ရေဖလား(Water Cup)

ကမ္ဘာ့ဖလား (World Cup)ဟု ဆိုလိုက်လျှင် ဘောလုံးဝါသနာရှင်များ၏ အာရုံကို ကောင်းစွာ ဆွဲဆောင်နိုင်သည့်အပြင် သာမန်လူအများကပင် ကောင်းစွာ ကြားဖူးကြသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပရန် ရှိသဖြင့် စိတ်ဝင်စားမှု အဟုန် တိုးမြင့်လာဦးမည်။ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အားကစားနယ်ပယ်တွင် သာမက ဆက်စပ်ကဏ္ဍတို့၏ စီးပွားရေးကို ကြီးစွာ အထောက်အကူပြုလျက် ရှိသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို အတုယူ အမည်ပေးထားသော ရေဖလား (water cup) ပြိုင်ပွဲသည်မူ လူသိနည်းသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကျေးရွာများ၏ ရေရရှိရေးအပြင် စီးပွားရေး လူနေမှုစနစ်တို့ကို အထောက်အကူပြု တိုးတက်စေခဲ့သည်။ ရေဖလား (water cup) ပြိုင်ပွဲဆိုသည်မှာ အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ်၌ ပြုလုပ်ခဲ့သည့် ကျေးရွာရေရရှိရေးပြိုင်ပွဲ ဖြစ်သည်။ မဟာရပ်ရှ်ထရာပြည်နယ်တွင် မကြာခဏ မိုးခေါင်တတ်သဖြင့် ရေရှားပါးမှုကို ပြည်နယ်သား … Continue reading ရေဖလား(Water Cup)

လှေကားထစ်ရေကန် (Ye Htwe)

လှေကားထစ်ရေကန်ဆိုသည်မှာ ရှေးခေတ်အိန္ဒိယသုံး ရေတွင်းရေကန် တစ်မျိုးဖြစ်သည်။ မြေအောက်ရေလည်း ထွက်၍ မိုးရေကိုလည်း ခံယူကာ မိုးများသော်လည်း မလျှံ၊ မိုးခေါင်သော်လည်း မခန်းပဲ တစ်နှစ်ပတ်လုံး ရေရရှိနိုင်အောင် စီမံထားခြင်း ဖြစ်သည်။ ၎င်းတို့ကို အထပ်ပေါင်းများစွာ နက်နက်ရှိုင်းရှိုင်း၊ အချိုမှာ နက်ရှိုင်းလွန်းသဖြင့် ရေကို တစ်ထပ်မှ တစ်ထပ် နွားရဟတ်ဖြင့် ဆွဲငင်ရသည်။ စိုက်ပျိုးရေနှင့် သုံးရေအတွက် လက်တွေ့ ရည်ရွယ်ထားသည့် တိုင်အောင် အိန္ဒိယ၏ ဗိသုကာ၊ ပန်းတော့နှင့် ပန်းတမော့ လက်ရာတို့ကို တွေ့ရသည်။ အဂရာဆန်ကီဘောင်လီရေတွင်း၁၄ ရာစုက နယူးဒေလီမြို့အနီး ဂျန်တာမန်တာမြို့တွင် ဘုရင် အဂရာဆန်က တူးဖော်ထားပါသည်။ အိန္ဒိယရှိ သရဲအခြောက်ဆုံး ဆိုသော နေရာတို့အနက်မှ တစ်ခုဖြစ်သည်။ ညနေ ၅း၃၀ ကျော်လျှင် လူပေးမဆင်းတော့ပါ။ ရေတွင်း၏ အောက်တွင် … Continue reading လှေကားထစ်ရေကန် (Ye Htwe)

ရန်ကုန်မြို့ရှိ မိုးရေ စုဆောင်းသော ပုရွက်ဆိတ်များ

(Kyaw Nyunt Linn ရေးသားသော Ants in Yangon Saving Rainwater ဆောင်းပါးကို Thinzar Mon က ပြန်ဆိုပြီး Myanmar Water Portal ၌ ၂၉ . ၇ . ၂၀၂၀ က တင်ခဲ့သည့် ဆောင်းပါးကို ဦးကျော်ညွန့်လင်း၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။) (Photo - Kaung Myat Oo) ဆောင်းတွင်းအတွက် အစားအစာတွေကို ကြိုးကြိုးစားစား ကြိုတင် စုဆောင်းနေတဲ့ ပုရွက်ဆိတ်လေး အကြောင်းကို ပြောပြထားတဲ့ "ပုရွက်ဆိတ်နှင့် နှံကောင်" ပုံပြင်လေး အကြောင်း အားလုံး ကြားဖူးကြမှာပါ။ မမြင်နိုင်တဲ့ အနာဂတ်အတွက် လက်ရှိအချိန် ကတည်းက ကြိုတင် … Continue reading ရန်ကုန်မြို့ရှိ မိုးရေ စုဆောင်းသော ပုရွက်ဆိတ်များ

အီဂျစ်နိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု

လူဦးရေ ၁၀၁ သန်း နေထိုင်ကာ နိုင်ငံ အကျယ်အဝန်း ၁၀၀၁၄၄၉ စတုရန်း ကီလိုမီတာ (၂၈၆၆၆၂ စတုရန်းမိုင်) ရှိသော အီဂျစ်နိုင်ငံသည် အာဖရိကတိုက်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်၊ မြောက်ဘက်တွင် မြေထဲ ပင်လယ်၊ အရှေ့ဘက်တွင် အစ္စရေးနှင့် ပင်လယ်နီ၊ တောင်ဘက်၌ ဆူဒန်နှင့် အနောက်ဘက်၌ လစ်ဗျား နိုင်ငံတို့ ရှိသည်။ အီဂျစ်တွင် ဧပြီလလယ်မှ အောက်တိုဘာလလယ်အထိ နွေရာသီနှင့် အောက်တိုဘာလလယ်မှ ဧပြီလလယ်အထိ ဆောင်းရာသီ၊ ရာသီနှစ်မျိုးသာ ရှိသည်။ အီဂျစ်နိုင်ငံကို မြေမျက်နှာ သွင်ပြင်အားဖြင့် အနောက်ပိုင်း သဲကန္တာရ၊ နိုင်းလ်မြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်၊ အရှေ့ပိုင်း သဲကန္တာရ၊ ဆိုင်နိုင်းကျွန်းဆွယ် ဟူ၍ လေးပိုင်း ခွဲခြားနိုင်သည်။ အနောက်ပိုင်း သဲကန္တာရ ဒေသတွင် မြစ်ချောင်းများ မရှိဘဲ … Continue reading အီဂျစ်နိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု

ရေစုဘဏ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်နေ လူသန်း ၄၀ ခန့်၊ စိုက်ခင်း ဟက်တာ ၂၃၀၀၀၀၀ အတွက် သာမက အမေရိကန် တစ်နိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်းခန့်ရှိသည့် ကယ်လီဖိုးနီးယား ဂျီဒီပီကို ရှင်သန် တိုးပွားနေစေရန် အဓိက လိုအပ်ချက်များထဲမှ တစ်ခုဖြစ်သော ရေပေးဝေရေး၌ စိုစွတ်ရာသီအပြင် ခြောက်သွေ့ရာသီ၌ပါ လုံလောက်စွာနှင့် စဉ်ဆက်မပြတ် ပေးနိုင်ရန် ရနိုင်သမျှ ရေအရင်းအမြစ်များကို စီမံ အသုံးချခဲ့ကြသည်။ ထိုသို့အားထုတ်ခဲ့သော်လည်း ရာသီဥတု ပြောင်းလဲခြင်းကြောင့် မိုးခေါင်နှစ် များလာသောအခါ အချို့နေရာများသို့ ပုံမှန်မပေးနိုင်တော့ဘဲ လျှော့ချပေးဝေခြင်းများ ရှိလာခဲ့သည်။ ထို့ကြောင့် တစ်ချိန်က မြေပေါ်ရေလှောင်ကန်များကို အဓိက တည်ဆောက်ခဲ့သော ကယ်လီဖိုးနီးယား ပြည်နယ်၌် မြေပေါ်ရေ သက်သက်ကိုသာ အားကိုးနေ၍ မရတော့ခြင်း၊ မြေပေါ်ကန်များ၏ ကုန်ကျစရိတ် ကြီးမြင့်ခြင်း၊ … Continue reading ရေစုဘဏ်

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ဝါးခင်းကြီးချောင်း မြေအောက်သဲတမံ

၂၀၂၁ ခုနှစ် မေလ ၁၀ ရက်မှစတင် တည်ဆောက်၊ ၂၀၂၁ ဇူလိုင် ၃၁ ပြီးစီးကျောက်ကြီးစီ၊ ကွန်ကရစ်လောင်းရေဆင်းဧရိယာ ၁၆ စတုရန်းမိုင်တမံအလျားပေ ၄၅၀၊ အကျယ် ခြောက်ပေ၊ အမြင့် ၂၃ ပေရေလှာင်ပမာဏ ဂါလန်သန်း ၂၇၀ တမံမဆောက်မီ ရေတွင်းအနက်ပေ ၃၀၊ ရေနေတစ်ပေခွဲခန့်၊ အများဆုံးငါးပေခန့်သာရှိခဲ့တမံဆောက်ပြီး ရေအနက် ၁၈ ပေမှ ၂၅ ပေအထိ မြင့်တက်လာအကျိုးပြုကျေးရွာ ရှစ်ရွာ၊ အိမ်ထောင်စု ၉၆၀၊ လူဦးရေ ၄၀၀၀ (ကြေးမုံသတင်းစာ ၁၇ . ၁၂ . ၂၁ စာမျက်နှာ ၉ မှ) မြေပေါ်မြေအောက်သဲတမံများအကြောင်း လေ့လာရန် ဤနေရာကို နှိပ်ပါ

မြေအောက်ရေ၏အခြေခံသဘော

အထက်ပါပုံသည် မြေအောက်ရေ၏သဘောသဘာဝကို ရှင်းပြရာ၌ ကောင်းစွာအထောက်အကူပြုသောပုံ ဖြစ်သည်။ (သို့သော် ယင်းပုံသည် သရုပ်ပြပုံသာဖြစ်၍ နေရာတိုင်း၌ ဤအတိုင်းတွေ့ရမည်ဟု မှတ်ယူရန်မဟုတ်ပါ။) မြေလွှာကို အပေါ်ယံမြေဆီလွှာ(Top Soil)၊ မြေဆီလွှာ၏အောက်ရှိ ကြေမွဇုန်(Weathered Zone)ဟူ၍ နှစ်ပိုင်းခွဲထားသည်။ မြေဆီလွှာတွင် အဓိကပါဝင်သော ရွှံ့လုံးများကြား၌ ရေရှိသော်လည်း ဖြည်းညင်းစွာ ရွေ့လျားသည်။ ကြေမွဇုန်တွင် သဲလုံးများ ကျောက်ကျိုးအကြေအမွများ အဓိကပါဝင်သဖြင့် ယင်းတို့ကြားတွင် ရေရွေ့လျားစီးဆင်းရန် လွယ်ကူသည်။ ရွေ့လျားရန် လွယ်ကူသောရေများ စုစည်းတည်ရှိနေသည်ကို မြေအောက်ရေကြော(Aquifer)ဟု ခေါ်သည်(အပြာရောင်ဖြင့်ပြထား)။ မြေအောက်ရေကြောများသည် တစ်ခုနှင့်တစ်ခုဆက်စပ်နေနိုင်သကဲ့သို့ သီးခြားစီလည်း တည်နေနိုင်သည်။ သီးခြားရေကြောမှ ရေထုတ်ယူလျှင် အကုန်မြန်သည်။ ပုံတွင် မြေလွှာအက်ကြောင်းများကြားမှ ရေစိမ့်ဝင်ရွေ့လျားကာ ရေကြောတစ်ခုနှင့်တစ်ခု ဆက်စပ်နေကြောင်း မြင်နိုင်သည်။ ဤပုံတွင် ရေကန်မှရေများ မြေသားထဲသို့ စိမ့်ဝင်နေသည်ကို တွေ့နိုင်သည်။ ထိုသို့စိမ့်ဝင်နေသည်ကို … Continue reading မြေအောက်ရေ၏အခြေခံသဘော

ရေဖြည့်တွင်းတစ်သန်း

အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့သည် လက်တူးတွင်းတိမ်များ၊ စက်ရေတွင်းတိမ်များဖြင့် ရေအခက်အခဲမရှိသော မြို့ဖြစ်ခဲ့သည်။ ထုတ်သုံး၍လျော့နည်းသွားသော မြေအောက်ရေကို တစ်နှစ်အတွင်းရွာသောမိုးလက်မ ၄၀ ခန့်က နိုင်နင်းအောင် ပြန်လည်ဖြည့်ပေးခဲ့သည်။ မြေအောက်ရေအပြင် မိုင် ၆၀ ကျော်ဝေးသောနေရာမှ မြစ်ရေဖြင့်လည်း မြို့ရေပေးရေးပြေလည်ခဲ့သည်။ နောက်ပိုင်း မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ ရေအသုံးကများ၊ သဘာဝမြေပြင်ပေါ်တွင် ကွန်ကရစ်နှင့်ကတ္တရာပြင်များက ဖုံးလွှမ်းလာသောအခါ သဘာဝမြေအောက်ရေဖြည့်စနစ်က နိုင်အောင်မဖြည့်နိုင်တော့ဘဲ တွင်းရေပြင် ကျဆင်းလာသည်။ မြေအောက်ရေလျော့နည်းလာသည့်အပြင် ဗဟိုရေပေးရေးစနစ်ကို လက်လှမ်းမမီသော နေရာများတွင် ရေသယ်ကားများမှ ရေကို ဝယ်သုံးကြရသည်။ အဆိုပါအခြေအနေမှလွန်မြောက်ရန် ဗဟိုရေပေးရေးစနစ်၏ရေအရင်းအမြစ်ကို တိုးချဲ့မြှင့်တင်ရန် မလွယ်သည့်အတွက် ရေဖြည့်တွင်းတစ်သန်းလှုံ့ဆော်ချက်ကို ၂၀၁၈ ခုနှစ်၌ စတင်သည်။ ရေဖြည့်တွင်း(Recharge Well)ဆိုသည်မှာ မိုးရေအပါအဝင်မြေပေါ်ရေကို မြေအောက်သို့စိမ့်ဝင်စေကာ မြေအောက်ရေ ပြန်လည်ဖြည့်ပေးသောတွင်းကို ခေါ်သည်။ ရေဖြည့်တွင်းနှင့်ရိုးရိုးရေတွင်း အဓိကကွာခြားချက်မှာ ရိုးရိုးရေတွင်းက မြေအောက်ကရေကို … Continue reading ရေဖြည့်တွင်းတစ်သန်း

အိန္ဒိယအိမ်ရာစခန်းတစ်ခု၏မိုးရေခံစနစ်

အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂလော(Bangalore)( Bengaluruဟုလည်းခေါ်)မြို့ရှိ အခန်း ၅၂ ခန်းပါ Chikkabellandur အိမ်ရာစခန်းတွင် ဗဟိုရေပေးရေးစနစ်က ပေးဝေသောရေကို လက်လှမ်းမမီသဖြင့် သောက်သုံးရေအတွက် စက်ရေတွင်းတူး၍ မြေအောက်ရေ ရယူသည်။ သို့သော် တစ်နှစ်ပတ်လုံးအဆင်မပြေ၊ နွေတက်၍ မြေအောက်ရေ ခန်းသည့်အခါ ရေသယ်ကားများဖြင့် ရေဝယ်သုံးရသေးသည်။ တစ်နှစ်ထက်တစ်နှစ် မြေအောက်ရေခန်းသည့်ရက်က များသထက်များလာသဖြင့် ရေသယ်ကားစရိတ်က တဖြည်းဖြည်း တက်၍ တက်၍လာနေခဲ့သည်။ အနာဂတ်တွင်လည်း အခြေအနေတိုးတက်လာဖို့ လမ်းမမြင်၍ ၂၀၁၅ ခုနှစ် မတ်လကစ၍ မိုးရေခံစနစ်ကို တပ်ဆင်သည်။ မိုးရေခံစနစ်အတွက် အဆောက်အအုံအမိုးပြန့်ကို စတုရန်းပေ ၁၅၅၀၀ ကျယ်သော အပိုင်းနှင့် စတုရန်းပေ ၁၄၄၀ ကျယ်သောအပိုင်းဟူ၍ နှစ်ပိုင်းခွဲသည်။ စတုရန်းပေ ၁၅၅၀၀ ကျယ်သောအပိုင်း(ပုံတွင်အဝါရောင်ဖြင့်ပြ)ပေါ် ရွာကျသည့် မိုးရေများကို ရေဆင်းပိုက်လိုင်း ၁၁ လိုင်းဖြင့်သွယ်ယူကာ … Continue reading အိန္ဒိယအိမ်ရာစခန်းတစ်ခု၏မိုးရေခံစနစ်

မိုးရေစုဆောင်းအသုံးချမှုကိုအားပေးသောအိန္ဒိယနိုင်ငံ

လေ့လာတွေ့ရှိသမျှ ကမ္ဘာပေါ်တွင် မိုးရေခံစနစ်ကို အားအပေးဆုံး၊ လက်တွေ့တပ်ဆင်အသုံးပြုမှုအရှိဆုံး နိုင်ငံသည် အိန္ဒိယဖြစ်သည်။ အိန္ဒိယပြည်နယ်အများအပြား၌ အဆောက်အအုံများတွင် မိုးရေခံစနစ်များ ထည့်သွင်းတပ်ဆင်ရန် ပြည်နယ် အလိုက် စည်းမျဉ်းစည်းကမ်းများ ရှိပြီး ဖြစ်သည်။ နေရာအများအပြား၌ မိုးရေခံစနစ်များကို တပ်ဆင် အသုံးပြုသဖြင့် လက်တွေ့အကျိုးများကို ရရှိခံစားနေကြသည်။ မိုးရေခံစနစ်၏အကျိုး၊ မည်သည့်အတွက် မိုးရေခံစနစ်တပ်ဆင်ရန် လိုအပ်ပုံစသည်တို့ကို အများပြည်သူတို့ သိရှိရန် စည်းရုံးပညာပေးမှုလည်း အားကောင်းသည်။ အကောင်အထည်ဖော်နိုင်မှု အနည်းအများတော့ ကွဲပြားသည်။ မလိုက်နာသူတို့အား အရေးယူရာတွင်လည်း အားနည်းချက်အချို့ရှိသည်။ မိုးရေခံစနစ်ကို တပ်ဆင်ရန် ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်သည့်အနေနှင့် ၂၂ . ၃. ၂၁ ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့ရေနေ့(World Water Day )တွင် မိုးရေခံကြပါ(Catch the Rain campaign)လူထုလှုံ့ဆော်မှုကို ဝန်ကြီးချုပ်မိုဒီ … Continue reading မိုးရေစုဆောင်းအသုံးချမှုကိုအားပေးသောအိန္ဒိယနိုင်ငံ

မိုးရေကိုစုဆောင်းသုံးစွဲကြပါဆိုသော်လည်း

ရေချိုရေသန့်အရင်းအမြစ်လျော့နည်းလာနေသောကမ္ဘာတွင် မိုးရေကို အတတ်နိုင်ဆုံး ခံယူသုံးစွဲကြဖို့အရေး နှိုးဆော်တိုက်တွန်းနေရစဉ် ယင်းမိုးရေသည်ပင် အလွန်ရှားပါးသောအရင်းအမြစ် ဖြစ်နေသောကြောင့် မိုးရေကို စုချင်တိုင်းစု၍မရအောင် ကန့်သတ်ထားရသည့် နေရာမျိုးလည်း ရှိနေပြန်သည်။ ယင်းနေရာမှာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ဖြစ်သည်။ ကော်လိုရာဒိုပြည်နယ်တွင် တစ်နှစ်ပျမ်းမျှမိုး ၁၇ လက်မသာရွာသည်။ မြန်မာ့ခြောက်သွေ့ဒေသထက်ပင် မိုးနည်းသေးသည်။ ကော်လိုရာဒိုပြည်နယ်ပေါ်ရွာကျသောမိုးစက်တိုင်းသည် တန်ဖိုးရှိလှသဖြင့် လူတိုင်း ရနိုင်သမျှ ခံယူ စုဆောင်း အသုံးပြုလိုကြသည်။ မိုးကောင်းသောဒေသများတွင် ယင်းလုပ်ရပ်မျိုးကို အားပေးရမည်ဖြစ်သော်လည်း ကော်လိုရာဒိုပြည်နယ်တွင်မူ အိမ်တိုင်းအိမ်တိုင်း မိမိတို့ခေါင်မိုးပေါ်ကျသမျှမိုးရေကို ခံယူသိုလှောင်ကြလျှင် မြစ်ချောင်းများထဲ ရေအဝင်နည်းသွားမည်ကို စိုးရိမ်သဖြင့် အိမ်တစ်အိမ်လျှင် စည်ပိုင်းနှစ်လုံးစာ(ဂါလန် ၁၁၀)ထက် ပိုမစုရဟု House Bill 16-1005 ဖြင့် ထုတ်ပြန်ထားသည်။ သိုလှောင်ထားနိုင်သည့်မိုးရေပမာဏကိုသာကန့်သတ်သည်မဟုတ်၊ ခေါင်မိုးပေါ်က ကျလာသောမိုးရေကိုသာ စုခွင့်ရှိသည်၊ မြေကြီးပေါ်ကျသောမိုးရေကို သိုလှောင်လျှင် တရားမဝင်ပြန်ချေ၊ … Continue reading မိုးရေကိုစုဆောင်းသုံးစွဲကြပါဆိုသော်လည်း

အုံ့ဆိုင်းသစ်တော စီးသောရေကြည်

ရေဝေဒေသ၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သော သစ်တောများသည် လိုအပ်သောသစ်ဝါးများကို ထုတ်လုပ်ပေးသည်၊ ရေစီးကို ထိန်းသိမ်းပေးသည်၊ အေးမြသောအာဝါသကိုပေးသည်၊ ဇီဝမျိုးစုံမျိုးကွဲများကို ရှင်သန်စေသည်၊ ကာဘွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူ၍ အောက်ဆီဂျင်ထုတ်ပေးသည်စသဖြင့် သိကြသည်။ သစ်တောရှိသော နေရာတွင် မိုးများသည်ဟုလည်း ယေဘုယျ သိကြသည်။ မိုးရွာသွန်းစေ ရုရှားသိပ္ပံပညာရှင်နှစ်ဦး(Anastassia Makarieva, Victor Gorshkov)တို့က သစ်တောသည် မိုးရွာသွန်းမှုကို ဖန်တီးသည်ဟူသော အချက်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော် က သိပ္ပံနည်းကျ စတင် ထုတ်ဖော်ခဲ့ကြသည်။ သူတို့၏တွေ့ရှိချက်အပြင် နောက်ထပ်ပြုလုပ်သော သုတေသနများကြောင့် သစ်တောများသည် မိုးရွာသွန်းစေခြင်းဖြင့် ရေရရှိရေးကို ကောင်းစွာအထောက်အကူ ပြုကြောင်း တိကျစွာသိလာရသည်။ ၁၉၇၉ ခုနှစ်တွင် ဘရာဇီးပညာရှင်တစ်ဦးက အယ်မဇုန်ဒေသတွင်း ရွာကျသော မိုးရေများ၏ ထက်ဝက်ခန့်သည် သစ်ပင်များမှ အငွေ့ပျံတက်လာသည့် ရေများဖြစ်ကြောင်း … Continue reading အုံ့ဆိုင်းသစ်တော စီးသောရေကြည်

တရုတ်ပြည်မှာရွာသည့်မိုး

တရုတ်နိုင်ငံ ဝူဟန်မြို့သည် အကြောင်း သုံးခုကြောင့် ကျော်ကြားခဲ့သည်။ ၁၉၁၁ ခုနှစ်က ဝူဟန်ဒေသတွင် စတင်ခဲ့သောတော်လှန်ရေးကြောင့် တရုတ်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့သဖြင့် ဝူဟန်ကို ခေတ်သစ်တရုတ်နိုင်ငံ မွေးဖွားရာဒေသဟု သတ်မှတ်ကြသည်။ ဒုတိယအကြောင်းမှာ ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင် မြို့ကြီး သုံးမြို့စလုံးနှင့်တူညီသောအကွာအဝေးတွင်ရှိ၍ တရုတ်အစိုးရအဆက်ဆက်သည် ဝူဟန်ကို နယူးယောက်၊ လန်ဒန်စသည်တို့ကဲ့သို့ ကမ္ဘာ့မြို့တော်ကြီးတစ်ခုဖြစ်လာအောင် ရည်ရွယ်သည်။ တတိယအချက်မှာ မြို့တွင်းနှင့် မြို့ဝန်းကျင်တွင် သာယာလှပသောရေကန်ပေါင်း ၁၂၇ ကန်မျှ ရှိခဲ့သဖြင့် ကန်တစ်ရာမြို့ဟု ထင်ရှားခဲ့သည်။ ၂၀၁၉ မှစ၍မူ ဝူဟန်သည် ကိုဗစ်-၁၉ ဗိုင်းရပ်စတင်ပြန့်ပွားရာအဖြစ် ထင်ရှားလာသည်။ ဝူဟန်သည် ယခုအခါ ကန်တစ်ရာမြို့မဟုတ်တော့ပြီ။ ကန်တစ်ရာကျော်အနက် ကန်တစ်ရာနီးပါး ပျောက်ကွယ်သွားသဖြင့် ကန် ၃၀ သာရှိတော့သည်။ ထိုသို့ ဖြစ်ရသည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ … Continue reading တရုတ်ပြည်မှာရွာသည့်မိုး

စင်ကာပူမှာရွာသည့်မိုး

ရန်ကုန်နှင့် စင်ကာပူတို့သည် လူဦးရေငါးသန်းခွဲခန့်စီ ရှိကြသောအချက်တို့တွင် တူညီကြသည်။ ရန်ကုန်ရော၊ စင်ကာပူတွင်ပါ တစ်နှစ်လျှင်မိုးရေချိန်လက်မ ၁၀၀ ခန့်စီရွာသည်။ ရန်ကုန်စည်ပင်သာယာသည် တစ်ရက် ရေဂါလန် ၂၀၅ သန်းခန့်သာ ပေးနိုင်သော်လည်း စင်ကာပူတွင် တစ်ရက်ရေဂါလန်သန်း ၄၃၀ ခန့်ပေးနေရာ ရန်ကုန်ထက် နှစ်ဆကျော်ဖြစ်သည်။ ၁၉၆၅ ခုနှစ်က ရန်ကုန်တွင် ရေပြဿနာကြီးကြီးမားမားမရှိခဲ့ချိန်တွင် ယင်းအချိန်က စင်ကာပူ၌ သောက်ရေအတွက် လမ်းဘေးတွင်တန်းစီစောင့်ဆိုင်းရယူနေခဲ့သည့်အဖြစ်မှ တိုးတက်လာခြင်း ဖြစ်သည်။ ထိုမျှကွာခြားရခြင်းအကြောင်းမှာ စင်ကာပူက ပို၍ချမ်းသာသောကြောင့်ဟုပြောလျှင် တစ်စိတ်တစ်ပိုင်းသာ မှန်သည်။ အဓိကအကြောင်းရင်းမှာ စင်ကာပူတွင် မိုးရေကို အတတ်နိုင်ဆုံးခံယူစုဆောင်းအသုံးချခြင်း အပါအဝင် မှန်ကန်သောရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုမဟာဗျူဟာကို ချမှတ်ထားပြီး ယင်းမဟာဗျူဟာအတိုင်း အစိုးရရော၊ နိုင်ငံသားတို့ကပါ လိုက်နာကျင့်သုံးကြသောကြောင့် ဖြစ်သည်။ ပိုက်ခေါင်းလေးခု စင်ကာပူတွင် ပိုက်ခေါင်းလေးခုနှင့်ရေပေးနေသည်ဟု ပြောကြသည်။ ပထမပိုက်ခေါင်းမှာ အိမ်နီးချင်း … Continue reading စင်ကာပူမှာရွာသည့်မိုး