၂၀၁၇ ခုနှစ် အတွင်းက တစ်ကမ္ဘာလုံး၌ မြေအောက်ရေ ၉၅၉ ကုဗ ကီလိုမီတာ ထုတ်ယူ သုံးစွဲခဲ့သည်၊ စိုက်ပျိုးရေး အတွက် ၆၉ ရာခိုင်နှုန်း၊ သောက်သုံးရန် ၂၂ ရာခိုင်နှုန်းနှင့် စက်မှုလုပ်ငန်းများအတွက် ၉ ရာခိုင်နှုန်း အသီးသီး သုံးခဲ့သည်။ ဆည်မြောင်း ရေသွယ် စနစ်တွင် မြေအောက်ရေကို ၂၅ ရာခိုင်နှုန်း သုံးသည်၊ မြေအောက်ရေအပေါ် မြောက်အမေရိက ဆည်မြောင်း ရေသွယ် စနစ်က ၅၉ ရာခိုင်နှုန်းနှင့် တောင်အာရှ ဆည်မြောင်း ရေသွယ် စနစ်က ၅၇ ရာခိုင်နှုန်း အသီးသီး မှီခိုနေရသည်။ ကဏ္ဍစုံ၌ အာရှ ပစိဖိတ်ဒေသက မြေအောက်ရေ အများဆုံး သုံးသည်၊ ကမ္ဘာ့ မြေအောက်ရေ အသုံးဆုံး ဆယ်နိုင်ငံသည် ကမ္ဘာ့ … Continue reading မြေအောက်ရေ အသုံးနှင့် စနစ်တကျ ပြန်လည် ဖြည့်တင်းခြင်း
Tag: Recharge
ရေစုဘဏ်
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်နေ လူသန်း ၄၀ ခန့်၊ စိုက်ခင်း ဟက်တာ ၂၃၀၀၀၀၀ အတွက် သာမက အမေရိကန် တစ်နိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်းခန့်ရှိသည့် ကယ်လီဖိုးနီးယား ဂျီဒီပီကို ရှင်သန် တိုးပွားနေစေရန် အဓိက လိုအပ်ချက်များထဲမှ တစ်ခုဖြစ်သော ရေပေးဝေရေး၌ စိုစွတ်ရာသီအပြင် ခြောက်သွေ့ရာသီ၌ပါ လုံလောက်စွာနှင့် စဉ်ဆက်မပြတ် ပေးနိုင်ရန် ရနိုင်သမျှ ရေအရင်းအမြစ်များကို စီမံ အသုံးချခဲ့ကြသည်။ ထိုသို့အားထုတ်ခဲ့သော်လည်း ရာသီဥတု ပြောင်းလဲခြင်းကြောင့် မိုးခေါင်နှစ် များလာသောအခါ အချို့နေရာများသို့ ပုံမှန်မပေးနိုင်တော့ဘဲ လျှော့ချပေးဝေခြင်းများ ရှိလာခဲ့သည်။ ထို့ကြောင့် တစ်ချိန်က မြေပေါ်ရေလှောင်ကန်များကို အဓိက တည်ဆောက်ခဲ့သော ကယ်လီဖိုးနီးယား ပြည်နယ်၌် မြေပေါ်ရေ သက်သက်ကိုသာ အားကိုးနေ၍ မရတော့ခြင်း၊ မြေပေါ်ကန်များ၏ ကုန်ကျစရိတ် ကြီးမြင့်ခြင်း၊ … Continue reading ရေစုဘဏ်
မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်း အခြေအနေ (ပထမပိုင်း) ဦးမြင့်သိန်း(မောင်ကျေးရေ)
၁။ စကားဦး ရန်ကုန်မြို့တွင် မြေအောက်ရေကို မြန်မာမင်းလက်ထက်က စတင် သုံးစွဲခဲ့ကြသည်။ အင်္ဂလိပ် လက်ထက်တွင်လည်း ဆက်လက် သုံးစွဲလာခဲ့သည်မှာ ယနေ့ထိ ဖြစ်၏။ တိုးချဲ့မြို့သစ်များ အပါအဝင် မြို့နယ်အများစုတွင် မိမိပိုင် စက်ရေတွင်းများ တူးဖော်သုံးစွဲလျက် ရှိပါသည်။ ရန်ကုန်မြို့တော်စည်ပင်က ရာနှုန်းပြည့် ဖြန့်ဝေနိုင်ခြင်း မရှိသေးပါ။ မြေအောက်ရေကို စက်ရေတွင်း (အရပ်အခေါ် - အဝိစီတွင်း) များ တူးဖော်၍ ဆက်လက်သုံးစွဲနေရဦးမည်။ ၂။ မြေအောက်ရေ မြေအောက်ရေဆိုသည်မှာ ကမ္ဘာမြေမျက်နှာပြင်အောက်တွင် မြေလွှာ (သဲ၊ ကျောက်စရစ်၊ သဲဆန်သောမြေ) (Sand, Gravel, Sandy soil) စသည်တို့အတွင်း၌သော် လည်းကောင်း၊ ကျောက်လွှာကြား (Fractures / Rocks) များအတွင်း၌ သော်လည်းကောင်း စိမ့်ဝင်ခိုအောင်းနေသောရေ ဖြစ်ပါသည်။ ရေများ … Continue reading မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်း အခြေအနေ (ပထမပိုင်း) ဦးမြင့်သိန်း(မောင်ကျေးရေ)
မြေအောက်ရေ၏အခြေခံသဘော
အထက်ပါပုံသည် မြေအောက်ရေ၏သဘောသဘာဝကို ရှင်းပြရာ၌ ကောင်းစွာအထောက်အကူပြုသောပုံ ဖြစ်သည်။ (သို့သော် ယင်းပုံသည် သရုပ်ပြပုံသာဖြစ်၍ နေရာတိုင်း၌ ဤအတိုင်းတွေ့ရမည်ဟု မှတ်ယူရန်မဟုတ်ပါ။) မြေလွှာကို အပေါ်ယံမြေဆီလွှာ(Top Soil)၊ မြေဆီလွှာ၏အောက်ရှိ ကြေမွဇုန်(Weathered Zone)ဟူ၍ နှစ်ပိုင်းခွဲထားသည်။ မြေဆီလွှာတွင် အဓိကပါဝင်သော ရွှံ့လုံးများကြား၌ ရေရှိသော်လည်း ဖြည်းညင်းစွာ ရွေ့လျားသည်။ ကြေမွဇုန်တွင် သဲလုံးများ ကျောက်ကျိုးအကြေအမွများ အဓိကပါဝင်သဖြင့် ယင်းတို့ကြားတွင် ရေရွေ့လျားစီးဆင်းရန် လွယ်ကူသည်။ ရွေ့လျားရန် လွယ်ကူသောရေများ စုစည်းတည်ရှိနေသည်ကို မြေအောက်ရေကြော(Aquifer)ဟု ခေါ်သည်(အပြာရောင်ဖြင့်ပြထား)။ မြေအောက်ရေကြောများသည် တစ်ခုနှင့်တစ်ခုဆက်စပ်နေနိုင်သကဲ့သို့ သီးခြားစီလည်း တည်နေနိုင်သည်။ သီးခြားရေကြောမှ ရေထုတ်ယူလျှင် အကုန်မြန်သည်။ ပုံတွင် မြေလွှာအက်ကြောင်းများကြားမှ ရေစိမ့်ဝင်ရွေ့လျားကာ ရေကြောတစ်ခုနှင့်တစ်ခု ဆက်စပ်နေကြောင်း မြင်နိုင်သည်။ ဤပုံတွင် ရေကန်မှရေများ မြေသားထဲသို့ စိမ့်ဝင်နေသည်ကို တွေ့နိုင်သည်။ ထိုသို့စိမ့်ဝင်နေသည်ကို … Continue reading မြေအောက်ရေ၏အခြေခံသဘော
ရေဖြည့်တွင်းတစ်သန်း
အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့သည် လက်တူးတွင်းတိမ်များ၊ စက်ရေတွင်းတိမ်များဖြင့် ရေအခက်အခဲမရှိသော မြို့ဖြစ်ခဲ့သည်။ ထုတ်သုံး၍လျော့နည်းသွားသော မြေအောက်ရေကို တစ်နှစ်အတွင်းရွာသောမိုးလက်မ ၄၀ ခန့်က နိုင်နင်းအောင် ပြန်လည်ဖြည့်ပေးခဲ့သည်။ မြေအောက်ရေအပြင် မိုင် ၆၀ ကျော်ဝေးသောနေရာမှ မြစ်ရေဖြင့်လည်း မြို့ရေပေးရေးပြေလည်ခဲ့သည်။ နောက်ပိုင်း မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ ရေအသုံးကများ၊ သဘာဝမြေပြင်ပေါ်တွင် ကွန်ကရစ်နှင့်ကတ္တရာပြင်များက ဖုံးလွှမ်းလာသောအခါ သဘာဝမြေအောက်ရေဖြည့်စနစ်က နိုင်အောင်မဖြည့်နိုင်တော့ဘဲ တွင်းရေပြင် ကျဆင်းလာသည်။ မြေအောက်ရေလျော့နည်းလာသည့်အပြင် ဗဟိုရေပေးရေးစနစ်ကို လက်လှမ်းမမီသော နေရာများတွင် ရေသယ်ကားများမှ ရေကို ဝယ်သုံးကြရသည်။ အဆိုပါအခြေအနေမှလွန်မြောက်ရန် ဗဟိုရေပေးရေးစနစ်၏ရေအရင်းအမြစ်ကို တိုးချဲ့မြှင့်တင်ရန် မလွယ်သည့်အတွက် ရေဖြည့်တွင်းတစ်သန်းလှုံ့ဆော်ချက်ကို ၂၀၁၈ ခုနှစ်၌ စတင်သည်။ ရေဖြည့်တွင်း(Recharge Well)ဆိုသည်မှာ မိုးရေအပါအဝင်မြေပေါ်ရေကို မြေအောက်သို့စိမ့်ဝင်စေကာ မြေအောက်ရေ ပြန်လည်ဖြည့်ပေးသောတွင်းကို ခေါ်သည်။ ရေဖြည့်တွင်းနှင့်ရိုးရိုးရေတွင်း အဓိကကွာခြားချက်မှာ ရိုးရိုးရေတွင်းက မြေအောက်ကရေကို … Continue reading ရေဖြည့်တွင်းတစ်သန်း
အိန္ဒိယအိမ်ရာစခန်းတစ်ခု၏မိုးရေခံစနစ်
အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂလော(Bangalore)( Bengaluruဟုလည်းခေါ်)မြို့ရှိ အခန်း ၅၂ ခန်းပါ Chikkabellandur အိမ်ရာစခန်းတွင် ဗဟိုရေပေးရေးစနစ်က ပေးဝေသောရေကို လက်လှမ်းမမီသဖြင့် သောက်သုံးရေအတွက် စက်ရေတွင်းတူး၍ မြေအောက်ရေ ရယူသည်။ သို့သော် တစ်နှစ်ပတ်လုံးအဆင်မပြေ၊ နွေတက်၍ မြေအောက်ရေ ခန်းသည့်အခါ ရေသယ်ကားများဖြင့် ရေဝယ်သုံးရသေးသည်။ တစ်နှစ်ထက်တစ်နှစ် မြေအောက်ရေခန်းသည့်ရက်က များသထက်များလာသဖြင့် ရေသယ်ကားစရိတ်က တဖြည်းဖြည်း တက်၍ တက်၍လာနေခဲ့သည်။ အနာဂတ်တွင်လည်း အခြေအနေတိုးတက်လာဖို့ လမ်းမမြင်၍ ၂၀၁၅ ခုနှစ် မတ်လကစ၍ မိုးရေခံစနစ်ကို တပ်ဆင်သည်။ မိုးရေခံစနစ်အတွက် အဆောက်အအုံအမိုးပြန့်ကို စတုရန်းပေ ၁၅၅၀၀ ကျယ်သော အပိုင်းနှင့် စတုရန်းပေ ၁၄၄၀ ကျယ်သောအပိုင်းဟူ၍ နှစ်ပိုင်းခွဲသည်။ စတုရန်းပေ ၁၅၅၀၀ ကျယ်သောအပိုင်း(ပုံတွင်အဝါရောင်ဖြင့်ပြ)ပေါ် ရွာကျသည့် မိုးရေများကို ရေဆင်းပိုက်လိုင်း ၁၁ လိုင်းဖြင့်သွယ်ယူကာ … Continue reading အိန္ဒိယအိမ်ရာစခန်းတစ်ခု၏မိုးရေခံစနစ်
တရုတ်ပြည်မှာရွာသည့်မိုး
တရုတ်နိုင်ငံ ဝူဟန်မြို့သည် အကြောင်း သုံးခုကြောင့် ကျော်ကြားခဲ့သည်။ ၁၉၁၁ ခုနှစ်က ဝူဟန်ဒေသတွင် စတင်ခဲ့သောတော်လှန်ရေးကြောင့် တရုတ်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့သဖြင့် ဝူဟန်ကို ခေတ်သစ်တရုတ်နိုင်ငံ မွေးဖွားရာဒေသဟု သတ်မှတ်ကြသည်။ ဒုတိယအကြောင်းမှာ ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင် မြို့ကြီး သုံးမြို့စလုံးနှင့်တူညီသောအကွာအဝေးတွင်ရှိ၍ တရုတ်အစိုးရအဆက်ဆက်သည် ဝူဟန်ကို နယူးယောက်၊ လန်ဒန်စသည်တို့ကဲ့သို့ ကမ္ဘာ့မြို့တော်ကြီးတစ်ခုဖြစ်လာအောင် ရည်ရွယ်သည်။ တတိယအချက်မှာ မြို့တွင်းနှင့် မြို့ဝန်းကျင်တွင် သာယာလှပသောရေကန်ပေါင်း ၁၂၇ ကန်မျှ ရှိခဲ့သဖြင့် ကန်တစ်ရာမြို့ဟု ထင်ရှားခဲ့သည်။ ၂၀၁၉ မှစ၍မူ ဝူဟန်သည် ကိုဗစ်-၁၉ ဗိုင်းရပ်စတင်ပြန့်ပွားရာအဖြစ် ထင်ရှားလာသည်။ ဝူဟန်သည် ယခုအခါ ကန်တစ်ရာမြို့မဟုတ်တော့ပြီ။ ကန်တစ်ရာကျော်အနက် ကန်တစ်ရာနီးပါး ပျောက်ကွယ်သွားသဖြင့် ကန် ၃၀ သာရှိတော့သည်။ ထိုသို့ ဖြစ်ရသည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ … Continue reading တရုတ်ပြည်မှာရွာသည့်မိုး
မြေလျှိုးမိုးရေ
လူ့ကိုယ်ခန္ဓာပြင်ပအစိတ်အပိုင်းများအနာတရဖြစ်လျှင် အလွယ်တကူသိကာ ဆေးဝါးကုသမှုခံယူပြီး ကျန်းမာရေးမယိုယွင်းအောင် ထိန်းသိမ်းနိုင်ကြသော်လည်း မမြင်နိုင်သောကိုယ်တွင်းအင်္ဂါများချို့ယွင်းလျှင် အများအားဖြင့် အချိန်ကြာမှသိပြီး ကုသရခက်ခဲသည်တို့ကိုမကြာခဏကြုံကြရသည်။ ထို့အတူ လူတို့သောက်နေသုံးစွဲနေသော ရေအရင်းအမြစ်များအနက် မြစ်ချောင်းကန်တို့ထဲရှိ မြေပေါ်ရေများ လျော့နည်းလာလျှင် ပြန်ဖြည့်ရန် အနှေးနှင့်အမြန်အားထုတ်ကြသော်လည်း မြေအောက်ရေများ လျော့နည်းလာနေသည်ကိုမူ ကန်ရေခန်းခြောက်သကဲ့သို့ မမြင်သာသဖြင့် အရေးတယူမရှိခဲ့သောကြောင့် ကမ္ဘာ့အချို့ဒေသများရှိ မြေအောက်ရေအရင်းအမြစ်သည် စိုးရိမ်ရသောအခြေအနေသို့ရောက်နေပြီ ဖြစ်သည်။ ခန်းခြောက်ရေကြောများ ဂြိုဟ်တုတိုင်းတာချက်များက ကမ္ဘာ့မြေအောက်ရေကြောအများအပြား ခန်းခြောက်လာလျက်ရှိကြောင်း ဖော်ထုတ်ပေးခဲ့ရာ အိန္ဒိယတိုက်ငယ် အနောက်မြောက်ပိုင်း အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်ရာဒေသရှိရေကြောသည် ၂၀၀၂ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်ကြားတွင် တစ်နှစ်လျှင်လေးကုဗမိုင်ကျော် (ဂါလန်သန်းပေါင်း ၃၇၀၀၀၀၀)မျှ လျော့နည်းလာနေခဲ့ကြောင်း သိရသည်။ အလားတူ အာဖရိကတိုက် ဆဟာရအနောက်မြောက်ဒေသ၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အလယ်ပိုင်းချိုင့်ဝှမ်းနှင့် အနောက်ပိုင်း အိုဂါလာလာရေကြော၊ အာဂျင်တီးနား၊ … Continue reading မြေလျှိုးမိုးရေ
ရေဖြည့်တွင်းစနစ်တည်ဆောက်တူးဖော်ခြင်း
ရည်ရွယ်ချက်-လက်တူးတွင်းတိမ်များ၏ရေကြောကိုမိုးရေဖြင့်ဖြည့်ပေးရန် ရေဖြည့်တွင်းစနစ်တွင် အဓိကအပိုင်းလေးပိုင်းပါသည်။ ၁။ မိုးရေခံမျက်နှာပြင် အိမ်အမိုး၊ တစ်ဖက်ရပ်အမိုး၊ မြက်ခင်း၊ မြေပြင်၊ ကွန်ကရစ်ပြင်စသည်များ။ ယင်းမျက်နှာပြင်များသည် အသင့်အတင့်သန့်ရှင်းသောမျက်နှာပြင်များဖြစ်ဖို့လိုပါသည်။ ၂။ မိုးရေခံမျက်နှာပြင်မှရေဖြည့်တွင်းသို့မိုးရေသယ်ပို့စနစ် ရေပိုက်၊ ရေသယောက်၊ မြေသားမြောင်း၊ အုတ်စီမြောင်းစသည်။ ယင်းတို့သည် အသင့်အတင့် သန့်ရှင်းဖို့လိုပါသည်။ ၃။ ရေစစ်စနစ် ၃။ ရေစစ်စနစ် နုန်းတား၊ ဆန်ကာစသည်။ မိုးရေနှင့်အတူပါလာသောသစ်ရွက် ခဲ ပလတ်စတစ်အစအနစသည့် အရွယ်ကြီး အရွယ်လတ်အမှိုက်များကို ဖယ်ထုတ်နိုင်လျှင် ရပါသည်။ ၄။ ရေဖြည့်တွင်း ရေဖြည့်တွင်းနေရာသည် အဆောက်အအုံကိုမထိခိုက်စေရန် ဖောင်ဒေးရှင်းနှင့်ဆယ်ပေခန့်၊ အညစ်အကြေးမဝင်နိုင်ရန် မိလ္လာကန်နှင့်အနည်းဆုံးပေ ၂၀ ခန့်ကွာဖို့လိုသည်။ လက်ရှိသုံးနေသောရေတွင်းနှင့် အနီးဆုံးနေရာဖြစ်သင့်သော်လည်း လက်ရှိတွင်း၏ခိုင်ခန့်မှုကို မထိခိုက်စေရန် ငါးပေနှင့်အထက်ခွာသင့်သည်။ ရေအဝင်လွယ်ရန် မိုးရေခံမျက်နှာပြင်ထက် နိမ့်ဖို့လိုသည်။ ရေဖြည့်တွင်းဂွေသည် အနည်းဆုံးနှစ်ပေအချင်းရှိသင့်ပြီး တွင်းအကျယ် အနည်းဆုံးသုံးပေခွဲခန့်ရှိသင့်သည်။ … Continue reading ရေဖြည့်တွင်းစနစ်တည်ဆောက်တူးဖော်ခြင်း
ဘန်ဂလောရေပေးရေး
အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ဘန်ဂလော(Bangalore)မြို့သည် ကမ္ဘာတွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးကြီးထွားနေသော မြို့ကြီး ဆယ်မြို့စာရင်းဝင်ဖြစ်သည်။ လူဦးရေ ၁၂ သန်းနီးပါးနေထိုင်သောဘန်ဂလော ဖွံ့ဖြိုးရခြင်းအကြောင်းများတွင် စက်မှု၊ ဆက်သွယ်ရေး၊ လေကြောင်းအင်ဂျင်နီယာ၊ ဆေးဝါး၊ အထည်အလိပ်စသည်တို့အပြင် အိုင်တီခေါ် သတင်းအချက်အလက်နည်းပညာ အောင်မြင် ထွန်းကားသောကြောင့် ဖြစ်သည်။ ဟီတာချီ၊ အိုင်ဘီအမ်၊ အိပ်ချ်ပီစသည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီရုံးခွဲများ ဘန်ဂလောတွင် ရှိသည်။ စီးပွားရေးတွင် ထိပ်ရောက်နေသော်လည်း ဘန်ဂလော၏ ရေပေးရေးစနစ်သည်မူ အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။ မြို့နှင့်အနီးဆုံး အာကာဝတီမြစ်မှ ဘန်ဂလောအတွက် ရေထုတ်ယူမှု များလွန်းသဖြင့် မြစ်ရေစီးလျော့နည်းလာနေသောကြောင့် မြို့မှမိုင် ၆၀ ခန့်ဝေးသော ကော်ဗရီမြစ်ရေကို စုပ်ယူနေရသည်။ ဘန်ဂလောရှိ တရားဝင်အဝီစိတွင်းပေါင်း ၄၀၀၀၀ ကျော်၏ မြေအောက်ရေပြင်သည် ကျဆင်းလာနေသည်။ တစ်ချိန်ကဆိုလျှင် ဘန်ဂလောတွင် ရွာကျသောတစ်နှစ်မိုးရေချိန်လက်မ ၄၀ ခန့်၏ … Continue reading ဘန်ဂလောရေပေးရေး
ရန်ကုန်မြေအောက်ရေအဝင်အထွက်
ဇလဘူမိပညာရှင်ဦးမြင့်သိန်းက ရန်ကုန်တွင် အဝီစိတွင်းပေါင်း နှစ်သိန်းခန့်ရှိသည်ဟု ခန့်မှန်းသည်။ မြို့လယ် တိုက်ကြိုတိုက်ကြား မြေညီထပ်မီးဖိုခန်းရှိတွင်းများမှစကာ မြို့သစ်များရှိ ပေ ၄၀ ခြား၊ အချို့နေရာများတွင် ပေ ၂၀ ခြားရှိသည့်တွင်းများကိုပါ စဉ်းစားလျှင် ဦးမြင့်သိန်းမှန်းတာ မှန်သည်ဟုထင်၏။ တစ်တွင်းတစ်ရက်ဂါလန် ၃၀၀ ထုတ်လျှင် တွင်းပေါင်းနှစ်သိန်းမှ တစ်ရက် ရေဂါလန်သန်း ၆၀ ထွက်သည်။ အချို့အိမ်သုံးတွင်းများသည် တစ်ရက် ဂါလန်ထောင်ချီ၊ အချို့စက်ရုံအလုပ်ရုံတွင်းများသည် တစ်ရက်ဂါလန် သောင်းချီထုတ်နေကြသောကြောင့် စုစုပေါင်းထုတ်သုံးသည့်ပမာဏ ဂါလန်သန်း ၆၀ ထက် မလျော့နိုင်၊ ပိုဖို့ပဲရှိသည်။ လျှော့ပေါ့ကိန်းတစ်ရက်ဂါလန်သန်း ၆၀ သည် တစ်လဂါလန်သန်း ၁၈၀၀၊ ခုနစ်လဆိုလျှင် ဂါလန်သန်း ၁၂၀၀၀ ကျော်ဖြစ်သည်။ ယင်းကိန်းဂဏန်းသည် ရန်ကုန်သို့ရေပေးနေသောကန်ကြီးလေးကန်အနက် အငယ်ဆုံးလှော်ကားကန်ထဲရှိ ရေပြည့်ပမာဏနှင့်ညီသည်။ တစ်နည်းဆိုရလျှင် ရန်ကုန်သားတို့သည် ခုနစ်လကြာတိုင်း … Continue reading ရန်ကုန်မြေအောက်ရေအဝင်အထွက်
မြေအောက်ရေကြောအဓိကနှစ်မျိုး
မြေအောက်ရေကြော(aquifer)အဓိကနှစ်မျိုးရှိသည်။ မြေအောက်ရေရှိရာသဲထု၏အောက်တွင်သာ ရွှံ့၊ ကျောက်လွှာစသောရေပိတ်လွှာရှိသည့် ရေကြောကို unconfined aquifer ဟုခေါ်ပြီး အပေါ်ရောအောက်ပါရေပိတ်လွှာရှိသည့် ရေကြောကို confined aquifer ဟုခေါ်သည်။ တစ်ဖက်ပိတ်ရေကြောနှင့်နှစ်ဖက်ပိတ်ရေကြောဟု ပြန်ဆိုနိုင်မည်ထင်သည်။ ဥပမာအလွယ်ပေးရလျှင် တစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် မြစ်ချောင်းထဲတွင်စီးသည့်ရေနှင့်တူပြီး နှစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် ပိုက်ထဲတွင်စီးသည့်ရေနှင့်တူသည်။ ခန်းခြောက်လျော့နည်းသွားသည့်မြေအောက်ရေကိုပြန်ဖြည့်ရာတွင် ယေဘုယျအားဖြင့် တစ်ဖက်ပိတ်ရေကြောကို ဖြည့်ရတာက ပိုလွယ်သည်။ လွယ်သည်ဆိုသော်လည်း မြေအောက်ရေကြော တည်နေပုံ၊ တည်ဆောက်ပုံ၊ သဲလုံးများ၏အရွယ်အစားစသည်တို့ကို ဇလဘူမိဗေဒနည်းပညာဖြင့် တိုင်းတာတွက်ချက်ဖို့လိုအပ်သည်။ ပြန်ဖြည့်မည့်ရေများကို သိုလှောင်မည့် ရေစိမ့်ကန်(ပထမပုံကိုကြည့်ပါ)၏ တည်နေရာနှင့်အရွယ်အစားကိုလည်း တွက်ရသည်။ ပြီးလျှင် ပြန်ဖြည့်မည့်ရေကို လိုအပ်သလို အမှိုက်သရိုက်ဖယ် သန့်စင်စေကာ ရေစိမ့်ကန်တွင်းထည့်၍ မြေအောက်စိမ့်ဝင်စေရသည်။ ပြန်ဖြည့်ရေကြောင့် မြေအောက်ရေပြင်မြင့်တက်လာသည်။ ဖြည့်သည့်ရေပမာဏပေါ်တွင်မူတည်ကာ အဝီစိတွင်းမှ ရေပိုထုတ်သုံးလာနိုင်သည်။ ရေများများဖြည့်နိုင်လျှင် နွေတက်သော်မှ မခန်းတော့ချေ။ ပြန်ဖြည့်သည့်ရေအတွက် မိုးရေ၊ ချောင်းရေတို့ကိုသုံးနိုင်သည်။ … Continue reading မြေအောက်ရေကြောအဓိကနှစ်မျိုး
မြေအောက်ရေပြန်ဖြည့်ခြင်း
သာဓက(၁) အိန္ဒိယအိန္ဒိယသည် မိုးရေဖြင့်မြေအောက်ရေပြန်ဖြည့်ခြင်းကို တက်ကြွစွာလုပ်ဆောင်နေသောနိုင်ငံဖြစ်သည်။ မွမ်ဘိုင်းကဲ့သို့သောမြို့ကြီးတွင်ပင် မိုးရေကိုကျယ်ပြန့်စွာအသုံးချဖို့စီစဉ်နေသည်။ အချို့မြို့ကြီးများတွင် အဆောက်အအုံဆောက်လျှင် မိုးရေခံစနစ်ပါမှ ဆောက်ခွင့်ပေးသည်။ မိုးရေခံစနစ်တည်ဆောက်ခြင်းလက်စွဲ စာအုပ်များကိုထုတ်ဝေထားသည်။ တစ်မြို့လုံးတစ်ရွာလုံးအတွက်အပြင် တစ်အိမ်ချင်း မြေအောက်ရေ ဖြည့်ရာတွင် အထောက်အကူရစေသောပုံများကိုလည်း ဖြန့်ဝေကြသည်။ သာဓက(၂) ဘင်္ဂလားဒက်ရှ်ဘင်္ဂလားဒက်ရှ်သည်လည်း မြန်မာကဲ့သို့ မိုးကောင်းစွာရသော်လည်း အချို့အရပ်များတွင် နွေအခါရေရှားသည်။ ယင်းအခက်အခဲကို ယူနီဆက်အပါအဝင် အဖွဲ့အစည်းများ၏အကူကိုယူ၍ မိုးရေဖြင့်မြေအောက်ရေပြန်ဖြည့်သည့်စနစ်များ တည်ဆောက်ဖြေရှင်းနေကြပုံကို ပုံတွင်တွေ့နိုင်သည်။ သာဓက(၃) ထိုင်းထိုင်းနိုင်ငံ Ubon Ratchathani တွင် ထုတ်ယူသုံးစွဲတာများလွန်း၍ လျော့နည်းကျဆင်းသွားသော မြေအောက်ရေကြောကို ပြန်ဖြည့်ပေးသည့်စနစ်သရုပ်ပြပုံနှင့် တည်ဆောက်နေပုံကို မြင်နိုင်သည်။ သာဓက(၄) အမေရိကန်အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ်ရှိ ရေစိမ့်ကန်တစ်ခု။ ရေကောင်းစွာစိမ့်ဝင်နိုင်အောင်စီမံထားသည့် သဲလွှာ ကျောက်လွှာများ ကန်အောက်ခြေတွင်ရှိသည်။ သာဓက(၅) နယ်သာလန်ကိုယ်တိုင်သွားရောက်လေ့လာဖူးသော မြို့တော်အမ်စတာဒမ်သို့ ရေပေးသည့် Amsterdamse Waterleidingduinen။ … Continue reading မြေအောက်ရေပြန်ဖြည့်ခြင်း