ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်စ၍ ရေနံကြောင့် သူဌေးဖြစ်လာခဲ့သည့် ဆော်ဒီအာရေဗျ နိုင်ငံတွင် ရေအရင်း အမြစ်များက အလွန် ဆင်းရဲလှသည်၊ ပျမ်းမျှ တစ်နှစ် မိုးရေချိန် ၁၅၀ မီလီမီတာ (ခြောက်လက်မ) မျှသာ ရွာသည်၊ မြန်မာ့ ခြောက်သွေ့ ဒေသထက်ပင် မိုးနည်းသည်၊ ဆော်ဒီ၌ အမြဲ စီးဆင်းနေသော မြစ်ချောင်းများလည်း မရှိသောကြောင့် သာမန်တွေးပါက ဆော်ဒီတွင် ရေကာတာ မရှိဟု ထင်နိုင်သည်။ မြေပေါ်ရေ သို့သော် နည်းပါးလှသော မိုးရေသည်ပင် ရံခါ လျှပ်တစ်ပြက် ရေကြီးသည်အထိ ဖြစ်တတ်သေးရာ ယင်းရေများကို အလဟသ မဖြစ်စေဘဲ တားဆီး စုဆောင်းထားသော ရေကာတာပေါင်း ၂၀၀ ကျော်ရှိပြီး တစ်နှစ်လျှင် ရေကုဗပေ ၁၆ ဘီလျံကုဗပေ(၀ . …

Continue reading ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ

ခေတ်ဟောင်းနှင့်ခေတ်သစ်ရေပြဿနာကွာခြားချက်

ရေထိန်းသိမ်းအသုံးချနိုင်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခေတ်ဟောင်းက မိုင်ယာနှင့်ခမာတို့၏ တိုင်းနိုင်ငံများ ပျက်သုဉ်းသည်အထိ ဆိုးရွားခဲ့သည်။ ခေတ်သစ်တွင်မူ ကိပ်တောင်းနှင့်ချင်းနိုင်တို့ကဲ့သို့ ရေပြဿနာကြီးထွားမှုမျိုးရှိခဲ့၊ နောင်တွင်လည်း ရှိလာဦးမည် ဖြစ်သော်လည်း ခေတ်ဟောင်းကကဲ့သို့ လူနေ မြို့ကြီးများပျက်စီးသည်အထိ ကြုံတွေ့ဖို့ မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ရေအရင်းအမြစ်များကို ရှာဖွေ ထိန်းသိမ်းအသုံးပြုရာတွင် ရှေးခေတ်ကထက် နည်းပညာ သိသာစွာတိုးတက်လာသောကြောင့် ဖြစ်သည်။ ရေကိုတစ်နေရာမှ တစ်နေရာသို့စက်အားဖြင့် တွန်းပို့နိုင်လာသည်။ မြေအောက်ရေကို အနက်ပိုင်းအထိ တူးဖော်ရယူနိုင်လာသည်။ လျော့နည်းသွားသည့် မြေအောက်ရေနေရာတွင် မိုးရေမြစ်ရေများဖြင့် အစားဖြည့်ပေးနိုင်လာကြသည်။ ပင်လယ်ရေငန်မှရေချိုချက်တတ်လာသည်။ သာမန်ရေဆိုးများကိုသာမက မိလ္လာရည်များကိုပါ သောက်သုံးနိုင်သည်အထိ သန့်စင်တတ်လာသည်။ ခေတ်မီနည်းပညာများအပြင် ရှေးခေတ်ကတည်းက အသုံး ပြုလာခဲ့သည့် မိုးရေတစ်နိုင်တစ်ပိုင် ခံယူ အသုံးချခြင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်လုပ်ဆောင်လာရကောင်းမှန်းသိလာကြသည်။ သို့သော် ယခုခေတ်တွင် လူဦးရေအဆမတန်များလာသည့်အပြင် တစ်ဦးချင်း ရေအသုံးလည်း …

Continue reading ခေတ်ဟောင်းနှင့်ခေတ်သစ်ရေပြဿနာကွာခြားချက်

ခြေရာပျောက်ရေ

ကမ္ဘာပေါ်ရှိ ရေပမာဏသည် လူတို့သောက်သုံး၍ မကုန်နိုင် မခန်းနိုင်သည်ကတော့ မှန်သည်။ သို့သော် သောက်သုံးနိုင်သည့် ရေချိုရေသန့် ပမာဏသည် လူတို့၏ လုပ်ဆောင်ချက် အချို့ကြောင့် တဖြည်းဖြည်း လျော့နည်းလာနေပြီး ညစ်ညမ်းသော ရေပမာဏ တဖြည်းဖြည်းများပြားလာနေသည်ကို သဘောပေါက်ရန် လိုအပ်နေသည်။ ထို့ကြောင့် ရေသုံးစွဲရာတွင်တတ်နိုင်သမျှ ချွေတာရန် နှိုးဆော်နေကြသည်။ ရေခြေရာ ယင်းနှိုးဆော်ချက်များထဲတွင် လူတို့၏ ရေခြေရာ Water Footprint ကိုတိုင်းတာခြင်းဖြင့် သုံးစွဲနေသောရေပမာဏ မည်မျှ များပြားသည်ကို တွက်ချက်အသိပေးခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။ ရေခြေရာဆိုသည်မှာ လူတို့ စားသုံးသမျှ အစားအစာ၊ သုံးစွဲသမျှအသုံးအဆောင်၊ လုပ်ကိုင်သမျှလုပ်ငန်းစသည်တို့၌ သုံးစွဲသည့် ရေပမာဏကို ခေါ်သည်။ ဥပမာ ပန်းသီးတစ်ပေါင်ရရန် အပင်စိုက်ရာမှစကာ ပန်းသီးကို သန့်စင်ထုပ်ပိုးခြင်းအထိ ရေဂါလန် ၈၀ ကျော် ကုန်သဖြင့် ပန်းသီးတစ်ပေါင်၏ …

Continue reading ခြေရာပျောက်ရေ

လူတိုင်းရေချွေတာစွာသုံးစွဲရေး

စိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ ရောင်းချသူ၊ သုံးစွဲသူများ ပါဝင်သည့် ရေသုံးစွဲမှုဖြစ်စဉ် ကွင်းဆက်တွင် လူသည် နောက်ဆုံးသုံးသူ ဖြစ်သည့်အတွက် လူတိုင်းရေချွေတာကြဖို့ အရေးကြီးလှသည်။ ယင်းဖြစ်စဉ်၌ နိုင်ငံသားများအား ဦးဆောင်စည်းရုံးပညာပေးကာ ရေချွေတာရေးကို နိုင်ငံအဆင့် အောင်မြင်အောင် လုပ်သည့် နိုင်ငံများအနက် စင်ကာပူသည် ထင်ရှားသည်။ စင်ကာပူနိုင်ငံသားတို့၏ တစ်ဦးချင်း ရေသုံးစွဲမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်က ၄၃ ဂါလန်ခန့် ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၃၇ ဂါလန်အထိ လျော့ကျလာခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် တစ်ရက်လျှင် ၃၄ ဂါလန်ခန့် အထိလျှော့ချရန် စီမံထားသည်။ နိုင်ငံသားတိုင်း ရေချွေတာရေး နိုင်ငံအဆင့် ကြိုးပမ်းချက်တွင် နောက်ဆုံး ပါဝင်လာသည့် နိုင်ငံမှာ ဆော်ဒီအာရေဗျ ဖြစ်သည်။ ဆော်ဒီအာရေဗျသည် နိုင်ငံတွင်း ရေသုံးစွဲမှုကို ထိရောက်စွာ …

Continue reading လူတိုင်းရေချွေတာစွာသုံးစွဲရေး

ကုန်ထုတ်လုပ်ငန်း၌ ရေချွေတာခြင်း

ကုန်ပစ္စည်းနှင့်အသုံးအဆောင်များထုတ်လုပ်ရာတွင် ရေကိုတတ်နိုင်သမျှ ချွေတာစွာသုံးသော နည်းပညာများကို တီထွင်နိုင်ကြလျှင်လည်း ရေလိုအပ်ချက် အကြီးအကျယ်လျော့ကျလာနိုင်သဖြင့် ကမ္ဘာ့ထုတ်လုပ်မှုလုပ်ငန်း အများအပြားသည် ယင်းနည်းကို အာရုံစိုက်နေကြသည်။ ဥပမာ ကမ္ဘာကျော် ယူနီလီးဗားကုမ္ပဏီသည် ကုန်ကြမ်းရှာဖွေရယူရာမှ စကာ ကုန်ချောထုပ်ပိုးသည်အထိ အဆင့်တိုင်းတွင် ရေလျှော့သုံးနိုင်သည့် နည်းပညာများကို အလေးထားတီထွင်နေသည်။ မြန်မာတို့ကျယ်ပြန့်စွာသုံးစွဲနေသော အိမ်သုံးပစ္စည်းနှင့်အစားအသောက်များကို ထုတ်လုပ်သော ယူနီလီးဗား သည် ၂၀၁၀ ပြည့်နှစ်ကစတင်၍ ရေရှည်ခံ လူနေမှုအစီအစဉ်ဖြင့် ကုန်ကြမ်းရှာဖွေရယူရာမှစကာ ကုန်ချော ထုပ်ပိုးသည်အထိ အဆင့်တိုင်းတွင် ရေလျှော့သုံးနိုင်သည့်နည်းပညာများ ရေချွေတာရေးအစီအမံများ အပါအဝင် သဘာဝပတ်ဝန်းကျင် အကျိုးပြုစနစ်များကို ကျင့်သုံးနေသည်။ ထိုသို့ကျင့်သုံးသည့်အတွက် ယူနီလီးဗားစက်ရုံများ၏ ရေအသုံးသည် ၂၀၀၈ ခုနှစ်ကနှင့် စာလျှင် ၂၀၁၉ ခုနှစ် အကုန်၌ ထုတ်ကုန်အလေးချိန်တစ်တန်လျှင် ရေပမာဏ ၄၇ ရာခိုင်နှုန်းမျှ လျှော့သုံးလာနိုင်သည်။ အချို့စက်ရုံများတွင် …

Continue reading ကုန်ထုတ်လုပ်ငန်း၌ ရေချွေတာခြင်း

ရန်ကုန် ရေလေလွင့် ဆုံးရှုံးမှု

လက်ရှိ ရေလေလွင့် ဆုံးရှုံးမှု ထိမ်းသိမ်းရေးကို လုပ်ဆောင်ရာမှာ အရမ်း ပင်ပန်းပြီး risk များပါတယ်၊ ပင်ပန်းတာကတော့ စနစ်မကောင်းခဲ့တဲ့ ကာလ တစ်လျှောက်က database တွေ ပြန်စုရတာ (အခုထိ မတိကျသေးပါ)၊ distribution network အဟောင်းတွေကို JICA EXPERT များနဲ့တွဲပြီး on job training လုပ်တာတွေလည်း ငါးနှစ် ရှိပါပြီ၊ ဂျပန်လည်း ပန်း ကျနော်တို့လည်း ပန်းနေပါပြီ၊ risk တွေကတော့ policy မငြိမ်တာရယ်၊ public awareness မရှိတာရယ်၊ skill workers နဲ့ expert services မရှိတာတွေကြောင့် NRW reduction program က ထင်သလောက် ခရီးမပေါက် ဖြစ်နေကြရတယ်။ ဂျပန်မှာဆို …

Continue reading ရန်ကုန် ရေလေလွင့် ဆုံးရှုံးမှု