ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။ ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ …
Tag: Arctic
အရည်ပျော်ရေခဲပြင်များ
Massive icebergs from Jakobshavn Glacier melting in Disko Bay on sunny summer evening, Ilulissat, Greenland. မြောက်လတ္တီတွဒ် ၆၆ ဒီဂရီ မျဉ်းကြောင်းကို အာတိတ်စက်ဝိုင်းဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းသည် နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ရုရှား၊ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၊ ကနေဒါ၊ ဒိန်းမတ်နိုင်ငံ ဂရင်းလန်းကျွန်း၊ အိုက်စလန်တို့ကို ဖြတ်သည်။ ယင်းမျဉ်းကြောင်းဝန်းကျင်ဒေသများကို အာတိတ်စက်ဝိုင်း ဒေသများဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းဝန်းကျင်ဒေသများတွင် နွေပျမ်းမျှနေ့စဉ်အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထက် မပိုသည့်အပြင် သစ်ပင်များလည်း မပေါက်ရောက်နိုင်ချေ။ အာတိတ်စက်ဝိုင်းဒေသရှိ အာတိတ်သမုဒ္ဒရာသည် မကြာသေးမီ အချိန်ကအထိ အစဉ်ရေခဲနေသော နေရာ ဖြစ်သည်။ ရေခဲခွဲသင်္ဘောများမှလွဲ၍ ရိုးရိုးသင်္ဘောများဖြတ်မောင်း၍မရသော ရေခဲသမုဒ္ဒရာဖြစ်သည်။ …
အာတိတ်ဒေသ
အာတိတ်ဒေသ(Arctic)သည် ရုရှား၊ ဂရင်းလန်းကျွန်း၊ ကနေဒါနှင့်အမေရိကန်နိုင်ငံတို့က ၀ိုင်းပတ်ထားသော ရေပြင်ပေါ်တွင် ပေါလောမျောနေသည့် ရေခဲပြင်ကြီး ဖြစ်သည်။ အာတိတ်ရေခဲပြင်ဧရိယာသည် တစ်သမတ်တည်းမဟုတ်ဘဲ ဆောင်းအခါ ကျယ်လာလိုက် နွေအခါ ကျုံ့သွားလိုက်နှင့် ပြောင်းလဲနေသည်။ နှစ်တစ်နှစ်၏မတ်လတွင် အကြီးဆုံးအရွယ်သို့ရောက်ကာ စက်တင်ဘာလတွင် အငယ်ဆုံး ဖြစ်သွားသည်။ အာတိတ်ဒေသအပူချိန်တက်မှုသည် ကမ္ဘာ့ပျမ်းမျှထက်နှစ်ဆခန့်မျှဖြစ်သည်။ စက်မှုတော်လှန်ရေး မတိုင်မီကနှင့် ယှဉ်လျှင် ကမ္ဘာ့အပူချိန်သည် ၁ . ၈ ဒီဂရီဖာရင်ဟိုက်(၁ ဒီဂရီစင်တီဂရိတ်)မျှတက်ခဲ့သည်။ အာတိတ်ဒေသတွင်မူ ၃ . ၅ မှ ၅ . ၅ ဒီဂရီဖာရင်ဟိုက်(၂ မှ ၃ ဒီဂရီစင်တီဂရိတ်)မျှတက်ခဲ့သည်။ အပူချိန်တက်မှုကြောင့် ၁၉၇၉ ခုနှစ်မှစ၍ အာတိတ်ရေခဲပြင်သည် တစ်နှစ်လျှင် စတုရန်းမိုင် ၂၇၀၀၀ ခန့်နှုန်း သေးငယ်လာလျက်ရှိသည်။ ၂၀၂၀ ဇူလိုင်လက …
ကမ္ဘာ့အပူချိန်ဒီဂရီအနည်းငယ်တက်ရုံမျှဖြင့်
ကမ္ဘာ့အပူချိန်တက်ခြင်းသတင်းများ၊ ထုတ်ပြန်ချက်များတွင် ဒီဂရီဝက် တစ်ဒီဂရီ နှစ်ဒီဂရီ စသဖြင့် တက်ခြင်းကို ဘေးအန္တရာယ်ဟု အရေးတကြီးဖော်ပြနေကြရာ သာမန်တွေးပါက ယင်းမျှတက်ရုံဖြင့် ဘေးအန္တရာယ်ကြီးများ ကြုံရမည်ဆိုခြင်းသည် ဖြစ်နိုင်ပါမည်လောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။ အဆိုပါသံသယကို လူတိုင်းဖြစ်ဖူးကြသော ဥပမာနှင့် ချေဖျက်နိုင်သည်။ လူ့ခန္ဓာကိုယ်၏ ပုံမှန်အပူချိန်သည် ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ်ရာ နေမကောင်းဖြစ်လျှင် အချို့ ၃၉၊ ၄၀၊ အချို့ထို့ထက်ပို၍ တက်သည်။ ကိုယ်အပူချိန်တက်ခြင်းသည် အချိန်ပိုင်းမျှ သို့မဟုတ် တစ်ရက်တာမျှသာကြာလျှင် နောက်တစ်နေ့တွင် လူကောင်းနီးနီးဖြစ်သွားသည်။ သို့သော် တစ်ဒီဂရီမျှသာ တက်သော်လည်း လေးငါးရက်ဆက်တိုက်ဖြစ်လာသောအခါ ခန္ဓာတွင်း ဇီဝကမ္မစနစ်ချို့ယွင်းကာ မအီမလည် အစားအသောက်ပျက် မလှုပ်ချင်မကိုင်ချင် ဖြစ်လာတော့သည်။ ထိုနည်းအတိုင်း ကမ္ဘာကြီးသည်လည်း တစ်နှစ် နှစ်နှစ်မျှမဟုတ်၊ ဆယ်စုနှစ်ပေါင်းများစွာ အပူချိန် ဆက်တိုက်တက်လာသောအခါ (ဒီဂရီအနည်းငယ်မျှသာဖြစ်သော်လည်း) ရာသီဥတုစနစ်၊ …
အရည်ပျော်ရေခဲပမာဏ
၁၉၉၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကြားကာလအတွင်း စုစုပေါင်းရေခဲ ၂၇ . ၄ ထရီလျံတန်အရည်ပျော်ခဲ့သည်။ အန္တာတိတ်ဒေသမှ ၉ . ၉ ထရီလျံတန်(၃၆ ရာခိုင်နှုန်း) အာတိတ်ဒေသမှ ၇ . ၆ ထရီလျံတန်(၂၈ ရာခိုင်နှုန်း) တောင်ထိပ်ရေခဲပြင်များမှ ၆ . ၁ ထရီလျံတန်(၂၂ ရာခိုင်နှုန်း) ဂရင်းလန်းကျွန်းမှ ၃ . ၈ ထရီလျံတန်(၁၄ ရာခိုင်နှုန်း) ရေခဲအရည်ပျော်နှုန်းသည် ၁၉၉၀ ပြည့်နှစ်များမှစ၍ တစ်နှစ်လျှင် ၀ . ၈ မှ ၁ . ၂ ထရီလျံတန်နှုန်း တိုးမြင့်လာလျက်ရှိသည်။ (ရည်ညွှန်း - Earth's ice imbalance - Thomas Slater et …
ရေခဲပြင်အရည်ပျော်ခြင်း၏ကောင်းကျိုးနှစ်မျိုး
အာတိတ်ဒေသ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၊ ကနေဒါ၊ ဂရင်းလန်းကျွန်း၊ ရုရှားနိုင်ငံတို့က ဝိုင်းပတ်ထားသော အာတိတ်ဒေသများသည် တစ်နှစ်ပတ်လုံး ရေခဲနေသောနေရာ(ပထမပုံ) ဖြစ်ခဲ့သော်လည်း ကမ္ဘာ၏အပူချိန် တဖြည်းဖြည်း တက်လာသဖြင့် လွန်ခဲ့သောနှစ်များမှစ၍ ယင်းဒေသရေခဲပြင်၏ အချို့နေရာများသည် နွေအခါ စတင်အရည်ပျော်လာလျက်ရှိသည်။ အဆိုပါဖြစ်ရပ်သည် ရာသီဥတုပြောင်းလဲမှု၏ဆိုးကျိုးဖြစ်သော်လည်း "ဘေးထွက်ကောင်းကျိုး"နှစ်မျိုး ရှိသည်။ ပထမကောင်းကျိုးမှာ ရေခဲပြင်ကြီးအရည်ပျော်သွားခဲ့လျှင် ယင်းဒေသ သမုဒ္ဒရာကြမ်းပြင်အောက်တွင် ရှိနေနိုင်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ အပါအဝင် သယံဇာတများကိုတူးဖော်ရန် လက်လှမ်းမီလာမည်။ အဆိုပါအလားအလာကြောင့် ယင်းဒေသကို ကနေဒါနှင့်ရုရှားတို့က သူပိုင်သည် ငါပိုင်သည်ဟု စတင် ပြောဆိုလာကြသည်။ အခြားဥရောပနိုင်ငံများ၊ ဂျပန်နှင့်အမေရိကန်တို့ကတော့ ပွင့်လာသည့် အာတိတ်ဒေသသည် တစ်နိုင်ငံတည်းနှင့်သာဆိုင်သည်မဟုတ်၊ နိုင်ငံတကာပိုင်ဖြစ်သည်ဟု ဆိုနေသည်။ ဒုတိယကောင်းကျိုးမှာ တစ်နှစ်လျှင် နွေအခါလပိုင်းမျှဖြစ်စေ သင်္ဘောလမ်းပွင့်သွားနိုင်ခြင်း ဖြစ်သည်။ အတ္တလန်တိတ်သမုဒ္ဒရာဝန်းကျင်နိုင်ငံများနှင့် ပစိဖိတ်သမုဒ္ဒရာဝန်းကျင် နိုင်ငံများကြား ပစ္စည်းအမျိုးမျိုးကို …
Continue reading ရေခဲပြင်အရည်ပျော်ခြင်း၏ကောင်းကျိုးနှစ်မျိုး