ဧရာ၀တီ မြစ်ဖျားပိုင်း ဖြစ်သော တိဘက်ကုန်းမြင့်တွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၂၀၀၀ နှုန်းဖြင့် စီးပြီး ကပ္ပလီပင်လယ်ထဲသို့ တစ်စက္ကန့်လျှင် ကုဗမီတာ ၁၃၀၀၀ နှုန်းဖြင့် စီးဝင်သည်။ ရာသီအလိုက်ပြောရလျှင် မိုးရာသီတွင် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၅၀၀၀ ခန့်ရှိပြီး နွေ၌ တစ်စက္ကန့်လျှင် ကုဗမီတာ ၄၀၀၀ ခန့်သာ စီးဆင်းသည်။ ဧရာ၀တီ အလယ်ပိုင်းနှင့် အောက်ပိုင်းရှိ ဇလဗေဒစခန်းများ၏ တိုင်းတာချက်အရ ဧရာ၀တီမြစ်၏ ပျမ်းမျှ တစ်နှစ်ရေစီးပမာဏသည် ကုဗကီလိုမီတာ ၄၁၀ ခန့်ရှိသည်။ ရေရှည်တွင် မိုးများလာနိုင်သောကြောင့် ဧရာ၀တီမြစ်ဝှမ်း၏ မြေပေါ်မြေအောက်ရေပမာဏ (TWS)သည် များလာမည်ဟု ယူဆနိုင်သည်။ Keyword: ဧရာ၀တီ ကိုးကား - Spatio-temporal changes in terrestrial water storage … Continue reading ဧရာ၀တီရေစီးပမာဏ
Tag: Ayarwaddy
ဧရာ၀တီ — ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး (ပါမောက္ခ ဦးမောင်မောင်အေး)
(၈ .၁၁ .၂၀၁၆ နှင့် ၉ . ၁၁ . ၂၀၁၆ ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးနှစ်ပုဒ်ကို စုစည်း၍ ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။) မြန်မာနိုင်ငံ၏ မြေကြော၊ ရေကြော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မြစ်ချောင်း အလွန်ပေါများကြွယ်၀သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် အဓိကမြစ်ကြီး လေးစင်းနှင့် မြစ်လက်တက် ကြီးငယ်များ၊ ချောင်းကြီး၊ ချောင်းငယ်များ၊ မြစ်ခွဲများ စသည်ဖြင့် မြစ်ဝှမ်း ချောင်းဝှမ်းပေါင်း မြောက်မြားစွာ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါသည်။ နိုင်ငံအတွင်း မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်တန်းများ (ဝါ) ဘူမိရုပ်သွင်ယူနစ်များ (morphotectonic units) က မြစ်များ စီးဆင်းသည့် လားရာအရပ် (Direction … Continue reading ဧရာ၀တီ — ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး (ပါမောက္ခ ဦးမောင်မောင်အေး)
ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ ရေစီးနှုန်းနှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်း လေ့လာသွားမည်
https://news-eleven.com/ Published 26 April 2022 မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ မြစ်ဖျားမှ စတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်း တိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏတို့ကို စူးစမ်း လေ့လာဆောင်ရွက်နိုင်ရေးအတွက် ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့ကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီက အမိန့်ကြော်ငြာစာ အမှတ် (၄၃/၂၀၂၂) ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ ရေအား အရင်းအမြစ် စူးစမ်း လေ့လာရေး အဖွဲ့သည် တိုင်းတာရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ မြစ်ဖျားမှ ပင်လယ်ဝအထိ ရေစီးနှုန်းများ တိုင်းတာ ဆောင်ရွက်ရန်၊ … Continue reading ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ၏ ရေစီးနှုန်းနှင့် ရေလမ်းကြောင်း အခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်း လေ့လာသွားမည်
တောင်ထိပ် ရေခဲမြစ်များ အရည်ပျော် လျော့နည်းလာနေခြင်းနှင့် ဧရာဝတီမြစ်အပေါ် သက်ရောက်မှု
တစ်ကမ္ဘာလုံး သုံးစွဲနေသော ရေပမာဏ၏ ထက်ဝက်ကျော်ကို မြစ်များ ချောင်းများမှ ရရှိသည်၊ မြစ်အများစုတွင် စီးဆင်းနေသော ရေများသည် မိုးရေများ ဖြစ်ကာ အချို့ မြစ်ရေများသည် မြေအောက် ရေအောင်းလွှာများမှ စီးဝင်လာသော ရေများ ဖြစ်သည်၊ ဆီးနှင်းနှင့် တောင်ထိပ် ရေခဲမြစ်များမှ မြစ်ဖျားခံလာကြသော မြစ်များလည်း ရှိသည်၊ ယင်းမြစ်များ အပေါ် သောက်သုံးရေအတွက် မှီခိုနေရသော လူဦးရေမှာ သန်း ၂၀၀၀ ခန့် (ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံခန့်) ရှိသည် (၁)။ ထို့ကြောင့် တောင်ထိပ် ရေခဲမြစ်များသည် ရေဖူလုံရေး၌ အလွန် အရေးပါသည့် ကဏ္ဍတွင် ရှိနေသည်။ ရည်ညွှန်းရေခဲမြစ်များ ၁၉၄၅ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ဒြပ်ထု လျော့နည်းလာပုံ တောင်ထိပ် … Continue reading တောင်ထိပ် ရေခဲမြစ်များ အရည်ပျော် လျော့နည်းလာနေခြင်းနှင့် ဧရာဝတီမြစ်အပေါ် သက်ရောက်မှု
ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)
(Civil Engineering Journal, Vol. 5, No. 10, October, 2019 ပါ Han Thi Oo , Win Win Zin , Cho Cho Thin Kyi, Department of Civil Engineering, Yangon Technological University တို့ ပြုစုသော Assessment of Future Climate Change Projections Using Multiple Global Climate Models စာတမ်းကို အများ နားလည်လွယ်အောင် အကျဉ်းချုံး ပြန်ဆို တင်ပြခြင်း ဖြစ်ပါသည်။) မူရင်းစာတမ်းကို လေ့လာလိုလျှင် Click here (နိဒါန်း) နိုင်ငံ၏ … Continue reading ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြောင်းလဲမှုအား ခန့်မှန်းခြင်း (ဟန်သီဦး၊ ဝင်းဝင်းဇင်၊ ချိုချိုသင်းကြည်၊ မြို့ပြ အင်ဂျင်နီယာဌာန၊ ရန်ကုန် နည်းပညာ တက္ကသိုလ်)
မြန်မာ့မြစ်များ၏ ရေဝေဒေသနှင့် ရေဝင်ပမာဏ
ရေဝေဒေသ(စတုရန်းကီလိုမီတာထောင်ပေါင်း)ပျမ်းမျှ နှစ်စဉ်ရေဝင်ပမာဏ(ကုဗကီလိုမီတာ)မြေအောက်ရေ(ကုဗကီလိုမီတာ)ချင်းတွင်း၁၁၅၁၄၁၅၈ဧရာဝတီ(အထက်)(ချင်းတွင်းမြစ်ဆုံအထိ)၁၉၃၂၂၈၉၃ဧရာဝတီ(အောက်)(ချင်းတွင်းမြစ်ဆုံမှ)၉၆၈၆၁၅၃စစ်တောင်း၄၈၈၁၂၈ရခိုင်မြစ်များ၅၈၁၃၉၄၂တနင်္သာရီမြစ်များ၄၁၁၃၁၃၉သံလွင်(နယ်စပ်မှမြစ်ဝ)၁၅၈၂၅၈၇၅မဲခေါင်(မြန်မာနယ်နိမိတ်အတွင်း)၂၉၁၈၇စုစုပေါင်း၇၃၈၁၀၈၂၄၉၅(Source: Irrigation Department, Myanmar) မှတ်ချက် - တတိယကော်လံရှိ ရေဝင်ပမာဏသည် မြေပေါ်ရေ ဖြစ်ပါသည်။
ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု
ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။ ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ … Continue reading ဟိန္ဒူကွတ်ရှ်ဟိမဝန္တာရေခဲပြင် အရည်ပျော်မှု
Ecology နှင့် Economy တို့၏ အားပြိုင်မှုကြားမှ ဧရာဝတီမြစ်ဝကျွန်းပေါ်၏ ပစ္စုပ္ပန်နှင့် အနာဂတ် (ကြည်ခင်)
ဂျပန်မှာ ကျောင်းအပြီး အလုပ်ဝင်ခဲ့တဲ့ ၂၀၀၀ ခု ဝန်းကျင်မှာ တွေ့ဆုံခဲ့ရသူ Kiso Jiban Consultants ကုမ္ပဏီ ဘူမိအရာရှိချုပ် မိုမိကုရာစံ 籾倉 さん Mr Momikura (တွေ့ဆုံချိန်မှာ ၆၅ နှစ် ကျော်နေပြီ၊ ဂျပန်အစိုးရ ဆည်မြောင်းဌာန ဘူမိအရာရှိချုပ်ဘဝက ပင်စင်ယူခဲ့သူ) မေးပြောပြောခဲ့တဲ့ စကားကို သတိရမိတယ်။ ပထမ What is the meaning of Ecology? အီကိုလိုဂျီ ဆိုတာ ဘာလဲ၊ နောက်ပြီး What is Economy? အီကိုနိုမီဆိုတာ ဘာလဲ၊ နောက်မေးခွန်းက စကားလုံးနှစ်ခုစလုံးမှာ Eco ဆိုတာ ဘာဖြစ်လို့ ပါရတာလဲ။ Ecology is the branch of … Continue reading Ecology နှင့် Economy တို့၏ အားပြိုင်မှုကြားမှ ဧရာဝတီမြစ်ဝကျွန်းပေါ်၏ ပစ္စုပ္ပန်နှင့် အနာဂတ် (ကြည်ခင်)
ညစ်ညမ်းဧရာဝတီ
(Source: Thantmyanmar) ၂၀၁၃ ခုနှစ် မတ်လနှင့်ဇူလိုင်လများက စဉ့်ကူး၊ မန္တလေး၊ ပြည်၊ ဟင်္သာတနှင့် ညောင်တုန်းမြို့များရှိ ဧရာဝတီမြစ်တွင် ရေနမူနာများရယူပြီး ဧရာဝတီမြစ်ရေ ညစ်ညမ်းခြင်းလေ့လာချက်တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါ လေ့လာချက်အရ သတ္တုတူးဖော်ခြင်း၊ သစ်တောပြုန်းခြင်း၊ မြေယာအသုံးချမှု စသည်တို့ကြောင့် တစ်နှစ်လျှင် တန်ချိန် ၃၆၀ မျှရှိသည့် မြေစာများ၊ နုံးအနည်များ ဧရာဝတီမြစ်တွင်းသို့ ဝင်ရောက်လျက်ရှိသည်။ ရေနေသတ္တဝါတို့ရှင်သန်ရေးအတွက် အရေးပါသည့်အောက်ဆီဂျင်သည် မြစ်ရေ၌ လုံလောက်စွာ မရှိပေ။ ရေတစ်လီတာလျှင် အောက်ဆီဂျင် ၆ မီလီဂရမ်အထက်ရှိမှ ငါးသားပေါက်ခြင်း၊ ရှင်သန်ခြင်းတို့ဖြစ်နိုင်ပြီး ၁၀ မီလီဂရမ်ရှိမှရေနေသတ္တဝါများ ပေါကြွယ်သည်။ ဧရာဝတီရေတွင် အောက်ဆီဂျင်အများဆုံး ၉ မီလီဂရမ် ခန့်သာ ရှိပြီး အချို့နေရာများ၌ ၄ မီလီဂရမ်အထိ လျော့နည်းနေသည်။ ရေတစ်လီတာ၌ အာဆင်းနစ် ၁၀ … Continue reading ညစ်ညမ်းဧရာဝတီ
မြစ်ဝှမ်း ၁၅ ခု ရေပြန်လည် ပြည့်သည့် ပမာဏ လျော့နည်းမှု
ကမ္ဘာကြီးပိုမိုပူနွေးလာသည်နှင့်အမျှ မြစ်ဝှမ်းဒေသများသို့ ရေဝင်ရောက်မှုလျော့နည်းလာကြောင်း မကြာမီက ပြုလုပ်ခဲ့သည့်လေ့လာချက်တစ်ရပ်က ဆိုသည်။ အဆိုပါဖြစ်စဉ်သည် လက်ရှိဖြစ်ပေါ်နေသည့် ရေရှားပါးမှု ပြဿနာအား ပိုမိုဆိုးရွားစေရန်ရှိနေသည်။ ပူနွေးလာခြင်းကြောင့် ရေငွေ့ပိုပျံသည်၊ အပင်များက ရေပိုစုပ်ယူသည်၊ တစ်ချိန်တည်း၌ မိုးရွာသွန်းမှုနှင့်ဆီးနှင်းကျမှုပုံစံပြောင်းလဲခြင်းကြောင့် မြစ်ဝှမ်းများသို့ ရေအဝင်နည်းလာခြင်း ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုပိုလာခြင်းနှင့်အတူ ယင်းဖြစ်စဉ်သည် ပိုမိုဆိုးရွားလာမည်။ Indian Institute of Science နှင့် University of New South Wales တို့က မြစ်ဝှမ်း ၃၁ ခု၏ ရေအဝင်အထွက်ကို သုတေသနပြုခဲ့ရာ မြစ်ဝှမ်း ၁၅ ခုတို့၌ အပူချိန်တက်မှုနှင့် ရေပြန်လည်ပြည့်သည့် ပမာဏ လျော့နည်းမှု ဆက်စပ်နေကြောင်း တွေ့ရသည်။ အပူချိန် တစ်ဒီဂရီ စင်တီဂရိတ် တက်တိုင်း ဧရာဝတီမြစ်ဝှမ်းသို့ ရေအရင်းအမြစ် ပြန်လည်ပြည့်တင်းမှု … Continue reading မြစ်ဝှမ်း ၁၅ ခု ရေပြန်လည် ပြည့်သည့် ပမာဏ လျော့နည်းမှု
မြစ်ဝကျွန်းပေါ်တစ်ခု ပေါ်ထွန်းခြင်း
လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀၀ ခန့်အထိ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဟူ၍ မရှိခဲ့ဘဲ ဧရာဝတီမြစ်ဝသည် ပြည်မြို့နေရာတွင် တည်ရှိခဲ့သည်။၊ နောက်ပိုင်းတွင် ယင်းနေရာ အောက်ပိုင်း၌ သဲခုံကြီးများ ပေါ်ထွန်းလာသည်၊ တွံတေး မြောင်းမြနှင့် ပုသိမ်မြို့ ဖြစ်လာမည့် နေရာများသည် ပင်လယ်ထဲက ကျွန်းများ အသွင်ဖြင့် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်၊ ယခု ပဲခူး ဟင်္သာကုန်းသည် ဗုဒ္ဓဘုရားရှင် ပွင့်ပေါ်ချိန် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ၃၀၀၀ ခန့်က ပင်လယ်ထဲက ကျွန်းကလေး တစ်ကျွန်း ဖြစ်သည်ဟု ဆိုသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဖြစ်တည်လာပုံ အဆင့်ဆင့် (ဒေါက်တာအုန်းမြင့်ထံမှ ရရှိသည်) ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေစီးတွင် ပါလာသော နုန်းနှင့်သဲများ ဖြည်းဖြည်းချင်း စုပုံ အနည်ထိုင်လာရင်း … Continue reading မြစ်ဝကျွန်းပေါ်တစ်ခု ပေါ်ထွန်းခြင်း
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ထိခိုက်လွယ်မှုအခြေအနေ
"ထိခိုက်လွယ်မှုအခြေအနေ-မြန်မာနိုင်ငံ " အစီရင်ခံစာပါ ရေနှင့်ပတ်သက်သောအချက်အလက်များမှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ဆိုင်သည်များကို ရွေးထုတ်ဝေမျှပါသည်။ ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုမှ မြန်မာနိုင်ငံအား ရာသီဥတုဖြစ်စဉ် ပြင်းထန်လွန်မှုများကြောင့် ထိခိုက်အလွယ်ဆုံး (၃) နိုင်ငံတွင် ထည့်သွင်းထားသည်။ ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ရေဆိုးနုတ်စနစ် - ၂၀၁၄ သန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝှမ်း အိမ်ထောင်စုများအားလုံး၏ (၂၆%) သည် အန္တရာယ်ကင်းသော ရေဆိုးနုတ်စနစ် ကင်းမဲ့နေကာ၊ (၃၁%) သည် သန့်ရှင်းကောင်းမွန်သည့် သောက်သုံးရေရရှိမှု မရှိဟု ဖော်ပြထားသည်။ ရခိုင်ဒေသသည် အန္တရာယ်ကင်းသော ရေဆိုးနုတ်စနစ်အဆင့်တွင် သိသာထင်ရှားစွာ အနိမ့်ဆုံးဖြစ်ကာ ဧရာဝတီ၊ ပဲခူး၊ ရခိုင်နှင့် ရန်ကုန်တိုင်းဒေသများသည် ပိုမိုကောင်းမွန်သောရေအရင်းအမြစ်ရရှိမှု အနည်းဆုံးဖြစ်သည်။ မသန့်ရှင်းသော ရေနှင့် ရေဆိုးနုတ်စနစ်ရှိသော ဒေသများသည် နေရာထိုင်ခင်း နွမ်းပါးသည့် ဒေသများနှင့် အဓိကအားဖြင့် တစ်နေရာတည်း ဖြစ်နေသည်ကို … Continue reading ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ထိခိုက်လွယ်မှုအခြေအနေ
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များလျော့နည်းတိုဝင်လာခြင်း
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသနှင့် မြစ်ဝှမ်း ၁၀ ခု ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ မြန်မာနိုင်ငံတို့၏မြောက်ဘက်၊ တရုတ်နိုင်ငံ၏အနောက်ဘက် တစ်စိတ်တစ်ပိုင်းတို့ဖြင့် ဖွဲ့စည်းထားသော ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ(Hindu Kush Himalayan Region (HKH))တွင် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်အပါအဝင် တောင်မြင့်များစွာပါဝင်သဖြင့် ကမ္ဘာ့ခေါင်မိုးဟုလည်းကောင်း၊ တောင်နှင့်မြောက်ဝင်ရိုးစွန်းဒေသများပြီးလျှင် ရေခဲပြင် ရေခဲမြစ်အများဆုံးရှိ၍ တတိယဝင်ရိုးစွန်းဟုလည်းကောင်း တင်စားခေါ်ဝေါ်ကြသည်။ ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များသည် ၁၉၇၀ ပြည့်နှစ်အလွန်မှစ၍ အရည်ပျော်မှုများလာကာ ရေခဲပြန်ဖြစ်မှုနည်းလာသဖြင့် လျော့နည်းတိုဝင်လာလျက်ရှိသည်(ခြွင်းချက်-ဒေသအနောက်ပိုင်းရေခဲမြစ်များ)။ လေ့လာချက်တစ်ခုအရ အိန္ဒိယ၊ တရုတ်၊ နီပေါနှင့်ဘူတန်တို့ရှိ ရေခဲမြစ်များသည် ၂၀၀၀ ပြည့်နှစ်မှစ၍ တစ်နှစ်လျှင် ရေခဲမြစ်အထူ တစ်ပေခွဲမျှ၊ အလေးချိန်အားဖြင့် ရှစ်ဘီလျံတန် လျော့နည်းလာနေသည်။ ယင်းပမာဏမှာ ၁၉၇၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း အရည်ပျော်နှုန်း၏နှစ်ဆခန့်ဖြစ်သည်။ ရေခဲမြစ်တိုးတက်အရည်ပျော်မှု၏ ထင်ရှားသောအမှတ်အသားများအနက်တစ်ခုမှာ ရေခဲမြစ်များဆုတ်ခွာသွားရာလမ်းတလျှောက်တွင် ပေါ်ထွန်းလာသောရေအိုင်များဖြစ်သည်။ ယင်းရေအိုင်များသည် … Continue reading ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များလျော့နည်းတိုဝင်လာခြင်း
ဧရာဝတီရေဝေဒေသ
မြန်မာပြည်၏ အကြီးဆုံးရေဝေဒေသသည် ဧရာဝတီမြစ်ဝှမ်းဖြစ်သည်။ မေခနှင်မလိခမြစ်များမှ အစပြုကာ ချင်းတွင်း မြစ်ငယ်စသည့် မြစ်ချောင်းပေါင်းများစွာသည် ဧရာဝတီမြစ်ထဲသို့ပေါင်းဆုံစီးဝင်ကြသဖြင့် ဧရာဝတီ မြစ်ဝှမ်းသည် မြန်မာနိုင်ငံ မြောက်မှတောင်သို့ မြစ်ဝကျွန်းပေါ်အထိတောက်လျှောက်တန်းလျက် တည်ရှိသည်။ ဧရာဝတီမြစ်၏ ရေဝေဒေသ(သို့မဟုတ်)ဧရာဝတီမြစ်ဝှမ်းဒေသသည် ၄၁၄၀၀၀ စတုရန်းကီလိုမီတာမျှရှိသဖြင့် မြန်မာနိုင်ငံဧရိယာ၏ ၆၂ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။ ဧရာဝတီမြစ်ဝှမ်းဒေသဧရိယာ၏ ၉၃ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံတွင်း၌ရှိပြီး ကျန် ၇ ရာခိုင်နှုန်းသည် အိန္ဒိယ နှင့်တရုတ်နိုင်ငံများအတွင်းသို့ ဝင်ရောက်ဖြန့်ကျက်တည်ရှိနေသည်။ ထို့ကြောင့်ဧရာဝတီရေထု၏ ၇ ရာခိုင်နှုန်းသည် အိန္ဒိယနှင့် တရုတ်နိုင်ငံများမှ စတင် စီးဆင်းလာသော ရေများဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။ စိုးရိမ်ဖွယ်ရာကောင်းသည်မှာ နိုင်ငံနယ်နိမိတ်အပြင်ဘက်သို့ရောက်နေသည့် ဧရာဝတီရေဝေဒေသအပါအဝင် မြောက်ဖျားရှိဧရာဝတီရေဝေဒေသများတွင် လက်ရှိ၌ပင် ရေအရင်းအမြစ်များ လျော့နည်းလာနေပြီး အနာဂတ်တွင် အခြေအနေပိုဆိုးလာမည့်လက္ခဏာများကို ထင်ထင်ရှားရှားတွေ့လာနေရခြင်းဖြစ်သည်။ ပြည်မြို့အထက်တွင်ရှိသော ဧရာဝတီရေဝေဒေသကြီးကိုလေ့လာရာ၌ … Continue reading ဧရာဝတီရေဝေဒေသ