Innovations

  • လှေကားထစ်ရေကန် (Ye Htwe)

    လှေကားထစ်ရေကန် Stepwell ဆိုသည်မှာ ရှေးခေတ် အိန္ဒိယသုံး ရေတွင်းရေကန် တစ်မျိုးဖြစ်သည်။ မြေအောက်ရေလည်း ထွက်၍ မိုးရေကိုလည်း ခံယူကာ မိုးများသော်လည်း မလျှံ၊ မိုးခေါင်သော်လည်း မခန်းပဲ တစ်နှစ်ပတ်လုံး ရေရရှိနိုင်အောင် စီမံထားခြင်း ဖြစ်သည်။ ၎င်းတို့ကို အထပ်ပေါင်းများစွာ နက်နက်ရှိုင်ရှိုင်း၊ အချိုမှာ နက်ရှိုင်းလွန်းသဖြင့် ရေကို တစ်ထပ်မှ တစ်ထပ် နွားရဟတ်ဖြင့် ဆွဲငင်ရသည်။ စိုက်ပျိုးရေနှင့်…

  • ရေဘက်ဆိုင်ရာ ကဏ္ဍနှင့် ပတ်လည် စီးပွားရေး ပုံစံ

    ပြန့်ကား ကြီးထွားလာနေသော မြို့ကြီးများနှင့်အတူ စိန်ခေါ်မှုများကလည်း လိုက်ပါ ကြီးမားလာနေသည်၊ ၂၀၅၀ ပြည့်နှစ်တွင် မြို့ပြ လူဦးရေသည် ယခုထက် နှစ်ဆများလာမည်၊ လက်ရှိတွင် မြို့ပြများ၏ ရေအသုံးသည် ကမ္ဘာ့စုစုပေါင်း ရေအသုံး၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား ရှိနေရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ ရောက်လာမည်ဟု ခန့်မှန်းကြသည်။ ရေလိုအပ်ချက် များပြားလာခြင်းနှင့်အတူ…

  • ရေပေါ်မြို့

    သီရိလင်္ကာနိုင်ငံ၏အနောက်တောင်ဘက် မိုင် ၄၀၀ ကျော်အကွာ အိန္ဒိယသမုဒ္ဒရာထဲတွင် ရှိပြီး ကျွန်းငယ်ပေါင်း ၁၂၀၀ ခန့် ပါဝင်သည့် မော်လ်ဒိုက်(မော်လ်ဒိ(ဗ်)ဟုလည်းအသံထွက်)နိုင်ငံတွင် ရှုမောဖွယ်ကမ်းခြေများ၊ လှပသည့် သန္တာကျောက်တန်းများ ရှိသဖြင့် ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားလာရောက်ကြသည်။ မော်လ်ဒိုက်ကျွန်းများ၏ထူးခြားချက်မှာ အလွန်တရာ ညီညာပြန့်ပြူးသော မြေမျက်နှာပြင်ရှိသည့်အချက် ဖြစ်သည်။ မြေပြင်သည် ပြန့်ပြူးရုံတင်မဟုတ် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှသုံးပေခွဲမျှသာ မြင့်သဖြင့် မြင့်တက်လာနေသည့် ပင်လယ်ရေပြင်အောက်သို့ တစ်နိုင်ငံလုံး…

  • ရေဘက်ဆိုင်ရာနိုဘယ်ဆုရှင်

    ဆွီဒင်နိုင်ငံ စတော့ဟုမ်းနိုင်ငံတကာရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းလုံးမှ ရေဘက်ဆိုင်ရာ၌ ထူးချွန်စွာဆောင်ရွက်သူများအား “စတော့ဟုမ်း ရေဘက်ဆိုင်ရာဆု”ကို လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍ နှစ်စဉ် ရွေးချယ်ချီးမြှင့်ခဲ့သည်။ ယင်းဆုသည် ရေဘက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်၌ ကျော်ကြားလှပြီး “ရေဘက်ဆိုင်ရာနိုဘယ်ဆု”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ ၂၀၁၅ ခုနှစ် “ရေဘက်ဆိုင်ရာနိုဘယ်ဆု”ကို အိန္ဒိယလူမျိုး ရာဂျင်ဒရာဆင်းအား ပေးအပ်ခဲ့သည်။ ဆုချီးမြှင့်ရေးကော်မတီ၏ မှတ်ချက်တွင် ရာဂျင်ဒရာဆင်းသည် ဒေသတွင်း ရေအခက်အခဲကို လူမှုရေးစွမ်းဆောင်ရည်တည်ဆောက်ပြီး…

  • ကျေးလက်မိုးရေလှောင်ကန်မှသည် ယမုန်နာနှင့်ဂင်္ဂါဆီသို့

    ကျွန်တော့ကို အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ မွေးပါတယ်။ ကျွန်တော်တို့ရွာကလေးမှာ ဂင်္ဂါနဲ့ ယမုန်နာမြစ်တွေက ရေလွှဲယူထားတဲ့တူးမြောင်းတွေ ရှိတယ်။ အဲဒီရေတွေကြောင့် ရွာပတ်ဝန်းကျင်က လယ်ကွင်းတွေဟာ အမြဲစိမ်းစိုနေတယ်။ ဒါပေမဲ့ ကျွန်တော့အဖေက ကျွန်တော့ကို လယ်သမား မဖြစ်စေချင်ဘူး။ ဒါနဲ့ ကျွန်တော်ဟာ အာယုဗေဒဆေးပညာကို သင်ယူတယ်။ ပြီးတော့ ရာဂျက်စထန်ပြည်နယ် ဂျိုင်ပူးမြို့က လူငယ်နဲ့အားကစားဌာနမှာ အလုပ်ရပါတယ်။ ရာဂျက်စထန်ပြည်နယ်မှာ ခြောက်သွေ့ပြီး မိုးခေါင်တယ်၊…

  • ရေဒလိမ့်တုံး

    ရေရှားသောမြန်မာ့ကျေးရွာများ၌ ညနေစောင်းတွင် ရေအိုးကိုယ်စီရွက်၍ ရေခပ်ဆင်းကြသော လုံမပျိုတို့အကြောင်း ကဗျာဖွဲ့ကြ၊ စာအလှသီကုံးကြသည်။ ကဗျာနှင့်စာကိုဖတ်ရတာ ချောနေသော်လည်း ရေအပြည့်ပါသောအိုးတို့ ပုံးတို့ကို ရွက်၍ပြန်လာရသည့် လုံမပျိုတို့၏ဘဝသည်မူ လှပသည်ဟု မဆိုနိုင်။ ရေအတွက်အချိန်ပေးရသဖြင့် အလုပ်ပျက်၊ ပညာရေးဘက်တွင် အချိန်လျှော့ပေးရသည့်အပြင် ကြာလျှင် ခါးနာ ကျောရိုးဒဏ်ရာရစသဖြင့် ကျန်းမာရေးထိခိုက်ကြသည်။ ထိုနည်းတူ အိန္ဒိယ၊ အာဖရိကနိုင်ငံအချို့ စသည်တို့ရှိ အမျိုးသမီးကြီးငယ်တို့သည်လည်း သောက်ရေသုံးရေတို့အတွက် ဝေးလံသောအရပ်များသို့…

  • ကမ်းခြေမြေဆုံးရှုံးမှုမှကာကွယ်ခြင်း

    ရေစီးသန်သောမြစ်အချို့၏ကမ်းပါးတလျှောက် မြေပြိုသည်ကို ကိုယ်တိုင်သော်လည်းကောင်း၊ သတင်းများတွင်သော်လည်းကောင်း မြင်ဖူးကြသည်။ ကမ်းရိုးတန်းများတလျှောက် လှိုင်းဒဏ် ဒီရေဒဏ်တို့ကြောင့် မြေများ ပဲ့ပါကာ ပင်လယ်ထဲသို့ဆုံးရှုံးနေသည်ကိုမူ မြစ်ကမ်းပါးတလျှောက် မြေပြိုမှုလောက်အသိမများကြချေ။ ရာသီဥတုပြောင်းလဲ၍ ပင်လယ်ရေပြင်မြင့်တက်လာနေသဖြင့် ကမ်းရိုးတန်းမြေဆုံးရှုံးမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည်။ မြေဆုံးရှုံးမှုပမာဏသည် မြေသားအမျိုးအစား၊ တည်နေရာ၊ ရေစီးကြောင်း လှိုင်းပုတ်ခြင်း လေပြင်းတိုက်မှုစသည်တို့အပေါ် မူတည်၍ တစ်နေရာနှင့်တစ်နေရာ ကွဲပြားသည်။ ဂြိုဟ်တုဓာတ်ပုံများဖြင့် တိုင်းတာချက်အရ…