ရေသည် ဓာတ်ပစ္စည်းများပျော်ဝင်ရန် လွယ်ကူသော အရည်ဖြစ်၍ လေထုတွင်းသို့ များပြားစွာ ဝင်ရောက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် ရေထုတွင်းသို့လည်း ပျော်ဝင်ရောက်ရှိကြသည်။ ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့ ရောနှောဓာတ်ပြုကြလျှင် ကာဗွန်နစ်အက်စစ် ဖြစ်လာသည်။ ရေနှင့်အရည်များတွင် အက်စစ်ပါဝင်မှုကို "ပီအိပ်ချ်"အမှတ်ဖြင့် တိုင်းတာသည်။ ပီအိပ်ချ် မြင့်လျှင် အက်စစ် နည်း၍ ပီအိပ်ချ် နိမ့်လျှင် အက်စစ် များသည်။ လေ့လာချက်များအရ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးတွင် ရေထု၏ ပျမ်းမျှပီအိပ်ချ်အမှတ်သည် ၈ ဒသမ ၁၆ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ခန့် စက်မှုတော်လှန်ရေး စတင်ချိန်တွင် ရေထု၏ပီအိပ်ချ်သည် ၈ ဒသမ ၂ ရှိခဲ့ရာမှ ယခု ၈ ဒသမ ၁ သို့ ကျဆင်းလာသည်။ ကမ္ဘာ့သမိုင်းတွင် သမုဒ္ဒရာရေထု အက်စစ်ဓာတ်လွန်ကဲမှုများ … Continue reading ရေထဲရောက် ကာဘွန်ဒိုင်အောက်ဆိုက်
Tag: Coral Reef
သန္တာကျောက်တန်း
သန္တာကျောက်တန်း(coral reef)တို့တွင် အပင်နှင့်ငါးမျိုးစိတ် သန်းပေါင်းများစွာ တည်မှီနေထိုင်၍ မိုးသစ်တောများကဲ့သို့ ဇီဝမျိုးစိတ်အလွန်ကြွယ်ဝသော ဂေဟစနစ်တစ်မျိုး ဖြစ်သည်။ သန္တာကျောက်တန်း ထုထည်ပမာဏသည် ကမ္ဘာ့ရေထု၏ ၀ ဒသမ ၂၅ ရာနှုန်းမျှသာရှိသော်လည်း ငါးမျိုးစိတ်လေးပုံတစ်ပုံတို့ မှီခိုရှင်သန်ရာ ဖြစ်သည်။ သန္တာကျောက်တန်းများတွင်နေထိုင်သော သက်ရှိအချို့မှ ကင်ဆာကုဆေးကဲ့သို့သောအဖိုးတန်ဆေးဝါးများကို ထုတ်ယူနိုင်သည်။ အချို့နေရာများတွင် သန္တာကျောက်တန်းတို့သည် ရေလှိုင်းလုံးဒဏ်ကြောင့် ကမ်းခြေ ပျက်စီးမှုမရှိရန် အကာအကွယ်ပေးသည်။ သန္တာကျောက်တန်းများ၏ အလှအပကို လာရောက် ကြည့်ရှုသော ကမ္ဘာလှည့်ခရီးသည်တို့ထံမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၁၆၀၀ မျှ ဒေသခံများက ရရှိသည်။ ရေထဲရှိ ခရုခွံ၊ ကမာ၊ သံပခြုပ်၊ သန္တာကျောက်တန်းစသည့် အခွံမာအရာများသည် ကယ်လ်စီယမ်ကာဘွန်နိတ်တို့ကို အခြေခံ၍ ဖြစ်ပေါ်သည်။ ကယ်လ်စီယမ်ကာဘွန်နိတ်တို့ဖြင့် မိမိတို့၏ အရိုးနှင့် အခွံတို့ကို တည်ဆောက်သည်။ ယခုအခါ … Continue reading သန္တာကျောက်တန်း
ဂေဟစနစ်နှင့် ဂေဟဗေဒ
ဂေဟစနစ်(ecosystem)ဆိုသည်မှာ နေရာတစ်ခု၌ အတူယှဉ်တွဲဖြစ်ပေါ်နေသည့် အပင်များ၊ သက်ရှိသတ္တဝါအမျိုးမျိုး၊ ယင်းနေရာရှိ ကျောက်တုံး မြေသား၊ အပူချိန် စိုစွတ်မှုစသည့် မိုးလေဝသအခြေအနေများကို စုစည်းခေါ်ဝေါ်သည်။ ဂေဟစနစ်အပါအဝင် သတ္တဝါများအချင်းချင်း၊ သတ္တဝါများနှင့် ရုပ်ဝတ္ထု သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုများအား လေ့လာသည့် ဘာသာရပ်ကို ဂေဟဗေဒ(ecology)ဟု ခေါ်သည်။ သစ်တောများတွင် ဂေဟစနစ်ပေါင်းများစွာရှိသကဲ့သို့ သဲကန္တာရများ၊ ရေခဲပြင်များတွင်လည်း ဂေဟစနစ်များ အသီးသီးရှိကြသည်။ သေးငယ်သောဂေဟစနစ်များရှိသကဲ့သို့ ကြီးမားကျယ်ပြန့်သော ဂေဟစနစ်များလည်း ရှိသည်။ သို့သော် ဂေဟစနစ်များသည် သီးခြားစီရှိမနေဘဲ အချင်းချင်း အမှီသဟဲပြုနေကြသည်။ ဂေဟစနစ်တခုထဲရှိ ပတ်ဝန်းကျင်အခြေအနေ(ဥပမာ-အပူချိန်)ပြောင်းလျှင် ယင်းစနစ်ထဲတွင် ရှင်သန်ကြသောသက်ရှိတို့သည် ပြောင်းသွားသောအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် မိမိတို့၏နေထိုင်ပုံ အမူအကျင့်စသည်တို့ကို လိုက်ပါပြောင်းလဲရသည်၊ သို့မဟုတ် အခြားဂေဟစနစ်သို့ ပြောင်းရွှေ့ကြရသည်။ လိုအပ်သလို လိုက်မပြောင်းနိုင်လျှင် သေဆုံးပျက်စီးကြသည်။ ဂေဟစနစ်ပျက်စီးမှုများလာသောအခါ လူတို့၏ စားသောက်နေထိုင်ရှင်သန်မှုကို … Continue reading ဂေဟစနစ်နှင့် ဂေဟဗေဒ
ကမ္ဘာ့အပူချိန်ဒီဂရီအနည်းငယ်တက်ရုံမျှဖြင့်
ကမ္ဘာ့အပူချိန်တက်ခြင်းသတင်းများ၊ ထုတ်ပြန်ချက်များတွင် ဒီဂရီဝက် တစ်ဒီဂရီ နှစ်ဒီဂရီ စသဖြင့် တက်ခြင်းကို ဘေးအန္တရာယ်ဟု အရေးတကြီးဖော်ပြနေကြရာ သာမန်တွေးပါက ယင်းမျှတက်ရုံဖြင့် ဘေးအန္တရာယ်ကြီးများ ကြုံရမည်ဆိုခြင်းသည် ဖြစ်နိုင်ပါမည်လောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။ အဆိုပါသံသယကို လူတိုင်းဖြစ်ဖူးကြသော ဥပမာနှင့် ချေဖျက်နိုင်သည်။ လူ့ခန္ဓာကိုယ်၏ ပုံမှန်အပူချိန်သည် ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ်ရာ နေမကောင်းဖြစ်လျှင် အချို့ ၃၉၊ ၄၀၊ အချို့ထို့ထက်ပို၍ တက်သည်။ ကိုယ်အပူချိန်တက်ခြင်းသည် အချိန်ပိုင်းမျှ သို့မဟုတ် တစ်ရက်တာမျှသာကြာလျှင် နောက်တစ်နေ့တွင် လူကောင်းနီးနီးဖြစ်သွားသည်။ သို့သော် တစ်ဒီဂရီမျှသာ တက်သော်လည်း လေးငါးရက်ဆက်တိုက်ဖြစ်လာသောအခါ ခန္ဓာတွင်း ဇီဝကမ္မစနစ်ချို့ယွင်းကာ မအီမလည် အစားအသောက်ပျက် မလှုပ်ချင်မကိုင်ချင် ဖြစ်လာတော့သည်။ ထိုနည်းအတိုင်း ကမ္ဘာကြီးသည်လည်း တစ်နှစ် နှစ်နှစ်မျှမဟုတ်၊ ဆယ်စုနှစ်ပေါင်းများစွာ အပူချိန် ဆက်တိုက်တက်လာသောအခါ (ဒီဂရီအနည်းငယ်မျှသာဖြစ်သော်လည်း) ရာသီဥတုစနစ်၊ … Continue reading ကမ္ဘာ့အပူချိန်ဒီဂရီအနည်းငယ်တက်ရုံမျှဖြင့်