မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်းအခြေအနေ (ဒုတိယပိုင်း) ဦးမြင့်သိန်း (မောင်ကျေးရေ)

၈။ မြေအောက်ရေအရည်အသွေး မြေအောက်ရေအသုံးပြုနေသူများသည် ရေ၏အရည်အသွေး ကောင်း မကောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတ်မှတ်ထားသော သောက်သုံးရေ အရည်အသွေး အဆင့်အတန်း (Drinking Water Quality Standard) နှင့် ချိန်ထိုး၍ သိထားသင့်ပါသည်။ မြေအောက်ရေအောင်းလွှာ၏ ဘူမိဗေဒဆိုင်ရာ၊ ဘူမိဓာတုဗေဒဆိုင်ရာ ဓာတ်ပစ္စည်းများ၏ ပမာဏနှင့် ပျော်ဝင်နေသည့် အချိန်ကာလ၊ မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးသည့် မိုးရေ ဖြတ်သန်းစီးဆင်းရာ တလျှောက်ရှိ မြေသား၊ ကျောက်သားတို့၏ ဓာတ်ဂုဏ်သတ္တိများ စသည့် အချက်များက မြေအောက်ရေ၏ ရေအရည်အသွေး ကောင်းမကောင်း အဆုံးအဖြတ်ပေးပါသည်။ သို့ပါ၍ မြေအောက်ရေ၏ အရောင်အဆင်း၊ အနံ့အရသာ၊ ရေနောက်ကျိမှု၊ ပီအိပ်(ချ်)(pH)၊ ပျော်ဝင်နိုင်သည့် ဓာတုဗေဒဆိုင်ရာ ဓာတ်ပစ္စည်းများ (ဆိုဒီယံ၊ ကယ်စီယံ၊ မဂ္ဂနီစီယံ၊ သံဓာတ်)နှင့် ဓာတ်ပေါင်းများ (ကာဘွန်နိတ်၊ … Continue reading မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်းအခြေအနေ (ဒုတိယပိုင်း) ဦးမြင့်သိန်း (မောင်ကျေးရေ)

မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်း အခြေအနေ (ပထမပိုင်း) ဦးမြင့်သိန်း(မောင်ကျေးရေ)

၁။ စကားဦး ရန်ကုန်မြို့တွင် မြေအောက်ရေကို မြန်မာမင်းလက်ထက်က စတင် သုံးစွဲခဲ့ကြသည်။ အင်္ဂလိပ် လက်ထက်တွင်လည်း ဆက်လက် သုံးစွဲလာခဲ့သည်မှာ ယနေ့ထိ ဖြစ်၏။ တိုးချဲ့မြို့သစ်များ အပါအဝင် မြို့နယ်အများစုတွင် မိမိပိုင် စက်ရေတွင်းများ တူးဖော်သုံးစွဲလျက် ရှိပါသည်။ ရန်ကုန်မြို့တော်စည်ပင်က ရာနှုန်းပြည့် ဖြန့်ဝေနိုင်ခြင်း မရှိသေးပါ။ မြေအောက်ရေကို စက်ရေတွင်း (အရပ်အခေါ် - အဝိစီတွင်း) များ တူးဖော်၍ ဆက်လက်သုံးစွဲနေရဦးမည်။ ၂။ မြေအောက်ရေ မြေအောက်ရေဆိုသည်မှာ ကမ္ဘာမြေမျက်နှာပြင်အောက်တွင် မြေလွှာ (သဲ၊ ကျောက်စရစ်၊ သဲဆန်သောမြေ) (Sand, Gravel, Sandy soil) စသည်တို့အတွင်း၌သော် လည်းကောင်း၊ ကျောက်လွှာကြား (Fractures / Rocks) များအတွင်း၌ သော်လည်းကောင်း စိမ့်ဝင်ခိုအောင်းနေသောရေ ဖြစ်ပါသည်။ ရေများ … Continue reading မဟာရန်ကုန် မြေအောက်ရေ စက်ရေတွင်းများနှင့် အနာဂတ် ခန့်မှန်း အခြေအနေ (ပထမပိုင်း) ဦးမြင့်သိန်း(မောင်ကျေးရေ)

ရန်ကုန်မြို့တော် ရေပေးရေးဆိုင်ရာ အချက်အလက်အချို့

ရန်ကုန်ရေပေးရေးသမိုင်း စတင်သည့်ခုနှစ်အရင်းအမြစ်၁၈၄၂ရေတွင်းကြီး ၃၀၁၈၇၉ကန်တော်ကြီးကန်၁၈၈၄အင်းလျားကန်၁၉၀၄လှော်ကားရေလှောင်ကန်၁၉၄၀ဂျိုးဖြူရေလှောင်ကန်၁၉၉၂ဖူးကြီးရေလှောင်ကန်၂၀၀၅ငမိုးရိပ်ရေသန့်စင်စက်ရုံ(ပထမဆင့်)၂၀၁၄ငမိုးရိပ်ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်) ဆက်စပ်ဖတ်ရှုရန် နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ် ရေလှောင်ကန်များနှင့် အဝီစိတွင်းများမှ နေ့စဉ် ရေဂါလန် ၂၀၅ သန်း ပေးဝေလျက်ရှိသည်။ ပေးဝေပမာဏ၏ ၉၀ ရာခိုင်နှုန်းသည် မြေပေါ်ရေဖြစ်ပြီး ကျန် ၁၀ %သည် မြေအောက်ရေ ဖြစ်သည်။ ရေဖြန့်ဝေပေးရာ၌ အိမ်သုံးရေတစ်ယူနစ်လျှင် ငွေကျပ် ၈၈ ကောက်ခံပြီး စီးပွားရေးသုံးအတွက် ရေမီတာတစ်ယူနစ်လျှင် ငွေကျပ် ၁၂၀ ကောက်ခံသည်။ (တစ်ယူနစ် = ဂါလန် ၂၂၀) မြို့တော်နေလူဦးရေ၏ ၄၅ ရာခိုင်နှုန်းအတွက် ရေပေးဝေနေသည်။ ပင်မရေလှောင်ကန်များ လှော်ကားဂျိုးဖြူဖူးကြီးငမိုးရိပ်စတင်တည်ဆောက်၁၉၀၀ ၁၉၃၆၁၉၇၃၁၉၉၂ပြီးစီး၁၉၀၄၁၉၄၀၁၉၈၈၁၉၉၅ရေဝေရေလဲဧရိယာ၁၀.၅ စတုရန်းမိုင်၁၂.၇ စတုရန်းမိုင်၂၇.၂၇ စတုရန်းမိုင်၁၆၀ စတုရန်းမိုင်ရေပြင်ဧရိယာ(ရေပြည့်)၄.၄ စတုရန်းမိုင်၂.၈ … Continue reading ရန်ကုန်မြို့တော် ရေပေးရေးဆိုင်ရာ အချက်အလက်အချို့

ရန်ကုန်မြို့ပြအကျိုးအတွက်ထပ်ထိုးလိုက်သည့်ခေါင်းလောင်းသံ

မိုးရာသီရောက်သည်နှင့်"မိုးရွာရင် မိုးရေချိုးမယ်"ဟု အော်ဟစ်ကာ သီဆိုမြူးထူး ပျော်ပါးနေသော ကလေး တို့ကို ကြည့်၍ လူကြီးတို့ပါ စိတ်လက်ကြည်နူးရခြင်းကို ရန်ကုန်တွင် အတွေ့ရနည်းလာပြီ ဖြစ်သည်။ ကလေးကစားကွင်းများ၊ ရပ်ကွက်တွင်းပန်းခြံများ၏နေရာတွင် အဆောက်အအုံများ ရောက်လာသည့်အတွက် ကလေးတို့ ဆော့ကစားနိုင်သည့်နေရာပျောက်ပြီး လူကြီးတို့ကမူ အိမ်ထဲသို့ ရေဝင်လာတော့မလားဟု ရင်တမမဖြင့် "ရေကင်းစောင့်" ကြရသည့်ဘဝသို့ ရောက်နေသည်။ ရေကြီးရေလျှံမှုများသည် စည်းကမ်းမဲ့အမှိုက်ပစ်မှုများကြောင့်၊ ဌာနဆိုင်ရာများက ထိရောက်စွာ မလုပ်နိုင် မှုကြောင့်စသည်ဖြင့် အမျိုးမျိုး ပြောနေကြသည်၊ အပြန်အလှန် လက်ညှိုးထိုးနေကြသည်။ စင်စစ်တွင်မူ ရန်ကုန်၏ ရေကြီးရေလျှံမှု ပြဿနာသည် စည်းကမ်းတကျ အမှိုက်စွန့်ကြ၊ ဌာနဆိုင်ရာတို့က ရသမျှ ဘတ်ဂျက်တို့ကို အလေအလွင့် အဖိတ်အစင်မရှိအောင် ထိန်းသိမ်း လုပ်ဆောင်ကြလျှင်သော်မှ ပြေလည်ရန်မလွယ်တော့သည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ လက်ရှိရန်ကုန်လမ်းများ၊ မိလ္လာစွန့်စနစ်နှင့် … Continue reading ရန်ကုန်မြို့ပြအကျိုးအတွက်ထပ်ထိုးလိုက်သည့်ခေါင်းလောင်းသံ

နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ်

၂၀ ရာစုအစပိုင်း ရန်ကုန်မြူနီစီပယ်အဖွဲ့၏ အင်ဂျင်နီယာဌာနတွင် အမြဲတန်းလုပ်သားပေါင်း ၃၀၀၀ ကျော်ရှိပြီး လမ်း၊ တံတား၊ သိုလှောင်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံ၊ မီးသတ်၊ လမ်းရေဖြန်းခြင်းဝန်ဆောင်မှု၊ လမ်းမီး၊ ရေပေးရေးနှင့် မိလ္လာစနစ်တို့ကို တာဝန်ယူလုပ်ဆောင်ရသည်။ ၁၉၀၉-၁၉၁၀ ဘဏ္ဍာနှစ်အတွက် အင်ဂျင်နီယာဌာန၏ ခန့်မှန်းဝင်ငွေသည် ရူပီး ၉၉၆၅၂၁ ဖြစ်သည်။ ယင်းအချိန်က အကောင်အထည်ဖော်နေသောလုပ်ငန်းတို့မှာ ရေကူးရေတွန်းစက်ရုံ တည်ဆောက်ခြင်း၊ မြူနီစီပယ်ရုံးသစ်များ၊ ဈေးများ၊ ကာကွယ်ဆေးထိုးဌာနများ၊ လမ်းသစ်များ၊ ပန်းခြံနှင့် ဥယျာဉ်များ၊ မီးသတ်စခန်း များ၊ နွားမွေးသူတို့အတွက် ရွာများ ဆောက်လုပ်ခြင်း၊ ရေမြောင်းများနှင့် နောက်ဖေးလမ်းကြားများကို အဆင့်မြှင့်ခြင်း၊ လေမှုတ်စက်ရုံများကို တိုးချဲ့ခြင်းတို့ ဖြစ်သည်။ ရေပေးရေး ၁၈၇၈ ခုနှစ်မတိုင်မီက ရန်ကုန်မြို့ကို ရေပေးရာတွင် တွင်းရေကို ရေစုပ်စက်နှင့် ရေလှောင်ကန်များဖြင့် ပေးဝေခဲ့သည်။ … Continue reading နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ်

ရန်ကုန်နှင့်မြေအောက်ရေ

ရန်ကုန်လူဦးရေ၏ ၅၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြေအောက်ရေကို မှီခိုနေ။ စည်ပင်တွင်း ၅၀၀ ခန့်မှ တစ်ရက်မြေအောက်ရေ ၉၀၀၀၀ ကုဗမီတာ၊ ပုဂ္ဂလိကတွင်း ၂၀၀၀၀၀ ခန့်မှ တစ်ရက်မြေအောက်ရေ ၄၇၅၀၀၀ ကုဗမီတာထုတ်ယူနေ။ လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ကမာရွတ်မြို့နယ်တွင် မြေအောက်ရေပြင် ၁၂ မီတာ၊ လှိုင်မြို့နယ်တွင် ၉ မီတာနှင့် အင်းစိန်တွင် ၇ .၅ မီတာမျှ နိမ့်ဆင်းသွားခဲ့။ ၂၀၁၈ ခုနှစ်ဇွန်လနှင့် ၂၀၂၀ ပြည့်နှစ် ဇွန်လအကြား ဂြိုဟ်တုရေဒါပုံရိပ်များကို အသုံးပြုတွက်ချက်မှုအရ ရန်ကုန် ပုဇွန်တောင်ချောင်းဝန်းကျင်နှင့် အရှေ့ဘက်မြေပြင်သည် ပျမ်းမျှတစ်နှစ်လျှင် ၁၀ မီလီမီတာနှင့် ၂၀ မီလီမီတာကြား နိမ့်ကျ၊ ရန်ကုန်အနောက်ဘက် ရန်ကုန်မြစ်နှင့် ပန်းလှိုင်မြစ်ကြားတွင်လည်း မြေပြင်နိမ့်ကျသည်ကိုတွေ့ရှိ၊ မြို့ပြ … Continue reading ရန်ကုန်နှင့်မြေအောက်ရေ

ရန်ကုန်မြေအောက်ရေအဝင်အထွက်

ဇလဘူမိပညာရှင်ဦးမြင့်သိန်းက ရန်ကုန်တွင် အဝီစိတွင်းပေါင်း နှစ်သိန်းခန့်ရှိသည်ဟု ခန့်မှန်းသည်။ မြို့လယ် တိုက်ကြိုတိုက်ကြား မြေညီထပ်မီးဖိုခန်းရှိတွင်းများမှစကာ မြို့သစ်များရှိ ပေ ၄၀ ခြား၊ အချို့နေရာများတွင် ပေ ၂၀ ခြားရှိသည့်တွင်းများကိုပါ စဉ်းစားလျှင် ဦးမြင့်သိန်းမှန်းတာ မှန်သည်ဟုထင်၏။ တစ်တွင်းတစ်ရက်ဂါလန် ၃၀၀ ထုတ်လျှင် တွင်းပေါင်းနှစ်သိန်းမှ တစ်ရက် ရေဂါလန်သန်း ၆၀ ထွက်သည်။ အချို့အိမ်သုံးတွင်းများသည် တစ်ရက် ဂါလန်ထောင်ချီ၊ အချို့စက်ရုံအလုပ်ရုံတွင်းများသည် တစ်ရက်ဂါလန် သောင်းချီထုတ်နေကြသောကြောင့် စုစုပေါင်းထုတ်သုံးသည့်ပမာဏ ဂါလန်သန်း ၆၀ ထက် မလျော့နိုင်၊ ပိုဖို့ပဲရှိသည်။ လျှော့ပေါ့ကိန်းတစ်ရက်ဂါလန်သန်း ၆၀ သည် တစ်လဂါလန်သန်း ၁၈၀၀၊ ခုနစ်လဆိုလျှင် ဂါလန်သန်း ၁၂၀၀၀ ကျော်ဖြစ်သည်။ ယင်းကိန်းဂဏန်းသည် ရန်ကုန်သို့ရေပေးနေသောကန်ကြီးလေးကန်အနက် အငယ်ဆုံးလှော်ကားကန်ထဲရှိ ရေပြည့်ပမာဏနှင့်ညီသည်။ တစ်နည်းဆိုရလျှင် ရန်ကုန်သားတို့သည် ခုနစ်လကြာတိုင်း … Continue reading ရန်ကုန်မြေအောက်ရေအဝင်အထွက်

လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း

ဒဂုံမြို့သစ် ၄ မြို့နယ် အပါအဝင် သာကေတနှင့် ဒေါပုံမြို့များသို့ ရေပေးဝေမည့် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ မှာ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအစိုးရများ အကြား Exchange of Note နှင့် Loan Agreement များကို လက်မှတ် ရေးထိုး နိုင်ခဲ့ပါတယ်။ ချေးငွေပမာဏကတော့ ဂျပန်ယန်း ၂၃.၆၈၃ ဘီလီယံ ဖြစ်ပြီး၊ အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းနှင့် ချေးငွေပြန်ဆပ် ရမည့် ကာလကတော့ နှစ်ပေါင်း လေးဆယ် ဖြစ်ပါတယ်။ လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှ နေ့စဉ်ရေဂါလန် သန်း ၄၀ ပေးဝေနိုင်မှာ ဖြစ်ပြီး၊ ရေပေးဝေရေးဇုန်-၇ ဖြစ်တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းသို့ … Continue reading လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း

ရန်ကုန်မြေအောက်ရေ မခမ်းခြောက်စေဖို့

[ မြေအောက်ရေပညာရှင် - (Hydrogeologist) ဦးမြင့်သိန်း(မောင်ကျေးရေ) နှင့် တွေ့ဆုံမေးမြန်းခြင်း by ဒေါ်ခင်မျိုးသက် (VOA) 27.10.2019 ဦးမြင့်သိန်း။ ။ “ရန်ကုန်မြို့မှာ ၂၀၁၄ သန်းကောင်စာရင်း ကောက်တဲ့အနေအထားအရ ဆိုရင် လူဦးရေ ၅ သန်းကျော်ရှိတယ်။ အခုဆိုရင်တော့ ၆ သန်းကျော် လောက် ဖြစ်သွားပြီပေါ့။ အဲဒီမှာ လူဦးရေ ၅၀ % တဝက်လောက်က မြေအောက်ရေကို မှီခိုပြီးတော့ သောက်သုံးရေ အတွက် အားထားနေကြရတယ်။ မေး။ ။“အဲဒီတော့ ဒီမြေအောက်ရေက လုံလုံလောက်လောက်ရော ရှိပါသလားဆရာ။” ဦးမြင့်သိန်း။ ။ “တရားဝင် ဘယ်သူမှ တွက်ချက်မထားဘူး။ ကျနော်ကတော့ ဝါသနာပါလို့ နဲနဲပါးပါး တွက်ချက်ထားတာ ရှိတယ်ဗျ။ မြေအောက်ရေကို ရန်ကုန်မြို့က မြန်မာဘုရင်တွေ လက်ထက် … Continue reading ရန်ကုန်မြေအောက်ရေ မခမ်းခြောက်စေဖို့

ရန်ကုန် ရေလေလွင့် ဆုံးရှုံးမှု

လက်ရှိ ရေလေလွင့် ဆုံးရှုံးမှု ထိမ်းသိမ်းရေးကို လုပ်ဆောင်ရာမှာ အရမ်း ပင်ပန်းပြီး risk များပါတယ်၊ ပင်ပန်းတာကတော့ စနစ်မကောင်းခဲ့တဲ့ ကာလ တစ်လျှောက်က database တွေ ပြန်စုရတာ (အခုထိ မတိကျသေးပါ)၊ distribution network အဟောင်းတွေကို JICA EXPERT များနဲ့တွဲပြီး on job training လုပ်တာတွေလည်း ငါးနှစ် ရှိပါပြီ၊ ဂျပန်လည်း ပန်း ကျနော်တို့လည်း ပန်းနေပါပြီ၊ risk တွေကတော့ policy မငြိမ်တာရယ်၊ public awareness မရှိတာရယ်၊ skill workers နဲ့ expert services မရှိတာတွေကြောင့် NRW reduction program က ထင်သလောက် ခရီးမပေါက် ဖြစ်နေကြရတယ်။ ဂျပန်မှာဆို … Continue reading ရန်ကုန် ရေလေလွင့် ဆုံးရှုံးမှု

ဒလမြို့နယ်ရဲ့ရေပြဿနာ

ဒလမြို့နယ်လူထုမှ ရွေးကောက်တင်မြှောက်ထားသည့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည် နှင့် တွေ့ဆုံမေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။ရန်ကုန်၊ ဇွန် ၃၊ ၂၀၂၀ဒလမြို့နယ်က နှစ်ပေါင်းများစွာကတည်းက ရေချိုမထွက်ဘူး။ဒလလူဦးရေက ၁၉၉၀ မတိုင်ခင်မှာ လူဦးရေ ခုနစ်သောင်းကျော်လောက်ပဲ ရှိခဲ့ရာက အခု ၂၀၂၀ ဝန်းကျင်မှာဆို တစ်သိန်းခြောက်သောင်းကျော် ဖြစ်လာတယ်။ အရင်နှစ်ပေါင်းများစွာကတည်းက ရေက ကန်ရေကို သုံးစွဲနေရတာ အဆင်ပြေတယ်။ ရေလုံလောက်မှု ရှိတယ်။ အခုအခါမှာတော့ ရာသီဥတု ပူပြင်းလာမှု၊ ရေငွေ့ပျံမှုနှုန်း တိုးလာမှု၊ လူဦးရေတိုးပွားလာမှု၊ ကျူးကျော်နေထိုင်သူများပြားလာမှုတို့ကြောင့် နဂိုမူလ ရှိနေတဲ့ သောက်သုံးရေကန်တွေ မလုံလောက်မှု ဖြစ်လာတယ်။၁၉၉၆ ခုနှစ်မှာ စည်ပင်သာယာရေးအဖွဲ့က နေစပြီးတော့ တွံတေးမြို့နယ်ထဲက ရန်ကုန်ပေါက်ကျေးရွာမှာ ရေကန်တွေတူးပြီး ရေတွန်းစက်နဲ့ တွန်းပြီး ဒလမြို့နယ်ကို ရေသွယ်ပေးခဲ့တယ်။ ဒလမြို့နယ်မှာ ရေကန်ပေါင်း ၃၂၉ ကန်ရှိတယ်။ … Continue reading ဒလမြို့နယ်ရဲ့ရေပြဿနာ

ရန်ကုန်မြို့တော်ရေဖူလုံရေး

ရန်ကုန်မြို့တော်ရေဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးငွေရယူရေးကိစ္စကို ၂၄-၇-၂၀၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အဆိုပါစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ငမိုးရိပ် ဆည်မှ ရေကို မြေသားရေပေးမြောင်း(Open Channel)ဖြင့် ရယူနေခြင်းအစား ရေပိုက်လိုင်းဖြင့် အစားထိုး ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ လက်ရှိရေပေးဝေရေးစနစ်၏ ရေအရင်းအမြစ်တစ်ခုဖြစ်သော ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)သည် လိုအပ်သော Raw Water ကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်အတွင်းမှာရှိသော ငမိုးရိပ်ဆည်၏ လက်ယာရေပေးမြောင်းမကြီးမှ တဆင့် ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)သို့ ၂၁.၅ မိုင် (၃၃.၈၁ ကီလိုမီတာ) ရှည်လျားသော မြေသားရေပေးမြောင်း(Open Channel) ဖြင့် ရယူလျက်ရှိပါတယ်။ ငမိုးရိပ် ရေသန့်စင်စက်ရုံမှ တစ်ရက်လျှင် ရေဂါလန် သန်း ၉၀ … Continue reading ရန်ကုန်မြို့တော်ရေဖူလုံရေး

ရန်ကုန်နှင့်မိုးရေ (Ko Chaw)

ရန်ကုန်မှာ တစ်နှစ်ကို ပျမ်းမျှ မိုးရေချိန် လက်မ တစ်ရာကျော် ရွာတယ်။ တစ်နှစ်ကို ရွာတဲ့ မိုးအတိုင်းအတာ ကိုးပေနီးပါး ရှိတယ်။ မြို့တော် စည်ပင်သာယာ နယ်နိမိတ်က 231 square miles လောက်ရှိတယ်လို့ အချက်အလက် အချို့ အရ သိရပါတယ်။ ဒီအရွယ်က စင်ကာပူ ကျွန်းမကြီး အရွယ်အစားနဲ့ မတိမ်းမယိမ်းပါ။ တွက်ကြည့်ရင် မြို့တော်စည်ပင် နယ်နိမိတ်အတွင်းမှာတင် တစ်နှစ်ကို မိုးရေ ဂါလန် သန်းပေါင်း သုံးသိန်း ခြောက်သောင်း (ကုဗမီတာ သန်းပေါင်း 1600 ခန့် = 425,163 MILLIONS US GALS) လောက် ရွာတဲ့ မိုးကို လက်ခံ ရရှိလေ့ရှိတယ်။ ရန်ကုန်တိုင်း တစ်ခုလုံး အတွက် ကြည့်မယ် … Continue reading ရန်ကုန်နှင့်မိုးရေ (Ko Chaw)