ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု

ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။ ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ …

Continue reading ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု

အန္တာတိက

ပင်လယ်ခြားသော ရပ်ဝေးနယ်များသို့ သင်္ဘောများဖြင့် မသွားနိုင်မီကပင် ကမ္ဘာ၏ တောင်ဘက်စွန်းတွင် တိုက်ကြီးတစ်တိုက် ရှိနေနိုင်ကြောင်းကို ဂရိလူမျိုးတို့က မှန်းဆခဲ့သည်။ ယင်းအချိန်က ကမ္ဘာ၏ မြောက်ဘက်စွန်း အာတိတ်ဒေသကို တွေ့ပြီးဖြစ်ရာ တောင်ဘက်စွန်း၌ ရှိနေနိုင်သည့်တိုက်ကို အာတိတ်၏ ဆန့်ကျင်ဘက်ဟု အဓိပ္ပာယ်ရသည့် အန္တာတိတ်(အန္တာတိက)ဟု ခေါ်ခဲ့သည်။ စွန့်စားရှာဖွေသူ ဂျိမ်းစ်ကွတ်သည် ၁၇၇၃ ခုနှစ်တွင် အန္တာတိကတိုက်အနီးသို့ ရောက်သော်လည်း ကုန်းမြေကို မမြင်ခဲ့ရချေ။ မျောနေသော ရေခဲတောင်များတွင် ကျောက်တုံးများ ပါဝင်နေသည်ကို တွေ့၍ အနီးအနား၌ ကုန်းမြေထုတစ်ခု ရှိမှန်းသာ သိခဲ့သည်။ ၁၈၂၀ ပြည့်နှစ်တွင်မှ ဗြိတိသျှလူမျိုး ဝီလျံစမစ် နှင့် အက်ဒဝပ်ဘရန်းစဖီးတို့က အန္တာတိကတိုက်ကို စတင်မြင်တွေ့ခဲ့သည်။ စတုရန်းမိုင်ငါးသန်းခွဲကျယ်သော အန္တာတိကတိုက်သည် အာရှ၊ အာဖရိက၊ မြောက်အမေရိကနှင့် တောင်အမေရိကတို့ ပြီးလျှင် ပဉ္စမအကြီးဆုံးတိုက် …

Continue reading အန္တာတိက

အရည်ပျော်ရေခဲပြင်များ

Massive icebergs from Jakobshavn Glacier melting in Disko Bay on sunny summer evening, Ilulissat, Greenland. မြောက်လတ္တီတွဒ် ၆၆ ဒီဂရီ မျဉ်းကြောင်းကို အာတိတ်စက်ဝိုင်းဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းသည် နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ရုရှား၊ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၊ ကနေဒါ၊ ဒိန်းမတ်နိုင်ငံ ဂရင်းလန်းကျွန်း၊ အိုက်စလန်တို့ကို ဖြတ်သည်။ ယင်းမျဉ်းကြောင်းဝန်းကျင်ဒေသများကို အာတိတ်စက်ဝိုင်း ဒေသများဟု ခေါ်သည်။ အာတိတ်စက်ဝိုင်းဝန်းကျင်ဒေသများတွင် နွေပျမ်းမျှနေ့စဉ်အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထက် မပိုသည့်အပြင် သစ်ပင်များလည်း မပေါက်ရောက်နိုင်ချေ။ အာတိတ်စက်ဝိုင်းဒေသရှိ အာတိတ်သမုဒ္ဒရာသည် မကြာသေးမီ အချိန်ကအထိ အစဉ်ရေခဲနေသော နေရာ ဖြစ်သည်။ ရေခဲခွဲသင်္ဘောများမှလွဲ၍ ရိုးရိုးသင်္ဘောများဖြတ်မောင်း၍မရသော ရေခဲသမုဒ္ဒရာဖြစ်သည်။ …

Continue reading အရည်ပျော်ရေခဲပြင်များ

အန္တာတိကဒေသ

အန္တာတိကတိုက်(Antarctica)သည် ကမ္ဘာ့တောင်ဘက်စွန်းရှိ စတုရန်းကီလိုမီတာ ၁၄ သန်းကျယ်သော ရေခဲဖုံးကုန်းမြေဖြစ်သည်။ ဖုံးနေသောရေခဲထုသည် လေးမိုင်အထိထူကာ ကမ္ဘာပေါ်တွင် အကျယ်ဝန်းဆုံးရေခဲလွှာအဖြစ် တည်ရှိသည်။ ယင်းရေခဲလွှာရှိ ရေချိုပမာဏသည် ကမ္ဘာပေါ်ရှိ ရေချိုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။ အန္တာတိကတိုက်၏အပူချိန်သည် နှစ်တစ်နှစ်၏ အချိန်အတော်များများတွင် ရေခဲမှတ်အောက်သို့ ရောက်နေသည်။ အန္တာတိကတိုက်၏ အရှေ့ဘက်တစ်နေရာတွင် ၂၀၁၀ ပြည့်နှစ်က အနှုတ် ၉၂ . ၃ ဒီဂရီစင်တီဂရိတ်အထိကျဆင်းခဲ့ဖူးသည်။ အန္တာတိကတိုက်သည် လေအမြဲလိုလို တိုက်ခတ်နေသောနေရာဖြစ်သည်။ ပျမ်းမျှလေတိုက်နှုန်း တစ်နာရီ ၁၂ မိုင်ဖြစ်ပြီး တစ်ချိန်က တစ်နာရီမိုင် ၂၀၀ အထိတိုက်ခဲ့ဖူးသည်။ ယင်းတိုက်ပေါ်တွင် အမြဲတန်းနေထိုင်သောလူမရှိဘဲ သုတေသနပညာရှင်များသာ အချိန်ပိုင်းနှင့် နေနိုင်သည်။ ကမ္ဘာလှည့်ခရီးသည်အချို့လည်း လာရောက်လည်ပတ်ကြသည်။ အေးလွန်းသဖြင့် သစ်ပင် ချုံပင်များလုံးဝမပေါက်နိုင်ဘဲ ရေညှိ ရေမှော်တို့သာ …

Continue reading အန္တာတိကဒေသ

ကမ္ဘာ့အပူချိန်ဒီဂရီအနည်းငယ်တက်ရုံမျှဖြင့်

ကမ္ဘာ့အပူချိန်တက်ခြင်းသတင်းများ၊ ထုတ်ပြန်ချက်များတွင် ဒီဂရီဝက် တစ်ဒီဂရီ နှစ်ဒီဂရီ စသဖြင့် တက်ခြင်းကို ဘေးအန္တရာယ်ဟု အရေးတကြီးဖော်ပြနေကြရာ သာမန်တွေးပါက ယင်းမျှတက်ရုံဖြင့် ဘေးအန္တရာယ်ကြီးများ ကြုံရမည်ဆိုခြင်းသည် ဖြစ်နိုင်ပါမည်လောဟု မေးခွန်းထုတ်ဖွယ်ရာ ဖြစ်သည်။ အဆိုပါသံသယကို လူတိုင်းဖြစ်ဖူးကြသော ဥပမာနှင့် ချေဖျက်နိုင်သည်။ လူ့ခန္ဓာကိုယ်၏ ပုံမှန်အပူချိန်သည် ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ်ရာ နေမကောင်းဖြစ်လျှင် အချို့ ၃၉၊ ၄၀၊ အချို့ထို့ထက်ပို၍ တက်သည်။ ကိုယ်အပူချိန်တက်ခြင်းသည် အချိန်ပိုင်းမျှ သို့မဟုတ် တစ်ရက်တာမျှသာကြာလျှင် နောက်တစ်နေ့တွင် လူကောင်းနီးနီးဖြစ်သွားသည်။ သို့သော် တစ်ဒီဂရီမျှသာ တက်သော်လည်း လေးငါးရက်ဆက်တိုက်ဖြစ်လာသောအခါ ခန္ဓာတွင်း ဇီဝကမ္မစနစ်ချို့ယွင်းကာ မအီမလည် အစားအသောက်ပျက် မလှုပ်ချင်မကိုင်ချင် ဖြစ်လာတော့သည်။ ထိုနည်းအတိုင်း ကမ္ဘာကြီးသည်လည်း တစ်နှစ် နှစ်နှစ်မျှမဟုတ်၊ ဆယ်စုနှစ်ပေါင်းများစွာ အပူချိန် ဆက်တိုက်တက်လာသောအခါ (ဒီဂရီအနည်းငယ်မျှသာဖြစ်သော်လည်း) ရာသီဥတုစနစ်၊ …

Continue reading ကမ္ဘာ့အပူချိန်ဒီဂရီအနည်းငယ်တက်ရုံမျှဖြင့်

အရည်ပျော်ရေခဲပမာဏ

၁၉၉၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကြားကာလအတွင်း စုစုပေါင်းရေခဲ ၂၇ . ၄ ထရီလျံတန်အရည်ပျော်ခဲ့သည်။ အန္တာတိတ်ဒေသမှ ၉ . ၉ ထရီလျံတန်(၃၆ ရာခိုင်နှုန်း) အာတိတ်ဒေသမှ ၇ . ၆ ထရီလျံတန်(၂၈ ရာခိုင်နှုန်း) တောင်ထိပ်ရေခဲပြင်များမှ ၆ . ၁ ထရီလျံတန်(၂၂ ရာခိုင်နှုန်း) ဂရင်းလန်းကျွန်းမှ ၃ . ၈ ထရီလျံတန်(၁၄ ရာခိုင်နှုန်း) ရေခဲအရည်ပျော်နှုန်းသည် ၁၉၉၀ ပြည့်နှစ်များမှစ၍ တစ်နှစ်လျှင် ၀ . ၈ မှ ၁ . ၂ ထရီလျံတန်နှုန်း တိုးမြင့်လာလျက်ရှိသည်။ (ရည်ညွှန်း - Earth's ice imbalance - Thomas Slater et …

Continue reading အရည်ပျော်ရေခဲပမာဏ