၂၀၂၀ ပြည့်နှစ်က ပုံနှိပ်ထုတ်ဝေခဲ့သည့် ရေကြည်တစ်ပေါက်(စတုတ္ထအကြိမ်)စာအုပ်ကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ဖတ်ရှုလိုသူများ အောက်ပါအခန်းများကို နှိပ်၍ လေ့လာနိုင်ကြပါသည်။ ၂၀၂၀ ပြည့်နှစ်က ထုတ်ဝေခဲ့သော မူအတိုင်း တင်ပြထားခြင်းဖြစ်၍ အချို့သော အချက်အလက်များနှင့် ကိန်းဂဏန်းများသည် ယခုအခြေအနေနှင့် ကွဲလွဲချက်ရှိနိုင်သော်လည်း အဓိကအကြောင်းအရာများ၊ သုံးသပ်ချက်များသည် ခိုင်လုံဆဲ၊ မှန်ကန်ဆဲ ဖြစ်ပါသည်။ ပုံနှိပ်မူတွင် မပါဝင်ခဲ့သောဓာတ်ပုံများ၊ ပုံနှိပ်မူတွင် မပါဝင်နိုင်သည့် ဗီဒီယိုပြကွက်များ၊ ဆက်စပ်လေ့လာနိုင်သော ဆောင်းပါးများကို ယခုဒစ်ဂျစ်တယ်မူ၌ ထည့်သွင်းထားပါသည်။ အခန်း ၁။ ရေမရှိအသက်မရှိ အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က အခန်း ၃။ ပျက်ယွင်းရေသံသရာ အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင် အခန်း … Continue reading ရေကြည်တစ်ပေါက် (ဒစ်ဂျစ်တယ်စာအုပ်)
ရေငတ်လွန်းသူအတွက်ကုထုံး
စက်မှုလုပ်ငန်းသုံးရေ၊ သောက်သုံးရေစသည့်တို့ထက် စိုက်ပျိုးရေး အတွက် ရေကို အများဆုံး အသုံးပြုနေရသည်။ ကမ္ဘာ့စုစုပေါင်းရေအရင်းအမြစ်၏ ၇၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးအတွက် အသုံးပြုနေရသည်။ ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်၌ သန်း ၉၈၀ဝ ရှိလာမည်ဟု ခန့်မှန်းထားပြီး ဝင်ငွေပိုကောင်းလာမည့် ဖွံ့ဖြိုးဆဲနိုင်ငံသားတို့ အစားအစာပို၍ စားလာမည်။ ယင်းလိုအပ်ချက်ကို ပြည့်မီရန်အတွက် သီးနှံအထွက်နှုန်းသည် ယခုထက် ၇၀ ရာခိုင်နှုန်းမျှ ပိုလိုလာမည်။ လက်ရှိတွင် စိုက်ပျိုးမြေနှင့်မွေးမြူရေးစားကျက်မြေနှစ်မျိုးပေါင်းသည် ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ စိုက်မှုပျိုးမှု မွေးမြူမှုအတွက် ထိုမျှကျယ်ဝန်းသောမြေကို အသုံးချနေရသည့်တိုင် လူအများအပြား စားနပ်ရိက္ခာမလုံမလောက်ဖြစ်နေသည်။ အစားအစာပိုရရန် စိုက်ပျိုးမြေနှင့်စားကျက်မြေများကို ထပ်ချဲ့ဖို့ဆိုလျှင် ဘေးထွက်ဆိုးကျိုးများ ရှိနေသည်။ မြေချဲ့လျှင် အများအားဖြင့် သစ်တောများကို ခုတ်လှဲရမည်။ သစ်တောပြုန်းတီးလျှင် ယင်းတို့ထဲတွင်နေသော တိရစ္ဆာန်များ ဇီဝမျိုးကွဲများရှင်သန်ရေးကို … Continue reading ရေငတ်လွန်းသူအတွက်ကုထုံး
ပေါများပါလျက် အသောက်ခက်
ထုတ်ယူသုံးစွဲမှု လွန်ကဲ၍ မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေများ လျော့နည်းလာနေခြင်း၊ ရာသီဥတု ပြောင်းလဲသဖြင့် အချို့ဒေသများ၌ မိုးရွာသွန်းမှုလျော့နည်းလာနေခြင်းတို့ကြောင့် သမားရိုးကျမဟုတ်သည့် ရေအရင်းအမြစ်များမှပါ ရေရယူရန်လိုအပ်လာနေသည်။ ဤအခြေအနေ၌ ကမ္ဘာတွင်အပေါများဆုံး ဖြစ်သော်လည်း သောက်သုံး၍မရသည့် ပင်လယ်ရေငန်များကို ရေချိုအဖြစ်ချက်လုပ်ပြောင်းလဲအသုံးပြု မှုများ အရှိန်ရလာလျက် ရှိသည်။ ရေထုထည်အပုံတစ်သန်းတွင် ကလိုရိုက်အပုံ ၁၀ဝ၀ နှင့် အထက်ပါလျှင် ရေငန်ဟုခေါ်သည်။ အပုံ ၁၀ဝ၀ မှ ၃၀ဝ၀ အထိကို အငန်ဓာတ်နည်း၊ ၃၀ဝ၀ မှ ၁၀ဝဝဝ အထိကို အငန်ဓာတ် အသင့်အတင့်နှင့် အပုံ ၁၀ဝဝဝ ထက်ပိုလျှင် အလွန်ငန်သည်ဟု သတ်မှတ်သည်။ ပင်လယ်ရေတွင် ဆားဓာတ်အပုံ ၂၀ဝဝဝ ခန့်ပါပြီး ရေချိုချက် စက်ရုံများသည် ဆားဓာတ်ကို အပုံ ၁၀ဝ အောက်သို့ရောက်အောင် … Continue reading ပေါများပါလျက် အသောက်ခက်
နယ်ချဲ့ညစ်ညမ်းရေ
အိန္ဒိယနိုင်ငံတွင် ဆွာမိနီဂါမာနန်းတစ်ယောက် အစာငတ်ခံဆန္ဒပြနေသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် နှစ်လ ပြည့်ခဲ့သည်။ ရက်ပေါင်း အတန်ကြာအစာမစားဘဲနေရာမှ သတိလစ်သွား၍ ဆေးရုံသို့ပို့ထားရသည်။ အထူးကြပ်မတ်ကုသဆောင်တွင် နှာခေါင်းပိုက်များတန်းလန်းနှင့် သူ့ကိုမြင်ရသည်မှာမသက်သာလှ။ သူ့ကို ထောက်ခံသူများက အားပေးစကားပြောသည်ကို ဆွာမိနီဂါမာနန်း ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည်။ သူ့အခြေအနေသည် တဖြည်းဖြည်းဆိုးလာကာ စ၍ အစာမစားသည်မှ ရေတွက်လျှင် ၇၃ ရက်မြောက်နေ့တွင် သေဆုံးသွားတော့သည်။ အခြားသူများအစာငတ်ခံဆန္ဒပြကြခြင်းမှာ လူနေမှုစနစ်ကို ဘဝင်မကျ၍၊ ကုန်ဈေးနှုန်းတက်၍၊ အုပ်ချုပ်သူများကို မကျေနပ်၍စသည်တို့ကြောင့် ဖြစ်သော်လည်း ဆွာမိနီဂါမာနန်း အစာငတ်ခံဆန္ဒပြခဲ့ခြင်း ၏ အကြောင်းရင်းမှာထူးခြားလှသည်။ ဂင်္ဂါမြစ်ရိုးတစ်လျှောက် သတ္တုတူးဖော်နေမှုအပါအဝင် မြစ်ထဲသို့ အညစ်အကြေးမျိုးစုံရောက်ရှိ နေသဖြင့် သူတစ်သက်တာလုံး ခင်တွယ်မြတ်နိုးလာခဲ့သောမြစ်ကြီး တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ညစ်ညမ်းလာနေခြင်းအား တားဆီးလိုသည့်ဆန္ဒကို ဆွာမိနီဂါမာနန်း တစ်ယောက် အသက်စွန့်၍ ထုတ်ဖော်ခဲ့ခြင်းသာ … Continue reading နယ်ချဲ့ညစ်ညမ်းရေ
ပင်လယ်ရေတကယ်ခန်း
အင်းတော်ကြီးရေစပ်မှကြည့်လျှင် ရေလယ်ရှိရွှေမဉ္စူစေတီတော်သည် ရှေးယခင်ကကဲ့သို့ပင် တင့်တယ်စွာရှိဆဲ၊ ကြည်ညိုစွာဖူးတွေ့ရဆဲပင် ဖြစ်သည်။ သို့သော် စေတီတော်ပတ်လည်ရှိ ရေပြင်သည်မူ များစွာ ပြောင်းလဲသွားခဲ့ပြီ။ စတုရန်းမိုင် ၁၀ဝ ကျယ်သဖြင့် အရှေ့တောင် အာရှတွင် အကြီးဆုံးရေကန် စာရင်းဝင်ဖြစ်သည့် အင်းတော်ကြီးသည် တဖြည်းဖြည်းကောစပြုလာနေသည်။ ကချင်ပြည်နယ် မိုးညှင်းမြို့၏ အနောက်ဘက်တွင် ရှိသော အင်းတော်ကြီးထဲသို့ ပတ်ဝန်းကျင် တောင်တန်းများမှ စီးကျလာသော ချောင်း ၁၂ ချောင်း၏ ရေများစီးဝင်ပြီး အင်းတော်ချောင်းမှ ပြန်လည် စီးထွက်သည်။ အင်းတော်ကြီးဝန်းကျင်ရွာများတွင် ရွှေကျင်လုပ်ငန်း များလုပ်ခြင်း၊ အင်းပတ်လည်ရှိ တောများကို အလွန်အကျွံ ခုတ်ခြင်း စသည်တို့ကြောင့် အင်းထဲသို့ မြေစာနှင့်ပြဒါးများစီးဝင်ကာ အင်းထဲရှိ ရေပမာဏ တဖြည်းဖြည်းနည်းလာနေသည်မှာ နှစ်အတော်ကြာခဲ့ပြီ။ အင်းတော်ကြီးရေပြင်ဧရိယာ ကျဉ်းမြောင်းလာနေသည်နှင့်အတူ ဒေသခံတို့အတွက်သောက်သုံးရေရှားပါးလာခြင်း၊ လယ်မြေပျက်စီးခြင်း စသည်တို့ကိုပါ ကြုံတွေ့လာနေရသည်။ … Continue reading ပင်လယ်ရေတကယ်ခန်း
အရည်ပျော်တောင်ထိပ်များ
'စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲမဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီ မှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး' ဟု 'ညီပုလေး'က 'စိမ်းလန်းတဲ့တောင်ကုန်း မြင့်မားတဲ့တောင်တန်း' စာအုပ်တွင် ရေးသားခဲ့သည်။ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ 'ညီပုလေး' ကဲ့သို့ စိုးရိမ်စိတ်ဝင်နေသူသန်းပေါင်းများစွာရှိရာ တိဘက်လယ်သမား ဂျီယာဆွန်လည်းပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်ထူထပ်သောအပိုင်း၌ နေသူဂျီယာဆွန်က ''ကျွန်တော်တို့ဟာ သဘာဝတရားကြီးကိုနှောင့်ယှက်ဖျက်ဆီးမိခဲ့ပြီ''ဟု ပြောသည်။ ဂျီယာဆွန်သည် နွေရာသီ၏ နေ့တစ်နေ့တွင် ပေ ၂၂၀ဝ၀ မြင့်သော ကာဝါဂီဘို တောင်ပေါ်တက်ရင်း မင်ယွန်းရေခဲမြစ်ရှိရာကိုကြည့်၍ ယင်းသို့ပြောခြင်းဖြစ်သည်။ လွန်ခဲ့သောဆယ်နှစ်အထိတွေ့မြင်နေခဲ့သော မင်ယွန်းရေခဲမြစ်ကို တွေ့နေကျနေရာ၌ မမြင်ရတော့ပေ။ ရေခဲမြစ်သည် တိုဝင် နောက်ဆုတ်သွားခဲ့ပြီ။ ဂျီယာဆွန်သည် တောင်ပေါ်သို့အတန်ငယ်ထပ်တက်ပြီး မြစ်ကွေ့နေရာသို့ရောက်တော့မှ ရေခဲမြစ်ရှိခဲ့ကြောင်း သက်သေဖြစ်သည့် ကျောက်တုံးအကြေအမွများကိုတွေ့ရသည်။ … Continue reading အရည်ပျော်တောင်ထိပ်များ
မမြင်ကွယ်ရာမှရေများသည်ပင်
လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံပေါြွကယ်ဝသော အာဖရိကမြောက်ပိုင်း နိုင်ငံဟုသိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှရသည်။ ရေနံအပြင် အဖိုးတန်လှသော အခြားမြေအောက်သယံဇာတတစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ လွန်ခဲ့သောနှစ်ပေါင်း ၄၀ဝဝဝ ခန့် ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတု မျှတနေစဉ်က ရွာသွန်းခဲ့သောမိုးရေများ မြေအောက်အလွန် နက်ရှိုင်းသောနေရာအထိ စိမ့်ဝင် ခိုအောင်းနေခဲ့သည့် ဧရာမမြေအောက်ရေသိုက်ကြီးပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ပုံမှန်အခြေအနေတွင် မြေပေါ်ရေများစိမ့်ဝင်မှုကြောင့် မြေအောက်ရေများသည် ''ပြန်ပြည့်မြဲသယံဇာတ'' တစ်မျိုးပင် ဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်ပေါင်းထောင်သောင်းခန့်က အချို့နေရာများ၌ ရေများသည် အလွန်နက်ရှိုင်းသောနေရာများအထိရောက်ရှိပြီးနောက် ဘူမိမြေလွှာအနေအထားပြောင်းလဲသွားမှုကြောင့် မြေပေါ်ရေများ စိမ့်ဝင်ခြင်းမရှိတော့သည့်ရေလွှာများလည်းရှိရာ ယင်းရေများကို''ရုပ်ကြွင်းရေများ''ဟု ခေါ်သည်။ ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့သည် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက သတ္တဝါနှင့်အပင်တို့၏ရုပ်ကြွင်းများအဖြစ်မှလောင်စာအဖြစ်ပြောင်းလဲလာခြင်းဖြစ်၍ ရုပ်ကြွင်းလောင်စာဟု ခေါ်သည်။ ရုပ်ကြွင်းရေများသည်မူ ရုပ်ကြွင်းများမှ … Continue reading မမြင်ကွယ်ရာမှရေများသည်ပင်
အမြင်၌ ပေါများသည်ထင်ရသော်လည်း
ဖြစ်စဉ်-၁၊ လပေါ်ရေတွေ့ အိမ်မှာရေမတွေ့ လမျက်နှာပြင်ပေါ်ရှိ တွင်းငယ်ပေါင်း ၄၀ ကျော်၌ ရေခဲအမြောက်အမြား တွေ့ရှိရကြောင်း သတင်းတစ်ပုဒ် ၂၀၁၀ ပြည့်နှစ် အတွင်းကထွက်ပေါ်ခဲ့သည်။ လပေါ်တွင် ရေရှိမရှိလေ့လာခဲ့ကြသည်မှာ နှစ်အတန်ကြာခဲ့ပြီ။ ၂၀ဝ၉ ခုနှစ်က လပေါ်ရှိဖုန်မှုန့်များတွင် ရေအချို့ ရောယှက်ပါဝင်နေကြောင်းတွေ့ရှိပြီးနောက် တွင်းငယ်များထဲ၌ ရေခဲများကိုတွေ့ရခြင်းမှာ လလေ့လာရေးကဏ္ဍတွင် အလွန်ထူးခြားသောသတင်း ဖြစ်သည်။ ရေခဲများကို စူးစမ်းဖော်ထုတ်နိုင်ခဲ့သည်မှာ အမေရိကန်လုပ်ကိရိယာများဖြစ်သော်လည်း ယင်းကိရိယာများကို လသို့သယ်သွားသည်မှာ အိန္ဒိယနိုင်ငံကလွှတ်လိုက်သော'ချန်ဒရာယန်း- ၁' အာကာသယာဉ်ဖြစ်၍ အိန္ဒိယနိုင်ငံအဖို့ များစွာဂုဏ်ယူစရာ ဖြစ်ရသည်။ ချန်ဒရာယန်း-၁ အာကာသယာဉ်ကို ပုံစံထုတ် တည်ဆောက် ပစ်လွှတ် ထိန်းကျောင်းသူများအားလုံးသည် အိန္ဒိယပညာရှင်များသာ ဖြစ်ကြသည်။ ထိုသို့ လပေါ်တွင်ရေရှိကြောင်း ဖော်ထုတ်ရာတွင် ပါဝင်ခဲ့ကြသော အိန္ဒိယပညာရှင်များနေထိုင်ရာ ဘန်ဂလိုမြို့တွင်မူ ရေကို မရတစ်ချက်ရတစ်ချက်ဖြင့် စခန်းသွားနေကြရသည်မှာ အတော်ပင် … Continue reading အမြင်၌ ပေါများသည်ထင်ရသော်လည်း
ရေငန်မြစ်ချောင်း ကမ်းရိုးတန်းများ ပတ်လည်ဝိုင်းနေသောမြို့ရွာဒေသများတွင် ရေ(ချို)အောင်းလွှာ-ဇုန် ရှာဖွေနည်း (ဦးမြင့်သိန်း – မောင်ကျေးရေ)
ဤဆောင်းပါးသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ကျွန်တော်၏ ဖေ့စ်ဘုတ်ဂရု မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ ဗဟုသုတမျှဝေကြအစီအစဉ်တွင် ဖော်ပြခဲ့သောဆောင်းပါး ဖြစ်ပါသည်။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီကမ်းမြောင်ဒေသများတွင် စက်ရေတွင်းတူးနေကြသော တွင်းတူးအဖွဲ့များ အဆင်ပြေစေရေး သုတမျှဝေခြင်း ဖြစ်ပါသည်။ ပင်လယ်ရေပတ်လည်ဝိုင်းနေသော ကျွန်း(သို့) ရေတက်ရေကျရှိသော၊ ရေငန်ရှိသော မြစ်ချောင်းများ ဝိုင်းပတ်နေသည့်မြို့ရွာများ (သို့) ရေငန်အောင်းလွှာများနှင့် တွဲတွေ့ရသည့် ကမ်းရိုးတန်းဒေသစသည့် နေရာဒေသများတွင် မြေအောက်ရေချိုလွှာ၏ အခြေအနေကို သိရန်အတွက် ၁၈၈၈၊ ၁၈၈၉ ခုနှစ်များနှင့် ၁၉၀၁ ခုနှစ်၌ ဇလဗေဒပညာရှင် “ဝီလျံဘဒွန်ဂျီဂျဘန်” နှင့် “အလက်ဇန္ဒားဟားဘတ်”တို့က ပင်လယ် ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများ၌ မြေအောက်ရေချိုအောင်းလွှာထဲသို့ ရေငန် (ပင်လယ် ရေငန်) တိုးဝင်ပုံနှင့် ရေချိုရေငန်ဆက်စပ်ဆက်သွယ်ပုံ- ပုံသေနည်း (ညီမျှခြင်း) … Continue reading ရေငန်မြစ်ချောင်း ကမ်းရိုးတန်းများ ပတ်လည်ဝိုင်းနေသောမြို့ရွာဒေသများတွင် ရေ(ချို)အောင်းလွှာ-ဇုန် ရှာဖွေနည်း (ဦးမြင့်သိန်း – မောင်ကျေးရေ)
ကမ္ဘာ့ရေနေ့ ၂၀၂၂ နှင့် မြေအောက်ရေ (ဦးမြင့်သိန်း – မောင်ကျေးရေ)
၂၀၂၂ ခုနှစ် ကမ္ဘာ့ရေနေ့ (World Water Day) နီးလာသောအခါ ဆောင်းပါးများ ရေးပို့ရန်၊ စာရေးသူ ဆက်သွယ်ထားသောအဖွဲ့များနှင့် အဖွဲ့ဝင်အဖြစ် ပါဝင်နေသော နိုင်ငံတကာရေအဖွဲ့အစည်းများက ကြော်ငြာစာတမ်းများ၊ ခံယူချက်များ၊ စာရွက်စာတမ်းများ စာရေးသူထံ အီးမေးလ်ကတဆင့် ပေးပို့လာသည်။ ထိုသူတို့ထံသို့ ဆောင်းပါးတစ်စောင် ပို့ခဲ့ပါသည်။ ယခုဆောင်းပါးကို မိမိနိုင်ငံ၏ ပြည်သူအများ ရေအရေး မမေ့ကြစေဖို့ တန်ဖိုးထားစေရေး သတိပေးဆောင်းပါးအဖြစ် ရေးသားခြင်း ဖြစ်ပါသည်။ ၂၀၂၂ နှစ်၏ ကမ္ဘာ့ရေနေ့ သတ်မှတ်ချက်မှာ “မြေအောက်ရေ” ဖြစ်သည်။ မမြင်နိုင်သော” မြေအောက်ရေကို “မြင်နိုင်အောင်“ ပြုလုပ်ခြင်း။ မမြင်ရသော မြေအောက်ရေသည် မြင်ရသည့်နေရာတိုင်းမှာ အကျိုးသက်ရောက်စေ၏။ ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာပညာရှင်နှင့်ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့အစည်းများ တိုင်ပင်ဆွေးနွေးကာ နှစ်စဉ်မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ပြီး … Continue reading ကမ္ဘာ့ရေနေ့ ၂၀၂၂ နှင့် မြေအောက်ရေ (ဦးမြင့်သိန်း – မောင်ကျေးရေ)
စက်ရေတွင်း ရေဝင်ဆန်ခါပိုက်ကို ကျောက်စရစ်ရံခြင်း၏ အကျိုးကျေးဇူးများ – ဦးမြင့်သိန်း (မောင်ကျေးရေ)
(ဤဆောင်းပါးကို ၂၀၂၂ ခုနှစ်၊ မတ်လက ရေးသားခဲ့ပါသည်။ စာရေးသူ၏မိတ်ဆွေ စက်ရေတွင်းတူးဆရာ တစ်ယောက် ကြုံတွေ့ရသည့် စက်ရေတွင်းမှ ရေမှုတ်(သို့) စုတ်ထုတ်ပါက သဲလိုက်နေကြောင်း၊ ရေဝင်ဆန်ခါပိုက်သည်လည်း လက်ထိုးလွှဖြင့် စိတ်ရသည်က များကြောင်း၊ သို့ပါ၍ မည်သို့ ပြုလုပ်သင့်ကြောင်း ဘာကြောင့် ပြုလုပ်သင့်ကြောင်းများ မေးသဖြင့် ဤဆောင်းပါးကို ဖေ့စ်ဘုတ်စာမျက်နှာ၌ ဖော်ပြခဲ့သည့်အတိုင်း ပြန်လည်မှတ်တမ်းတင်ထားပါသည်။) က။ ကျောက်စရစ်ရံခြင်း၏ အကျိုးကျေးဇူးများ ၁။ ဆန်ခါပိုက်ကို ကျောက်စရစ်ရံခြင်းဖြင့် ဆန်ခါပိုက်ကို ဆိုးကျိုးဖြစ်စေနိုင်သော -(၁) ပီအိပ်ချ် (pH) တန်ဘိုး ၆ ထက်ငယ်သော (သို့) ၈ ထက်ကြီးသော၊ (၂) အောက်စီဂျင်ပျော်ဝင်မှုပမာဏ သတ်မှတ်အဆင့်ထက် များသော၊ (၃) ကာဘွန်ဒိုင်အောက်ဆိုက်ပါဝင်မှု များသော၊ (၄) ကလိုရိုက်(cl)ပါဝင်မူ ၅၀ဝ ပီပီအမ်ထက် … Continue reading စက်ရေတွင်း ရေဝင်ဆန်ခါပိုက်ကို ကျောက်စရစ်ရံခြင်း၏ အကျိုးကျေးဇူးများ – ဦးမြင့်သိန်း (မောင်ကျေးရေ)
ရန်ကုန် မြေအောက်ရေအောင်းလွှာအကြောင်း၊ ရန်ကုန်မြို့တစ်နေရာ၌ မြေအောက်ရေနေနှင့် မြေပြင်နိမ့်ကျလာခြင်း – ဦးမြင့်သိန်း (မောင်ကျေးရေ)
(စာရေးသူ၏ မိတ်ဆွေအိမ်က စက်ရေတွင်းအခြေအနေကို မိတ်ဆွေ၏ ပြောပြချက်များပေါ် မူတည်ကာ ထပ်မံ ဆွေးနွေးမေးမြန်းပြီး နိုင်ငံတကာပညာရေး အင်တာနက်(အကယ်ဒမီကာ) စာမျက်နှာ၌ ၂၀၂၂ ခုနှစ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြခဲ့ပါသည်။ ဖရန့်တီယားမြန်မာ သတင်းထောက်ကလည်း ယင်းအကြောင်းကို စာရေးသူနှင့် ဆွေးနွေးမေးမြန်းပြီး ဆောင်းပါးရေးသားခဲ့သေးသည်။ ယခု မြန်မာပရိသတ် အတွက် လိုရင်းတိုရှင်း မြန်မာဘာသာဖြင့် ရေးသားတင်ပြပါသည်။) ရန်ကုန်မြို့တည်နေရာ၊ လူဦးရေ၊ ဧရိယာနှင့် ရာသီဥတု ရန်ကုန်မြို့သည် မုတ္တမပင်လယ်ကွေ့မှ ငါးမိုင်ခန့်ဝေး၏။ ရန်ကုန်မြစ်နှင့်ပဲခူးမြစ်အကြား၊ မြစ်ဆုံတွင် တည်ရှိ၍ ဒီရေအတက်အကျ ရှိသော လှိုင်မြစ်၊ ပန်းလှိုင်မြစ်တို့သည် အနောက်ဘက်ခြမ်းမှ ရန်ကုန်မြစ်ထဲသို့ စီးဝင်၏။၊ ပုဇွန်တောင်ချောင်း(ငမိုးရိပ်ချောင်း)သည် အရှေ့ဘက်ခြမ်းမှ ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဆုံထဲသို့ စီးဝင်သည်။ ၂၀၂၁-၂၂ ခုနှစ် ရန်ကုန်လူဦးရေမှာ ၆ သန်းခန့် ရှိ၏။ … Continue reading ရန်ကုန် မြေအောက်ရေအောင်းလွှာအကြောင်း၊ ရန်ကုန်မြို့တစ်နေရာ၌ မြေအောက်ရေနေနှင့် မြေပြင်နိမ့်ကျလာခြင်း – ဦးမြင့်သိန်း (မောင်ကျေးရေ)
မြေအောက်ရေတွင် ပျော်ဝင်သော ဖလူအိုရိုက်ဒ် – ဦးမြင့်သိန်း (မောင်ကျေးရေ)
(အမေရိကန်ရေလုပ်ငန်းများအသင်းအောက်တွင် ဖွဲ့စည်းထားသော အဖွဲ့ငယ်တစ်ခုဖြစ်သည့် စက်ရေတွင်း ပိုင်ရှင်များ အကြံပေးအဖွဲ့က ထုတ်ဝေသည့် စာစောင်ကို မှီငြမ်းပြီး မြန်မာပြည်သူများအတွက် မျှဝေသုတ အနေဖြင့် ၂၀၂၃ ဇန်နဝါရီလက ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ ဖလူအိုရိုက်ဒ်ပါဝင်သည့် မြေအောက်ရေကို မြန်မာပြည်အလယ်ပိုင်း ပူအိုက်စွတ်စိုသောအရပ်ဒေသများ၌ တွေ့ရသည်။ သို့သော် ဖလူအိုရိုက်ဒ် ပါဝင်မှုပမာဏ မမြင့်မားလှပါ။) ဖလူရိုရိုက်ဒ်သည် ဓာတုဒြပ်စင်တစ်ခုဖြစ်သည်။ မြေအောက်ရေတွင် အများအားဖြင့် တွေ့ရပြီး လူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသည်။ မြေအောက်ရေတွင် ဖလူအိုရိုက်ဒ်ပါဝင်မှုသည် ဘူမိဖြစ်စဉ်နှင့် ကျောက်လွှာမြေလွှာ အမျိုးအစားများပေါ် တည်သည်။ ဖလူအိုရိုက်ဒ်ပါဝင်သည့် သတ္တုများမှာ လချေးပြား၊ အပါတိုက်နှင့် ဖလူအိုရိုက်ဒ်တို့ ဖြစ်ကြသည်။ အဆိုပါသတ္တုများသည် မူလအရင်းခံကျောက်များ ပို့ချစဉ်က ပါဝင်ခဲ့သည့် သတ္တုဓာတ်စင်များ ဖြစ်ကြသည်။ ဖလူအိုရိုက်ဒ်သတ္တုများပါဝင်သည့် မူလအနည်ကျကျောက်လွှာကို ဘူမိသက်တမ်းတလျှောက် တိုက်စားခြင်း၊ … Continue reading မြေအောက်ရေတွင် ပျော်ဝင်သော ဖလူအိုရိုက်ဒ် – ဦးမြင့်သိန်း (မောင်ကျေးရေ)
ရေရှားပါးခြင်းကြောင့် ဖြစ်ပေါ်သည့် ဆိုးကျိုး ၁၀ ချက် – ဦးမြင့်သိန်း (မောင်ကျေးရေ)
(သန့်စင်သောရေရရှိရေး နည်းပညာများ ထောက်ပံ့ရေးအဖွဲ့မှ ဆောင်းပါးရှင် ဒီဘိုရှပ်ချ်ဘင်ဆင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ရေးသားသည့် ဆောင်းပါးကို မှီငြမ်း၍ ဤဆောင်းပါးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ၂၆ ရက်နေ့၌ ရေးသားသည်။ မြန်မာနိုင်ငံတွင်လည်း နေရာဒေသ အချိန်အခါ ရာသီဥတုပြောင်းလဲမူများကြောင့် ယင်းအခြင်းအရာများ ဖြစ်နေနိုင်၊ ဖြစ်လာစရာအကြောင်းများ ရှိနေနိုင်သောကြောင့် ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါသည်။) သန့်ရှင်းသော သောက်သုံးရေရရှိမူသည် လူသားအားလုံး၏ အခြေခံရပိုင်ခွင့် ဖြစ်၏။ ရေသည် အခွင့်ထူးခံ ပစ္စည်း မဟုတ်ပါ။ ကျွန်တော်တို့ကမ္ဘာကြီး၏ အစိတ်အပိုင်း တော်တော်များများကို ရေထုဖြင့် လွှမ်းခြုံထားသော်လည်း ထိုရေအများစုမှာ လူသားများ သောက်သုံးရန်အတွက် မသင့်တော်ပေ။ ကမ္ဘာ မြေကြီး၏ ၇၁ ရာခိုင်နှုန်းခန့်ကို ရေထုက ဖုံးလွှမ်းထားသော်လည်း ၉၆ . ၅ … Continue reading ရေရှားပါးခြင်းကြောင့် ဖြစ်ပေါ်သည့် ဆိုးကျိုး ၁၀ ချက် – ဦးမြင့်သိန်း (မောင်ကျေးရေ)