Evaporation
-
ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ
တစ်ကမ္ဘာလုံးရှိ ရေနှင့်မြေမျက်နှာပြင်၊ အပင်တို့မှ ရေငွေ့ပျံခြင်းသည် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား ကာလတွင် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခဲ့ကြောင်း တိုင်းတာရရှိသည်။ အပူချိန် မြင့်မားလာသဖြင့် ရေငွေ့ပျံမှုလည်း လိုက်၍ များမှန်းသိခဲ့ကြသော်လည်း ထိုမျှပိုမိုအငွေ့ပျံနေသည်ကိုမူ အခုမှ သိကြရသည်။ ရေငွေ့ပိုပျံလာကြောင်း တိကျသေချာစွာ သိရှိရသည်မှာ ဂရေ့စ်ဂြိုဟ်တုများ (Gravity Recovery and Climate Experiment…
-
အတုယူသင့်သော ကော်လိုရာဒိုမြစ် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု
အမေရိကန်နိုင်ငံ အနောက်ပိုင်း၏ အဓိကမြစ်ဖြစ်သည့် ကော်လိုရာဒိုမြစ်သည် ကီလိုမီတာ ၂၃၀ဝ ကျော် ရှည်ပြီး ရေဝေဒေသသည် ၆၃၀ဝဝဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ မြစ်ဖျားခံရာ ရော့ကီးတောင်တန်းများပေါ်မှ စတင်ကာ အနောက်တောင်ဘက်သို့ ဦးတည်၍ ကွေ့ကောက်ဝေ့ဝိုက် စီးဆင်းသည့် ကော်လိုရာဒိုမြစ်၏ ရေဝေဒေသတွင် ဝိုင်အိုးမင်း၊ နဗားဒါး၊ ယူထား၊ ကော်လိုရာဒို၊ ကယ်လီဖိုးနီယား၊ အရီဇိုးနား၊ နယူးမက္ကဆီကို ပြည်နယ်များနှင့် မက္ကဆီကိုနိုင်ငံ၏…
-
ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုကို လျှော့ချခြင်း
ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုလျှော့ချခြင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တစ်ခုရှိ သောက်သုံးရေကန်၌ စမ်းသပ်ခဲ့သည်။ စေတနာရှင်တစ်ဦးက ဦးစီး လုပ်ဆောင်ခဲ့သည့် အဆိုပါစမ်းသပ်ချက်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဇာစိမ်းစများဖြင့် ကန်ရေပြင်ကို အုပ်မိုးပေးထားသည်။ ဇာစိမ်းစကိုသုံးရခြင်းမှာ နေရောင်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ကာ အပူချိန်နည်းစေသည့်အပြင် ကန်ပေါ်ရွာကျလာမည့်မိုးရေများကိုလည်း အဟန့်အတား မဖြစ်သောကြောင့် ဖြစ်သည်။ ဇာစိမ်းစများကို ပင့်ထားနိုင်ရန် ပလတ်စတစ်ပုံး၊ ဝါးလုံးစသည်တို့ဖြင့် အောက်ခံ “ဖောင်”သဖွယ် ဦးစွာ…
-
အထက်ဆန်သည့်ရေ
အိမ်၊ ကျောင်း၊ ရပ်ကွက်စသည်တို့၏သောက်သုံးရေအတွက် အလုံပိတ် မိုးရေလှောင်ကန်များဖြင့် စနစ်တကျ ရယူခြင်းသည် ကျန်းမာရေးအတွက် စိတ်ချရသော်လည်း အချို့နေရာဒေသများတွင် ယင်းကန်များကို တည်ဆောက်ရန် လုံလောက်သောငွေကြေးမရနိုင်သဖြင့် ရပ်ရွာတွင်း မြေလွတ်များတွင် ကန်များတူး၍ မိုးရေစုဆောင်းကြရသည်။ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုပါကန်မျိုး အများအပြားကို တွေ့နိုင်ရာ မြို့တော်ရန်ကုန်နှင့် ရေမြေချင်းဆက်စပ်နေသော်လည်း ရေအခက်အခဲကြီးမားသည့် ဒလမြို့နယ် တစ်ခုတည်းတွင်ပင် ယင်းကန်မျိုး ၂၀၀ ခန့်ရှိသည်ဟု…
-
သောက်သုံးရေကန်များခန်းခြင်း
သောက်သုံးရေကန်များခန်းခြင်းအကြောင်းတွင် သုံးစွဲမှုအပြင် ရေငွေ့ပျံဆုံးရှုံးမှုကြောင့်လည်း ရာခိုင်နှုန်း အတော်များများ ပါသည်။ ရေငွေ့ပျံဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် အားထုတ်မှုများအနက် အိန္ဒိယနိုင်ငံ Pune အရပ်၌ ပြုလုပ်ခဲ့သောလေ့လာချက်တစ်ရပ်သည် စိတ်ဝင်စားဖွယ်ကောင်းသည်။ ရေကန်ငယ်ရှစ်ကန်တည်ဆောက်၍ လေးကန်ကို အဖုံးအကာမရှိထားပြီး ကန်နှစ်ကန်တွင် မြေကြီးထည့်ထားသောရေသန့်ဘူးအကြည်(PET)များ၊ ကျန်နှစ်ကန်ကို ရေသန့်ဘူးအကြည်အလွတ်များဖြင့် ဖုံးကာ ကန်ရှစ်ကန်မှရေငွေ့ပျံမှုပမာဏကို လေ့လာတိုင်းတာသည်။ ရေသန့်ဘူးအကြည်များဖြင့်ဖုံးထားသောကန်မှ ရေငွေ့ပျံနှုန်းသည် အပွင့်ကန်ထဲမှ ရေငွေ့ပျံနှုန်းထက် ၄၀ ရာခိုင်နှုန်းမျှ လျော့နည်းသည်။…
-
အငွေ့ပျံ၍ ဆုံးရှုံးသောကန်ရေ
မြန်မာနိုင်ငံဒေသအတော်များများတွင် ကန်ရေများစောစီးစွာ လျော့နည်းခန်းခြောက်ကုန်ကြသည့်သတင်းများကို အတော်စိပ်စိပ်ကြားလာရသည်။ ကန်ရေစောစီးစွာခန်းခြင်းသည် မိုးရေအဝင်နည်းခြင်းကြောင့် အဓိကဖြစ်ပြီး မိုးစောစောပြတ်၍ အပူကြောင့် စောစောနှင့်များများရေငွေ့ပျံခြင်းကြောင့်လည်း ပါသည်။ အငွေ့ပျံသည်ကို မမြင်နိုင်သော်လည်း အငွေ့ပျံ၍ ဆုံးရှုံးသောကန်ရေပမာဏက အတော်များသည်။ မြန်မာနိုင်ငံဒေသ အချို့၏ရေငွေ့ပျံနှုန်းသည် တစ်နှစ်လျှင်လက်မ ၆၀(ငါးပေ)ခန့်ရှိသည်။ သဘောမှာ ငါးပေနက်သော ကန်တစ်ကန်ကို ရေအပြည့်ထည့်၍ လုံးဝမသုံးဘဲဟင်းလင်းဖွင့်ထားလျှင် တစ်နှစ်ကြာသောအခါ အငွေ့ပျံခြင်းကြောင့် လုံး၀ ခန်းသွားမည်။ ရေငွေ့ပျံခြင်းအနည်းအများသည်…
-
မြန်မာနိုင်ငံအလယ်ပိုင်းဇုန်
“ထိခိုက်လွယ်မှုအခြေအနေ-မြန်မာနိုင်ငံ”အစီရင်ခံစာပါ ရေနှင့်ပတ်သက်သော အချက်အလက်များမှ အလယ်ပိုင်းဇုန်အခြေအနေကို ဆက်လက်တင်ပြပါမည်။ “ပုံမှန်အားဖြင့် အလယ်ပိုင်းဇုန်အတွင်း ပူပြင်းခြောက်သွေ့သည့်ရာသီတွင် အပူချိန်မှာ ၄၀ ဒီဂရီ ဆဲလ်စီယပ်ထိ ရောက်လေ့ရှိပြီး ရေခိုးရေငွေ့ပျံမှုနှုန်းများမှာ မိုးရွာသွန်းသည့်နှုန်းထက် နှစ်ဆများပြားနေပါသည်။ မိုးရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ခြင်းမှာ ယင်းဒေသတွင်းရှိ ကျေးလက်လူထုကြီးအတွက် အသက်မွေးမှု ပင်မရင်းမြစ်အဖြစ် ဆက်လက်ရှိနေပါသည်။ ထွန်ယက်စိုက်ပျိုးမြေ၏ ၁၆ ရာခိုင်နှုန်းအောက် ဖြစ်သည့် နည်းပါးသည့် စိုက်ပျိုးမြေအစိတ်အပိုင်းကိုသာ ဆည်မြောင်းရေထောက်ပံ့မှုကို…


