မြန်မာနိုင်ငံရှိ မိုးလေ၀သစခန်း ၃၅ ခု၏ မှတ်တမ်းများအရ ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်ပြည်လုံး အတိုင်းအတာဖြင့် မိုးရေချိန်နှင့် အပူချိန် သိသိသာသာ တိုးလာခဲ့သည်။ ၁၉၈၁ မှ ၂၀၂၀ အထိ၊ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်သည် ၁ . ၁ ဒီဂရီ စင်တီဂရိတ်ခန့် တိုးလာပြီး တစ်နှစ်တာ မိုးရေချိန်သည် ၁၅၇ . ၇ မီလီမီတာခန့် များလာသည်။ မိုးရွာသွန်းမှု နှစ်ပေါင်း ၃၀ အတွင်း တစ်နှစ်တာ မိုးရေချိန် များလာမှု မိုးရေချိန် တိုးလာသည် ဆိုရာ၌ ပျံ့ပျံ့နှံ့နှံ့နှင့် ရွာသွန်းခြင်း မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နေရာတည်းတွင် မိုးအလွန် သည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် … Continue reading ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ
Tag: Myanmar
ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ ရေစီးနှုန်းနှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်း လေ့လာသွားမည်
https://news-eleven.com/ Published 26 April 2022 မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ မြစ်ဖျားမှ စတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်း တိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏတို့ကို စူးစမ်း လေ့လာဆောင်ရွက်နိုင်ရေးအတွက် ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့ကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီက အမိန့်ကြော်ငြာစာ အမှတ် (၄၃/၂၀၂၂) ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့သည် တိုင်းတာရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ မြစ်ဖျားမှ ပင်လယ်ဝအထိ ရေစီးနှုန်းများ တိုင်းတာ ဆောင်ရွက်ရန်၊ … Continue reading ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ ရေစီးနှုန်းနှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်း လေ့လာသွားမည်
၂၀၁၅ ခုနှစ် မြန်မာ့ရေဘေးနှင့် ရေလှောင်တမံများ (ဦးဇော်ဝင်း(ဆည်မြောင်း)၊ အေးမြင့်(ညောင်တုန်း)၊ ကျော်ဦး)
ရေကြီးမှုဖြစ်စဉ်များ မြန်မာနိုင်ငံ ရေကြီးမှု ဖြစ်စဉ်များကို လေ့လာလျှင် အောက်ပါအတိုင်း တွေ့ရှိရသည်။ ၁။ မြစ်ကြီးများ၏ မြစ်ဖျားပိုင်းတွင် မိုးဆက်တိုက် ရွာသွန်းပြီးနောက် မြစ်အောက်ပိုင်း၌ ဖြစ်ပေါ်သော ရေကြီးခြင်းများ ၂။ ဒေသအလိုက် ဖြစ်ပေါ်သော ရေကြီးခြင်းများ ဒေသအလိုက် ရေကြီးမှုများတွင် မြို့ပြရေကြီးမှုများသည် မြေအောက်ရေနှင့် အစိုဓာတ်များသော မြေလွှာ ရှိနေခြင်း၊ မြို့ပြ ဖွံ့ဖြိုး တိုးတက်လာသဖြင့် ကွန်ကရစ်လမ်းများ၊ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်လာ၍ မြေကြီးထဲသို့ ရေစိမ့်ဝင်နှုန်း မကောင်းခြင်း၊ ရေနုတ်မြောင်းနှင့် ရေနုတ်အဆောက်အအုံများ ပြိုပျက်ခြင်း၊ စနစ်တကျ တည်ဆောက်မထားခြင်း၊ မြောင်းများ ပိတ်ဆို့နေခြင်း ယာယီ ရေထိန်းနိုင်သော ကစားကွင်း၊ ပန်းခြံ၊ ရေလှောင်ကန်တို့ လျော့နည်းသွားခြင်း စသည် တို့ကြောင့် ဖြစ်သည်။ ကျေးလက်ဒေသများ၌ မြစ်ချောင်းများပေါ်တွင် တည်ဆောက်ထားသော … Continue reading ၂၀၁၅ ခုနှစ် မြန်မာ့ရေဘေးနှင့် ရေလှောင်တမံများ (ဦးဇော်ဝင်း(ဆည်မြောင်း)၊ အေးမြင့်(ညောင်တုန်း)၊ ကျော်ဦး)
မြန်မာ့မြစ်များ၏ ရေဝေဒေသနှင့် ရေဝင်ပမာဏ
ရေဝေဒေသ(စတုရန်းကီလိုမီတာထောင်ပေါင်း)ပျမ်းမျှ နှစ်စဉ်ရေဝင်ပမာဏ(ကုဗကီလိုမီတာ)မြေအောက်ရေ(ကုဗကီလိုမီတာ)ချင်းတွင်း၁၁၅၁၄၁၅၈ဧရာဝတီ(အထက်)(ချင်းတွင်းမြစ်ဆုံအထိ)၁၉၃၂၂၈၉၃ဧရာဝတီ(အောက်)(ချင်းတွင်းမြစ်ဆုံမှ)၉၆၈၆၁၅၃စစ်တောင်း၄၈၈၁၂၈ရခိုင်မြစ်များ၅၈၁၃၉၄၂တနင်္သာရီမြစ်များ၄၁၁၃၁၃၉သံလွင်(နယ်စပ်မှမြစ်ဝ)၁၅၈၂၅၈၇၅မဲခေါင်(မြန်မာနယ်နိမိတ်အတွင်း)၂၉၁၈၇စုစုပေါင်း၇၃၈၁၀၈၂၄၉၅(Source: Irrigation Department, Myanmar) မှတ်ချက် - တတိယကော်လံရှိ ရေဝင်ပမာဏသည် မြေပေါ်ရေ ဖြစ်ပါသည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းကြောင့် အထိနာခဲ့သည့် အထက်မြန်မာပြည်မှတောင်သူများ – ထွန်းလင်းအောင် (မြစ်ကြီးနား)
(Daily Eleven သတင်းစာ ၁၇ . ၁ . ၂၀၂၂ ပါ ဆောင်းပါး ဖြစ်ပါသည်။) “ဒီနှစ်စပါး ရှူချက်ကတော့ ရက်စက်တယ်။ စပါး ၄၀၀ တောဟာ တစ်ရာလောက်ရ ကြတာပဲ။ စပါးအောင်ရေ မရတာပေါ့။ သီတင်းကျွတ် လပြည့်ကျော် ၁၂ ရက်ကနေ (နို ဝင်ဘာ ၁ ရက်) တန်ဆောင်မုန်းလဆန်း ၁၂ ရက် (နိုဝင်ဘာ ၁၅ ရက်) လောက် နေပူလိုက် တာ နွေရာသီလိုပဲ။ စပါးထွက်စဆိုတော့ စပါးတွေက မငိုက်ပတန်းလန်းလန်း ဖြစ်နေတာ။ ရှေးလူကြီးအခေါ်တော့ “ပင်သေ၊ ရေခန်း” လိုက်တယ်လို့ ဆိုကြတာပေါ့။ အခုနောက်ပိုင်း လေး၊ ငါးနှစ်ဝန်းကျင် မိုးက ဘယ်လိုပြောရမှန်း မသိပါဘူးဗျာ။ မရွာဘူးလားဆိုတော့ … Continue reading ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းကြောင့် အထိနာခဲ့သည့် အထက်မြန်မာပြည်မှတောင်သူများ – ထွန်းလင်းအောင် (မြစ်ကြီးနား)
မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် ဖြစ်လာနိုင်သည်များ
(ကြေးမုံသတင်းစာ၊ ၁၃၇၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ သောကြာနေ့၊ (၁၉၊ ၉၊ ၂၀၀၈) နေ့ထုတ်မှ ကောက်နုတ်ဖော်ပြသည်။) မြန်မာနိုင်ငံ၏ ၁၉၅၀ ပြည့်နှစ်မှစ၍ ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုများကို ၁၉၅၀ မှ ၁၉၇၈ ခုနှစ်အထိ ပထမကာလ၊ ၁၉၇၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ဒုတိယကာလ၊ ၁၉၉၉ ခုနှစ်မှ နောက်တတိယကာလ အဖြစ် သုံးကြိမ်ပိုင်းခြားလေ့လာသည်။ ပထမကာလတွင် စိုစွတ်သောရာသီဥတုဖြစ်ပြီး ယင်းနှစ်များအတွင်း မိုးကောင်းခြင်း၊ မုတ်သုံအဝင်အထွက် မှန်ကန်ခြင်းတို့ကြောင့် လွန်ကဲဖြစ်စဉ်များမရှိဘဲ ရာသီဥတု ကောင်းမွန် မှန်ကန်နေသည်ကို မှတ်တမ်းများအရ တွေ့မြင်ခဲ့ရသည်။ ဒုတိယကာလတွင် နှစ်စဉ်မိုးရွာသွန်းမှု နည်းပါးလာခြင်း၊ အပူချိန်များမြင့်တက်လာခြင်းတို့ကြောင့် ပူပြင်း ခြောက်သွေ့သော ရာသီဥတုများ ဖြစ်ပေါ်လာခဲ့သည်။ မုတ်သုံအဝင် နောက်ကျပြီး အထွက်စောသည်ကိုလည်း တွေ့လာရသည်။ … Continue reading မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့် ဖြစ်လာနိုင်သည်များ
ပင်လယ်ကိုအလျှော့ပေးရတော့မလား
သတင်းတစ်ခုကြားတာကြောင့် ခေါင်းပေါ်ကဈေးဗန်းကို ဈေးထဲကအသိဆိုင်မှာပစ်ချ၊ တစ်မိုင်ပျော့ပျော့အကွာအဝေးရှိတဲ့ သူ့အိမ်ကို မစံပယ်တစ်ယောက် ဆိုင်ကယ်ငှားဖို့တောင် သတိမရနိုင်ဘဲ သုတ်ခြေတင်ပြေးချလာတယ်။ အိမ်ရောက်တော့ သတင်းကြားရတဲ့အတိုင်းပဲ သူ့အိမ်ဟာ အငမ်းမရ ဖျက်ဆီးခံနေရတာကို တွေ့လိုက်ရတော့တယ်။ ဓနိမိုး ထရံကာသူ့အိမ်လေးဟာ ယိုင်နဲ့နေပြီ။ အိမ်ပေါ်မှာမိသားစုတွေမရှိတော့ဘူး။ အိမ်နီးနားချင်းတွေက ဘေးလွတ်ရာကို ပို့ပေးထားကြတယ်။ သူဟာ အချိန်မဆိုင်းဘဲ ပြိုစပြုနေတဲ့ အိမ်ထဲကနေ ပစ္စည်းတွေနဲ့ ဓနိ၊ဝါး၊တိုင်တွေကို ရသလောက်ဆွဲထုတ်ပါတယ်။ လက်လုပ်လက်စားဘဝမို့ ပစ္စည်းပစ္စယရယ်လို့ ခပ်များများမရှိပါဘူး။ ဒါပေမဲ့ ဘယ်လောက်တန်ဖိုးနည်းပါစေ၊ ကိုယ့်ပစ္စည်းတော့ အလကား လုယက်ဖျက်ဆီးနေတာ မခံနိုင်သမို့ ပြန်ရဖို့ ကြိုးစားနေတာပါ။ ပစ္စည်းတွေကို နေရာရွှေ့ပြီးချိန်မှာတော့ သူ့အိမ်ဟာ ပြိုပျက်သွားခဲ့ပါပြီ။ အိမ်တင်မကပါဘူး၊ မြေနေရာပါ ဖဲ့ယူခံလိုက်ရတာပါ။ ဒါကြောင့် နေစရာအိမ်မရှိတော့တဲ့ သူတို့မိသားစုကို ကျေးရွာအုပ်ချုပ်ရေးမှူးက လူမနေတဲ့ အိမ်အလွတ်တစ်ခုမှာ အိမ်ရှင်ကိုခွင့်တောင်းပေးပြီး ခေတ္တနေခိုင်းထားရပါတယ်။ … Continue reading ပင်လယ်ကိုအလျှော့ပေးရတော့မလား
မြန်မာ့ခြောက်သွေ့ဒေသအတွက်မိုးရေ
မြန်မာပြည်အလယ်ပိုင်းခြောက်သွေ့ဒေသကို ရခိုင်ရိုးမက ကွယ်ထားသဖြင့် မိုးနည်းသည်ဟု ပထဝီဝင်သင်ခန်းစာများ၌ သင်ခဲ့ရသည်။ အနောက်ဘက်တွင် ရခိုင်ရိုးမခံနေသဖြင့် ခြောက်သွေ့ဒေသသို့ ရေငွေ့ပါသည့်ပင်လယ်လေများ မရောက်နိုင်သောကြောင့် မိုးနည်းသည်ဟုဆိုလျှင်တောင်ဘက်လမ်းကြောင်းကို စဉ်းစားကြည့်သင့်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှစကာ ပဲခူးရိုးမနှင့် ရခိုင်ရိုးမကြားရှိ လမ်းကြောင်း၌ ခြောက်သွေ့ဒေသရောက်သည် အထိ မည်သည့်အတားအဆီးမျှမရှိ၊ ဟင်းလင်းပွင့်နေသည်။ ယင်းလမ်းကြောင်းတစ်လျှောက် သင့်တော်သော နေရာများတွင် သင့်တော်သောအပင်များဖြင့် သစ်တောများ စိုက်ပျိုးထူထောင်၍ ဘင်္ဂလားပင်လယ်အော်မှ ရေငွေ့ပါသည့်လေများကို စုပ်ယူဆွဲခေါ်လာကာ ခြောက်သွေ့ဒေသ အပေါ်ရွာချစေဖို့ မဖြစ်နိုင်ဘူးလား။ ကြီးကျယ်လွန်းသည်၊ စိတ်ကူးယဉ်ဆန်လှသည်ဟု ဆိုချင်ဆိုနိုင်သော်လည်း အောက်ပါအကြောင်းများကြောင့် အဆိုပါတွေးဆချက်သည် လက်တွေ့တွင်ဖြစ်နိုင်၊ သိပ္ပံနည်းလည်းကျသော မျှော်မှန်းချက်ဟု ပြောလိုသည်။ ၁-လူတို့၏လုပ်ဆောင်ချက်ကြောင့် တစ်ကမ္ဘာလုံး၏ရာသီဥတုကိုပင် မရည်ရွယ်ဘဲ ပြောင်းလဲစေခဲ့ရာ စတု ရန်းမိုင် ၂၁၀၀၀ မျှသာကျယ်သည့် မြန်မာ့ခြောက်သွေ့ဒေသ မိုးလေဝသမှန်လာရန် အားထုတ်ခြင်းကို မဖြစ်နိုင်ဟု မဆိုသင့်ပါ။ … Continue reading မြန်မာ့ခြောက်သွေ့ဒေသအတွက်မိုးရေ
ရေချိုချက်စက်ရုံနှင့်မြန်မာ
ဖူးခက်ရှိ ရေချိုချက်စက်ရုံငယ်တစ်ခု ထိုင်းနိုင်ငံ ဖူးခက်၊ စမွီစသည့်ကျွန်းများတွင် မြေပေါ် မြေအောက် ရေအရင်းအမြစ် ကြွယ်ဝသော်လည်း လာရောက် အပန်းဖြေသည့် ကမ္ဘာလှည့်ခရီးသည် အလွန်များလှသဖြင့် ရေလောက်ငစွာ ပေးနိုင်စေရန် ရေချိုချက် စက်ရုံငယ်များကို တည်ဆောက် လည်ပတ်နေရသည်။ မြန်မာနိုင်ငံတွင်လည်း တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ကျွန်းတစ်ကျွန်းတွင် တည်ဆောက်မည့် ဟိုတယ် လုပ်ငန်းတစ်ခုအတွက် ရေချိုချက်စက်ရုံ တည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။ တနင်္သာရီဒေသသည် ထိုင်းကမ်းခြေများကဲ့သို့ပင် ရေအရင်းအမြစ်ပေါများသော်လည်း တစ်ချိန်၌ မလွဲမသွေ ထွန်းကားလာမည့် ဟိုတယ်နှင့် အပန်းဖြေစခန်းများ၏ ရေလိုအပ်ချက်အတွက် ရေချိုချက်စက်ရုံများ တည်ဆောက်ခြင်းသည် မှန်ကန်သောစီမံချက်ဖြစ်သည်။ ၂၀၂၀ မေလကထွက်ပေါ်ခဲ့သောသတင်းအရ ထိုင်းနိုင်ငံ စက်မှုဇုန်များအားလုံးအတွက် တစ်ရက်လျှင် ကုဗ မီတာ သုံးသိန်း(ဂါလန်သန်း ၈၀)ခန့်ထုတ်ပေးနိုင်သည့် ရေချိုချက်စက်ရုံဆောက်ရန် စီစဉ်နေသည်။ ထိုင်းစက်မှုဇုန်တစ်ခုဖြစ်သည့် မက်တာဖွတ်၌ ရေချိုချက်စက်ရုံအချို့ … Continue reading ရေချိုချက်စက်ရုံနှင့်မြန်မာ
မြန်မာပြည်မှာရွာသည့်မိုး
မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်တင်းနိုင်သော ရေအရင်းအမြစ်ပမာဏသည် တစ်နှစ်လျှင်ကုဗမိုင် ၂၄၀ ကျော်ခန့် ရှိသည်ဟု ခန့်မှန်းကြသည်။ နိုင်ငံ၏ရေသုံးစွဲမှုမှာ ပြန်ပြည့်နိုင်သောပမာဏ၏ သုံးရာခိုင်နှုန်းမျှသာရှိသဖြင့် မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ပေါသော နိုင်ငံစာရင်းတွင် ဝင်သည်။ သို့သော် ယင်းကိန်းဂဏန်းမှာ တစ်နိုင်ငံလုံးခြုံ၍တွက်ထားသောပျမ်းမျှကိန်းသာ ဖြစ်ပြီး လက်တွေ့တွင် မိုးရွာသွန်းမှု နေရာဒေသအားဖြင့်ရော၊ အချိန်ကာလအားဖြင့်ပါ မညီမျှသည့်အပြင် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေနှင့် လုပ်ငန်းသုံးရေဆိုင်ရာ ပြဿနာများ ပေါ်ပေါက်နေရသည်။ မိုးရွာသွန်းခြင်း နေရာဒေသအားဖြင့်မညီမျှမှုဆိုသည်မှာ ကမ်းရိုးတန်းဒေသများ၌ မိုးကောင်း၍ အရှေ့နှင့် အရှေ့မြောက်ပိုင်းတွင် သင့်တင့်သောမိုးရွာပြီး အလယ်ပိုင်း၌ မိုးနည်းခြင်းကို ဆိုလိုသည်။ ရေအရင်းအမြစ် အများစုသည် လူနေဒေသများနှင့် ဝေးကွာသောအရပ်၌ တည်ရှိသည်။ အချိန်ကာလအားဖြင့်မညီမျှမှုမှာ မိုးတွင်းကာလသည် ပျမ်းမျှလေးလခန့်ရှိပြီး ကျန်ရှစ်လတွင် ခြောက်သွေ့ နေခြင်း ဖြစ်သည်။ ယင်းအခြေအနေတွင် … Continue reading မြန်မာပြည်မှာရွာသည့်မိုး
အာရှနှင့်မြန်မာ မြေအောက်ရေ(အတိမ်ပိုင်း)အခြေအနေ
အမေရိကန်အာကာသအဖွဲ့အစည်း(နာဆာ)၏ GRACE-FO ဂြိုဟ်တုနှင့် အခြားလေ့လာချက်များမှရရှိသည့် အချက်အလက်များဖြင့် ပေါင်းစပ်ပုံဖော်ထားသော ၂၀၂၀ ဒီဇင်ဘာ ၂၈ ရက်(ပြီးခဲ့သည့်လေးရက်) အာရှနှင့်မြန်မာ မြေအောက်ရေ(အတိမ်ပိုင်း)အခြေအနေပြပုံကို ဝေမျှပါသည်။ ပုံများသည် ၁၉၄၈ မှ ၂၀၁၂ ကြားအခြေအနေနှင့် လက်ရှိအခြေအနေတို့ကို နှိုင်းယှဉ်တွက်ချက်ထားခြင်း ဖြစ်ပြီး အပြာရောင်ဒေသများသည် ပုံမှန်ထက်စိုစွတ်(မြေအောက်ရေများ)နေပြီး အစိမ်း၊ အညိုရောင်ချယ်ဒေသများသည် ပုံမှန်ထက်ခြောက်သွေ့(မြေအောက်ရေလျော့နည်း)နေကြောင်း ညွှန်းဆိုသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ထိခိုက်လွယ်မှုအခြေအနေ
"ထိခိုက်လွယ်မှုအခြေအနေ-မြန်မာနိုင်ငံ " အစီရင်ခံစာပါ ရေနှင့်ပတ်သက်သောအချက်အလက်များမှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ဆိုင်သည်များကို ရွေးထုတ်ဝေမျှပါသည်။ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုမှ မြန်မာနိုင်ငံအား ရာသီဥတုဖြစ်စဉ် ပြင်းထန်လွန်မှုများကြောင့် ထိခိုက်အလွယ်ဆုံး (၃) နိုင်ငံတွင် ထည့်သွင်းထားသည်။ ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ရေဆိုးနုတ်စနစ် - ၂၀၁၄ သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝှမ်း အိမ်ထောင်စုများအားလုံး၏ (၂၆%) သည် အန္တရာယ်ကင်းသော ရေဆိုးနုတ်စနစ် ကင်းမဲ့နေကာ၊ (၃၁%) သည် သန့်ရှင်းကောင်းမွန်သည့် သောက်သုံးရေရရှိမှု မရှိဟု ဖော်ပြထားသည်။ ရခိုင်ဒေသသည် အန္တရာယ်ကင်းသော ရေဆိုးနုတ်စနစ်အဆင့်တွင် သိသာထင်ရှားစွာ အနိမ့်ဆုံးဖြစ်ကာ ဧရာဝတီ၊ ပဲခူး၊ ရခိုင်နှင့် ရန်ကုန်တိုင်းဒေသများသည် ပိုမိုကောင်းမွန်သောရေအရင်းအမြစ်ရရှိမှု အနည်းဆုံးဖြစ်သည်။ မသန့်ရှင်းသော ရေနှင့် ရေဆိုးနုတ်စနစ်ရှိသော ဒေသများသည် နေရာထိုင်ခင်း နွမ်းပါးသည့် ဒေသများနှင့် အဓိကအားဖြင့် တစ်နေရာတည်း ဖြစ်နေသည်ကို … Continue reading ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ထိခိုက်လွယ်မှုအခြေအနေ
လျော့နည်းလာနေသော မြေပေါ် မြေအောက်ရေ (Terrestrial Water Storage (TWS)) ပမာဏ
ဒေသတစ်ခု၏ ရေရရှိရေး အခြေအနေကို သိရန်၊ အနာဂတ် ရေရရှိရေး အလားအလာကို ခန့်မှန်း တွက်ချက်ရန် Terrestrial Water Storage (TWS) သည် အရေးပါသော အချက်များအနက် တစ်ခု ဖြစ်သည်။ မြေအောက်ရေ၊ မြေမျက်နှာပြင် အနီးရှိ သစ်မြစ်ဇုန်၊ မြေဆီလွှာ စသည်တို့ရှိရေ၊ သစ်ပင်များထဲရှိ ရေ၊ မြစ်ရေ၊ ကန်ရေ၊ ဆီးနှင်း၊ ရေခဲပြင်၊ ရေခဲမြစ်တို့၏ အစုအပေါင်းသည် Terrestrial Water Storage (TWS) ဖြစ်၍ ယင်းကို "မြေပေါ်မြေအောက်ရေ" ဟု ပြန်ဆိုနိုင်သည်။ ဒေသတစ်ခုရှိ မြေပေါ်မြေအောက်ရေ ပမာဏသည် ယင်းဒေသတွင် ဖြစ်ပေါ်သော ရေကြီးရေလျှံမှု၊ မိုးခေါင်မှုတို့အပေါ် မူတည်၍ အပြောင်းအလဲ ရှိသော်လည်း ယခင်က မြေပြင်တိုင်းတာချက်များ မစုံလင်ခြင်း၊ ဒေသတစ်ခု၏ … Continue reading လျော့နည်းလာနေသော မြေပေါ် မြေအောက်ရေ (Terrestrial Water Storage (TWS)) ပမာဏ
ရေချိုပမာဏလျော့နည်းလာခြင်း
ဆီးနှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီး စသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ်ရွေ့လျားနေရာ ယင်းရွေ့လျားမှုကြောင့်ဖြစ်ပေါ်သော ကမ္ဘာ့ဒြပ်ဆွဲအားပြောင်းလဲမှုကို ဂရေ့စ်ဂြိုဟ်တုနှစ်လုံး(The Gravity Recovery and Climate Experiment - GRACE)က မှတ်တမ်းတင်ပြီး ဒေသတစ်ခုအတွင်း ရေထုအတိုးအလျော့ကို တွက်ချက်ပုံဖော်ပေးသည်။ ဂရေ့စ်သည် ရေအရင်းအမြစ်များကို တိုက်ရိုက်တိုင်းတာနိုင်သည့် ပထမဆုံးဂြိုဟ်တုများဖြစ်၍ ယင်းတို့မှရသည့်အချက်အလက်များသည် အခြားဂြိုဟ်တုများမှရသည်တို့ထက် ပိုမိုတိကျသည်။ ဂရေ့စ်ဂြိုဟ်တုဖြင့် လေ့လာထားသည့်အောက်ပါပုံအရ အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်၊ မလေးကျွန်းဆွယ်နှင့် မြန်မာတို့တွင် ၂၀၀၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကာလအတွင်း စုစုပေါင်းရေချိုပမာဏသည် ယင်းမတိုင်မီကာလကထက် လျော့နည်းနေကြောင်း သိရသည်။ စုစုပေါင်းရေချိုဆိုသည်မှာ ဆီးနှင်း၊ မြေပေါ်ရေ၊ မြေဆီလွှာအတွင်းရှိရေ၊ မြေအောက်ရေများကိုပေါင်း၍ခေါ်ခြင်းဖြစ်သည်။ အိန္ဒိယနှင့်ဘင်္ဂလားဒက်ရှ်တို့တွင် စုစုပေါင်းရေချိုပမာဏလျော့နည်းခြင်းသည် မြေအောက်ရေအထုတ်များ၍ ဖြစ်ပြီး မလေးကျွန်းဆွယ်၌ မိုးရွာသွန်းမှုလျော့နည်း၍ … Continue reading ရေချိုပမာဏလျော့နည်းလာခြင်း