ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ - ၁ - လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ - မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ - ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ - သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ - သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ - ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ - အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊ … Continue reading ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်
Category: Sea Level Rise
Ecology နှင့် Economy တို့၏ အားပြိုင်မှုကြားမှ ဧရာဝတီမြစ်ဝကျွန်းပေါ်၏ ပစ္စုပ္ပန်နှင့် အနာဂတ် (ကြည်ခင်)
ဂျပန်မှာ ကျောင်းအပြီး အလုပ်ဝင်ခဲ့တဲ့ ၂၀၀၀ ခု ဝန်းကျင်မှာ တွေ့ဆုံခဲ့ရသူ Kiso Jiban Consultants ကုမ္ပဏီ ဘူမိအရာရှိချုပ် မိုမိကုရာစံ 籾倉 さん Mr Momikura (တွေ့ဆုံချိန်မှာ ၆၅ နှစ် ကျော်နေပြီ၊ ဂျပန်အစိုးရ ဆည်မြောင်းဌာန ဘူမိအရာရှိချုပ်ဘဝက ပင်စင်ယူခဲ့သူ) မေးပြောပြောခဲ့တဲ့ စကားကို သတိရမိတယ်။ ပထမ What is the meaning of Ecology? အီကိုလိုဂျီ ဆိုတာ ဘာလဲ၊ နောက်ပြီး What is Economy? အီကိုနိုမီဆိုတာ ဘာလဲ၊ နောက်မေးခွန်းက စကားလုံးနှစ်ခုစလုံးမှာ Eco ဆိုတာ ဘာဖြစ်လို့ ပါရတာလဲ။ Ecology is the branch of … Continue reading Ecology နှင့် Economy တို့၏ အားပြိုင်မှုကြားမှ ဧရာဝတီမြစ်ဝကျွန်းပေါ်၏ ပစ္စုပ္ပန်နှင့် အနာဂတ် (ကြည်ခင်)
သဲခုံစွယ်နှင့် ပင်လယ်ရေပြင်မြင့်တက်မှု
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြားရှိ ကျိုက်နဲရေလယ်ဘုရားသို့ ၂၀၂၁ နိုဝင်ဘာ ၂၁ နေ့က ဘုရားဖူးသွားသူအချို့ ပင်လယ်လှိုင်းပုတ်၍ အသက်ဆုံးခဲ့ရသည်။ ကျိုက်နဲရေလယ်ဘုရား၏ ထူးခြားချက်မှာ ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံခန့်အကွာ ပင်လယ်တွင်း၌ တည်ရှိပြီး ဘုရားဘက်သို့ ဦးတည်သည့် လမ်းတစ်ခုရှိခြင်း ဖြစ်သည်။ ယင်းလမ်းကို ပထဝီဝင်ဝေါဟာရဖြင့် သဲခုံစွယ်(Spit)ဟု ခေါ်ကြောင်း သိရသည်။ အချို့ကမ်းခြေများတွင် ရေစီးကြောင်းနှင့် လေတိုက်ခတ်မှုတို့ကြောင့် ရေအောက်ရှိ သဲနှင့်ကျောက်စရစ်များ မို့တက် စုပုံလာကာ ကမ်းခြေမှအစွယ်ပုံစံ ထိုးထွက်တည်ရှိသော သဲနှင့်ကျောက်ခုံကို သဲခုံစွယ်ဟု ခေါ်သည်။ အမြဲတန်းပေါ်နေသော သဲခုံစွယ်ရှိသကဲ့သို့ ဒီရေအတက်အကျပေါ်မူတည်ပြီး ပေါ်လိုက် ပျောက်လိုက်ဖြစ်နေသည့် သဲခုံစွယ်များလည်း ရှိသည်။ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာအကြားရှိ ကမ်းခြေအပါအဝင် ကမ္ဘာ့အချို့ကမ်းခြေများတွင် သဲခုံစွယ်များ ဖြစ်ပေါ်တည်ရှိသည်(အောက်ပုံ)။ … Continue reading သဲခုံစွယ်နှင့် ပင်လယ်ရေပြင်မြင့်တက်မှု
ရာသီဥတု ပြောင်းလဲမှုဘေး ဒုက္ခသည်များ
(ဖြစ်စဉ်-၁) ဘင်္ဂလားဒက်ရှ်ရှိ ဂေါ်ပိုဒိုမန်ဒို၏ မိသားစုများသည် ရွှံ့ဗွက်ပေါသည့်ရွာမှ တစ်ဦးပြီးတစ်ဦး ထွက်ခွာနေကြသည်။ ဦးစွာစွန့်ခွာသွားသူများကတော့ တံငါအလုပ်ဖြင့် အသက်မွေးသော ဦးလေးနှစ်ယောက် ဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် ငါးအရနည်းလာ၍ အိန္ဒိယနိုင်ငံဘက်ကူးကာ ဆောက်လုပ်ရေးလုပ်သား သွားလုပ်ကြသည်။ ဂေါ်ပိုဒိုမန်ဒို၏ အစ်ကိုများသည်လည်း တံငါအလုပ်ဖြင့် ထမင်းမဝသည့်အခါ တောထဲတွင် ကျားသောင်းကျန်းနေမှန်း သိလျက်နှင့် သစ်ခုတ်၊ ပျားဖွတ်သည့်အလုပ်ကို ပြောင်းလုပ်ကြသည်။ နောက်ဆုံးတွင် အစ်ကိုများလည်း အဖေကိုခေါ်၍ တစ်ရပ်တစ်ကျေးသို့ ပြောင်းသွားပြန်သည်။ ဂေါ်ပိုဒိုမန်ဒို၏ရွာတွင် ကျန်ရစ်သူ ဆွေမျိုးတစ်ယောက်မှ မရှိတော့ချေ။ သူ့အစ်ကိုများ ထွက်သွားပြီးနောက် ရွာအနီးရှီ ရေကာတာကျိုး၍ ရွာထဲ ရေများဝင်လာကာ လူ့အသက်နှင့် ပစ္စည်းဥစ္စာများ ဆုံးပါးခဲ့ရပြန်သည်။ ငါးအရနည်းလာခြင်း၊ ဆားငန်ရေများဝင်၍ လယ်များပျက်စီးခြင်း၊ မုန်တိုင်းအန္တရာယ် ပိုလာနေခြင်းတို့ကို ဂေါ်ပိုဒိုမန်ဒိုအပါအဝင် ရွာသားများ လက်တွေ့ခံစားနေကြရသည်။ ရွာတွင် ဆက်နေ၍ … Continue reading ရာသီဥတု ပြောင်းလဲမှုဘေး ဒုက္ခသည်များ
ကျွန်းအသစ်များကို ဖော်ထုတ်နေသော မော်လ်ဒိုက်
ကျွန်းနိုင်ငံများဟုဆိုလျှင် ဖီဂျီ၊ မော်လ်ဒိုက်အစရှိသော ကျွန်းငယ်များကိုသာ သွားသတိရတတ်သည်။ စင်စစ် ယူကေ၊ သြစတေးလျ၊ အိုက်စလန်၊ သီရိလင်္ကာ စသည်တို့လည်း ကျွန်းနိုင်ငံများပင် ဖြစ်ကြသည်။ ကျွန်းနိုင်ငံ အကြီးရော အငယ်များကိုပါ ထည့်၍ရေတွက်လျှင် ကမ္ဘာပေါ်တွင် ကျွန်းနိုင်ငံပေါင်း ၄၇ ခုရှိသည်။ သီရိလင်္ကာနိုင်ငံ၏အနောက်တောင်ဘက် အိန္ဒိယသမုဒ္ဒရာထဲရှိ မော်လ်ဒိုက်နိုင်ငံကို ကျွန်းပေါင်း ၁၂၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသည်။ ခရီးသွားလုပ်ငန်းသည် တိုင်းပြည်၏ အဓိက ဝင်ငွေရလမ်းဖြစ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလျံခွဲခန့် ရသည်။ မော်လ်ဒိုက်၏လူဦးရေငါးသိန်းခွဲခန့်အနက် တစ်သိန်းခွဲခန့်သည် ၂ . ၅ စတုရန်းမိုင်သာ ကျယ်သည့် မားလေ(Malé )မြို့တော်၌ နေထိုင်သဖြင့် မားလေမြို့သည် ကမ္ဘာပေါ်၌ လူဦးရေအသိပ်သည်းဆုံးမြို့များတွင် ပါဝင်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေပြင်သည် တစ်နှစ်လျှင် သုံးစင်တီမီတာမှ လေးစင်တီမီတာအထိ … Continue reading ကျွန်းအသစ်များကို ဖော်ထုတ်နေသော မော်လ်ဒိုက်
ပင်လယ်ကိုအလျှော့ပေးရတော့မလား
သတင်းတစ်ခုကြားတာကြောင့် ခေါင်းပေါ်ကဈေးဗန်းကို ဈေးထဲကအသိဆိုင်မှာပစ်ချ၊ တစ်မိုင်ပျော့ပျော့အကွာအဝေးရှိတဲ့ သူ့အိမ်ကို မစံပယ်တစ်ယောက် ဆိုင်ကယ်ငှားဖို့တောင် သတိမရနိုင်ဘဲ သုတ်ခြေတင်ပြေးချလာတယ်။ အိမ်ရောက်တော့ သတင်းကြားရတဲ့အတိုင်းပဲ သူ့အိမ်ဟာ အငမ်းမရ ဖျက်ဆီးခံနေရတာကို တွေ့လိုက်ရတော့တယ်။ ဓနိမိုး ထရံကာသူ့အိမ်လေးဟာ ယိုင်နဲ့နေပြီ။ အိမ်ပေါ်မှာမိသားစုတွေမရှိတော့ဘူး။ အိမ်နီးနားချင်းတွေက ဘေးလွတ်ရာကို ပို့ပေးထားကြတယ်။ သူဟာ အချိန်မဆိုင်းဘဲ ပြိုစပြုနေတဲ့ အိမ်ထဲကနေ ပစ္စည်းတွေနဲ့ ဓနိ၊ဝါး၊တိုင်တွေကို ရသလောက်ဆွဲထုတ်ပါတယ်။ လက်လုပ်လက်စားဘဝမို့ ပစ္စည်းပစ္စယရယ်လို့ ခပ်များများမရှိပါဘူး။ ဒါပေမဲ့ ဘယ်လောက်တန်ဖိုးနည်းပါစေ၊ ကိုယ့်ပစ္စည်းတော့ အလကား လုယက်ဖျက်ဆီးနေတာ မခံနိုင်သမို့ ပြန်ရဖို့ ကြိုးစားနေတာပါ။ ပစ္စည်းတွေကို နေရာရွှေ့ပြီးချိန်မှာတော့ သူ့အိမ်ဟာ ပြိုပျက်သွားခဲ့ပါပြီ။ အိမ်တင်မကပါဘူး၊ မြေနေရာပါ ဖဲ့ယူခံလိုက်ရတာပါ။ ဒါကြောင့် နေစရာအိမ်မရှိတော့တဲ့ သူတို့မိသားစုကို ကျေးရွာအုပ်ချုပ်ရေးမှူးက လူမနေတဲ့ အိမ်အလွတ်တစ်ခုမှာ အိမ်ရှင်ကိုခွင့်တောင်းပေးပြီး ခေတ္တနေခိုင်းထားရပါတယ်။ … Continue reading ပင်လယ်ကိုအလျှော့ပေးရတော့မလား
ရေပေါ်မြို့
မော်လ်ဒိုက်ကျွန်းများ သီရိလင်္ကာနိုင်ငံ၏အနောက်တောင်ဘက် မိုင် ၄၀၀ ကျော်အကွာ အိန္ဒိယသမုဒ္ဒရာထဲတွင် ရှိပြီး ကျွန်းငယ်ပေါင်း ၁၂၀၀ ခန့် ပါဝင်သည့် မော်လ်ဒိုက်(မော်လ်ဒိ(ဗ်)ဟုလည်းအသံထွက်)နိုင်ငံတွင် ရှုမောဖွယ်ကမ်းခြေများ၊ လှပသည့် သန္တာကျောက်တန်းများ ရှိသဖြင့် ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားလာရောက်ကြသည်။ မော်လ်ဒိုက်ကျွန်းများ၏ထူးခြားချက်မှာ အလွန်တရာ ညီညာပြန့်ပြူးသော မြေမျက်နှာပြင်ရှိသည့်အချက် ဖြစ်သည်။ မြေပြင်သည် ပြန့်ပြူးရုံတင်မဟုတ် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှသုံးပေခွဲမျှသာ မြင့်သဖြင့် မြင့်တက်လာနေသည့် ပင်လယ်ရေပြင်အောက်သို့ တစ်နိုင်ငံလုံး ရောက်တော့မည့် အန္တရာယ်ကို ရင်ဆိုင်နေရသည်။ ကျွန်းသစ်တည် မော်လ်ဒိုက်အစိုးရသည် ယင်းအန္တရာယ်မှကင်းဝေးပြီး အဆောက်အအုံများ ကျပ်ညပ်နေသော မြို့တော်မားလေ(Malé )ထက် ပိုမိုသစ်လွင်ကျယ်ဝန်းသော မြို့သစ်ကို ဖော်ထုတ်ရန် ရည်ရွယ်၍ ဟားလူမားလေ(Hulhumalé ) အမည်ရသည့် ကျွန်းသစ်တစ်ကျွန်းကို မားလေမြို့တော်အနီး ပင်လယ်ထဲ၌ သဲဖို့၍ တည်ဆောက်ခဲ့သည်။ မြို့တော်မားလေမှ မိနစ်အနည်းငယ် … Continue reading ရေပေါ်မြို့
အရည်ပျော်ရေခဲပြင်များ
Massive icebergs from Jakobshavn Glacier melting in Disko Bay on sunny summer evening, Ilulissat, Greenland. မြောက်လတ္တီတွဒ် ၆၆ ဒီဂရီ မျဉ်းကြောင်းကို အာတိတ်စက်ဝိုင်းဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းသည် နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ရုရှား၊ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၊ ကနေဒါ၊ ဒိန်းမတ်နိုင်ငံ ဂရင်းလန်းကျွန်း၊ အိုက်စလန်တို့ကို ဖြတ်သည်။ ယင်းမျဉ်းကြောင်းဝန်းကျင်ဒေသများကို အာတိတ်စက်ဝိုင်း ဒေသများဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းဝန်းကျင်ဒေသများတွင် နွေပျမ်းမျှနေ့စဉ်အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထက် မပိုသည့်အပြင် သစ်ပင်များလည်း မပေါက်ရောက်နိုင်ချေ။ အာတိတ်စက်ဝိုင်းဒေသရှိ အာတိတ်သမုဒ္ဒရာသည် မကြာသေးမီ အချိန်ကအထိ အစဉ်ရေခဲနေသော နေရာ ဖြစ်သည်။ ရေခဲခွဲသင်္ဘောများမှလွဲ၍ ရိုးရိုးသင်္ဘောများဖြတ်မောင်း၍မရသော ရေခဲသမုဒ္ဒရာဖြစ်သည်။ … Continue reading အရည်ပျော်ရေခဲပြင်များ
ဂျကာတာသင်ခန်းစာ
ညစ်ညမ်းသောလေထု၊ ဆိုးရွားလွန်းသည့် ယာဉ်ကြောပိတ်ဆို့မှု၊ ကျွံဝင်နေသော အဆောက်အအုံ စသည့် ပြဿနာများသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၏ ဆက်လက်ရှင်သန်ရေးကို လက်ငင်းလက်တွေ့ ခြိမ်းခြောက်လျက် ရှိသည်။ ယင်းပြဿနာများအနက် စိုးရိမ်စရာအကောင်းဆုံးမှာ မြို့တော်တစ်ခုလုံးနီးပါး ရေအောက်ရောက်မည့်ဘေး ဖြစ်သည်။ ဂျကာတာ၏ ပထဝီအနေအထားကပင် ရေအလွယ်တကူလွှမ်းမိုးရန် အထောက်အကူပြုနေသကဲ့သို့ ရှိသည်။ ဂျကာတာ၌ တစ်နှစ်လျှင် ရက်ပေါင်း ၃၀၀ မျှ မိုးရွာသည်။ မြို့တွင်းသို့ စီးဝင်သော မြစ်ပေါင်း ၁၃ စင်းမျှ ရှိသည်။ အင်ဒိုနီးရှားကို သိမ်းပိုက် အုပ်ချုပ်ခဲ့သည့် ဒတ်ချ်လူမျိုးတို့သည် ဂျကာတာပေါ် ရွာကျသောမိုးရေနှင့် စီးဝင်လာသောမြစ်ရေများ စီးထွက်နိုင်အောင် တူးမြောင်းများ ဖောက်လုပ်ခဲ့သည်။ ယင်းသို့ စီမံခဲ့နိုင်သဖြင့် ရှေးယခင်က အဆင်ပြေခဲ့သော်လည်း ၁၉၄၅ ခုနှစ်မှစ၍ အရှိန်အဟုန်နှင့် ကျယ်ပြန့်လာခဲ့သည့် ဂျကာတာမြို့ကွက်နှင့်အတူ အသစ်အသစ်သော … Continue reading ဂျကာတာသင်ခန်းစာ
မြစ်ဝကျွန်းပေါ်တစ်ခု ပေါ်ထွန်းခြင်း
လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀၀ ခန့်အထိ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဟူ၍ မရှိခဲ့ဘဲ ဧရာဝတီမြစ်ဝသည် ပြည်မြို့နေရာတွင် တည်ရှိခဲ့သည်။၊ နောက်ပိုင်းတွင် ယင်းနေရာ အောက်ပိုင်း၌ သဲခုံကြီးများ ပေါ်ထွန်းလာသည်၊ တွံတေး မြောင်းမြနှင့် ပုသိမ်မြို့ ဖြစ်လာမည့် နေရာများသည် ပင်လယ်ထဲက ကျွန်းများ အသွင်ဖြင့် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်၊ ယခု ပဲခူး ဟင်္သာကုန်းသည် ဗုဒ္ဓဘုရားရှင် ပွင့်ပေါ်ချိန် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ၃၀၀၀ ခန့်က ပင်လယ်ထဲက ကျွန်းကလေး တစ်ကျွန်း ဖြစ်သည်ဟု ဆိုသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဖြစ်တည်လာပုံ အဆင့်ဆင့် (ဒေါက်တာအုန်းမြင့်ထံမှ ရရှိသည်) ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေစီးတွင် ပါလာသော နုန်းနှင့်သဲများ ဖြည်းဖြည်းချင်း စုပုံ အနည်ထိုင်လာရင်း … Continue reading မြစ်ဝကျွန်းပေါ်တစ်ခု ပေါ်ထွန်းခြင်း
ကမ်းခြေမြေဆုံးရှုံးမှုမှကာကွယ်ခြင်း
ရေစီးသန်သောမြစ်အချို့၏ကမ်းပါးတလျှောက် မြေပြိုသည်ကို ကိုယ်တိုင်သော်လည်းကောင်း၊ သတင်းများတွင်သော်လည်းကောင်း မြင်ဖူးကြသည်။ ကမ်းရိုးတန်းများတလျှောက် လှိုင်းဒဏ် ဒီရေဒဏ်တို့ကြောင့် မြေများ ပဲ့ပါကာ ပင်လယ်ထဲသို့ဆုံးရှုံးနေသည်ကိုမူ မြစ်ကမ်းပါးတလျှောက် မြေပြိုမှုလောက်အသိမများကြချေ။ ရာသီဥတုပြောင်းလဲ၍ ပင်လယ်ရေပြင်မြင့်တက်လာနေသဖြင့် ကမ်းရိုးတန်းမြေဆုံးရှုံးမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည်။ မြေဆုံးရှုံးမှုပမာဏသည် မြေသားအမျိုးအစား၊ တည်နေရာ၊ ရေစီးကြောင်း လှိုင်းပုတ်ခြင်း လေပြင်းတိုက်မှုစသည်တို့အပေါ် မူတည်၍ တစ်နေရာနှင့်တစ်နေရာ ကွဲပြားသည်။ ဂြိုဟ်တုဓာတ်ပုံများဖြင့် တိုင်းတာချက်အရ ၁၉၈၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားတွင် ကမ်းရိုးတန်းမြေဧရိယာ စုစုပေါင်းစတုရန်းကီလိုမီတာ ၂၈၀၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်းမြေဆုံးရှုံးမှုပမာဏကြီးမားသောနေရာများတွင် နယ်သာလန်နိုင်ငံ တောင်ပိုင်းရှိ Ter Heijde and Kijkduin ဒေသလည်း ပါဝင်သည်။ ယင်းနေရာ၌ ပင်လယ်ထဲပဲ့ပါပြိုကျသွားသော ကမ်းရိုးတန်းမြေနေရာများတွင် ကမ်းလွန်ပင်လယ်ထဲမှ သဲများကို တစ်နှစ်လျှင် … Continue reading ကမ်းခြေမြေဆုံးရှုံးမှုမှကာကွယ်ခြင်း
ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ
နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကိုမေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့်ပြောကြသည်။ ယင်း 'မိုးလေဝသ'ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူးတတွဲတွဲ ရေးသားပြောဆိုနေကြသော စကားလုံးတစ်ခုမှာ 'ရာသီဥတု' ဖြစ်သည်။ အချို့က မိုးလေဝသနှင့်ရာသီဥတုတို့ကိုရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာယင်းအရပ်၏ မိုးလေဝသအခြေအနေဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ်ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံးပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို သို့မဟုတ် လအတန်ကြာ ရွာသွန်းနေသဖြင့် ယင်းဒေသ၏ နေ့စဉ်မိုးလေဝသအခြေအနေကိုမေးလျှင် ပူသည်၊ မိုးရွာသည်စသည့်အဖြေများကိုသာ ကြားရမည်။ အဆိုပါ နေ့စဉ်ကြုံတွေ့ရသော မိုးလေဝသအခြေအနေများကို ကာလကြာစုပေါင်း၍ အီကွေတာဒေသတွင် ပူအိုက်စွတ်စိုသောရာသီဥတု ရှိသည်ဟု … Continue reading ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ
ပင်လယ်ရေပြင်မြင့်တက်လာခြင်း
ကမ္ဘာ့ပင်လယ်ရေပြင်သည် ၁၉၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ၀ . ၂၀ မီတာမြင့်တက်ခဲ့သည်။ ၁၉၀၁ ခုနှစ်နှင့် ၁၉၇၁ ခုနှစ်အတွင်း တစ်နှစ်လျှင် ၁ . ၃ မီလီမီတာနှုန်း ၁၉၇၁ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်အတွင်း တစ်နှစ်လျှင် ၁ . ၉ မီလီမီတာနှုန်း ၂၀၀၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်လျှင် ၃ . ၇ မီလီမီတာနှုန်း တက်ခဲ့ရာ မြင့်တက်နှုန်း တစ်ချိန်ထက်တစ်ချိန် မြန်ဆန်လာလျက်ရှိသည်။ (ရည်ညွှန်း-Climate Change 2021: The Physical Science Basis by IPCC) TOPEX/Poseidon အာကာသယာဉ်က တိုင်းတာချက်များအရ ပင်လယ်ရေပြင်သည် ၁၉၉၂ ခုနှစ်နှင့် … Continue reading ပင်လယ်ရေပြင်မြင့်တက်လာခြင်း
အန္တာတိကဒေသ
အန္တာတိကတိုက်(Antarctica)သည် ကမ္ဘာ့တောင်ဘက်စွန်းရှိ စတုရန်းကီလိုမီတာ ၁၄ သန်းကျယ်သော ရေခဲဖုံးကုန်းမြေဖြစ်သည်။ ဖုံးနေသောရေခဲထုသည် လေးမိုင်အထိထူကာ ကမ္ဘာပေါ်တွင် အကျယ်ဝန်းဆုံးရေခဲလွှာအဖြစ် တည်ရှိသည်။ ယင်းရေခဲလွှာရှိ ရေချိုပမာဏသည် ကမ္ဘာပေါ်ရှိ ရေချိုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။ အန္တာတိကတိုက်၏အပူချိန်သည် နှစ်တစ်နှစ်၏ အချိန်အတော်များများတွင် ရေခဲမှတ်အောက်သို့ ရောက်နေသည်။ အန္တာတိကတိုက်၏ အရှေ့ဘက်တစ်နေရာတွင် ၂၀၁၀ ပြည့်နှစ်က အနှုတ် ၉၂ . ၃ ဒီဂရီစင်တီဂရိတ်အထိကျဆင်းခဲ့ဖူးသည်။ အန္တာတိကတိုက်သည် လေအမြဲလိုလို တိုက်ခတ်နေသောနေရာဖြစ်သည်။ ပျမ်းမျှလေတိုက်နှုန်း တစ်နာရီ ၁၂ မိုင်ဖြစ်ပြီး တစ်ချိန်က တစ်နာရီမိုင် ၂၀၀ အထိတိုက်ခဲ့ဖူးသည်။ ယင်းတိုက်ပေါ်တွင် အမြဲတန်းနေထိုင်သောလူမရှိဘဲ သုတေသနပညာရှင်များသာ အချိန်ပိုင်းနှင့် နေနိုင်သည်။ ကမ္ဘာလှည့်ခရီးသည်အချို့လည်း လာရောက်လည်ပတ်ကြသည်။ အေးလွန်းသဖြင့် သစ်ပင် ချုံပင်များလုံးဝမပေါက်နိုင်ဘဲ ရေညှိ ရေမှော်တို့သာ … Continue reading အန္တာတိကဒေသ