ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံရှိ မိုးလေ၀သစခန်း ၃၅ ခု၏ မှတ်တမ်းများအရ ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်ပြည်လုံး အတိုင်းအတာဖြင့် မိုးရေချိန်နှင့် အပူချိန် သိသိသာသာ တိုးလာခဲ့သည်။ ၁၉၈၁ မှ ၂၀၂၀ အထိ၊ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်သည် ၁ . ၁ ဒီဂရီ စင်တီဂရိတ်ခန့် တိုးလာပြီး တစ်နှစ်တာ မိုးရေချိန်သည် ၁၅၇ . ၇ မီလီမီတာခန့် များလာသည်။ မိုးရွာသွန်းမှု နှစ်ပေါင်း ၃၀ အတွင်း တစ်နှစ်တာ မိုးရေချိန် များလာမှု မိုးရေချိန် တိုးလာသည် ဆိုရာ၌ ပျံ့ပျံ့နှံ့နှံ့နှင့် ရွာသွန်းခြင်း မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နေရာတည်းတွင် မိုးအလွန် သည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် … Continue reading ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ

ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်

ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ - ၁ - လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ - မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ - ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ - သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ - သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ - ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ - အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊ … Continue reading ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်

၂၀၁၅ ခုနှစ် မြန်မာ့ရေဘေးနှင့် ရေလှောင်တမံများ (ဦးဇော်ဝင်း(ဆည်မြောင်း)၊ အေးမြင့်(ညောင်တုန်း)၊ ကျော်ဦး)

ရေကြီးမှုဖြစ်စဉ်များ မြန်မာနိုင်ငံ ရေကြီးမှု ဖြစ်စဉ်များကို လေ့လာလျှင် အောက်ပါအတိုင်း တွေ့ရှိရသည်။ ၁။ မြစ်ကြီးများ၏ မြစ်ဖျားပိုင်းတွင် မိုးဆက်တိုက် ရွာသွန်းပြီးနောက် မြစ်အောက်ပိုင်း၌ ဖြစ်ပေါ်သော ရေကြီးခြင်းများ ၂။ ဒေသအလိုက် ဖြစ်ပေါ်သော ရေကြီးခြင်းများ ဒေသအလိုက် ရေကြီးမှုများတွင် မြို့ပြရေကြီးမှုများသည် မြေအောက်ရေနှင့် အစိုဓာတ်များသော မြေလွှာ ရှိနေခြင်း၊ မြို့ပြ ဖွံ့ဖြိုး တိုးတက်လာသဖြင့် ကွန်ကရစ်လမ်းများ၊ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်လာ၍ မြေကြီးထဲသို့ ရေစိမ့်ဝင်နှုန်း မကောင်းခြင်း၊ ရေနုတ်မြောင်းနှင့် ရေနုတ်အဆောက်အအုံများ ပြိုပျက်ခြင်း၊ စနစ်တကျ တည်ဆောက်မထားခြင်း၊ မြောင်းများ ပိတ်ဆို့နေခြင်း ယာယီ ရေထိန်းနိုင်သော ကစားကွင်း၊ ပန်းခြံ၊ ရေလှောင်ကန်တို့ လျော့နည်းသွားခြင်း စသည် တို့ကြောင့် ဖြစ်သည်။ ကျေးလက်ဒေသများ၌ မြစ်ချောင်းများပေါ်တွင် တည်ဆောက်ထားသော … Continue reading ၂၀၁၅ ခုနှစ် မြန်မာ့ရေဘေးနှင့် ရေလှောင်တမံများ (ဦးဇော်ဝင်း(ဆည်မြောင်း)၊ အေးမြင့်(ညောင်တုန်း)၊ ကျော်ဦး)

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သော ရေကြီးရေလျှံမှုများအကြောင်း ပါမောက္ခဦးမောင်မောင်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံပထဝီဝင်အသင်း၏ ဦးဆောင်နာယက၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် အဖွဲ့ဝင်၊ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ၏ ပဓာနအကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ အမျိုးသားရေအရင်းအမြစ် ကော်မတီ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးမောင်မောင်အေးအား မြန်မာနိုင်ငံပထဝီဝင်အသင်းက မြန်မာ့ရေကြီးရေလျှံမှုများအကြောင်း ၂၀၁၈ ခုနှစ်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမေးမြန်းချက်ကို ဆရာဦးမောင်မောင်အေး၏ ခွင့်ပြုချက်ဖြင့် စာချောအောင် အနည်းငယ်တည်းဖြတ်ပြီး ဝေမျှပါသည်။ မေး (၁) မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကို သုံးသပ်ပေးပါဆရာ။ ဖြေ (၁) မြစ်ဝှမ်းအပေါ်ပိုင်းတွေမှာ ဆက်တိုက် အားကောင်းမောင်းသန် မိုးရွာချတဲ့အခါ မြစ်ရေကြီးခြင်း စဖြစ်တာပါပဲ။ ဧရာဝတီမြစ်ဝှမ်းကို ကြည့်မယ်ဆိုရင် မြောက်ဖျားပိုင်းက ရွာတဲ့မိုးက အဓိကဖြစ်ပါတယ်၊ မြစ်ဖျားပိုင်းကစပြီး တဖြည်းဖြည်းနဲ့ အောက်ဘက်ကို ဆင်းလာတာ။ ထူးခြားတာက အခု ဧရာဝတီ တိုင်းဒေသကြီးဘက်မှာ ရေကြီးတဲ့အသံ သိပ်မကြားရသေးပါဘူး၊ … Continue reading မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သော ရေကြီးရေလျှံမှုများအကြောင်း ပါမောက္ခဦးမောင်မောင်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ

အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုတစ်ခုတွင် မြေအောက်ခန်းထဲ ဝင်လာသော ရေများကြောင့် လူအချို့ သေဆုံးခဲ့ရသည်။ ကနေဒါတွင် အပူလွန်ကဲရာမှ ပေါ်ပေါက်သော တောမီးသည် ရွာငယ်ကလေး တစ်ရွာလုံးကို ဝါးမြိုဖျက်ဆီးပစ်ခဲ့သည်။ ဆီးနှင်းများသာကျသည့် ဂရင်းလန်းကျွန်းတွင် မကြုံစဖူး မိုးရွာသည်။ ယင်းဖြစ်စဉ်များသည် သဘာဝဘေးများဟု ထင်စရာရှိသော်လည်း လူတို့ကြောင့် ပြောင်းလဲလာသော ရာသီဥတုကို အရင်းခံသည်သည်ဟု အတိအကျ မပြောနိုင်သည့်တိုင် ထိုသို့ယူဆစရာ အထောက်အထား များစွာရှိနေသည်၊ လူတို့ကြောင့် ပေါ်လာသော အန္တရာယ်များကို လူတို့ကသာ လျော့ပါးအောင် လုပ်နိုင်သည်၊ ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စကော့တလန်နိုင်ငံ ဂလပ်စဂိုအစည်းအဝေး အပါအဝင် အစည်းအဝေးအတော်များများ ကျင်းပခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ကတိကဝတ် ပေးသော အဆင့်တွင်သာရှိပြီး ထိရောက်သော လုပ်ဆောင်မှု နည်းပါးနေသေးသည်။ လူတို့၏ လုပ်ဆောင်မှု … Continue reading ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ

မြို့ကြီးများ၌ ရေကြီးရေလျှံ ကာကွယ်ရေး (ကြည်ခင်)

ရန်ကုန်မြို့လမ်းမပေါ်မှာ ရေလျှံပြီး ရေထဲပြတ်ကျနေတဲ့ ဓာတ်ကြိုးကြောင့် လမ်းသွားနေတဲ့ ကျောင်းသား လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်၊ မိုးတွင်းမှာ မြန်မာပြည် တော်တော်များများမြို့တွေမှာ ရေလျှံပြီး နောက်ဆက်တွဲ ဒုက္ခတွေ၊ ရောဂါဘယတွေ၊ လူသေမူတွေ ဖြစ်လာပါတယ်။ တချို့နိုင်ငံတွေမှာ မြို့ပြတစ်ခု တည်ဆောက်တော့မယ်ဆိုရင် ရေဆိုး၊ မိလ္လာပိုက်စံနစ်၊ domestic and industrial sewer ၊ ရေလျှံရေမြောင်း stormwater drainage, link sewers, underground sewer စတာတွေကို ကြိုတင်စဉ်းစားပြီး plan drawing တွေ နဲ့ ဆွဲထားကြပါတယ်၊ လူဦးရေ ထူထပ်များပြားတဲ့ မြို့ကြီးတွေမှာ ရေမြောင်းများကို စနစ်တကျ တည်ဆောက်ထားကြပြီး မြေပေါ် မြေအောက်လိုဏ်ခေါင်းများနှင့် မိုးတွင်းရေလျှံရေကြီးမှုများကို ကာကွယ်ကြပါတယ်။ ရေထုတ်စနစ်နှစ်မျိုးရှိပါတယ်၊ မိုးရေနဲ့ အိမ်နဲ့စက်ရုံထွက်ရေဆိုးများကို တစ်ပေါင်းတည်းသယ်ယူစွန့်ပစ်စနစ်(combine … Continue reading မြို့ကြီးများ၌ ရေကြီးရေလျှံ ကာကွယ်ရေး (ကြည်ခင်)

မြစ်တို့ရဲ့အခွင့်အရေး (အေးမြင့်-ညောင်တုန်း)

တစ်ခေတ်တစ်ခါက ရေကြီးမှုတွေကာကွယ်ဖို့ဆိုရင် မြေသားတာတမံတွေ အခိုင်အမာ တည်ဆောက် မြှင့်တင်ပြီး ကာကွယ်ခဲ့ကြပါတယ်။ Structural Measure လို့ဆိုတဲ့ အင်ဂျင်နီယာ အဆောက်အအုံနဲ့ ဖြေရှင်းတဲ့နည်းပေါ့။ ရေဘေးကာကွယ်ရေးတွေ အဓိကလုပ်နေတဲ့ ကျွန်တော်တို့ရဲ့မိခင်ဌာန ဆည်မြောင်းမှာလည်း ဒီနေ့အထိ ဒီနည်းပဲ အဓိကထားလုပ်နေတာပါ။ ဒီအကြောင်းအရာနဲ့ ဆက်နွှယ်ပြီး "ဧရာဝတီရေကြီးမှု ပြဿနာကို ဆည်မဆောက်ဘဲ တာဆင့် တာမြှင့်နည်းတွေနဲ့ လုပ်လို့မရနိုင်ဘူးလား"လို့ ကမ္ဘာ့ဘဏ်မှာ ဒီနေ့အထိ အတိုင်ပင်ခံအင်ဂျင်နီယာလုပ်နေတဲ့ ဝါရင့်ဆရာသမားတစ်ဦးကို ကျွန်တော် မေးမြန်းခဲ့ဖူးပါတယ်။ "နှစ်တိုင်း အနည်နဲ့နုန်းပို့ချလို့ မြင့်တက်လာတဲ့ ဧရာဝတီမြစ်ကြမ်းပြင်အတိုင်း တာတွေ လိုက်မြှင့်နေမှာလား"လို့ ဆရာက ကျွန်တော့ကို ပြန်မေးပါတယ်။ သုတေသနလေ့လာမှု အလွန်တရာအားနည်းတဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ အင်ဂျင်နီယာတွေဟာ ဧရာဝတီအကြောင်း၊ ပြီးတော့ ရေကြီးမှုကာကွယ်ရေး အကြောင်း အများကြီး ဆက်လက် လေ့လာဖို့ … Continue reading မြစ်တို့ရဲ့အခွင့်အရေး (အေးမြင့်-ညောင်တုန်း)

ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ

တစ်ကမ္ဘာလုံးရှိ ရေနှင့်မြေမျက်နှာပြင်၊ အပင်တို့မှ ရေငွေ့ပျံခြင်းသည် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား ကာလတွင် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခဲ့ကြောင်း တိုင်းတာရရှိသည်။ အပူချိန် မြင့်မားလာသဖြင့် ရေငွေ့ပျံမှုလည်း လိုက်၍ များမှန်းသိခဲ့ကြသော်လည်း ထိုမျှပိုမိုအငွေ့ပျံနေသည်ကိုမူ အခုမှ သိကြရသည်။ ရေငွေ့ပိုပျံလာကြောင်း တိကျသေချာစွာ သိရှိရသည်မှာ ဂရေ့စ်ဂြိုဟ်တုများ (Gravity Recovery and Climate Experiment (GRACE) satellites )မှ တိုင်းတာ ပေးပို့လိုက်သော အချက်အလက်များကြောင့် ဖြစ်သည်။ ဂရေ့စ်ဂြိုဟ်တုနှစ်လုံးသည် ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၌ လည်းကောင်း၊ ယင်းဂြိုဟ်တုများ သက်တမ်းကုန်ပြီးနောက် ထပ်မံလွှတ်တင်သော ဂရေ့စ်ဂြိုဟ်တုနှစ်လုံးက ၂၀၁၈ ခုနှစ် နောက်ပိုင်း၌ လည်းကောင်း ကမ္ဘာပတ်လမ်းကြောင်းထဲ၌ ပျံသန်းကာ မြေဆွဲအားကို တိုင်းတာနေခဲ့သည်။ … Continue reading ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ

တရုတ်ပြည်မှာရွာသည့်မိုး

တရုတ်နိုင်ငံ ဝူဟန်မြို့သည် အကြောင်း သုံးခုကြောင့် ကျော်ကြားခဲ့သည်။ ၁၉၁၁ ခုနှစ်က ဝူဟန်ဒေသတွင် စတင်ခဲ့သောတော်လှန်ရေးကြောင့် တရုတ်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့သဖြင့် ဝူဟန်ကို ခေတ်သစ်တရုတ်နိုင်ငံ မွေးဖွားရာဒေသဟု သတ်မှတ်ကြသည်။ ဒုတိယအကြောင်းမှာ ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင် မြို့ကြီး သုံးမြို့စလုံးနှင့်တူညီသောအကွာအဝေးတွင်ရှိ၍ တရုတ်အစိုးရအဆက်ဆက်သည် ဝူဟန်ကို နယူးယောက်၊ လန်ဒန်စသည်တို့ကဲ့သို့ ကမ္ဘာ့မြို့တော်ကြီးတစ်ခုဖြစ်လာအောင် ရည်ရွယ်သည်။ တတိယအချက်မှာ မြို့တွင်းနှင့် မြို့ဝန်းကျင်တွင် သာယာလှပသောရေကန်ပေါင်း ၁၂၇ ကန်မျှ ရှိခဲ့သဖြင့် ကန်တစ်ရာမြို့ဟု ထင်ရှားခဲ့သည်။ ၂၀၁၉ မှစ၍မူ ဝူဟန်သည် ကိုဗစ်-၁၉ ဗိုင်းရပ်စတင်ပြန့်ပွားရာအဖြစ် ထင်ရှားလာသည်။ ဝူဟန်သည် ယခုအခါ ကန်တစ်ရာမြို့မဟုတ်တော့ပြီ။ ကန်တစ်ရာကျော်အနက် ကန်တစ်ရာနီးပါး ပျောက်ကွယ်သွားသဖြင့် ကန် ၃၀ သာရှိတော့သည်။ ထိုသို့ ဖြစ်ရသည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ … Continue reading တရုတ်ပြည်မှာရွာသည့်မိုး

ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

ကျေးလက်လူဦးရေက မြို့နေလူဦးရေထက် များနေသေးသော်လည်း ယခုအခါ ကမ္ဘာတွင် မြို့နေလူဦးရေသည် ကျေးလက်လူဦးရေထက် ကျော်လွန်သွားပြီး ဖြစ်သည်။ တသဲသဲ ဝင်လာနေသော လူတို့အတွက် နိုင်ငံအတော်များများတွင် မြို့ပြအကွက်အကွင်းများကို လျင်မြန်လှသောအရှိန်အဟုန်ဖြင့် ချဲ့ထွင်နေကြရသည်။ အသစ်အသစ်သောအဆောက်အအုံများသာမက မြို့ပြအင်္ဂါရပ်များဖြစ်ကြသည့် ကွန်ကရစ်နှင့်ကတ္တရာပြင်များ၊ လမ်းများသည်လည်း ဟိုမှသည်မှ ပေါ်ထွက်လာနေသည်။ ကွန်ကရစ် ကတ္တရာစသည့် ရေပိတ်လွှာ များလာသည်နှင့်အမျှ မြေအောက်သို့ ရေစိမ့်ဝင်မှု နည်းလာပြီး မြေပေါ်ရေစီး များလာသည်။ ကွန်ကရစ်နှင့် ကတ္တရာပြင်များ၊ လမ်းများကြောင့် သွားလာပို့ဆောင်ရေးတွင် အကျိုးရှိသည်မှာမှန်သော်လည်း မိုးရေများ မြေအောက်စီးဝင်နေမှုကို ပိတ်ဆို့လိုက်သည့် ဘေးထွက်ဆိုးကျိုးက ရှိနေသည်။ မြေကြီးထဲစိမ့်ဝင်၍ မရသောအခါ မိုးရေများသည် မျက်နှာပြင်ပေါ်မှတစ်ဆင့် မြောင်းများချောင်းများထဲ စီးဆင်းကြသည်။ မြောင်းများ ချောင်းများက ယခင်ကထက် ထုထည်များပြားသော မိုးရေများကို နုတ်သိမ်း၍မနိုင်သောအခါ လျှံတက်လာသဖြင့် ကမ္ဘာ့မြို့ကြီး … Continue reading ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

ရေဖောင်မည်ကတစ်မျိုး မိုးခေါင်မည်ကတစ်သွယ်

ရေနွေးအိုးတည်သောအခါ ရေအပူချိန်မြင့်လာမှုကြောင့် အငွေ့ပျံပြီး အခန်းထဲတွင် ရေငွေ့များလာသကဲ့သို့ မြင့်တက်လာနေသော ကမ္ဘာ့အပူချိန်သည် ရေထုကို အပူတိုက်သဖြင့် အငွေ့ပျံမှုပိုလာကာ လေထုထဲရှိ ရေငွေ့ပမာဏ တိုးတက် များပြားလာလျက် ရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့် သဘာဝရေသံသရာ လည်ပတ်မှု ထိခိုက်ပြောင်းလဲကာ မိုးရွာသွန်းမှုပုံစံကို တစ်နည်းတစ်ဖုံကမောက်ကမ ဖြစ်စေလျက် ရှိသည်။ အချို့နေရာ မိုးပိုရွာ ယခုအခါ ပူနွေးလာသည့် ကမ္ဘာ့ရာသီဥတုကြောင့် ရေထုတွင်းမှ ရေငွေ့ပျံမှု ပိုလာပြီး ရေသံသရာလည်ပတ်မှု ပိုမြန်ဆန်လာလျက် ရှိသည်။ ဂြိုဟ်တုတိုင်းတာချက်များက သမုဒ္ဒရာရေပြင်အပေါ်ပိုင်း လေထုတွင်း ရေငွေ့ ပါဝင်မှုသည် ၁၉၈၈ ခုနှစ်မှစ၍ ၁၀ နှစ်အတွင်း ၁ ရာခိုင်နှုန်းတက်လာကြောင်း ဖော်ပြသည်။ ကမ္ဘာ့မျက်နှာပြင်၊ ရေထုနှင့် မြေထုမှ အငွေ့ပျံမှု များလျှင် မိုးနှင့်ဆီးနှင်းရွာကျခြင်းလည်း များသည်။ ထို့ကြောင့် ကမ္ဘာ့အပူချိန် … Continue reading ရေဖောင်မည်ကတစ်မျိုး မိုးခေါင်မည်ကတစ်သွယ်

ဟိုတောင်ဆီမှာပြိုသည့်မိုး

"စိုက်ပျိုးရေလိုအပ်ချိန် နွေရာသီမှာ ရေခန်းခြောက်နေပေမယ့် စိုက်ပျိုးပြီး မိုးရာသီရောက်ရင် ရေဖုံးနေလို့ တောင်သူအများစု ဆင်းရဲတွင်းနက်နေပါတယ်" "မိုးရေတစ်ခုကိုအားကိုးပြီး တစ်နှစ်တစ်ကြိမ်မီအောင် ကြိုးစားပမ်းစားစိုက်ရတဲ့ စားသုံးသီးနှံများ ယခင်ကလိုမစိုက်နိုင်တာ နှစ်တွေကြာခဲ့ပါပြီ" "ဆောက်ခဲ့တဲ့ဆည်အချို့ဟာ ရေမရှိတဲ့ဆည်ကောများသာ ဖြစ်နေတယ်။ ရေရှိတဲ့ ဆည်အချို့ကျတော့ မြောင်းမရှိလို့ ရေမသွယ်နိုင်ဘူး" "မြောင်းရှိတဲ့ဆည်များရဲ့အနီးတစ်ဝိုက်အများဆုံးသုံးလေးမိုင်ခန့်သာ ရေသောက်သီးနှံ စိုက်နိုင်တယ်" ဤသည်တို့မှာ မြန်မာပြည်အလယ်ပိုင်း ခြောက်သွေ့ဒေသတောင်သူအချို့၏ ငြီးတွားသံ မကျေမနပ် ပြောဆိုသံများဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ခြောက်သွေ့ဒေသသည် ရေသံသရာပျက်ယွင်းလာမှုကြောင့် မိုးတွင်း၌ ရေပို၍ကြီးလာ၊ မုတ်သုန်ကာလတိုတောင်းလာသောဒဏ်ကို ခံနေရသောဒေသများထဲတွင် ပါသည်။ သဘာဝက မိုးနည်းနေသော်လည်း အဆိုပါအနည်းငယ်ရွာကျသည့်မိုးရေများသည်ပင် စိုက်ပျိုးရေး၊ သောက်သုံးရေ ရရှိရေးတို့ကို အကျိုးမပြုဘဲ ခြောက်သွေ့ဒေသတောင်သူများ၏ မျက်စိအောက်တွင်ပင် ချောင်းများ မြစ်များထဲသို့ စီးဆင်းသွားနေကြသည်။ လျှံရေကို အသုံးချ ခြောက်သွေ့ဒေသများတွင် မြေအောက်ရေ၊ မိုးတွင်း၌ရွာသော … Continue reading ဟိုတောင်ဆီမှာပြိုသည့်မိုး

မြစ်ရေကိုနေရာပေးခြင်း

မြစ်တစ်စင်း ချောမွေ့သန့်ရှင်းစွာ စီးဆင်းနေနိုင်ခြင်းတွင် မြစ်ကြမ်းပြင်၊ မြစ်ကမ်းပါးစသည်တို့ မပျက်စီးဖို့ လိုသည့်အပြင် ရေဝေဒေသ၊ ရေလွှမ်းလွင်ပြင်တို့ကို ထိန်းသိမ်းခြင်းကလည်း အရေးပါသည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာသောခေတ်တွင် ရေဝေဒေသ၏ တန်ဖိုး၊ ရေဝေဒေသအား ကောင်းစွာ ထိန်းသိမ်းရမည်ဆိုသည်တို့ကို သိလာကြသော်လည်း ရေလွှမ်းလွင်ပြင်၏အရေးပါပုံကိုမူ ကျယ်ပြန့်စွာ မသိကြသေးချေ။ ရေလွှမ်းလွင်ပြင်ဆိုသည်မှာ ပုံမှန်ထက်တိုးလာသောမြစ်ရေများ ကမ်းပါးတစ်ဖက်တစ်ချက်ကို ကျော်လွန်ကာ အချိန်ကာလတစ်ခုအထိ လွှမ်းမိုးဖုံးအုပ်သွားသော နယ်မြေဖြစ်သည်။ မြစ်ရေပြန်ကျသောအခါ ရေလွှမ်းလွင်ပြင်ရှိရေလည်း အတူလိုက်ပါကျဆင်းသည်။ ရေလွှမ်းလွင်ပြင်က ရေကို ယာယီထိန်းထားခြင်းကြောင့် မြစ်အောက်ပိုင်းဒေသများတွင် ရေဘေးအန္တရာယ် လျော့နည်းသည်၊ ဥပမာ အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်ရိုးတလျှောက်ရှိ ရေလွှမ်းလွင်ပြင်များသည် ရေဧကပေ ၃၉ သန်းကို ယာယီလက်ခံထားခြင်းဖြင့် မြစ်ရေကြီးမှုကို ထိန်းသိမ်းပေးနိုင်သည်။ (ဧကပေသည် တစ်ဧက အကျယ်၊ တစ်ပေအနက်ရှိ ရေထုထည်ဖြစ်သည်။) ရေလွှမ်းလွင်ပြင်များအား ပြန်လည်ထိန်းသိမ်းခြင်းဖြင့် … Continue reading မြစ်ရေကိုနေရာပေးခြင်း

ရန်ကုန်နှင့်မိုးရေ (Ko Chaw)

ရန်ကုန်မှာ တစ်နှစ်ကို ပျမ်းမျှ မိုးရေချိန် လက်မ တစ်ရာကျော် ရွာတယ်။ တစ်နှစ်ကို ရွာတဲ့ မိုးအတိုင်းအတာ ကိုးပေနီးပါး ရှိတယ်။ မြို့တော် စည်ပင်သာယာ နယ်နိမိတ်က 231 square miles လောက်ရှိတယ်လို့ အချက်အလက် အချို့ အရ သိရပါတယ်။ ဒီအရွယ်က စင်ကာပူ ကျွန်းမကြီး အရွယ်အစားနဲ့ မတိမ်းမယိမ်းပါ။ တွက်ကြည့်ရင် မြို့တော်စည်ပင် နယ်နိမိတ်အတွင်းမှာတင် တစ်နှစ်ကို မိုးရေ ဂါလန် သန်းပေါင်း သုံးသိန်း ခြောက်သောင်း (ကုဗမီတာ သန်းပေါင်း 1600 ခန့် = 425,163 MILLIONS US GALS) လောက် ရွာတဲ့ မိုးကို လက်ခံ ရရှိလေ့ရှိတယ်။ ရန်ကုန်တိုင်း တစ်ခုလုံး အတွက် ကြည့်မယ် … Continue reading ရန်ကုန်နှင့်မိုးရေ (Ko Chaw)