ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်

ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ သို့မဟုတ် ရာသီဥတု ပြောင်းလဲလာခြင်းကို ညွှန်ပြသည့် အခြင်းအရာများ ခုနစ်ခု ရှိသည်၊ ယင်းတို့မှာ - ၁ - လေထုတွင်းရောက် ဖန်လုံအိမ် ဓာတ်ငွေ့ ပမာဏ များပြားလာခြင်း၂ - မြေပြင်အနီးရှိ လေထုအပူချိန် တက်လာခြင်း၃ - ပင်လယ်ရေပြင် မြင့်တက်ခြင်း၄ - သမုဒ္ဒရာ ရေထု၏ အက်စစ်ဓာတ် များပြားလာခြင်း၅ - သမုဒ္ဒရာ ရေထုတွင်း အပူဓာတ် များပြားလာခြင်း၆ - ရေခဲမြစ်၊ ရေခဲပြင်များ အရည်ပျော်ခြင်းနှင့်၇ - အာတိတ်နှင့် အန္တာတိတ် ဒေသ ရေပြင်ပေါ်ရှိ ရေခဲပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်ကြသည်။ အထက်ပါ ခုနစ်ခုအနက် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ လေထု အပူချိန်၊ … Continue reading ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များ ပိုမို ဆိုးရွား ပြင်းထန်လာခဲ့သော ၂၀၂၁ ခုနှစ်

ဂျီအိုအင်ဂျင်နီယာ

မှန်အလုံပိတ်ထားသော ကားများထဲတွင် လူနှင့် အခြားပစ္စည်းများမှ ထွက်သော အပူဓာတ် သို့မဟုတ် အနီအောက်ရောင်ခြည်ကို ကားမှန်က တားဆီးထား၍ ကားတွင်း၌ ပူနွေးလာသကဲ့သို့ လေထုတွင်းရှိ သဘာဝ ဖန်လုံအိမ် ဓာတ်ငွေ့များသည်လည်း မြေပြင်ကို ရိုက်ခတ်ပြီး ပြန်ကန်ထွက်လာသော နေရောင် အပူဓာတ်ကို အာကာသထဲ ပြန်ထွက်ခွင့် မပေးဘဲ ထိန်းအုပ်ထားခြင်းဖြင့် ကမ္ဘာကို အလောတော် အခြေအနေ၌ နွေးထွေးစေသည်။ သို့သော် လူတို့က ရေနံ၊ ကျောက်မီးသွေးစသည့် ရုပ်ကြွင်းလောင်စာများကို အလွန်အကျွံ သုံးစွဲမှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ ရှိသင့်သည်ထက် များလာပြီး ကမ္ဘာ့အပူချိန်သည် တစ်ချိန်ထက် တစ်ချိန် တိုးတက်လာလျက် ရှိသည်။ ယင်းပြဿနာကို ကုစားဖို့ ကာဘွန်ဒိုင်အောက်ဆိုက် စသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးစားနေကြသော်လည်း ယင်းကြိုးပမ်းမှု အောင်မြင်ရန် အလားအလာမှာ … Continue reading ဂျီအိုအင်ဂျင်နီယာ

ရာသီဥတုပြောင်းလဲမှုနှင့်မြန်မာ

၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ရက်သတ္တ နှစ်ပတ် ကြာ ပြုလုပ်ခဲ့သော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု အစည်းအဝေးတွင် အဓိက သဘောတူညီချက် သုံးခုကို ချမှတ်နိုင်ခဲ့သည်။ ၁ - ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေး ခေတ်မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင် ထိန်းထားနိုင်ရေး လာမည့်နှစ်တွင် ထပ်မံစည်းဝေးကြရန်၂ - ကျောက်မီးသွေးအသုံးလျှော့ချရန်၃ - ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးအကူအညီ ပိုပေးရန်တို့ ဖြစ်ကြသည်။ နေရာအနှံ့အပူချိန်တက်လာ၊ ရေခဲပြင် အရည်ပျော်၊ ပင်လယ်ရေပြင် မြင့်တက်၊ မုန်တိုင်းပိုတိုက်၊ တိုက် သော မုန်တိုင်း အားပိုကောင်းလာ၊ ရေကြီးရေလျှံ၊ အချို့ နေရာများတွင် မိုးခေါင်စသဖြင့် ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များကို ယခုကပင် … Continue reading ရာသီဥတုပြောင်းလဲမှုနှင့်မြန်မာ

စက်မှုတော်လှန်ရေးနှင့် ရာသီဥတုပြောင်းလဲမှု

နျူကိုမင်၏ရေနွေးငွေ့အင်ဂျင် စက်မှုတော်လှန်ရေးဆိုသည်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး စသည်တို့၌ လူအား၊ တိရစ္ဆာန်တို့၏အားစသည်တို့ကို အဓိကသုံးနေရာမှ လောင်စာသုံးစက်ကိရိယာများဖြင့် လုပ်ငန်းပိုမိုမြန်ဆန်စွာ လုပ်ဆောင် ပြီးမြောက်လာစေနိုင်ခြင်း ဖြစ်စဉ်ကို ခေါ်သည်။ စက်မှုတော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်မှာ ရေနွေးငွေ့အင်ဂျင်ကို တီထွင်အသုံးပြုနိုင်မှုကြောင့် အဓိကဖြစ်သည်။ ရေနွေးငွေ့အင်ဂျင်မှ အစပြုလိုက်သော စက်ကိရိယာများကို အသုံးချနိုင်ခြင်းသည် လူ့သမိုင်း၌ မီးကို သုံးစွဲတတ်ခြင်းပြီးလျှင် ကြီးမားကျယ်ပြန့်သော တိုးတက်မှုတစ်ရပ်ပင် ဖြစ်သည်။ ရေနွေးငွေ့၏ရွေ့လျားတွန်းကန်အားဖြင့် တာဘိုင်ကို လည်ပတ်စေခြင်း၊ ပစ်စတင်များကို ရှေ့တိုးနောက်ငင် ရွေ့လျားစေခြင်းတို့ဖြင့် စက်ကိရိယာများ အလုပ်လုပ်သည်။ သုံးပြီးသောရေနွေးငွေ့တို့ကို ပြန်လည်အအေးခံကာ ရေပြန်ဖြစ်စေခြင်းဖြင့် အကျော့ပေါင်းများစွာ ပြန်လည်အသုံးချသည်။ ပေါ်ဦးစ ရေနွေးငွေ့အင်ဂျင်တို့တွင် ကျောက်မီးသွေး၊ ထင်းတို့ဖြင့် ရေကိုဆူပွက်စေ၍ ရေနွေးငွေ့ကို ဖန်တီးသည်။ နောက်ပိုင်းတွင် ကျောက်မီးသွေးကို အဓိကသုံးသည်။ ထင်း သို့မဟုတ် … Continue reading စက်မှုတော်လှန်ရေးနှင့် ရာသီဥတုပြောင်းလဲမှု

ရာသီဥတုပြောင်းလဲခြင်း သမိုင်းကြောင်း

ကမ္ဘာ့လူဦးရေနှင့် ရုပ်ကြွင်းလောင်စာအသုံး များပြားလာခြင်းတို့ကြောင့် ရာသီဥတုစနစ်ပြောင်းလဲပုံ အဆင့်ဆင့် ခုနှစ်ဖြစ်ရပ်၁၇၁၂ရေနွေးငွေ့အင်ဂျင်စက်ကို တီထွင်ခြင်းဖြင့် ကျောက်မီးသွေးအများအပြားစတင်အသုံးပြု၁၇၆၀အင်ဂျင်စက်အများအပြား အသုံးပြုခြင်းဖြင့် ပထမစက်မှုတော်လှန်ရေး စတင်၁၈၀၀-၁၈၇၀လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၂၉၀ ပီပီအမ်ကမ္ဘာ့ပျမ်းမျှအပူချိန် ၁၃ . ၆ ဒီဂရီစင်တီဂရိတ်၁၈၀၄ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ပြည့်၁၈၂၄ပြင်သစ်ပညာရှင် ဂျိုးဇက်ဖူရီယေးက ဖန်လုံအိမ်အာနိသင်အကြောင်း စတင်ဖော်ထုတ်၁၈၈၆ကမ္ဘာ့ပထမဆုံးမော်တော်ကားကို ထုတ်လုပ်၁၈၉၆ဆွီဒင်ပညာရှင် အာရင်းနီးယပ်စ်က ကျောက်မီးသွေးကြောင့် လေထုတွင်းရှိနှင့်ပြီး အပူဓာတ်ကို ပိုမိုပြင်းထန်လာစေလိမ့်မည်ဟု ပြော၁၈၇၀-၁၉၁၀ဒုတိယစက်မှုတော်လှန်ရေး စတင်၊ အင်ဂျင်စက်အသုံးပြုမှု ပိုတွင်ကျယ်လာ၁၉၂၀-၁၉၂၅ရုပ်ကြွင်းလောင်စာတစ်မျိုးဖြစ်သော ရေနံကို အများအပြား စတင်အသုံးပြု၁၉၂၇ကမ္ဘာ့လူဦးရေသန်း ၂၀၀၀ ပြည့်၁၉၃၈ဗြိတိသျှ ပညာရှင် ကောလင်ဒါက ၁၉ ရာစုအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန် တက်လာနေကြောင်း၊ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏလည်း လိုက်တက်လာကြောင်း ထုတ်ဖော်၁၉၅၈လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၃၁၅ ပီပီအမ်ကမ္ဘာ့ ပျမ်းမျှအပူချိန် ၁၃ . ၉ ဒီဂရီ … Continue reading ရာသီဥတုပြောင်းလဲခြင်း သမိုင်းကြောင်း

စဉ်ခဲဒေသအစဉ်မခဲတော့သောအခါ

ရေခဲအမှတ်အောက်တွင် အနည်းဆုံးနှစ်နှစ်ဆက်တိုက်ရှိနေသော မြေလွှာ ကျောက်လွှာများရှိရာဒေသကို စဉ်ခဲဒေသဟု ခေါ်သည်။ မြောက်နှင့် တောင်ဝင်ရိုးစွန်း အနီးဝန်းကျင်အရပ်များ၊ အချို့တောင်တန်းများ၏ မြင့်မားသောအပိုင်းများသည် စဉ်ခဲဒေသများ ဖြစ်ကြသည်။ စဉ်ခဲဒေသ၏ ခဲမာနေသောမြေပြင်၏အထူသည် ပုံမှန်အားဖြင့် ၂ ပေ မှ ၁၂ ပေခန့်ရှိသော်လည်း အချိန်နှင့်နေရာကိုလိုက်၍ အပြောင်းအလဲရှိရာ ရုရှားပြည် ဆိုက်ဘေးရီးယား၏ အချို့နေရာများတွင် စဉ်ခဲမြေလွှာသည် ပေ ၄၅၀၀ အထိ ထူထဲသည်။ ရံခါ အရည်ပျော်တတ်သော စဉ်ခဲမြေလွှာများ၏ အပေါ်ယံ မျက်နှာပြင်တွင် သစ်ပင်များ ပေါက်ရောက်နိုင်သည်။ လက်ရှိစဉ်ခဲဒေသ၏ ဧရိယာသည် ကမ္ဘာမျက်နှာပြင်၏ ၂၀ ရာခိုင်နှုန်းမျှရှိသည်။ ယင်းအကျယ်အဝန်းသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲပူနွေးလာနေမှုကြောင့် စဉ်ခဲဒေသမြေလွှာများ အရည်ပျော်ကာ တဖြည်းဖြည်း ကျုံ့ဝင်သေးငယ်လာနေသည်။ မြေလွှာများအရည်ပျော်မှုကြောင့် ယင်းဒေသတွင် ဆောက်လုပ်ထားသော အဆောက်အအုံများ ကွဲအက် တိမ်း … Continue reading စဉ်ခဲဒေသအစဉ်မခဲတော့သောအခါ

ရေထဲရောက် ကာဘွန်ဒိုင်အောက်ဆိုက်

ရေသည် ဓာတ်ပစ္စည်းများပျော်ဝင်ရန် လွယ်ကူသော အရည်ဖြစ်၍ လေထုတွင်းသို့ များပြားစွာ ဝင်ရောက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် ရေထုတွင်းသို့လည်း ပျော်ဝင်ရောက်ရှိကြသည်။ ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့ ရောနှောဓာတ်ပြုကြလျှင် ကာဗွန်နစ်အက်စစ် ဖြစ်လာသည်။ ရေနှင့်အရည်များတွင် အက်စစ်ပါဝင်မှုကို "ပီအိပ်ချ်"အမှတ်ဖြင့် တိုင်းတာသည်။ ပီအိပ်ချ် မြင့်လျှင် အက်စစ် နည်း၍ ပီအိပ်ချ် နိမ့်လျှင် အက်စစ် များသည်။ လေ့လာချက်များအရ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးတွင် ရေထု၏ ပျမ်းမျှပီအိပ်ချ်အမှတ်သည် ၈ ဒသမ ၁၆ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ခန့် စက်မှုတော်လှန်ရေး စတင်ချိန်တွင် ရေထု၏ပီအိပ်ချ်သည် ၈ ဒသမ ၂ ရှိခဲ့ရာမှ ယခု ၈ ဒသမ ၁ သို့ ကျဆင်းလာသည်။ ကမ္ဘာ့သမိုင်းတွင် သမုဒ္ဒရာရေထု အက်စစ်ဓာတ်လွန်ကဲမှုများ … Continue reading ရေထဲရောက် ကာဘွန်ဒိုင်အောက်ဆိုက်

ရာသီဥတုပြောင်းလဲခြင်းအကြောင်းရင်း

ရာသီဥတုပြောင်းလဲလာရခြင်း၏အကြောင်းရင်းသည် ကမ္ဘာ့ကြီးပူနွေးလာခြင်းကြောင့်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အပူချိန်တက်လာသောအခါ ခန္ဓာ၏ဇီဝကမ္မစနစ်ကိုထိခိုက်ပြီး အစားအသောက်ပျက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းစသည်တို့ဖြစ်လာသကဲ့သို့ လူတို့မှီတင်းနေထိုင်ရာ ကမ္ဘာကြီးတွင်လည်း အပူချိန်တက်လာ၊ ပူနွေးလာသောအခါ ရေကြီး မိုးခေါင် ပင်လယ်ရေပြင်မြင့်တက် စသည့် ရာသီဥတုပြောင်းလဲမှုလက္ခဏာများ ပေါ်ပေါက်သည်။ ကမ္ဘာကြီးပူနွေးလာခြင်း၏အကြောင်းကို ဆက်၍လေ့လာလျှင် လူတို့က ရုပ်ကြွင်းလောင်စာများကို လောင်မြှိုက်ခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို လေထုတွင်းသွတ်သွင်းကြခြင်းဟူသော ဖြစ်စဉ်ကိုတွေ့ရမည်။ လူတို့သည် မိမိတို့၏ခွန်အားကိုအသုံးချ၍လည်းကောင်း၊ တိရစ္ဆာန်များကို ခိုင်းစေ၍လည်းကောင်း အသက်မွေးခဲ့ကြရာမှ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ ခန့်(၁၇၆၀ ပြည့်နှစ်ခန့်)မှ စ၍ စက်ကိရိယာများကို တီထွင်အသုံးချခြင်းဖြင့် မိမိတို့၏လူနေမှုဘဝကို အရှိန်အဟုန်နှင့်မြှင့်တင်ခဲ့ကြသည်။ အဆိုပါဖြစ်စဉ်ကို 'ပထမစက်မှုတော်လှန်ရေး'ဟုခေါ်သည်။ ယင်းစက်ကိရိယာများကို လည်ပတ်မောင်းနှင်ရန် လိုအပ်သောစွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာများ ဖြစ်ကြသော ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကို အသုံးပြုလောင်မြိုက်ကြသည်။ ထိုသို့လောင်မြိုက်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ကာဘွန်ဒိုင်အောက်ဆိုက် ထွက်ပေါ်လာကာ လေထုတွင်းရောက်ရှိသည်။ ကာဘွန်ဒိုင်အောက်ဆိုက်သည် … Continue reading ရာသီဥတုပြောင်းလဲခြင်းအကြောင်းရင်း

ဖန်လုံအိမ်အာနိသင်နှင့်ဖန်လုံအိမ်ဓာတ်ငွေ့

ကမ္ဘာအပါအဝင် ဂြိုဟ်များတွင် နွေ မိုး ဆောင်း ရာသီဥတုများဖြစ်ပေါ်ရန် အခြေခံအားဖြင့် လေထုရှိနေရန် လိုအပ်သည်။ လေထုရှိနေခြင်းကြောင့် ဖြစ်ပေါ်သော ရာသီဥတုအပြောင်းအလဲကို ထိန်းချုပ်နေသော အကြောင်းခြင်းရာများအနက် တစ်ခုမှာ နေရောင်ဖြစ်သည်။ ကမ္ဘာ့လေထုလွှာများကို ရောက်ရှိရိုက်ခတ်သော နေရောင်များအနက် ၃ ပုံ ၁ ပုံသည် အာကာသထဲသို့ ပြန်ထွက်သွားပြီး ကျန် ၃ ပုံ ၂ ပုံသည် လေထုကို ဖြတ်သန်းကာ ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ကျရောက်သည်။ ယင်းသို့ ကျရောက်လာသောနေရောင်ခြည်အချို့ကို မြေထု၊ ရေထု၊ သစ်ပင်များနှင့် အခြားအရာဝတ္ထုတို့က စုပ်ယူသဖြင့် ယင်းတို့သည် နွေးထွေးလာကြသည်။ အပူဓာတ်ကြောင့် ယင်းတို့ထဲရှိ စွမ်းအင်သည် မြင့်မားလာကာ အနီအောက်ရောင်ခြည်အသွင်ဖြင့် လွတ်ထွက်လာသည်။ ထိုသို့ လွတ်ထွက်လာသော အနီအောက်ရောင်ခြည်ကို လူ့မျက်စိဖြင့်မမြင်ရသော်လည်း အပူဓာတ်အနေဖြင့်မူ ခံစားသိရှိကြရသည်။ … Continue reading ဖန်လုံအိမ်အာနိသင်နှင့်ဖန်လုံအိမ်ဓာတ်ငွေ့

လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာခြင်း

လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာခြင်းကို စနစ်တကျနှင့် စဉ်ဆက်မပြတ် ပြုလုပ်ခဲ့နိုင်သည်မှာ ၁၉၅၈ ခုနှစ်ကတည်းက ဖြစ်သည်။ ၁၉၅၇-၅၈ ခုနှစ်ကို နိုင်ငံတကာ ဘူမိရူပနှစ်အဖြစ် ကြေညာလုပ်ဆောင်ခဲ့ရာ သိပ္ပံပညာရှင် ဒေါက်တာဒေးဗစ်ကီးလင်းက နိုင်ငံတကာဘူမိရူပနှစ်၏ လှုပ်ရှားမှုတစ်ခုအနေဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ တိုင်းတာခြင်းကို ဆောင်ရွက်ရန် အဆိုပြု အကောင်အထည်ဖော်ခဲ့သည်။ ကီးလင်းသည် တိုင်းတာချက်များကို ဦးစွာ တောင်ဝင်ရိုးစွန်းဝန်းကျင်တွင် ပြုလုပ်ခဲ့သော်လည်း ငွေကြေးမလုံလောက်မှုကြောင့် နောက်ပိုင်းတွင် ပစိဖိတ်သမုဒ္ဒရာ ဟာဝိုင်အီကျွန်း မော်နာလိုအာ(Mauna Loa)လေ့လာရေးစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ မော်နာလိုအာစခန်းကို ကာဘွန်ဒိုင်အောက်ဆိုက်တိုင်းတာရေးစခန်းအဖြစ် ရွေးချယ်ရခြင်းမှာ ယင်းနေရာသည် ပစိဖိတ်သမုဒ္ဒရာအလယ်ကောင်တွင် ရှိပြီး လူ့ပယောဂကြောင့်ထွက်သော အခြားဓာတ်ငွေ့များ အလွန် နည်းပါးသောကြောင့် ဖြစ်သည်။ ယခုအခါ မော်နာလိုအာတွင်သာမက အခြားကမ္ဘာ့နေရာ ၂၀၀ ကျော်တို့တွင်လည်း ကာဘွန်ဒိုင်အောက်ဆိုက်တိုင်းတာရေးစခန်းများ ထားရှိသည်။ သို့သော် … Continue reading လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာခြင်း

မီသိန်း

မီသိန်း(methane)သည် ပူနွေးစေရာတွင်နှင့် ရာသီဥတုပြောင်းလဲစေရာတွင် ကာဘွန်ဒိုင်အောက်ဆိုက်ပြီးလျှင် အန္တရာယ် အများဆုံးဓာတ်ငွေ့ဖြစ်သည်။ ဟိုက်ဒရိုဂျင်အတမ်လေးလုံးနှင့် ကာဘွန်အတမ်တစ်လုံးတို့ဖြင့် ဖွဲ့စည်းထားသည့် မီသိန်းသည် သဘာဝဓာတ်ငွေ့၏ အခြေခံဓာတ်ပစ္စည်း ဖြစ်သောကြောင့် လူတို့အတွက် အရေးပါသည့် စွမ်းအင်ဇာစ်မြစ်တစ်မျိုး ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ မီသိန်းသည် လေထုတွင်းရောက်ပြီး နှစ်ပေါင်း ၁၀၀ ကြာသည့်တိုင်အောင် ကာဘွန်ဒိုင်အောက်ဆိုက်ထက် ၂၈ ဆမျှပိုပူစေနိုင်စွမ်းရှိသေးသည်။ သို့သော် မီသိန်းအတော်များများသည် လေထုတွင်ရောက်ပြီး ဆယ်နှစ်ခန့်ကြာလျှင် ပြိုကွဲပျက်စီးသွားသည်။ ကမ္ဘာ့အပူချိန်မြင့်လာမှု အကြောင်းရင်းများတွင် မီသိန်းကြောင့် မြင့်လာခြင်းက ၃၀ ရာခိုင်နှုန်းမျှ ဖြစ်သည်။ လေထုထဲရောက် မီသိန်းပမာဏစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် လူတို့ကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ သဘာ၀ အကြောင်းများကြောင့် ဖြစ်သည်။ လူတို့ကြောင့် ထွက်ပေါ်သော မီသိန်း၏ ဇာစ်မြစ်များမှာ ဖို့မြေများ၊ … Continue reading မီသိန်း