ဆုံး လူ့အဖွဲ့အစည်းကို ထူထောင်နိုင်ခဲ့ကြသည်။ ယခုခေတ် မက္ကဆီကို၊ ဂွာတီမာလာ၊ ဘယ်လစ်ဇ်၊ အယ်လ်ဆယ်လ်ဗေးဒိုး၊ ဟွန်ဒူးရပ်စ်နိုင်ငံများ တည်ရာတွင် မိုင်ယာလူမျိုးတို့ နေထိုင်ခဲ့ကြပြီး အချို့သောမိုင်ယာမြို့များတွင် လူဦးရေ ၁၀ သန်းခန့် နေထိုင်ခဲ့ကြသည်အထိ စည်ပင်ခဲ့ကာ ထိုအချိန်က ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးဒေသများ၌ ပါဝင်ခဲ့သည်။ အထက်ပါနိုင်ငံများ၌ မိုင်ယာလူမျိုးအချို့ ယနေ့အထိ ကျန်နေသေးသည်။ မိုင်ယာတို့သည် … Continue reading ရေရှားကမ္ဘာအတွက် အသင့်ပြင်ကြပါစို့
ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ
ကမ္ဘာ့ရာသီဥတုပြောင်းလဲနေပြီ၊ အနာဂတ်တွင်လည်း ဆက်၍ပြောင်းလဲကာ လူနေမှုဘဝနှင့် သဘာ၀ ပတ်ဝန်းကျင်ကို သက်ရောက်နေမည် ဖြစ်ကြောင်း ခိုင်လုံသည့် သိပ္ပံအထောက်အထားများ ရှိပြီးဖြစ်သည်။ ယင်းဖြစ်စဉ်သည် ရေရရှိရေးနှင့် အရည်အသွေးတို့ကိုပါထိခိုက်နေသည်။ များပြားလာသော ရေလိုအပ်ချက်အား အလျဉ်မီအောင် မဖြည့်ဆီးနိုင်ခြင်းသည် သောက်သုံးရေအတွက် သာမက စွမ်းအင်ထုတ်လုပ်မှု၊ စားနပ်ရိက္ခာ ဖူလုံရေး၊ စီးပွားရေးစသည်တို့အထိ သက်ရောက်သည်။ တိုးပွားလာသည့်လူဦးရေ၊ ဖွံ့ဖြိုးလာသည့် စီးပွားရေး၊ ပြောင်းလဲလာသည့်ရေသုံးစွဲမှုပုံစံ၊ တိုးမြင့်လိုအပ်လာသည့် စိုက်ပျိုးရေး ထုတ်ကုန်များ၊ ကျယ်ပြန့်လာသည့် မြို့ကြီးများက ရေလိုအပ်ချက်ကို မြင့်မားစေလျက်ရှိစဉ် အရှိန်ရလာသည့် ရာသီဥတုပြောင်းလဲမှုက ရေကောင်း ရေသန့်လုံလောက်စွာရရှိမှုကို ပို၍ မသေချာမရေရာဖြစ်လာစေသည်။ ရေကြီး၊ မုန်တိုင်းတိုက်၊ မိုးခေါင်၊ အပူလွန်ကဲစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ၏ အကျိုးဆက်အဖြစ် ရေကောင်းရေသန့် လုံလောက်စွာ မရသောအခါ ရသည့်ရေကို သောက်သုံးကြသဖြင့် ရေနှင့်ဆက်နွှယ်သောရောဂါများ … Continue reading ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ
အရည်ပျော်တောင်ထိပ်များ
စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲ မဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီမှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး ဟု ညီပုလေးက စိမ်းလန်းတဲ့ တောင်ကုန်း မြင့်မားတဲ့တောင်တန်း စာအုပ်တွင် ရေးသားခဲ့သည်။ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ ညီပုလေးကဲ့သို့ စိုးရိမ်စိတ်ဝင်နေသူသန်းပေါင်းများစွာရှိရာ တိဘက်လယ်သမား ဂျီယာဆွန်လည်းပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်ထူထပ်သောအပိုင်း၌ နေသူဂျီယာဆွန်က ကျွန်တော်တို့ဟာ သဘာဝတရားကြီးကိုနှောင့်ယှက်ဖျက်ဆီးမိခဲ့ပြီဟု ပြောသည်။ ဂျီယာဆွန်သည် နွေရာသီ၏ နေ့တစ်နေ့တွင် ပေ ၂၂၀၀၀ မြင့်သော ကာဝါဂီဘိုတောင်ပေါ်တက်ရင်း မင်ယွန်းရေခဲမြစ်ရှိရာကိုကြည့်၍ ယင်းသို့ပြောခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်အထိ တွေ့မြင်နေခဲ့သော မင်ယွန်းရေခဲမြစ်ကို တွေ့နေကျနေရာ၌ မမြင်ရတော့ပေ။ ရေခဲမြစ်သည် တိုဝင်နောက်ဆုတ်သွားခဲ့ပြီ။ ဂျီယာဆွန်သည် တောင်ပေါ်သို့အတန်ငယ်ထပ်တက်ပြီး မြစ်ကွေ့နေရာသို့ ရောက်တော့မှ ရေခဲမြစ်ရှိခဲ့ကြောင်း သက်သေဖြစ်သည့် ကျောက်တုံးအကြေအမွများကို … Continue reading အရည်ပျော်တောင်ထိပ်များ
မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေး
တရုတ်နိုင်ငံ တောင်မြောက်ရေလွှဲစီမံကိန်း မိုးကနည်း၊ မြေအောက်ရေမလုံလောက်၊ ရေကာတာဆောက်ရန်လည်း အခြေအနေမပေးသောနေရာများသို့ ရေပေါသောမြစ်ဝှမ်းများမှ ရေများကို လွှဲပြောင်းပေးနိုင်သည်။ လေ့လာချက်တစ်ခုအရ ရေလွှဲပြောင်းရေး စီမံကိန်းများ ကမ္ဘာပေါ်၌ ၇၆ ခုရှိပြီး လွှဲပြောင်းနေသောအကွာအဝေး စုစုပေါင်းမိုင် ၆၅၀၀၀ ကျော်သည်ဟု သိရသည်။ မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေးလုပ်ငန်းများကို သြစတေးလျ၊ ကနေဒါ၊ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် အများဆုံးတွေ့နိုင်သည်။ အဆိုပါစီမံကိန်းများအနက်အကြီးဆုံးမှာ တရုတ်နိုင်ငံတောင်ပိုင်းမှမြစ်ရေများကို နိုင်ငံမြောက်ပိုင်းသို့ ပေးပို့နေသည့် တောင်မြောက်ရေလွှဲစီမံကိန်း ဖြစ်သည်။ မြို့တော်ပေကျင်းအပါအဝင် မြောက်ပိုင်းဒေသများသို့ ယခု ရေစတင် လွှဲပြောင်းပေးနေသည့် ယင်းစီမံကိန်းသည် ၂၀၅၀ ပြည့်နှစ်တွင်မှ အပြီးသတ်မည်။ ပြီးစီးသည်အခါ တစ်နှစ်လျှင် နိုင်ငံတောင်ပိုင်းမှရေကုဗမီတာ ၄၅ ဘီလျံကို မြောက်ပိုင်းသို့ သယ်ယူလွှဲပြောင်းပေးမည်။ ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၆၂ ဘီလျံရှိမည်ဟု ခန့်မှန်းထားသည်။ မြစ်ဝှမ်းတစ်ခုမှအခြားတစ်ခုသို့ လွှဲပြောင်းပေးပို့မှုများကို … Continue reading မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေး