တစ်ကမ္ဘာလုံးရှိ ရေနှင့်မြေမျက်နှာပြင်၊ အပင်တို့မှ ရေငွေ့ပျံခြင်းသည် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား ကာလတွင် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာခဲ့ကြောင်း တိုင်းတာရရှိသည်။ အပူချိန် မြင့်မားလာသဖြင့် ရေငွေ့ပျံမှုလည်း လိုက်၍ များမှန်းသိခဲ့ကြသော်လည်း ထိုမျှပိုမိုအငွေ့ပျံနေသည်ကိုမူ အခုမှ သိကြရသည်။ ရေငွေ့ပိုပျံလာကြောင်း တိကျသေချာစွာ သိရှိရသည်မှာ ဂရေ့စ်ဂြိုဟ်တုများ (Gravity Recovery and Climate Experiment (GRACE) satellites )မှ တိုင်းတာ ပေးပို့လိုက်သော အချက်အလက်များကြောင့် ဖြစ်သည်။ ဂရေ့စ်ဂြိုဟ်တုနှစ်လုံးသည် ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၌ လည်းကောင်း၊ ယင်းဂြိုဟ်တုများ သက်တမ်းကုန်ပြီးနောက် ထပ်မံလွှတ်တင်သော ဂရေ့စ်ဂြိုဟ်တုနှစ်လုံးက ၂၀၁၈ ခုနှစ် နောက်ပိုင်း၌ လည်းကောင်း ကမ္ဘာပတ်လမ်းကြောင်းထဲ၌ ပျံသန်းကာ မြေဆွဲအားကို တိုင်းတာနေခဲ့သည်။ … Continue reading ရေငွေ့ပျံပမာဏ ပိုများလာနေသော ကမ္ဘာ
Tag: Evaporation
ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုကို လျှော့ချခြင်း
ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုလျှော့ချခြင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တစ်ခုရှိ သောက်သုံးရေကန်၌ စမ်းသပ်ခဲ့သည်။ စေတနာရှင်တစ်ဦးက ဦးစီး လုပ်ဆောင်ခဲ့သည့် အဆိုပါစမ်းသပ်ချက်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဇာစိမ်းစများဖြင့် ကန်ရေပြင်ကို အုပ်မိုးပေးထားသည်။ ဇာစိမ်းစကိုသုံးရခြင်းမှာ နေရောင်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ကာ အပူချိန်နည်းစေသည့်အပြင် ကန်ပေါ်ရွာကျလာမည့်မိုးရေများကိုလည်း အဟန့်အတား မဖြစ်သောကြောင့် ဖြစ်သည်။ ဇာစိမ်းစများကို ပင့်ထားနိုင်ရန် ပလတ်စတစ်ပုံး၊ ဝါးလုံးစသည်တို့ဖြင့် အောက်ခံ "ဖောင်"သဖွယ် ဦးစွာ ဖွဲ့စည်းတည်ဆောက်သည်။ လေးဂါလန် ပလတ်စတစ်ပုံးများကို ကန်ရေပြင်၏ အလျားလိုက်ရောအနံလိုက်ပါ ခြောက်ပေစီခန့်ခွာ၍ မျှောထားကာ ဝါးလုံး၊ ပလတ်စတစ်ပိုက်စသည်တို့ဖြင့် ချည်နှောင်လိုက်လျှင် "ဖောင်" အောက်ခံကိုရသည်။ ယင်းအပေါ်တွင် ဇာစိမ်းစဖြင့်ဖုံးသည်။ ဇာစိမ်းစသည် လေကြောင့် လွင့်နိုင်သဖြင့် ဝါးကပ်ကျဲကျဲဖြင့် ထပ်အုပ်သည်။ အဆိုပါကန်သည် အလျား ၁၈၅ ပေ၊ အနံ ပေ … Continue reading ကန်ကိုအုပ်မိုး၍ ရေငွေ့ပျံမှုကို လျှော့ချခြင်း
အထက်ဆန်သည့်ရေ
အိမ်၊ ကျောင်း၊ ရပ်ကွက်စသည်တို့၏သောက်သုံးရေအတွက် အလုံပိတ် မိုးရေလှောင်ကန်များဖြင့် စနစ်တကျ ရယူခြင်းသည် ကျန်းမာရေးအတွက် စိတ်ချရသော်လည်း အချို့နေရာဒေသများတွင် ယင်းကန်များကို တည်ဆောက်ရန် လုံလောက်သောငွေကြေးမရနိုင်သဖြင့် ရပ်ရွာတွင်း မြေလွတ်များတွင် ကန်များတူး၍ မိုးရေစုဆောင်းကြရသည်။ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုပါကန်မျိုး အများအပြားကို တွေ့နိုင်ရာ မြို့တော်ရန်ကုန်နှင့် ရေမြေချင်းဆက်စပ်နေသော်လည်း ရေအခက်အခဲကြီးမားသည့် ဒလမြို့နယ် တစ်ခုတည်းတွင်ပင် ယင်းကန်မျိုး ၂၀၀ ခန့်ရှိသည်ဟု သိရသည်။ တစ်ဖက်ရပ်အမိုး သို့သော် မိုးနည်းသော၊ လူဦးရေများပြားသောနေရာအချို့တွင် နွေရောက်သောအခါ မိုးရေလှောင်ကန် အများအပြားခန်းခြောက်၍ နှစ်စဉ်ရေအခက်အခဲ ကြုံတွေ့နေကြရသည်။ ယင်းအခက်အခဲကို ဖြေလျှော့ ပေးနိုင်သည့်နည်းများရှိရာ တစ်ခုမှာ ကန်ဘေးပတ်လည်တွင် မြေလွတ်ရှိပါက မိုးကုန်သည်အထိ ရေမပြည့် နိုင်သောကန်များပတ်လည်တွင် တစ်ဖက်ရပ်အမိုးများထားရှိခြင်းဖြင့် ရေဝင်ပမာဏ တိုးမြှင့်ပေးနိုင်သည်။ ကန်အစပ်မှ ဘေးပတ်လည်သို့ တတ်နိုင်သမျှနေရာယူကာ … Continue reading အထက်ဆန်သည့်ရေ
သောက်သုံးရေကန်များခန်းခြင်း
သောက်သုံးရေကန်များခန်းခြင်းအကြောင်းတွင် သုံးစွဲမှုအပြင် ရေငွေ့ပျံဆုံးရှုံးမှုကြောင့်လည်း ရာခိုင်နှုန်း အတော်များများ ပါသည်။ ရေငွေ့ပျံဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် အားထုတ်မှုများအနက် အိန္ဒိယနိုင်ငံ Pune အရပ်၌ ပြုလုပ်ခဲ့သောလေ့လာချက်တစ်ရပ်သည် စိတ်ဝင်စားဖွယ်ကောင်းသည်။ ရေကန်ငယ်ရှစ်ကန်တည်ဆောက်၍ လေးကန်ကို အဖုံးအကာမရှိထားပြီး ကန်နှစ်ကန်တွင် မြေကြီးထည့်ထားသောရေသန့်ဘူးအကြည်(PET)များ၊ ကျန်နှစ်ကန်ကို ရေသန့်ဘူးအကြည်အလွတ်များဖြင့် ဖုံးကာ ကန်ရှစ်ကန်မှရေငွေ့ပျံမှုပမာဏကို လေ့လာတိုင်းတာသည်။ ရေသန့်ဘူးအကြည်များဖြင့်ဖုံးထားသောကန်မှ ရေငွေ့ပျံနှုန်းသည် အပွင့်ကန်ထဲမှ ရေငွေ့ပျံနှုန်းထက် ၄၀ ရာခိုင်နှုန်းမျှ လျော့နည်းသည်။ မြေသားထည့်ထားသောဘူးဖြင့်ဖုံးထားသောကန်များထဲမှ ရေငွေ့ပျံနှုန်းသည် ဘူးအကြည်ကန်ထဲက အငွေ့ပျံနှုန်းနှင့်များစွာမကွာခြားပေ။ မြန်မာ့ကျေးလက်များရှိကန်များကို စွန့်ပစ်ရေသန့်ဘူးအကြည်များဖြင့် ဖုံးအုပ်စမ်းသပ်ကြည့်လျှင် ရေအငွေ့ပျံဆုံးရှုံးမှုနည်းကာ ခြောက်သွေ့အချိန်များတွင် ကန်ထဲ၌ ရေပိုကျန်နေကြောင်းတွေ့ရပါလိမ့်မည်။ ရေသန့်ဘူးအကြည်များမှဓာတုပစ္စည်းများသည် အသုံးပြုပြီးအနည်းဆုံး ၁၀ နှစ်ခန့်ကြာမှ ရေထဲပျော်ဝင်လာမှုအန္တရာယ်ရှိနိုင်ကြောင်း သိရပါသည်။ တစ်ခုသတိပြုရမည်မှာ ရေသန့်ဘူးခွံအဝိုင်းများသည် လေကြောင့် လူးသွားလိမ့်သွားသည့်အခါ ကန်ထဲမှရေများ ဘူးမျက်နှာပြင်၌ ကပ်ပါလာကာ အငွေ့ပျံနှုန်း … Continue reading သောက်သုံးရေကန်များခန်းခြင်း
အငွေ့ပျံ၍ ဆုံးရှုံးသောကန်ရေ
မြန်မာနိုင်ငံဒေသအတော်များများတွင် ကန်ရေများစောစီးစွာ လျော့နည်းခန်းခြောက်ကုန်ကြသည့်သတင်းများကို အတော်စိပ်စိပ်ကြားလာရသည်။ ကန်ရေစောစီးစွာခန်းခြင်းသည် မိုးရေအဝင်နည်းခြင်းကြောင့် အဓိကဖြစ်ပြီး မိုးစောစောပြတ်၍ အပူကြောင့် စောစောနှင့်များများရေငွေ့ပျံခြင်းကြောင့်လည်း ပါသည်။ အငွေ့ပျံသည်ကို မမြင်နိုင်သော်လည်း အငွေ့ပျံ၍ ဆုံးရှုံးသောကန်ရေပမာဏက အတော်များသည်။ မြန်မာနိုင်ငံဒေသ အချို့၏ရေငွေ့ပျံနှုန်းသည် တစ်နှစ်လျှင်လက်မ ၆၀(ငါးပေ)ခန့်ရှိသည်။ သဘောမှာ ငါးပေနက်သော ကန်တစ်ကန်ကို ရေအပြည့်ထည့်၍ လုံးဝမသုံးဘဲဟင်းလင်းဖွင့်ထားလျှင် တစ်နှစ်ကြာသောအခါ အငွေ့ပျံခြင်းကြောင့် လုံး၀ ခန်းသွားမည်။ ရေငွေ့ပျံခြင်းအနည်းအများသည် ကန်မျက်နှာပြင်အကျယ်အဝန်း အနည်းအများနှင့်လည်း ဆိုင်သည်။ မျက်နှာပြင်ကျယ်လျှင် ရေငွေ့ပိုပျံသည်။ တစ်နည်းပြောရလျှင် မျက်နှာပြင်မှသာ ရေငွေ့ပျံသည်။ အနက်ပိုင်းမှရေများ အငွေ့မပျံနိုင်။ ထို့ကြောင့် လောလောဆယ်ဖြစ်နိုင်သောနည်းကိုပြောရလျှင် လျော့နည်းခန်းခြောက်သွားသည့်ကန်များ၏ ဘူမိသွင်ပြင် အနေအထား၊ ငွေကြေးတတ်နိုင်မှုတို့ပေါ် မူတည်၍ ဖြစ်နိုင်သမျှနက်အောင်တူးချထားနိုင်လျှင် နောက်နှစ်များတွင် ရေပို၍ကျန်လိမ့်မည်။ ထို့အတူ ကန်သစ်တူးလျှင် ဖြစ်နိုင်သမျှနက်အောင်တူးပြီး မျက်နှာပြင်ဧရိယာကို လျှော့ထားလျှင် … Continue reading အငွေ့ပျံ၍ ဆုံးရှုံးသောကန်ရေ
မြန်မာနိုင်ငံအလယ်ပိုင်းဇုန်
"ထိခိုက်လွယ်မှုအခြေအနေ-မြန်မာနိုင်ငံ"အစီရင်ခံစာပါ ရေနှင့်ပတ်သက်သော အချက်အလက်များမှ အလယ်ပိုင်းဇုန်အခြေအနေကို ဆက်လက်တင်ပြပါမည်။ "ပုံမှန်အားဖြင့် အလယ်ပိုင်းဇုန်အတွင်း ပူပြင်းခြောက်သွေ့သည့်ရာသီတွင် အပူချိန်မှာ ၄၀ ဒီဂရီ ဆဲလ်စီယပ်ထိ ရောက်လေ့ရှိပြီး ရေခိုးရေငွေ့ပျံမှုနှုန်းများမှာ မိုးရွာသွန်းသည့်နှုန်းထက် နှစ်ဆများပြားနေပါသည်။ မိုးရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ခြင်းမှာ ယင်းဒေသတွင်းရှိ ကျေးလက်လူထုကြီးအတွက် အသက်မွေးမှု ပင်မရင်းမြစ်အဖြစ် ဆက်လက်ရှိနေပါသည်။ ထွန်ယက်စိုက်ပျိုးမြေ၏ ၁၆ ရာခိုင်နှုန်းအောက် ဖြစ်သည့် နည်းပါးသည့် စိုက်ပျိုးမြေအစိတ်အပိုင်းကိုသာ ဆည်မြောင်းရေထောက်ပံ့မှုကို အမှန်တကယ်ပေးထားနိုင်ခြင်းရှိပါသည်။ ရေအရင်းအမြစ်များအတွက် ထိခိုက်လွယ်အားနည်းမှုအခြေအနေအား စနစ်တကျ ကိုင်တွယ်နိုင်စွမ်းမရှိခြင်းမှာ အပူပိုင်းဒေသတွင်း တည်တံ့နေသည့် ဆင်းရဲနွမ်းပါးမှုနှင့် အစားအစာမလုံလောက်မှုတို့၏ များစွာသော ရင်းမြစ်အကြောင်းတရားပင် ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာတွင် မြစ်ရေတင်ခြင်း ၆၇ ခု အနေဖြင့် ဦးတည်ထားသည့်အနက်မှ ၁၆ .၃ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ပြီး အချို့သောရေလှောင်တမံများနှင့် … Continue reading မြန်မာနိုင်ငံအလယ်ပိုင်းဇုန်