လူဦးရေ ၁၀၁ သန်း နေထိုင်ကာ နိုင်ငံ အကျယ်အဝန်း ၁၀၀၁၄၄၉ စတုရန်း ကီလိုမီတာ (၂၈၆၆၆၂ စတုရန်းမိုင်) ရှိသော အီဂျစ်နိုင်ငံသည် အာဖရိကတိုက်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်၊ မြောက်ဘက်တွင် မြေထဲ ပင်လယ်၊ အရှေ့ဘက်တွင် အစ္စရေးနှင့် ပင်လယ်နီ၊ တောင်ဘက်၌ ဆူဒန်နှင့် အနောက်ဘက်၌ လစ်ဗျား နိုင်ငံတို့ ရှိသည်။ အီဂျစ်တွင် ဧပြီလလယ်မှ အောက်တိုဘာလလယ်အထိ နွေရာသီနှင့် အောက်တိုဘာလလယ်မှ ဧပြီလလယ်အထိ ဆောင်းရာသီ၊ ရာသီနှစ်မျိုးသာ ရှိသည်။ အီဂျစ်နိုင်ငံကို မြေမျက်နှာ သွင်ပြင်အားဖြင့် အနောက်ပိုင်း သဲကန္တာရ၊ နိုင်းလ်မြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်၊ အရှေ့ပိုင်း သဲကန္တာရ၊ ဆိုင်နိုင်းကျွန်းဆွယ် ဟူ၍ လေးပိုင်း ခွဲခြားနိုင်သည်။ အနောက်ပိုင်း သဲကန္တာရ ဒေသတွင် မြစ်ချောင်းများ မရှိဘဲ … Continue reading အီဂျစ်နိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု
Tag: Wastewater Reuse
ရေဘက်ဆိုင်ရာ ကဏ္ဍနှင့် ပတ်လည် စီးပွားရေး ပုံစံ
ပြန့်ကား ကြီးထွားလာနေသော မြို့ကြီးများနှင့်အတူ စိန်ခေါ်မှုများကလည်း လိုက်ပါ ကြီးမားလာနေသည်၊ ၂၀၅၀ ပြည့်နှစ်တွင် မြို့ပြ လူဦးရေသည် ယခုထက် နှစ်ဆများလာမည်၊ လက်ရှိတွင် မြို့ပြများ၏ ရေအသုံးသည် ကမ္ဘာ့စုစုပေါင်း ရေအသုံး၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား ရှိနေရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ ရောက်လာမည်ဟု ခန့်မှန်းကြသည်။ ရေလိုအပ်ချက် များပြားလာခြင်းနှင့်အတူ စွန့်ပစ်ရေ ပမာဏနှင့် ရေညစ်ညမ်းမှုတို့သည်လည်း သဘာဝကျစွာ ကြီးထွားလာမည်။ ရေမဖူလုံမှု၊ ရှိသည့်ရေ ညစ်ညမ်းမှု ပြဿနာကို ကမ္ဘာမြို့ကြီးတိုင်း ရင်ဆိုင်ရမည် ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲနှင့် ဝင်ငွေနည်း နိုင်ငံများရှိ မြို့ကြီးများအား စိန်ခေါ်ချက်သည် ပို၍ များသည်။ ယင်းကို ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိသည့်အနက် စွန့်ပစ်ရေများကို စီးပွားရေး … Continue reading ရေဘက်ဆိုင်ရာ ကဏ္ဍနှင့် ပတ်လည် စီးပွားရေး ပုံစံ
ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်စ၍ ရေနံကြောင့် သူဌေးဖြစ်လာခဲ့သည့် ဆော်ဒီအာရေဗျ နိုင်ငံတွင် ရေအရင်း အမြစ်များက အလွန် ဆင်းရဲလှသည်၊ ပျမ်းမျှ တစ်နှစ် မိုးရေချိန် ၁၅၀ မီလီမီတာ (ခြောက်လက်မ) မျှသာ ရွာသည်၊ မြန်မာ့ ခြောက်သွေ့ ဒေသထက်ပင် မိုးနည်းသည်၊ ဆော်ဒီ၌ အမြဲ စီးဆင်းနေသော မြစ်ချောင်းများလည်း မရှိသောကြောင့် သာမန်တွေးပါက ဆော်ဒီတွင် ရေကာတာ မရှိဟု ထင်နိုင်သည်။ မြေပေါ်ရေ သို့သော် နည်းပါးလှသော မိုးရေသည်ပင် ရံခါ လျှပ်တစ်ပြက် ရေကြီးသည်အထိ ဖြစ်တတ်သေးရာ ယင်းရေများကို အလဟသ မဖြစ်စေဘဲ တားဆီး စုဆောင်းထားသော ရေကာတာပေါင်း ၂၀၀ ကျော်ရှိပြီး တစ်နှစ်လျှင် ရေကုဗပေ ၁၆ ဘီလျံကုဗပေ(၀ . … Continue reading ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ
သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
မိလ္လာအညစ်အကြေးရေတို့ကိုသန့်စင်၍ပြန်သောက်ပါဟုဆိုလျှင် အချို့သူများအဖို့ ပြန်သောက်ဖို့မဆိုထားနှင့်၊ ကြားရရုံမျှဖြင့်ပင် အော့ချင်အန်ချင်ဖြစ်လာကြမည်။ သို့သော် ကမ္ဘာ့အချို့ဒေသများတွင် မိလ္လာနှင့် အခြား ရေဆိုးများကို သန့်စင်ပြီး စိုက်ပျိုးရေနှင့် စက်မှုလုပ်ငန်းသုံးရေအပြင် သောက်သုံးရေအဖြစ်ပါ ပေးဝေနေခြင်းကို လက်တွေ့ အောင်မြင်စွာ လုပ်ဆောင်လျက်ရှိသည်။ ယင်းအချက်က ကောင်းမွန်သန့်ရှင်းသည့် ရေအရင်းအမြစ် ရှာရသည်မှာ ခက်သထက်ခက်လာနေသည့် အခြေအနေကို မီးမောင်းထိုးပြသည့်အပြင် ရေဆိုးများကိုပြန်လည်သန့်စင်အသုံးပြုခြင်းဖြင့်လည်း ရေပြဿနာ တစ်စိတ်တစ်ပိုင်း ပြေလည်နိုင်ကြောင်း ညွှန်းဆိုလိုက်ခြင်းပင် ဖြစ်သည်။ ယင်းနည်းပညာကို လွန်ခဲ့သောနှစ်ပေါင်း ၈၀ ခန့်ကတည်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် စတင် အသုံးပြုခဲ့သည်။ သို့သော် သန့်စင်ပြီးရေကို စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းစသည့် သောက်သုံးရန် မဟုတ်သောနေရာတို့တွင်သာ အသုံးချခဲ့သည်။ နောက်ပိုင်း နည်းပညာများ ပိုတိုးတက်လာသောအခါ သောက်သုံးနိုင်သည့် အဆင့်အထိ ရောက်ရှိအောင်မြင်လာခဲ့ကြသည်။ အမေရိကန် ကြည်းတပ်နှင့် ကမ်းတက်တပ်သည် … Continue reading သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
အစ္စရေးရေအရင်းအမြစ်
အစ္စရေးရှိ Reverse Osmosis နည်းပညာသုံးကမ္ဘာ့အကြီးဆုံးရေချိုချက်စက်ရုံ အစ္စရေးနိုင်ငံ၏တစ်နှစ်ပျမ်းမျှမိုးရေချိန်သည် ၂၁ လက်မမျှသာဖြစ်ရာ မြန်မာနိုင်ငံ ခြောက်သွေ့ဒေသ၏ မိုးရေချိန်နှင့်နီးစပ်သည်။ မြန်မာ့ ခြောက်သွေ့ဒေသ၌ ရေအခက်အခဲကြီးမားသည့်နည်းတူ အစ္စရေးတွင်လည်း ရေပြဿနာကြီးကြီးမားမားရှိခဲ့သည်။ ယခုအခါ မြန်မာတွင် ခြောက်သွေ့ဒေသ၌သာမက မိုးများသည့်ဒေသ အချို့တွင်ပါ ရေအခက်အခဲရှိနေသော်လည်း အစ္စရေးတွင်မူ ရေများပိုလျှံသည့် အခြေအနေသို့ ရောက်သွားပြီ။ သူတို့ ရေအရင်းအမြစ်ကိုဘယ်လိုစီမံသလဲ လေ့လာပြီး သိလာသည်ကို အတိုချုံး၍ မျှဝေပါသည်။ အစ္စရေးသည် ၁၉၄၈ ခုနှစ် မေလ၌ သီးခြားလွတ်လပ်သောနိုင်ငံဖြစ်လာခဲ့ရာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်နှင့် လပိုင်းသာကွာသည်။ သီးခြားနိုင်ငံ ထူထောင်ပြီး နှစ်နှစ်ကျော်အကြာတွင် နိုင်ငံရေဖူလုံရေးကို အလေးထား၍ အစ္စရေးအမျိုးသားရေပေးရေးအဖွဲ့(The National Water Carrier)ကို တည်ထောင်ကာ ဂလီလီရေချိုအိုင်မှ ရေများကို စတင်ပေးဝေသည်။ ဂလီလီမှရေများ၊ မြေအောက်ရေများစုစုပေါင်းတစ်ရက်လျှင် … Continue reading အစ္စရေးရေအရင်းအမြစ်