မြန်မာနိုင်ငံရှိ မိုးလေ၀သစခန်း ၃၅ ခု၏ မှတ်တမ်းများအရ ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်ပြည်လုံး အတိုင်းအတာဖြင့် မိုးရေချိန်နှင့် အပူချိန် သိသိသာသာ တိုးလာခဲ့သည်။ ၁၉၈၁ မှ ၂၀၂၀ အထိ၊ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်သည် ၁ . ၁ ဒီဂရီ စင်တီဂရိတ်ခန့် တိုးလာပြီး တစ်နှစ်တာ မိုးရေချိန်သည် ၁၅၇ . ၇ မီလီမီတာခန့် များလာသည်။ မိုးရွာသွန်းမှု နှစ်ပေါင်း ၃၀ အတွင်း တစ်နှစ်တာ မိုးရေချိန် များလာမှု မိုးရေချိန် တိုးလာသည် ဆိုရာ၌ ပျံ့ပျံ့နှံ့နှံ့နှင့် ရွာသွန်းခြင်း မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နေရာတည်းတွင် မိုးအလွန် သည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် … Continue reading ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ
Category: Droughts
ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ - ၁ - လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ - မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ - ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ - သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ - သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ - ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ - အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊ … Continue reading ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ
အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုတစ်ခုတွင် မြေအောက်ခန်းထဲ ဝင်လာသော ရေများကြောင့် လူအချို့ သေဆုံးခဲ့ရသည်။ ကနေဒါတွင် အပူလွန်ကဲရာမှ ပေါ်ပေါက်သော တောမီးသည် ရွာငယ်ကလေး တစ်ရွာလုံးကို ဝါးမြိုဖျက်ဆီးပစ်ခဲ့သည်။ ဆီးနှင်းများသာကျသည့် ဂရင်းလန်းကျွန်းတွင် မကြုံစဖူး မိုးရွာသည်။ ယင်းဖြစ်စဉ်များသည် သဘာဝဘေးများဟု ထင်စရာရှိသော်လည်း လူတို့ကြောင့် ပြောင်းလဲလာသော ရာသီဥတုကို အရင်းခံသည်သည်ဟု အတိအကျ မပြောနိုင်သည့်တိုင် ထိုသို့ယူဆစရာ အထောက်အထား များစွာရှိနေသည်၊ လူတို့ကြောင့် ပေါ်လာသော အန္တရာယ်များကို လူတို့ကသာ လျော့ပါးအောင် လုပ်နိုင်သည်၊ ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စကော့တလန်နိုင်ငံ ဂလပ်စဂိုအစည်းအဝေး အပါအဝင် အစည်းအဝေးအတော်များများ ကျင်းပခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ကတိကဝတ် ပေးသော အဆင့်တွင်သာရှိပြီး ထိရောက်သော လုပ်ဆောင်မှု နည်းပါးနေသေးသည်။ လူတို့၏ လုပ်ဆောင်မှု … Continue reading ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ
ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ
တစ်ကမ္ဘာလုံးရှိ ရေနှင့်မြေမျက်နှာပြင်၊ အပင်တို့မှ ရေငွေ့ပျံခြင်းသည် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား ကာလတွင် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခဲ့ကြောင်း တိုင်းတာရရှိသည်။ အပူချိန် မြင့်မားလာသဖြင့် ရေငွေ့ပျံမှုလည်း လိုက်၍ များမှန်းသိခဲ့ကြသော်လည်း ထိုမျှပိုမိုအငွေ့ပျံနေသည်ကိုမူ အခုမှ သိကြရသည်။ ရေငွေ့ပိုပျံလာကြောင်း တိကျသေချာစွာ သိရှိရသည်မှာ ဂရေ့စ်ဂြိုဟ်တုများ (Gravity Recovery and Climate Experiment (GRACE) satellites )မှ တိုင်းတာ ပေးပို့လိုက်သော အချက်အလက်များကြောင့် ဖြစ်သည်။ ဂရေ့စ်ဂြိုဟ်တုနှစ်လုံးသည် ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၌ လည်းကောင်း၊ ယင်းဂြိုဟ်တုများ သက်တမ်းကုန်ပြီးနောက် ထပ်မံလွှတ်တင်သော ဂရေ့စ်ဂြိုဟ်တုနှစ်လုံးက ၂၀၁၈ ခုနှစ် နောက်ပိုင်း၌ လည်းကောင်း ကမ္ဘာပတ်လမ်းကြောင်းထဲ၌ ပျံသန်းကာ မြေဆွဲအားကို တိုင်းတာနေခဲ့သည်။ … Continue reading ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ
မိုးခေါင်၍ရေပြတ်လုဖြစ်ခဲ့သောမြို့ကြီးများ
၁၈၇၆ ခုနှစ်နှင့် ၁၈၇၈ ခုနှစ်များကြားတွင် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၌ ကြုံတွေ့ခဲ့ရသည့် မိုးခေါင်မှုကြောင့် ရေလျော့နည်း သီးနှံအထွက်ကျဆင်းကာ လူသန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ တရုတ်နိုင်ငံပြည်နယ်ငါးခု၌ လူဦးရေ ၁၀၈ သန်း နေထိုင်သည့်အနက် ကိုးသန်းမှ ၁၃ သန်းကြားသေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် မိုးခေါင်၍ အငတ်ဘေးကြုံခဲ့ကာ လူပေါင်းငါးသန်းခွဲမျှ သေဆုံးခဲ့သည်။ ခေတ်သစ်ရေအခက်အခဲ ၁၉ ရာစုနှစ်များနှင့် ၂၀ ရာစုအဦးပိုင်းအထိဖြစ်ပွားခဲ့သော မိုးခေါင်မှုများသည် ပစိဖိတ်သမုဒ္ဒရာတွင် ပေါ်ပေါက်သည့် အယ်လ်နီညိုဖြစ်စဉ်အပါအဝင် ဒေသတွင်းရာသီဥတုဖောက်ပြန်မှုအချို့ကြောင့် ဖြစ်သည်။ ယင်းကာလနောက်ပိုင်းတွင်မူ အဆိုပါအကြောင်းရင်းများအပြင် တစ်ကမ္ဘာလုံး ရာသီဥတု ပြောင်းလဲခြင်းကြောင့်လည်း အချို့နေရာများတွင် မိုးခေါင်လာသည်။ တစ်ချိန်က မိုးခေါင်ခြင်းကြောင့် ကျေးလက်များတွင် အများဆုံး ဒုက္ခရောက်ခဲ့ကြသော်လည်း ၂၁ ရာစုတွင် ယင်းဖြစ်စဉ်၏ အကျိုးဆက်ကို မြို့ပြနေသူများပါ ဆိုးရွားစွာခံစားလာကြရသည်။ … Continue reading မိုးခေါင်၍ရေပြတ်လုဖြစ်ခဲ့သောမြို့ကြီးများ
ရေဖောင်မည်ကတစ်မျိုး မိုးခေါင်မည်ကတစ်သွယ်
ရေနွေးအိုးတည်သောအခါ ရေအပူချိန်မြင့်လာမှုကြောင့် အငွေ့ပျံပြီး အခန်းထဲတွင် ရေငွေ့များလာသကဲ့သို့ မြင့်တက်လာနေသော ကမ္ဘာ့အပူချိန်သည် ရေထုကို အပူတိုက်သဖြင့် အငွေ့ပျံမှုပိုလာကာ လေထုထဲရှိ ရေငွေ့ပမာဏ တိုးတက် များပြားလာလျက် ရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့် သဘာဝရေသံသရာ လည်ပတ်မှု ထိခိုက်ပြောင်းလဲကာ မိုးရွာသွန်းမှုပုံစံကို တစ်နည်းတစ်ဖုံကမောက်ကမ ဖြစ်စေလျက် ရှိသည်။ အချို့နေရာ မိုးပိုရွာ ယခုအခါ ပူနွေးလာသည့် ကမ္ဘာ့ရာသီဥတုကြောင့် ရေထုတွင်းမှ ရေငွေ့ပျံမှု ပိုလာပြီး ရေသံသရာလည်ပတ်မှု ပိုမြန်ဆန်လာလျက် ရှိသည်။ ဂြိုဟ်တုတိုင်းတာချက်များက သမုဒ္ဒရာရေပြင်အပေါ်ပိုင်း လေထုတွင်း ရေငွေ့ ပါဝင်မှုသည် ၁၉၈၈ ခုနှစ်မှစ၍ ၁၀ နှစ်အတွင်း ၁ ရာခိုင်နှုန်းတက်လာကြောင်း ဖော်ပြသည်။ ကမ္ဘာ့မျက်နှာပြင်၊ ရေထုနှင့် မြေထုမှ အငွေ့ပျံမှု များလျှင် မိုးနှင့်ဆီးနှင်းရွာကျခြင်းလည်း များသည်။ ထို့ကြောင့် ကမ္ဘာ့အပူချိန် … Continue reading ရေဖောင်မည်ကတစ်မျိုး မိုးခေါင်မည်ကတစ်သွယ်
ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ
နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကိုမေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့်ပြောကြသည်။ ယင်း 'မိုးလေဝသ'ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူးတတွဲတွဲ ရေးသားပြောဆိုနေကြသော စကားလုံးတစ်ခုမှာ 'ရာသီဥတု' ဖြစ်သည်။ အချို့က မိုးလေဝသနှင့်ရာသီဥတုတို့ကိုရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာယင်းအရပ်၏ မိုးလေဝသအခြေအနေဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ်ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံးပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို သို့မဟုတ် လအတန်ကြာ ရွာသွန်းနေသဖြင့် ယင်းဒေသ၏ နေ့စဉ်မိုးလေဝသအခြေအနေကိုမေးလျှင် ပူသည်၊ မိုးရွာသည်စသည့်အဖြေများကိုသာ ကြားရမည်။ အဆိုပါ နေ့စဉ်ကြုံတွေ့ရသော မိုးလေဝသအခြေအနေများကို ကာလကြာစုပေါင်း၍ အီကွေတာဒေသတွင် ပူအိုက်စွတ်စိုသောရာသီဥတု ရှိသည်ဟု … Continue reading ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ