၂၀၂၂ ခုနှစ် ကမ္ဘာ့ရေနေ့ (World Water Day) နီးလာသောအခါ ဆောင်းပါးများ ရေးပို့ရန်၊ စာရေးသူ ဆက်သွယ်ထားသောအဖွဲ့များနှင့် အဖွဲ့ဝင်အဖြစ် ပါဝင်နေသော နိုင်ငံတကာရေအဖွဲ့အစည်းများက ကြော်ငြာစာတမ်းများ၊ ခံယူချက်များ၊ စာရွက်စာတမ်းများ စာရေးသူထံ အီးမေးလ်ကတဆင့် ပေးပို့လာသည်။ ထိုသူတို့ထံသို့ ဆောင်းပါးတစ်စောင် ပို့ခဲ့ပါသည်။ ယခုဆောင်းပါးကို မိမိနိုင်ငံ၏ ပြည်သူအများ ရေအရေး မမေ့ကြစေဖို့ တန်ဖိုးထားစေရေး သတိပေးဆောင်းပါးအဖြစ် ရေးသားခြင်း ဖြစ်ပါသည်။ ၂၀၂၂ နှစ်၏ ကမ္ဘာ့ရေနေ့ သတ်မှတ်ချက်မှာ “မြေအောက်ရေ” ဖြစ်သည်။ မမြင်နိုင်သော” မြေအောက်ရေကို “မြင်နိုင်အောင်“ ပြုလုပ်ခြင်း။ မမြင်ရသော မြေအောက်ရေသည် မြင်ရသည့်နေရာတိုင်းမှာ အကျိုးသက်ရောက်စေ၏။ ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာပညာရှင်နှင့်ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့အစည်းများ တိုင်ပင်ဆွေးနွေးကာ နှစ်စဉ်မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ပြီး … Continue reading ကမ္ဘာ့ရေနေ့ ၂၀၂၂ နှင့် မြေအောက်ရေ (ဦးမြင့်သိန်း – မောင်ကျေးရေ)
Category: Awareness
ရန်ကုန် မြေအောက်ရေအောင်းလွှာအကြောင်း၊ ရန်ကုန်မြို့တစ်နေရာ၌ မြေအောက်ရေနေနှင့် မြေပြင်နိမ့်ကျလာခြင်း – ဦးမြင့်သိန်း (မောင်ကျေးရေ)
(စာရေးသူ၏ မိတ်ဆွေအိမ်က စက်ရေတွင်းအခြေအနေကို မိတ်ဆွေ၏ ပြောပြချက်များပေါ် မူတည်ကာ ထပ်မံ ဆွေးနွေးမေးမြန်းပြီး နိုင်ငံတကာပညာရေး အင်တာနက်(အကယ်ဒမီကာ) စာမျက်နှာ၌ ၂၀၂၂ ခုနှစ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြခဲ့ပါသည်။ ဖရန့်တီယားမြန်မာ သတင်းထောက်ကလည်း ယင်းအကြောင်းကို စာရေးသူနှင့် ဆွေးနွေးမေးမြန်းပြီး ဆောင်းပါးရေးသားခဲ့သေးသည်။ ယခု မြန်မာပရိသတ် အတွက် လိုရင်းတိုရှင်း မြန်မာဘာသာဖြင့် ရေးသားတင်ပြပါသည်။) ရန်ကုန်မြို့တည်နေရာ၊ လူဦးရေ၊ ဧရိယာနှင့် ရာသီဥတု ရန်ကုန်မြို့သည် မုတ္တမပင်လယ်ကွေ့မှ ငါးမိုင်ခန့်ဝေး၏။ ရန်ကုန်မြစ်နှင့်ပဲခူးမြစ်အကြား၊ မြစ်ဆုံတွင် တည်ရှိ၍ ဒီရေအတက်အကျ ရှိသော လှိုင်မြစ်၊ ပန်းလှိုင်မြစ်တို့သည် အနောက်ဘက်ခြမ်းမှ ရန်ကုန်မြစ်ထဲသို့ စီးဝင်၏။၊ ပုဇွန်တောင်ချောင်း(ငမိုးရိပ်ချောင်း)သည် အရှေ့ဘက်ခြမ်းမှ ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဆုံထဲသို့ စီးဝင်သည်။ ၂၀၂၁-၂၂ ခုနှစ် ရန်ကုန်လူဦးရေမှာ ၆ သန်းခန့် ရှိ၏။ … Continue reading ရန်ကုန် မြေအောက်ရေအောင်းလွှာအကြောင်း၊ ရန်ကုန်မြို့တစ်နေရာ၌ မြေအောက်ရေနေနှင့် မြေပြင်နိမ့်ကျလာခြင်း – ဦးမြင့်သိန်း (မောင်ကျေးရေ)
မြေအောက်ရေတွင် ပျော်ဝင်သော ဖလူအိုရိုက်ဒ် – ဦးမြင့်သိန်း (မောင်ကျေးရေ)
(အမေရိကန်ရေလုပ်ငန်းများအသင်းအောက်တွင် ဖွဲ့စည်းထားသော အဖွဲ့ငယ်တစ်ခုဖြစ်သည့် စက်ရေတွင်း ပိုင်ရှင်များ အကြံပေးအဖွဲ့က ထုတ်ဝေသည့် စာစောင်ကို မှီငြမ်းပြီး မြန်မာပြည်သူများအတွက် မျှဝေသုတ အနေဖြင့် ၂၀၂၃ ဇန်နဝါရီလက ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ ဖလူအိုရိုက်ဒ်ပါဝင်သည့် မြေအောက်ရေကို မြန်မာပြည်အလယ်ပိုင်း ပူအိုက်စွတ်စိုသောအရပ်ဒေသများ၌ တွေ့ရသည်။ သို့သော် ဖလူအိုရိုက်ဒ် ပါဝင်မှုပမာဏ မမြင့်မားလှပါ။) ဖလူရိုရိုက်ဒ်သည် ဓာတုဒြပ်စင်တစ်ခုဖြစ်သည်။ မြေအောက်ရေတွင် အများအားဖြင့် တွေ့ရပြီး လူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသည်။ မြေအောက်ရေတွင် ဖလူအိုရိုက်ဒ်ပါဝင်မှုသည် ဘူမိဖြစ်စဉ်နှင့် ကျောက်လွှာမြေလွှာ အမျိုးအစားများပေါ် တည်သည်။ ဖလူအိုရိုက်ဒ်ပါဝင်သည့် သတ္တုများမှာ လချေးပြား၊ အပါတိုက်နှင့် ဖလူအိုရိုက်ဒ်တို့ ဖြစ်ကြသည်။ အဆိုပါသတ္တုများသည် မူလအရင်းခံကျောက်များ ပို့ချစဉ်က ပါဝင်ခဲ့သည့် သတ္တုဓာတ်စင်များ ဖြစ်ကြသည်။ ဖလူအိုရိုက်ဒ်သတ္တုများပါဝင်သည့် မူလအနည်ကျကျောက်လွှာကို ဘူမိသက်တမ်းတလျှောက် တိုက်စားခြင်း၊ … Continue reading မြေအောက်ရေတွင် ပျော်ဝင်သော ဖလူအိုရိုက်ဒ် – ဦးမြင့်သိန်း (မောင်ကျေးရေ)
ရေစီမံခန့်ခွဲခြင်း အနုပညာ – ခန့်ဇော် (ကျေးလက်)
နောက်ခံသမိုင်း ၁။ ကျေးလက်ဒေသ ရေရရှိရေး လုပ်ငန်းများရဲ့ အစကို လေ့လာကြည့်ပါက ၁၉၉၇ ခုနှစ်အထိ စက်မှုလယ်ယာဦးစီးဌာနအောက်ရှိ ကျေးလက်ရေရရှိရေး ဌာနခွဲမှ ဆောင်ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာနမှ ကျေးလက်ရေ ရရှိရေး စီမံကိန်း ၁၀ နှစ် စီမံကိန်း ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ရေးဆွဲ၍ လက်ဆင့်ကမ်း ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ရေရရှိရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်။ ၂။ ရေပေးဝေရေးစနစ်တွေကို ထိရောက်စွာ စီမံခန့်ခွဲမှု မလုပ်ပါက ရေအလေအလွင့် များမယ်၊ မလိုလားအပ်သော ကုန်ကျစရိတ်များ တက်လာပြီး ၊ … Continue reading ရေစီမံခန့်ခွဲခြင်း အနုပညာ – ခန့်ဇော် (ကျေးလက်)
ကမ္ဘာ့စိမ့်စမ်းရေနှင့် မြန်မာ့စိမ့်စမ်းရေ – Dr. Sai Aung Thant Zin (WaterLab by Dr. Sai)
RO(Reverse Osmosis), UV(Ultraviolet), Ozone စနစ်များနဲ့ သန့်စင်ထားသော သဘာဝ စိမ့်စမ်းရေ ဆိုတဲ့ သောက်ရေ သန့် ကြော်ငြာမျိုး တွေ့ရင် ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်တယ်ဗျ။ Spring water (သဘာဝစိမ့်စမ်းရေ) ဆိုတာမြေကြီးအောက်မှာ သဘာဝအလျောက် တည်ရှိနေတဲ့ ရေအောင်းလွှာထဲက ရေတွေ မြေကြီးပေါ်ကို တစ်နည်းနည်းနဲ့ သူ့အလိုလို ရောက်ရှိလာတဲ့ ရေမျိုးကို ခေါ်တာပါ။ Spring water အမျိုးအစားတွေကတော့ အများကြီးပေါ့။ spring water အများစုက ရေမြေဒေသ၊ ရာသီဥတုတို့အပေါ်လိုက်ပြီး သတ္တုဓာတ် ပါဝင်မှု အချိုးအစားတွေ မတူကြပါဘူး။ အချို့ spring water တွေက ဘာမှ ပြုပြင်စရာမလိုဘဲ သောက်သုံးနိုင်တဲ့ အဆင့်မှာ ရှိနေတတ်ပါတယ်။ အဲသလို spring water … Continue reading ကမ္ဘာ့စိမ့်စမ်းရေနှင့် မြန်မာ့စိမ့်စမ်းရေ – Dr. Sai Aung Thant Zin (WaterLab by Dr. Sai)
ရေဖလား(Water Cup)
ကမ္ဘာ့ဖလား (World Cup)ဟု ဆိုလိုက်လျှင် ဘောလုံးဝါသနာရှင်များ၏ အာရုံကို ကောင်းစွာ ဆွဲဆောင်နိုင်သည့်အပြင် သာမန်လူအများကပင် ကောင်းစွာ ကြားဖူးကြသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပရန် ရှိသဖြင့် စိတ်ဝင်စားမှု အဟုန် တိုးမြင့်လာဦးမည်။ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အားကစားနယ်ပယ်တွင် သာမက ဆက်စပ်ကဏ္ဍတို့၏ စီးပွားရေးကို ကြီးစွာ အထောက်အကူပြုလျက် ရှိသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို အတုယူ အမည်ပေးထားသော ရေဖလား (water cup) ပြိုင်ပွဲသည်မူ လူသိနည်းသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကျေးရွာများ၏ ရေရရှိရေးအပြင် စီးပွားရေး လူနေမှုစနစ်တို့ကို အထောက်အကူပြု တိုးတက်စေခဲ့သည်။ ရေဖလား (water cup) ပြိုင်ပွဲဆိုသည်မှာ အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ်၌ ပြုလုပ်ခဲ့သည့် ကျေးရွာရေရရှိရေးပြိုင်ပွဲ ဖြစ်သည်။ မဟာရပ်ရှ်ထရာပြည်နယ်တွင် မကြာခဏ မိုးခေါင်တတ်သဖြင့် ရေရှားပါးမှုကို ပြည်နယ်သား … Continue reading ရေဖလား(Water Cup)
ရေဖူလုံရေးတွင် အရေးပါသည့် ရေသိုလှောင်နိုင်မှု
ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် နိုင်ငံတစ်နိုင်ငံ၌ ရေဖူလုံလောက်ငမှု ရှိမရှိ သိလိုလျှင် ယင်းနိုင်ငံ၏ ပြန်ပြည့်နိုင်သော ရေအရင်းအမြစ် (renewable water resources) ပမာဏကို ဦးစွာ ကြည့်ကြသည်။ ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်များတွင် မြစ်များ၏ ပျမ်းမျှနှစ်စဉ် ရေစီး၊ ပြည်တွင်း၌ ရွာကျသော မိုးရေများကြောင့် ပြန်ပြည့်သော မြေအောက်ရေ၊ ပြည်ပနိုင်ငံများမှ စီးဝင်လာသော မြေပေါ် မြေအောက်ရေ၊ နယ်စပ် ရေကန်နှင့် မြစ်များအနက် မိမိနိုင်ငံ ပိုင်နက်အတွင်း ကျရောက်သော အပိုင်းရှိ ရေများ ပါဝင်သည်။ မဆိုစလောက်မျှသာ ပြန်ပြည့်သည့် အနက်ပိုင်း ရေအောင်းလွှာရှိ ရေများကို ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်ဟု မသတ်မှတ်ချေ။ မြန်မာနိုင်ငံတွင် ပြည်တွင်း၌ ဖြစ်ပေါ်သည့် ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်သည် တစ်နှစ်လျှင် ၁၁၆၈ ကုဗကီလိုမီတာ ရှိပြီး … Continue reading ရေဖူလုံရေးတွင် အရေးပါသည့် ရေသိုလှောင်နိုင်မှု
ရေအရေး အားပေးလုပ်ဆောင်နေသော မန်စီးတီးဘောလုံးအသင်း
ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဘောလုံးအသင်းသည် မိမိ၏ အောင်မြင်ကျော်ကြားမှု၊ ငွေကြေးဓန ကြွယ်၀မှု စသည်တို့ကို အသုံးချ၍ ရေနှင့် သက်ဆိုင်သော အသိပညာ ဗဟုသုတများ၊ ရေအရေးတွင် စိတ်ဝင်စား ပါဝင်လှုပ်ရှားလာသူများ ကမ္ဘာတစ်ဝန်း တိုးပွားလာရေးအတွက် အလေးထား ဆောင်ရွက်လျက် ရှိသည်။ ယင်းရည်မှန်းချက် ပိုမိုအောင်မြင်စေရန် မန်စီးတီးသည် ရေနည်းပညာ၌ ထိပ်တန်းကုမ္ပဏီဖြစ်သော Xylem နှင့် ပူးပေါင်း လှုပ်ရှားနေရာ သူတို့၏ အားထုတ်ချက်ကြောင့် ယခုအခါ လူပေါင်းသန်း ၁၀၀၀ (ကမ္ဘာ့ လူဦးရေ၏ ခုနစ်ပုံတစ်ပုံ နီးပါး)ထံသို့ ရေပြဿနာများကို သတိမူ နိုးကြားလာစေခြင်း၊ ရေဗဟုသုတများကို ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရေကိစ္စ စွမ်းစွမ်းတမံ ဆောင်ရွက်သူ ရေသူရဲကောင်းများ ထွက်ပေါ်လာရန် အားပေးနေသည်။ သူတို့၏ နောက်ထပ်ခြေလှမ်းအဖြစ် နိုင်ငံအသီးသီးမှ လူသန်း … Continue reading ရေအရေး အားပေးလုပ်ဆောင်နေသော မန်စီးတီးဘောလုံးအသင်း
စက်ရေတွင်းနေရာ ရွေးချယ်ခြင်း (ဦးမြင့်သိန်း – မောင်ကျေးရေ)
(စက်ရေတွင်းများအတွက် ဦးတည် ရေးထားခြင်း ဖြစ်သော်လည်း လက်တူးတွင်းများအတွက်လည်း သင့်သလို အသုံးချနိုင်ပါသည်။) စက်ရေတွင်း မတူးမီ တူးမည့် အရပ်၌ ရှိထားပြီးသော ရေတွင်း(များ)၏ ရေနေ၊ အနက်ပေ၊ ရေထွက်နှုန်း၊ ရေအရည်အသွေး၊ ရေထုတ်ယူထားသော ရေအောင်းလွှာ၏ မြေသဘာ၀၊ ရေအောင်းသဲကြော အထူအပါးနှင့် အမျိုးအစား စသည်တို့ကို ကြိုတင် သိရှိထားသင့်သည်။ ကြိုတင်လေ့လာတွက်ချက်ခြင်း ဖြစ်နိုင်လျှင် စက်ရေတွင်း တူးဖော်မည့် ဒေသ၏ ဘူမိဗေဒနှင့် ဇလဗေဒဆိုင်ရာ အခြေခံ အချက်အလက်များကို လေ့လာသင့်သည်။ မြေအောက်ရေ ပညာရှင်များနှင့် ဆွေးနွေး၍ ကျောက်လွှာ မြေလွှာ အမျိုးအစား၊ အနည်ပို့ချထားသည့် အနေအထား၊ ကျောက်လွှာ မြေလွှာများနှင့် ဆက်နွှယ်နေသည့် မြေမျက်နှာသွင်ပြင်နှင့် နေထား ဘူမိဗေဒတို့ကိုပါ သိထားသင့်သည်။ ဘူမိဗေဒမြေပုံများ၊ မှတ်တမ်းများ ရှိပါက ယင်းတို့ကို … Continue reading စက်ရေတွင်းနေရာ ရွေးချယ်ခြင်း (ဦးမြင့်သိန်း – မောင်ကျေးရေ)
ရန်ကုန်မြို့ရှိ မိုးရေ စုဆောင်းသော ပုရွက်ဆိတ်များ
(Kyaw Nyunt Linn ရေးသားသော Ants in Yangon Saving Rainwater ဆောင်းပါးကို Thinzar Mon က ပြန်ဆိုပြီး Myanmar Water Portal ၌ ၂၉ . ၇ . ၂၀၂၀ က တင်ခဲ့သည့် ဆောင်းပါးကို ဦးကျော်ညွန့်လင်း၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။) (Photo - Kaung Myat Oo) ဆောင်းတွင်းအတွက် အစားအစာတွေကို ကြိုးကြိုးစားစား ကြိုတင် စုဆောင်းနေတဲ့ ပုရွက်ဆိတ်လေး အကြောင်းကို ပြောပြထားတဲ့ "ပုရွက်ဆိတ်နှင့် နှံကောင်" ပုံပြင်လေး အကြောင်း အားလုံး ကြားဖူးကြမှာပါ။ မမြင်နိုင်တဲ့ အနာဂတ်အတွက် လက်ရှိအချိန် ကတည်းက ကြိုတင် … Continue reading ရန်ကုန်မြို့ရှိ မိုးရေ စုဆောင်းသော ပုရွက်ဆိတ်များ
ရေလျှံတွင်း
မြေအောက်ရေများ ခိုအောင်း တည်ရှိနေသဖြင့် ရေအောင်းလွှာ (Aquifer) ဟု ခေါ်သော အဓိက မြေလွှာ နှစ်မျိုး ရှိသည် (ပုံ)။ အပေါ်ပိုင်းရှိ ရေအောင်းလွှာသည် ရေမစိမ့်နိုင်သော သို့မဟုတ် ရေစိမ့်နှုန်း နည်းသော မြေလွှာ (confining bed) ပေါ်၌ ရှိသည်၊ ယင်းမြေလွှာပေါ်၌ ရေပိတ်လွှာ မရှိသဖြင့် ဖိအားမဲ့ ရေအောင်းလွှာ (unconfined aquifer) ဟု ခေါ်သည်၊ ဖိအားမဲ့ ရေအောင်းလွှာရှိ ရေတွင်း (အလယ်တွင်း)၏ ရေပြင်သည် တွင်းဘေး ရေအောင်းလွှာရှိ ရေပြင်နှင့် အညီ ဖြစ်နေ၍ water table well ဟုလည်း ခေါ်သည်။ အောက်ဘက်ရှိ ရေအောင်းလွှာရှိ ရေများကိုမူ ရေမစိမ့်နိုင်သော သို့မဟုတ် ရေစိမ့်နှုန်း နည်းသော မြေလွှာ(confining … Continue reading ရေလျှံတွင်း
ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ခြောက်ခုမြောက် အစီရင်ခံစာ
ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း (Intergovernmental Panel on Climate Change (IPCC) ) က ၂၀၂၂ ဖေဖော်ဝါရီ ၂၈ က ခြောက်ခုမြောက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်၊ ယင်းအစီရင်ခံစာကို ပညာရပ် နယ်ပယ်တွင် The Sixth Assessment Report (AR6) ဟု ခေါ်သည်၊ AR6 တွင် ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများ၊ ယင်းသက်ရောက်မှုကို အထိအခိုက် အနည်းဆုံးဖြင့် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ခြင်းများ၊ ထိခိုက်နိုင်ခြေများကို ဖော်ပြထားသည်။ အဆိုပါ အစီရင်ခံစာမှ ရေနှင့်ဆက်စပ်သည့် အရေးပါသောအချက်များကို ကောက်နုတ် ဖော်ပြရလျှင် - ၁ - ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများသည် အရှိန်ရလာနေသည်။ … Continue reading ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ခြောက်ခုမြောက် အစီရင်ခံစာ
မျက်နှာဖုံးအသစ် တပ်ထားသော ခေတ်ဟောင်း လုပ်ရပ်တစ်ခု – ရာသီဥတု ပြောင်းလဲနေချိန်၌ ရေကို လက်နက်အဖြစ် အသုံးပြုခြင်း
( Pacific Research Institute မှ Christina Kohler ၏ An Ancient Practice with a New Face: The Use of Water as a Weapon in Times of Climate Change ဆောင်းပါးကို အကျဉ်းချုပ် ပြန်ဆိုခြင်း ဖြစ်ပါသည်။) သမိုင်းတလျှောက်၌ နိုင်ငံ အစိုးရများရော အစိုးရ မဟုတ်သူများပါ သူတို့၏ အာဏာ စွမ်းအားဖြင့် ပြည်သူများကို ဖိနှိပ်ရန် သို့မဟုတ် တိုက်ပွဲများတွင် အသာစီးရရန် ရေနှင့် ရေဘက်ဆိုင်ရာ အဆောက်အအုံများကို အသုံးချခဲ့ကြသည်။ ယနေ့တွင် ရာသီဥတု ပြောင်းလဲလာခြင်း၊ ယင်းနှင့် ဆက်စပ်သည့် ရေရှားပါးခြင်းတို့ကြောင့် ရေကို … Continue reading မျက်နှာဖုံးအသစ် တပ်ထားသော ခေတ်ဟောင်း လုပ်ရပ်တစ်ခု – ရာသီဥတု ပြောင်းလဲနေချိန်၌ ရေကို လက်နက်အဖြစ် အသုံးပြုခြင်း
ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်စ၍ ရေနံကြောင့် သူဌေးဖြစ်လာခဲ့သည့် ဆော်ဒီအာရေဗျ နိုင်ငံတွင် ရေအရင်း အမြစ်များက အလွန် ဆင်းရဲလှသည်၊ ပျမ်းမျှ တစ်နှစ် မိုးရေချိန် ၁၅၀ မီလီမီတာ (ခြောက်လက်မ) မျှသာ ရွာသည်၊ မြန်မာ့ ခြောက်သွေ့ ဒေသထက်ပင် မိုးနည်းသည်၊ ဆော်ဒီ၌ အမြဲ စီးဆင်းနေသော မြစ်ချောင်းများလည်း မရှိသောကြောင့် သာမန်တွေးပါက ဆော်ဒီတွင် ရေကာတာ မရှိဟု ထင်နိုင်သည်။ မြေပေါ်ရေ သို့သော် နည်းပါးလှသော မိုးရေသည်ပင် ရံခါ လျှပ်တစ်ပြက် ရေကြီးသည်အထိ ဖြစ်တတ်သေးရာ ယင်းရေများကို အလဟသ မဖြစ်စေဘဲ တားဆီး စုဆောင်းထားသော ရေကာတာပေါင်း ၂၀၀ ကျော်ရှိပြီး တစ်နှစ်လျှင် ရေကုဗပေ ၁၆ ဘီလျံကုဗပေ(၀ . … Continue reading ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ