ဂရင်းလန်းကျွန်း ရေခဲအရည်ပျော်နေမှု ဓာတ်ပုံများ

ရာသီဥတုပြောင်းလဲခြင်းသည် နှေးကွေးစွာ ပေါ်ပေါက်နေသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သို့သော် ရာသီဥတု ပူနွေးလာမှုကြောင့် ရေခဲမြစ်များထဲမှ အချို့သည် မြန်ဆန်စွာ အရည်ပျော် ကျိုးပဲ့လျက် ရှိသည်၊ ယင်းကို ရိုက်တာဓာတ်ပုံဆရာတစ်ဦးဖြစ်သူ Lucas Jackson သည် ၂၀၁၈ ခုနှစ်က ဂရင်းလန်းကျွန်းပေါ် ရောက်ခိုက် ရေခဲမြစ် အရည်ပျော်နေပုံကို ဓာတ်ပုံဖြင့် မှတ်တမ်းတင်လိုက်နိုင်ခဲ့သည်၊ အောက်ပါ slideshow တွင် ရှုစားနိုင်ပါသည်။ ဂရင်းလန်းကျွန်း Tasiilaq မြို့ငယ်ကို နှင်းဖုံးတောင်များ နောက်ခံဖြင့် တွေ့ရသည်။ Tasiilaq မြို့အနီး ရေပြင်ပေါ်ရှိ ရေခဲတောင်တစ်ခု အရည်ပျော်နေပုံ Tasiilaq မြို့အနီး ရေပြင်ပေါ်တွင် မျောနေသော ရေခဲတောင် ရေခဲပြင်တစ်ခု၏ အရည်ပျော်နေသောအပေါ်ယံမျက်နှာပြင်ပေါ်၌ ပေါလောမျောနေသော ရေခဲတုံးများ Tasiilaq မြို့အနီးရှိ ရေခဲတောင်တစ်ခုဘေးမှ ဖြတ်မောင်းနေသော …

Continue reading ဂရင်းလန်းကျွန်း ရေခဲအရည်ပျော်နေမှု ဓာတ်ပုံများ

၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ

အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုတစ်ခုတွင် မြေအောက်ခန်းထဲ ဝင်လာသော ရေများကြောင့် လူအချို့ သေဆုံးခဲ့ရသည်။ ကနေဒါတွင် အပူလွန်ကဲရာမှ ပေါ်ပေါက်သော တောမီးသည် ရွာငယ်ကလေး တစ်ရွာလုံးကို ဝါးမြိုဖျက်ဆီးပစ်ခဲ့သည်။ ဆီးနှင်းများသာကျသည့် ဂရင်းလန်းကျွန်းတွင် မကြုံစဖူး မိုးရွာသည်။ ယင်းဖြစ်စဉ်များသည် သဘာဝဘေးများဟု ထင်စရာရှိသော်လည်း လူတို့ကြောင့် ပြောင်းလဲလာသော ရာသီဥတုကို အရင်းခံသည်သည်ဟု အတိအကျ မပြောနိုင်သည့်တိုင် ထိုသို့ယူဆစရာ အထောက်အထား များစွာရှိနေသည်၊ လူတို့ကြောင့် ပေါ်လာသော အန္တရာယ်များကို လူတို့ကသာ လျော့ပါးအောင် လုပ်နိုင်သည်၊ ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စကော့တလန်နိုင်ငံ ဂလပ်စဂိုအစည်းအဝေး အပါအဝင် အစည်းအဝေးအတော်များများ ကျင်းပခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ကတိကဝတ် ပေးသော အဆင့်တွင်သာရှိပြီး ထိရောက်သော လုပ်ဆောင်မှု နည်းပါးနေသေးသည်။ လူတို့၏ လုပ်ဆောင်မှု …

Continue reading ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ

ကမ္ဘာကို အမှန်တကယ် ကိုင်လှုပ်နေသော ရေခဲပြင်အရည်ပျော်မှု

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာသောကြောင့် အအေးပိုင်းအရပ်များရှိ ရေခဲပြင်များ အရည်ပျော်လာနေကြောင်း သိရှိကြသည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း Cryosphere ဂျာနယ်တွင် ဖော်ပြချက်အရ ၁၉၉၄ ခုနှစ်မှ ၂၀၁၇ အထိ ကမ္ဘာ့ရေခဲပြင်များအားလုံးမှ အရည်ပျော်ကျသွားသော ရေခဲအလေးချိန်စုစုပေါင်းသည် ၂၈ ထရီလျံတန်မျှ ရှိသည်ဟု သိရသည်။ (မှတ်ချက်- တစ်ထရီလျံ = တစ်နောက်ကသုည ၁၂ လုံး) ကြီးမားလှသော ရေခဲအရည်ပျော်ပမာဏသည် ကမ္ဘာကြီးကို ကိုင်လှုပ်နေသော အခြေအနေသို့ပင် ရောက်နေသည်။ ရေခဲအရည်ပျော်ခြင်းကြောင့် အရည်ပျော်ရေခဲပြင်များ၏အောက်ရှိ မြေလွှာများ ထမ်းထားရသောဝန် ပေါ့သွားသဖြင့် မြေလွှာလှုပ်ရှားလာကြောင်း ကနေဒါနိုင်ငံအတွင်းပိုင်း၊ နော်ဝေ ဆွီဒင်စသောနိုင်ငံများ ပါသည့် စကင်ဒီနေဗီးယားနိုင်ငံများ၌ တွေ့ရှိပြီးဖြစ်သည်။ ယခုခေတ်တွင်မှမဟုတ် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ဝန်းကျင်ကလည်း စကင်ဒီနေးဗီးယားဒေသ၌ ရေခဲခေတ်ကို လွန်မြောက်၍ အအေးပေါ့လာချိန်တွင် …

Continue reading ကမ္ဘာကို အမှန်တကယ် ကိုင်လှုပ်နေသော ရေခဲပြင်အရည်ပျော်မှု

ဂရင်းလန်း

ဂရင်းလန်း(Greenland)ကျွန်းသည် ဒိန်းမတ်နိုင်ငံ ပိုင်ဆိုင်သောနယ်မြေ ဖြစ်သော်လည်း သီးခြားအစိုးရရှိသည်။ ၂ . ၁၆ စတုရန်းကီလိုမီတာ(စတုရန်းမိုင် ၈၃၆၀၀၀)ကျယ်ပြီး ကမ္ဘာ့အကြီးဆုံးကျွန်း ဖြစ်သည်။ လူဦးရေ ၅၀၀၀၀ ကျော် နေထိုင်သည်။ (ပူးတွဲပုံ၏ အလယ်ဘက် တြိဂံပုံကုန်းမြေသည် ဂရင်းလန်းကျွန်းဖြစ်ပြီး ဂရင်းလန်းကျွန်း၏ထိပ်ရှိ အဖြူကွက်သည် အာတိတ်ရေခဲပြင် ဖြစ်သည်။ ပုံအောက်ဘက်တွင် ကနေဒါ၊ အပေါ်ဘက်တွင် ရုရှားနှင့် ဥရောပမြောက်ပိုင်းတို့ကို တွေ့နိုင်သည်။) ဂရင်းလန်းကျွန်း၏မြို့များတွင် မြို့တွင်း၌သာ ကားလမ်းရှိပြီး မြို့တစ်မြို့နှင့်ဆက်သွယ်သော ကားလမ်း ရထားလမ်းမရှိသဖြင့် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘောစသည်တို့ဖြင့်သာ ဆက်သွယ်သွားလာရသည်။ ကားလမ်း ရထားလမ်းမရှိခြင်းမှာ ကျွန်းမျက်နှာပြင်၏ ၈၀ ရာခိုင်နှုန်းကို လေးကီလိုမီတာအထိထူသော ရေခဲပြင်က ဖုံးအုပ်ထားသောကြောင့် ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဂရင်းလန်းရေခဲပြင် လျင်မြန်စွာ အရည်ပျော်လာနေရာ ၂၀၁၉ ခုနှစ်က …

Continue reading ဂရင်းလန်း

ဂရင်းလန်းကျွန်းတွင် မိုးရွာခြင်း

နေရာဒေသတစ်ခုတွင် မိုးရွာခြင်းသည် အဆန်းမဟုတ်သော်လည်း ၂၀၂၁ သြဂုတ်လ ၁၄ ရက်နေ့က ဂရင်းလန်းကျွန်း၌ ရွာသောမိုးကို သမိုင်းဝင်မိုးအဖြစ် မှတ်တမ်းလိုက်ရသည်။ အကြောင်းမှာ ယင်းကျွန်းတွင် ဆီးနှင်းကျသည်သာ ရှိပြီး မည်သည့်အခါကမှ မိုးမရွာခဲ့သောကြောင့်ဖြစ်သည်။ လေထုတွင်းရှိရေငွေ့များသည် အပူချိန်ပေါ်မူတည်ပြီး အေးလျှင်ဆီးနှင်းအဖြစ်၊ နွေးလျှင်မိုးအဖြစ်ရွာကျရာ ဂရင်းလန်းကျွန်းပေါ်သို့ ပထမဆုံးရွာကျသောမိုးက ကမ္ဘာ့အပူချိန်တက်လာနေကြောင်း ထင်ရှားစွာ သက်သေပြလိုက်သည်။ ယင်းနေ့က ဂရင်းလန်းရှိတောင်ထိပ်တစ်ခုပေါ်၌ သုတေသနလုပ်နေသောပညာရှင်တို့သည် မိုးရွာသည်ကို အံ့အားသင့်စွာ တွေ့လိုက်ကြသော်လည်း မိုးရေချိန်ကိုမူ မတိုင်းလိုက်နိုင်ကြချေ။ အကြောင်းမှာ ဂရင်းလန်းတွင် မည်သည့်အချိန်ကမှ မိုးမရွာခဲ့ဖူးသည့်အတွက် မိုးရေချိန်တိုင်းကိရိယာလည်း မရှိ၍ ဖြစ်သည်။ မြင့်တက်လာနေသောအပူချိန်ကြောင့် ၂၀၂၁ ဇူလိုင်လ၏ ရက်တစ်ရက်တည်းတွင် ဂရင်းလန်းရေခဲထုတန်ချိန် ၈ . ၅ ဘီလျံတန်ခန့် ဆုံးရှုံးခဲ့သည်။ ၂၀၁၉ ခုနှစ်တစ်နှစ်လုံးတွင် ဂရင်းလန်းရေခဲထု ၅၃၂ …

Continue reading ဂရင်းလန်းကျွန်းတွင် မိုးရွာခြင်း

အရည်ပျော်ရေခဲပမာဏ

၁၉၉၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကြားကာလအတွင်း စုစုပေါင်းရေခဲ ၂၇ . ၄ ထရီလျံတန်အရည်ပျော်ခဲ့သည်။ အန္တာတိတ်ဒေသမှ ၉ . ၉ ထရီလျံတန်(၃၆ ရာခိုင်နှုန်း) အာတိတ်ဒေသမှ ၇ . ၆ ထရီလျံတန်(၂၈ ရာခိုင်နှုန်း) တောင်ထိပ်ရေခဲပြင်များမှ ၆ . ၁ ထရီလျံတန်(၂၂ ရာခိုင်နှုန်း) ဂရင်းလန်းကျွန်းမှ ၃ . ၈ ထရီလျံတန်(၁၄ ရာခိုင်နှုန်း) ရေခဲအရည်ပျော်နှုန်းသည် ၁၉၉၀ ပြည့်နှစ်များမှစ၍ တစ်နှစ်လျှင် ၀ . ၈ မှ ၁ . ၂ ထရီလျံတန်နှုန်း တိုးမြင့်လာလျက်ရှိသည်။ (ရည်ညွှန်း - Earth's ice imbalance - Thomas Slater et …

Continue reading အရည်ပျော်ရေခဲပမာဏ