Greenhouse Gases
-
စက်မှုတော်လှန်ရေးနှင့် ရာသီဥတုပြောင်းလဲမှု
စက်မှုတော်လှန်ရေးဆိုသည်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး စသည်တို့၌ လူအား၊ တိရစ္ဆာန်တို့၏အားစသည်တို့ကို အဓိကသုံးနေရာမှ လောင်စာသုံးစက်ကိရိယာများဖြင့် လုပ်ငန်းပိုမိုမြန်ဆန်စွာ လုပ်ဆောင် ပြီးမြောက်လာစေနိုင်ခြင်း ဖြစ်စဉ်ကို ခေါ်သည်။ စက်မှုတော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်မှာ ရေနွေးငွေ့အင်ဂျင်ကို တီထွင်အသုံးပြုနိုင်မှုကြောင့် အဓိကဖြစ်သည်။ ရေနွေးငွေ့အင်ဂျင်မှ အစပြုလိုက်သော စက်ကိရိယာများကို အသုံးချနိုင်ခြင်းသည် လူ့သမိုင်း၌ မီးကို သုံးစွဲတတ်ခြင်းပြီးလျှင် ကြီးမားကျယ်ပြန့်သော တိုးတက်မှုတစ်ရပ်ပင် ဖြစ်သည်။ ရေနွေးငွေ့၏ရွေ့လျားတွန်းကန်အားဖြင့်…
-
ရာသီဥတုပြောင်းလဲခြင်း သမိုင်းကြောင်း
ကမ္ဘာ့လူဦးရေနှင့် ရုပ်ကြွင်းလောင်စာအသုံး များပြားလာခြင်းတို့ကြောင့် ရာသီဥတုစနစ်ပြောင်းလဲပုံ အဆင့်ဆင့် ခုနှစ် ဖြစ်ရပ် ၁၇၁၂ ရေနွေးငွေ့အင်ဂျင်စက်ကို တီထွင်ခြင်းဖြင့် ကျောက်မီးသွေးအများအပြားစတင်အသုံးပြု ၁၇၆၀ အင်ဂျင်စက်အများအပြား အသုံးပြုခြင်းဖြင့် ပထမစက်မှုတော်လှန်ရေး စတင် ၁၈၀၀-၁၈၇၀ လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ ၂၉၀ ပီပီအမ်ကမ္ဘာ့ပျမ်းမျှအပူချိန် ၁၃ . ၆ ဒီဂရီစင်တီဂရိတ် ၁၈၀၄ ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ပြည့် ၁၈၂၄ ပြင်သစ်ပညာရှင်…
-
စဉ်ခဲဒေသအစဉ်မခဲတော့သောအခါ
ရေခဲအမှတ်အောက်တွင် အနည်းဆုံးနှစ်နှစ်ဆက်တိုက်ရှိနေသော မြေလွှာ ကျောက်လွှာများရှိရာဒေသကို စဉ်ခဲဒေသဟု ခေါ်သည်။ မြောက်နှင့် တောင်ဝင်ရိုးစွန်း အနီးဝန်းကျင်အရပ်များ၊ အချို့တောင်တန်းများ၏ မြင့်မားသောအပိုင်းများသည် စဉ်ခဲဒေသများ ဖြစ်ကြသည်။ စဉ်ခဲဒေသ၏ ခဲမာနေသောမြေပြင်၏အထူသည် ပုံမှန်အားဖြင့် ၂ ပေ မှ ၁၂ ပေခန့်ရှိသော်လည်း အချိန်နှင့်နေရာကိုလိုက်၍ အပြောင်းအလဲရှိရာ ရုရှားပြည် ဆိုက်ဘေးရီးယား၏ အချို့နေရာများတွင် စဉ်ခဲမြေလွှာသည် ပေ ၄၅၀၀ အထိ…
-
ရေထဲရောက် ကာဘွန်ဒိုင်အောက်ဆိုက်
ရေသည် ဓာတ်ပစ္စည်းများပျော်ဝင်ရန် လွယ်ကူသော အရည်ဖြစ်၍ လေထုတွင်းသို့ များပြားစွာ ဝင်ရောက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် ရေထုတွင်းသို့လည်း ပျော်ဝင်ရောက်ရှိကြသည်။ ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့ ရောနှောဓာတ်ပြုကြလျှင် ကာဗွန်နစ်အက်စစ် ဖြစ်လာသည်။ ရေနှင့်အရည်များတွင် အက်စစ်ပါဝင်မှုကို “ပီအိပ်ချ်”အမှတ်ဖြင့် တိုင်းတာသည်။ ပီအိပ်ချ် မြင့်လျှင် အက်စစ် နည်း၍ ပီအိပ်ချ် နိမ့်လျှင် အက်စစ် များသည်။ လေ့လာချက်များအရ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးတွင် ရေထု၏…
-
ရာသီဥတုပြောင်းလဲခြင်းအကြောင်းရင်း
ရာသီဥတုပြောင်းလဲလာရခြင်း၏အကြောင်းရင်းသည် ကမ္ဘာ့ကြီးပူနွေးလာခြင်းကြောင့်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အပူချိန်တက်လာသောအခါ ခန္ဓာ၏ဇီဝကမ္မစနစ်ကိုထိခိုက်ပြီး အစားအသောက်ပျက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းစသည်တို့ဖြစ်လာသကဲ့သို့ လူတို့မှီတင်းနေထိုင်ရာ ကမ္ဘာကြီးတွင်လည်း အပူချိန်တက်လာ၊ ပူနွေးလာသောအခါ ရေကြီး မိုးခေါင် ပင်လယ်ရေပြင်မြင့်တက် စသည့် ရာသီဥတုပြောင်းလဲမှုလက္ခဏာများ ပေါ်ပေါက်သည်။ ကမ္ဘာကြီးပူနွေးလာခြင်း၏အကြောင်းကို ဆက်၍လေ့လာလျှင် လူတို့က ရုပ်ကြွင်းလောင်စာများကို လောင်မြှိုက်ခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို လေထုတွင်းသွတ်သွင်းကြခြင်းဟူသော ဖြစ်စဉ်ကိုတွေ့ရမည်။ လူတို့သည် မိမိတို့၏ခွန်အားကိုအသုံးချ၍လည်းကောင်း၊ တိရစ္ဆာန်များကို ခိုင်းစေ၍လည်းကောင်း အသက်မွေးခဲ့ကြရာမှ လွန်ခဲ့သောနှစ်ပေါင်း…
-
ဖန်လုံအိမ်အာနိသင်နှင့်ဖန်လုံအိမ်ဓာတ်ငွေ့
ကမ္ဘာအပါအဝင် ဂြိုဟ်များတွင် နွေ မိုး ဆောင်း ရာသီဥတုများဖြစ်ပေါ်ရန် အခြေခံအားဖြင့် လေထုရှိနေရန် လိုအပ်သည်။ လေထုရှိနေခြင်းကြောင့် ဖြစ်ပေါ်သော ရာသီဥတုအပြောင်းအလဲကို ထိန်းချုပ်နေသော အကြောင်းခြင်းရာများအနက် တစ်ခုမှာ နေရောင်ဖြစ်သည်။ ကမ္ဘာ့လေထုလွှာများကို ရောက်ရှိရိုက်ခတ်သော နေရောင်များအနက် ၃ ပုံ ၁ ပုံသည် အာကာသထဲသို့ ပြန်ထွက်သွားပြီး ကျန် ၃ ပုံ ၂ ပုံသည်…
-
လေထုတွင်းကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာခြင်း
လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာခြင်းကို စနစ်တကျနှင့် စဉ်ဆက်မပြတ် ပြုလုပ်ခဲ့နိုင်သည်မှာ ၁၉၅၈ ခုနှစ်ကတည်းက ဖြစ်သည်။ ၁၉၅၇-၅၈ ခုနှစ်ကို နိုင်ငံတကာ ဘူမိရူပနှစ်အဖြစ် ကြေညာလုပ်ဆောင်ခဲ့ရာ သိပ္ပံပညာရှင် ဒေါက်တာဒေးဗစ်ကီးလင်းက နိုင်ငံတကာဘူမိရူပနှစ်၏ လှုပ်ရှားမှုတစ်ခုအနေဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ တိုင်းတာခြင်းကို ဆောင်ရွက်ရန် အဆိုပြု အကောင်အထည်ဖော်ခဲ့သည်။ ကီးလင်းသည် တိုင်းတာချက်များကို ဦးစွာ တောင်ဝင်ရိုးစွန်းဝန်းကျင်တွင် ပြုလုပ်ခဲ့သော်လည်း ငွေကြေးမလုံလောက်မှုကြောင့်…


