လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံပေါြွကယ်ဝသော အာဖရိကမြောက်ပိုင်း နိုင်ငံဟုသိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှရသည်။ ရေနံအပြင် အဖိုးတန်လှသော အခြားမြေအောက်သယံဇာတတစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ လွန်ခဲ့သောနှစ်ပေါင်း ၄၀ဝဝဝ ခန့် ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတု မျှတနေစဉ်က ရွာသွန်းခဲ့သောမိုးရေများ မြေအောက်အလွန် နက်ရှိုင်းသောနေရာအထိ စိမ့်ဝင် ခိုအောင်းနေခဲ့သည့် ဧရာမမြေအောက်ရေသိုက်ကြီးပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ပုံမှန်အခြေအနေတွင် မြေပေါ်ရေများစိမ့်ဝင်မှုကြောင့် မြေအောက်ရေများသည် ''ပြန်ပြည့်မြဲသယံဇာတ'' တစ်မျိုးပင် ဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်ပေါင်းထောင်သောင်းခန့်က အချို့နေရာများ၌ ရေများသည် အလွန်နက်ရှိုင်းသောနေရာများအထိရောက်ရှိပြီးနောက် ဘူမိမြေလွှာအနေအထားပြောင်းလဲသွားမှုကြောင့် မြေပေါ်ရေများ စိမ့်ဝင်ခြင်းမရှိတော့သည့်ရေလွှာများလည်းရှိရာ ယင်းရေများကို''ရုပ်ကြွင်းရေများ''ဟု ခေါ်သည်။ ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့သည် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက သတ္တဝါနှင့်အပင်တို့၏ရုပ်ကြွင်းများအဖြစ်မှလောင်စာအဖြစ်ပြောင်းလဲလာခြင်းဖြစ်၍ ရုပ်ကြွင်းလောင်စာဟု ခေါ်သည်။ ရုပ်ကြွင်းရေများသည်မူ ရုပ်ကြွင်းများမှ … Continue reading မမြင်ကွယ်ရာမှရေများသည်ပင်
Tag: Groundwater
ရေငန်မြစ်ချောင်း ကမ်းရိုးတန်းများ ပတ်လည်ဝိုင်းနေသောမြို့ရွာဒေသများတွင် ရေ(ချို)အောင်းလွှာ-ဇုန် ရှာဖွေနည်း (ဦးမြင့်သိန်း – မောင်ကျေးရေ)
ဤဆောင်းပါးသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ကျွန်တော်၏ ဖေ့စ်ဘုတ်ဂရု မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ ဗဟုသုတမျှဝေကြအစီအစဉ်တွင် ဖော်ပြခဲ့သောဆောင်းပါး ဖြစ်ပါသည်။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီကမ်းမြောင်ဒေသများတွင် စက်ရေတွင်းတူးနေကြသော တွင်းတူးအဖွဲ့များ အဆင်ပြေစေရေး သုတမျှဝေခြင်း ဖြစ်ပါသည်။ ပင်လယ်ရေပတ်လည်ဝိုင်းနေသော ကျွန်း(သို့) ရေတက်ရေကျရှိသော၊ ရေငန်ရှိသော မြစ်ချောင်းများ ဝိုင်းပတ်နေသည့်မြို့ရွာများ (သို့) ရေငန်အောင်းလွှာများနှင့် တွဲတွေ့ရသည့် ကမ်းရိုးတန်းဒေသစသည့် နေရာဒေသများတွင် မြေအောက်ရေချိုလွှာ၏ အခြေအနေကို သိရန်အတွက် ၁၈၈၈၊ ၁၈၈၉ ခုနှစ်များနှင့် ၁၉၀၁ ခုနှစ်၌ ဇလဗေဒပညာရှင် “ဝီလျံဘဒွန်ဂျီဂျဘန်” နှင့် “အလက်ဇန္ဒားဟားဘတ်”တို့က ပင်လယ် ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများ၌ မြေအောက်ရေချိုအောင်းလွှာထဲသို့ ရေငန် (ပင်လယ် ရေငန်) တိုးဝင်ပုံနှင့် ရေချိုရေငန်ဆက်စပ်ဆက်သွယ်ပုံ- ပုံသေနည်း (ညီမျှခြင်း) … Continue reading ရေငန်မြစ်ချောင်း ကမ်းရိုးတန်းများ ပတ်လည်ဝိုင်းနေသောမြို့ရွာဒေသများတွင် ရေ(ချို)အောင်းလွှာ-ဇုန် ရှာဖွေနည်း (ဦးမြင့်သိန်း – မောင်ကျေးရေ)
ကမ္ဘာ့ရေနေ့ ၂၀၂၂ နှင့် မြေအောက်ရေ (ဦးမြင့်သိန်း – မောင်ကျေးရေ)
၂၀၂၂ ခုနှစ် ကမ္ဘာ့ရေနေ့ (World Water Day) နီးလာသောအခါ ဆောင်းပါးများ ရေးပို့ရန်၊ စာရေးသူ ဆက်သွယ်ထားသောအဖွဲ့များနှင့် အဖွဲ့ဝင်အဖြစ် ပါဝင်နေသော နိုင်ငံတကာရေအဖွဲ့အစည်းများက ကြော်ငြာစာတမ်းများ၊ ခံယူချက်များ၊ စာရွက်စာတမ်းများ စာရေးသူထံ အီးမေးလ်ကတဆင့် ပေးပို့လာသည်။ ထိုသူတို့ထံသို့ ဆောင်းပါးတစ်စောင် ပို့ခဲ့ပါသည်။ ယခုဆောင်းပါးကို မိမိနိုင်ငံ၏ ပြည်သူအများ ရေအရေး မမေ့ကြစေဖို့ တန်ဖိုးထားစေရေး သတိပေးဆောင်းပါးအဖြစ် ရေးသားခြင်း ဖြစ်ပါသည်။ ၂၀၂၂ နှစ်၏ ကမ္ဘာ့ရေနေ့ သတ်မှတ်ချက်မှာ “မြေအောက်ရေ” ဖြစ်သည်။ မမြင်နိုင်သော” မြေအောက်ရေကို “မြင်နိုင်အောင်“ ပြုလုပ်ခြင်း။ မမြင်ရသော မြေအောက်ရေသည် မြင်ရသည့်နေရာတိုင်းမှာ အကျိုးသက်ရောက်စေ၏။ ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာပညာရှင်နှင့်ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့အစည်းများ တိုင်ပင်ဆွေးနွေးကာ နှစ်စဉ်မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ပြီး … Continue reading ကမ္ဘာ့ရေနေ့ ၂၀၂၂ နှင့် မြေအောက်ရေ (ဦးမြင့်သိန်း – မောင်ကျေးရေ)
စက်ရေတွင်း ရေဝင်ဆန်ခါပိုက်ကို ကျောက်စရစ်ရံခြင်း၏ အကျိုးကျေးဇူးများ – ဦးမြင့်သိန်း (မောင်ကျေးရေ)
(ဤဆောင်းပါးကို ၂၀၂၂ ခုနှစ်၊ မတ်လက ရေးသားခဲ့ပါသည်။ စာရေးသူ၏မိတ်ဆွေ စက်ရေတွင်းတူးဆရာ တစ်ယောက် ကြုံတွေ့ရသည့် စက်ရေတွင်းမှ ရေမှုတ်(သို့) စုတ်ထုတ်ပါက သဲလိုက်နေကြောင်း၊ ရေဝင်ဆန်ခါပိုက်သည်လည်း လက်ထိုးလွှဖြင့် စိတ်ရသည်က များကြောင်း၊ သို့ပါ၍ မည်သို့ ပြုလုပ်သင့်ကြောင်း ဘာကြောင့် ပြုလုပ်သင့်ကြောင်းများ မေးသဖြင့် ဤဆောင်းပါးကို ဖေ့စ်ဘုတ်စာမျက်နှာ၌ ဖော်ပြခဲ့သည့်အတိုင်း ပြန်လည်မှတ်တမ်းတင်ထားပါသည်။) က။ ကျောက်စရစ်ရံခြင်း၏ အကျိုးကျေးဇူးများ ၁။ ဆန်ခါပိုက်ကို ကျောက်စရစ်ရံခြင်းဖြင့် ဆန်ခါပိုက်ကို ဆိုးကျိုးဖြစ်စေနိုင်သော -(၁) ပီအိပ်ချ် (pH) တန်ဘိုး ၆ ထက်ငယ်သော (သို့) ၈ ထက်ကြီးသော၊ (၂) အောက်စီဂျင်ပျော်ဝင်မှုပမာဏ သတ်မှတ်အဆင့်ထက် များသော၊ (၃) ကာဘွန်ဒိုင်အောက်ဆိုက်ပါဝင်မှု များသော၊ (၄) ကလိုရိုက်(cl)ပါဝင်မူ ၅၀ဝ ပီပီအမ်ထက် … Continue reading စက်ရေတွင်း ရေဝင်ဆန်ခါပိုက်ကို ကျောက်စရစ်ရံခြင်း၏ အကျိုးကျေးဇူးများ – ဦးမြင့်သိန်း (မောင်ကျေးရေ)
ရန်ကုန် မြေအောက်ရေအောင်းလွှာအကြောင်း၊ ရန်ကုန်မြို့တစ်နေရာ၌ မြေအောက်ရေနေနှင့် မြေပြင်နိမ့်ကျလာခြင်း – ဦးမြင့်သိန်း (မောင်ကျေးရေ)
(စာရေးသူ၏ မိတ်ဆွေအိမ်က စက်ရေတွင်းအခြေအနေကို မိတ်ဆွေ၏ ပြောပြချက်များပေါ် မူတည်ကာ ထပ်မံ ဆွေးနွေးမေးမြန်းပြီး နိုင်ငံတကာပညာရေး အင်တာနက်(အကယ်ဒမီကာ) စာမျက်နှာ၌ ၂၀၂၂ ခုနှစ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြခဲ့ပါသည်။ ဖရန့်တီယားမြန်မာ သတင်းထောက်ကလည်း ယင်းအကြောင်းကို စာရေးသူနှင့် ဆွေးနွေးမေးမြန်းပြီး ဆောင်းပါးရေးသားခဲ့သေးသည်။ ယခု မြန်မာပရိသတ် အတွက် လိုရင်းတိုရှင်း မြန်မာဘာသာဖြင့် ရေးသားတင်ပြပါသည်။) ရန်ကုန်မြို့တည်နေရာ၊ လူဦးရေ၊ ဧရိယာနှင့် ရာသီဥတု ရန်ကုန်မြို့သည် မုတ္တမပင်လယ်ကွေ့မှ ငါးမိုင်ခန့်ဝေး၏။ ရန်ကုန်မြစ်နှင့်ပဲခူးမြစ်အကြား၊ မြစ်ဆုံတွင် တည်ရှိ၍ ဒီရေအတက်အကျ ရှိသော လှိုင်မြစ်၊ ပန်းလှိုင်မြစ်တို့သည် အနောက်ဘက်ခြမ်းမှ ရန်ကုန်မြစ်ထဲသို့ စီးဝင်၏။၊ ပုဇွန်တောင်ချောင်း(ငမိုးရိပ်ချောင်း)သည် အရှေ့ဘက်ခြမ်းမှ ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဆုံထဲသို့ စီးဝင်သည်။ ၂၀၂၁-၂၂ ခုနှစ် ရန်ကုန်လူဦးရေမှာ ၆ သန်းခန့် ရှိ၏။ … Continue reading ရန်ကုန် မြေအောက်ရေအောင်းလွှာအကြောင်း၊ ရန်ကုန်မြို့တစ်နေရာ၌ မြေအောက်ရေနေနှင့် မြေပြင်နိမ့်ကျလာခြင်း – ဦးမြင့်သိန်း (မောင်ကျေးရေ)
စက်ရေတွင်းနေရာ ရွေးချယ်ခြင်း (ဦးမြင့်သိန်း – မောင်ကျေးရေ)
(စက်ရေတွင်းများအတွက် ဦးတည် ရေးထားခြင်း ဖြစ်သော်လည်း လက်တူးတွင်းများအတွက်လည်း သင့်သလို အသုံးချနိုင်ပါသည်။) စက်ရေတွင်း မတူးမီ တူးမည့် အရပ်၌ ရှိထားပြီးသော ရေတွင်း(များ)၏ ရေနေ၊ အနက်ပေ၊ ရေထွက်နှုန်း၊ ရေအရည်အသွေး၊ ရေထုတ်ယူထားသော ရေအောင်းလွှာ၏ မြေသဘာ၀၊ ရေအောင်းသဲကြော အထူအပါးနှင့် အမျိုးအစား စသည်တို့ကို ကြိုတင် သိရှိထားသင့်သည်။ ကြိုတင်လေ့လာတွက်ချက်ခြင်း ဖြစ်နိုင်လျှင် စက်ရေတွင်း တူးဖော်မည့် ဒေသ၏ ဘူမိဗေဒနှင့် ဇလဗေဒဆိုင်ရာ အခြေခံ အချက်အလက်များကို လေ့လာသင့်သည်။ မြေအောက်ရေ ပညာရှင်များနှင့် ဆွေးနွေး၍ ကျောက်လွှာ မြေလွှာ အမျိုးအစား၊ အနည်ပို့ချထားသည့် အနေအထား၊ ကျောက်လွှာ မြေလွှာများနှင့် ဆက်နွှယ်နေသည့် မြေမျက်နှာသွင်ပြင်နှင့် နေထား ဘူမိဗေဒတို့ကိုပါ သိထားသင့်သည်။ ဘူမိဗေဒမြေပုံများ၊ မှတ်တမ်းများ ရှိပါက ယင်းတို့ကို … Continue reading စက်ရေတွင်းနေရာ ရွေးချယ်ခြင်း (ဦးမြင့်သိန်း – မောင်ကျေးရေ)
မြေအောက်ရေ ထုတ်ယူနိုင်သော မြေလွှာများ (ဦးမြင့်သိန်း – မောင်ကျေးရေ)
မြေမျက်နှာပြင်အောက်ရှိ ရေကို အပိုင်း နှစ်ပိုင်း (ဇုန်နှစ်ခု) အဖြစ် ခွဲခြား လေ့လာ၍ ရသည်။ အပေါ်ပိုင်းဇုန်ကို ရေ မြေ လေ အငွေ့ ရောနေသော ဇုန် (zone of aeration) ဟုခေါ်သည်။ အောက်ပိုင်းဇုန်ကို ရေ(မြေအောက်ရေ) ပြည့်၀နေသော ဇုန် (zone of saturation) ဟု ခေါ်သည်။ ထိုဇုန်နှစ်ခုကို မြေအောက်ရေပြင် (water table) ဖြင့် ခွဲခြားထားသည်။ အပေါ်ပိုင်းဇုန်တွင် အစိုဓာတ်ရှိသော မြေရေအရော အလွှာ (soil water layer) သည် မြေမျက်နှာပြင်နှင့် ကပ်လျက်ရှိသည်။ ထိုအလွှာသည် သစ်ပင် သစ်တော ပေါက်ရောက်မှု အပေါ်တည်ပြီး အတိမ်အနက် အထူအပါး ကွဲပြားသည်။ အပေါ်ပိုင်း ရေမြေလေ … Continue reading မြေအောက်ရေ ထုတ်ယူနိုင်သော မြေလွှာများ (ဦးမြင့်သိန်း – မောင်ကျေးရေ)
ရေလျှံတွင်း
မြေအောက်ရေများ ခိုအောင်း တည်ရှိနေသဖြင့် ရေအောင်းလွှာ (Aquifer) ဟု ခေါ်သော အဓိက မြေလွှာ နှစ်မျိုး ရှိသည် (ပုံ)။ အပေါ်ပိုင်းရှိ ရေအောင်းလွှာသည် ရေမစိမ့်နိုင်သော သို့မဟုတ် ရေစိမ့်နှုန်း နည်းသော မြေလွှာ (confining bed) ပေါ်၌ ရှိသည်၊ ယင်းမြေလွှာပေါ်၌ ရေပိတ်လွှာ မရှိသဖြင့် ဖိအားမဲ့ ရေအောင်းလွှာ (unconfined aquifer) ဟု ခေါ်သည်၊ ဖိအားမဲ့ ရေအောင်းလွှာရှိ ရေတွင်း (အလယ်တွင်း)၏ ရေပြင်သည် တွင်းဘေး ရေအောင်းလွှာရှိ ရေပြင်နှင့် အညီ ဖြစ်နေ၍ water table well ဟုလည်း ခေါ်သည်။ အောက်ဘက်ရှိ ရေအောင်းလွှာရှိ ရေများကိုမူ ရေမစိမ့်နိုင်သော သို့မဟုတ် ရေစိမ့်နှုန်း နည်းသော မြေလွှာ(confining … Continue reading ရေလျှံတွင်း
မြေအောက်ရေ အသုံးနှင့် စနစ်တကျ ပြန်လည် ဖြည့်တင်းခြင်း
၂၀၁၇ ခုနှစ် အတွင်းက တစ်ကမ္ဘာလုံး၌ မြေအောက်ရေ ၉၅၉ ကုဗ ကီလိုမီတာ ထုတ်ယူ သုံးစွဲခဲ့သည်၊ စိုက်ပျိုးရေး အတွက် ၆၉ ရာခိုင်နှုန်း၊ သောက်သုံးရန် ၂၂ ရာခိုင်နှုန်းနှင့် စက်မှုလုပ်ငန်းများအတွက် ၉ ရာခိုင်နှုန်း အသီးသီး သုံးခဲ့သည်။ ဆည်မြောင်း ရေသွယ် စနစ်တွင် မြေအောက်ရေကို ၂၅ ရာခိုင်နှုန်း သုံးသည်၊ မြေအောက်ရေအပေါ် မြောက်အမေရိက ဆည်မြောင်း ရေသွယ် စနစ်က ၅၉ ရာခိုင်နှုန်းနှင့် တောင်အာရှ ဆည်မြောင်း ရေသွယ် စနစ်က ၅၇ ရာခိုင်နှုန်း အသီးသီး မှီခိုနေရသည်။ ကဏ္ဍစုံ၌ အာရှ ပစိဖိတ်ဒေသက မြေအောက်ရေ အများဆုံး သုံးသည်၊ ကမ္ဘာ့ မြေအောက်ရေ အသုံးဆုံး ဆယ်နိုင်ငံသည် ကမ္ဘာ့ … Continue reading မြေအောက်ရေ အသုံးနှင့် စနစ်တကျ ပြန်လည် ဖြည့်တင်းခြင်း
ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်စ၍ ရေနံကြောင့် သူဌေးဖြစ်လာခဲ့သည့် ဆော်ဒီအာရေဗျ နိုင်ငံတွင် ရေအရင်း အမြစ်များက အလွန် ဆင်းရဲလှသည်၊ ပျမ်းမျှ တစ်နှစ် မိုးရေချိန် ၁၅၀ မီလီမီတာ (ခြောက်လက်မ) မျှသာ ရွာသည်၊ မြန်မာ့ ခြောက်သွေ့ ဒေသထက်ပင် မိုးနည်းသည်၊ ဆော်ဒီ၌ အမြဲ စီးဆင်းနေသော မြစ်ချောင်းများလည်း မရှိသောကြောင့် သာမန်တွေးပါက ဆော်ဒီတွင် ရေကာတာ မရှိဟု ထင်နိုင်သည်။ မြေပေါ်ရေ သို့သော် နည်းပါးလှသော မိုးရေသည်ပင် ရံခါ လျှပ်တစ်ပြက် ရေကြီးသည်အထိ ဖြစ်တတ်သေးရာ ယင်းရေများကို အလဟသ မဖြစ်စေဘဲ တားဆီး စုဆောင်းထားသော ရေကာတာပေါင်း ၂၀၀ ကျော်ရှိပြီး တစ်နှစ်လျှင် ရေကုဗပေ ၁၆ ဘီလျံကုဗပေ(၀ . … Continue reading ရေကို ငွေထက် ချွေတာသုံးလာသော ဆော်ဒီအာရေဗျနိုင်ငံ
ရေစုဘဏ်
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်နေ လူသန်း ၄၀ ခန့်၊ စိုက်ခင်း ဟက်တာ ၂၃၀၀၀၀၀ အတွက် သာမက အမေရိကန် တစ်နိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်းခန့်ရှိသည့် ကယ်လီဖိုးနီးယား ဂျီဒီပီကို ရှင်သန် တိုးပွားနေစေရန် အဓိက လိုအပ်ချက်များထဲမှ တစ်ခုဖြစ်သော ရေပေးဝေရေး၌ စိုစွတ်ရာသီအပြင် ခြောက်သွေ့ရာသီ၌ပါ လုံလောက်စွာနှင့် စဉ်ဆက်မပြတ် ပေးနိုင်ရန် ရနိုင်သမျှ ရေအရင်းအမြစ်များကို စီမံ အသုံးချခဲ့ကြသည်။ ထိုသို့အားထုတ်ခဲ့သော်လည်း ရာသီဥတု ပြောင်းလဲခြင်းကြောင့် မိုးခေါင်နှစ် များလာသောအခါ အချို့နေရာများသို့ ပုံမှန်မပေးနိုင်တော့ဘဲ လျှော့ချပေးဝေခြင်းများ ရှိလာခဲ့သည်။ ထို့ကြောင့် တစ်ချိန်က မြေပေါ်ရေလှောင်ကန်များကို အဓိက တည်ဆောက်ခဲ့သော ကယ်လီဖိုးနီးယား ပြည်နယ်၌် မြေပေါ်ရေ သက်သက်ကိုသာ အားကိုးနေ၍ မရတော့ခြင်း၊ မြေပေါ်ကန်များ၏ ကုန်ကျစရိတ် ကြီးမြင့်ခြင်း၊ … Continue reading ရေစုဘဏ်
မြေအောက်ရေ အထုတ်လွန်၍ မြေကျွံစပြုနေသည့် အဆောက်အဦးတစ်လုံး (မောင်ကျေးရေ – ဦးမြင့်သိန်း)
၁၉၈၈-၉၀ ခုနှစ် နောက်ပိုင်းမှစ၍ စက်ရေတွင်းအရေအတွက် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်မှာ ယခုဆိုလျှင် ရန်ကုန်မြို့နယ် အားလုံးလိုလိုတွင် စက်ရေတွင်းများ ရှိနေပါပြီ။ ရန်ကုန် လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်သည် စက်ရေတွင်းပေါင်း နှစ်သိန်းကျော် သုံးသိန်းခန့်မှ သောက်သုံးရေ ရယူနေကြသည်ဟု စာရေးသူ ခန့်မှန်းပါသည်။ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းအချို့သည်သာ တွင်းအရေအတွက်ကို မှတ်တမ်း ပြုစုထားကြသည်၊ ပုဂ္ဂလိကတွင်း မည်မျှရှိသည်ဆိုသည်ကို မည်သူမျှ မသိနိုင်ပါ။ ယခင် အိုးအိမ်ဦးစီးဌာနက တာဝန်ယူကြီးကြပ်ခဲ့သော မြေအောက်ရေဥပဒေသည် ၁၉၈၈-၉၀ ခုနှစ်၊ နဝတအစိုးရ လက်ထက်မှစ၍ အသက်မရှိတော့၊ အိုးအိမ်ဦးစီးဌာနသည်လည်း အမည်ပြောင်းသွားခဲ့သည်။ ၂၀၂၀ ခုနှစ်က စနစ်တကျ ပြန်လည်ရေးဆွဲထားသည့် မြေအောက်ရေဥပဒေသည်လည်း ၂၀၂၁ ခုနှစ် အစောပိုင်းကာလ အစိုးရ အပြောင်းအလဲကြောင့် ခြေရာလည်းပျောက် ရေလည်းနောက်ဖြစ်သွားပြီ။ သို့သော်လည်း … Continue reading မြေအောက်ရေ အထုတ်လွန်၍ မြေကျွံစပြုနေသည့် အဆောက်အဦးတစ်လုံး (မောင်ကျေးရေ – ဦးမြင့်သိန်း)
စက်ရေတွင်းများထဲသို့ ရေငန်ဝင်ရောက်ခြင်းနှင့် ကာကွယ်နည်းများ (ဦးမြင့်သိန်း (မောင်ကျေးရေ))
မြန်မာနိုင်ငံအတွင်း ပင်လယ်ရေငန် အတက်အကျရှိသည့် မြစ်ချောင်းများနှင့်နီးသော မြို့ရွာဒေသ၊ အထူးသဖြင့် မဟာရန်ကုန် နယ်နိမိတ်အတွင်း လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဝတို့ အနီးတဝိုက်ရှိ မြို့နယ်များ ဖြစ်သော လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်မြို့နယ်၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တောင်ဥက္ကလာ မြင်သာ စသည်တို့တွင် နေထိုင်ကြပြီး မြေအောက်ရေကို အသုံးပြုနေသော ပြည်သူများ အသိပညာဗဟုသုတနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ ရရှိစေရန် ဤဆောင်းပါးကို ရေးသားပါသည်။ ရေငန်တိုးဝင်ရခြင်း အကြောင်းရင်း ပင်လယ်ရေငန် အတက်အကျဖြစ်ပေါ်သည့်နေရာများ၌ ရှိသော မြေအောက်ရေအောင်းလွှာသည် တိမ်သော၊ ပိတ်လှောင်မထားသော ရေအောင်းလွှာ(Shallow/ Unconfined Aquifer)များ ဖြစ်ကြသည်။ ယင်းရေအောင်းလွှာ၌ ရေငန်နှင့်ရေချို ထိစပ်ရာသည် အောက်ပုံအတိုင်း ရေငန်က ရေချိုအောက်သို့ "သပ်"ပုံစံဖြင့် တိုးဝင်တည်ရှိနေသည်။ … Continue reading စက်ရေတွင်းများထဲသို့ ရေငန်ဝင်ရောက်ခြင်းနှင့် ကာကွယ်နည်းများ (ဦးမြင့်သိန်း (မောင်ကျေးရေ))
မြေအောက်ရေ၊ စက်ရေတွင်းများတွင် အများဆုံးတွေ့ရသည့် သံဓာတ်အကြောင်းနှင့် ယင်းကို ဖယ်ရှားနည်း (ဦးမြင့်သိန်း(မောင်ကျေးရေ))
သံဓာတ်(Iron; Fe++)သည် မြေအောက်ရေ၊ စက်ရေတွင်းများတွင် အများဆုံးတွေ့ရသည့် ဓာတ်တစ်မျိုးဖြစ်ပြီး ရေပိုက်များ ရေညှိတက်ခြင်း၊ ရေချိုးတက်ခြင်းများကို ဖြစ်စေသည့် အဓိကတရားခံ ဖြစ်ပါသည်။ သံဓာတ်ပျော်ဝင်မှု များသော ရေအရောင်သည် အဝါရောင်၊ လိမ္မော်ရောင်၊ သံချေးရောင် စသည်ဖြင့် တွေ့ရပါသည်။ အနံ့ရှိပြီး အနက်ရောင်၊ ညိုညစ်ညစ်အရောင် အစွန်းအထင်းများ ဖြစ်စေပါသည်။ ထမင်းချက်လျှင် အရောင် မဖြူဖွေးပါ၊ သံဓာတ်များသောရေဖြင့် တည်သော ရေနွေးကြမ်းသည် သောက်၍ မကောင်းပါ။ သို့သော် ကျန်းမာရေးကို မထိခိုက်နိုင်ပါ။ သံဓာတ်စစ်ဆေးနည်း အထက်ပါလက္ခဏာများရှိသည့် စက်ရေတွင်း(အဝီစိတွင်း)ရေတွင် သံဓာတ် ပါ၊ မပါ သေချာစွာ သိနိုင်ရန် ကျွမ်းကျင်သူများဖြင့် ရေနမူနာ ရယူကာ ဓာတ်ခွဲခန်းသို့ပို့၍ စမ်းသပ် စစ်ဆေးခြင်းဖြင့် တိကျသည့်အဖြေကို ရရှိနိုင်ပါသည်။ ဓာတ်ခွဲခန်းပို့ရန် အဆင်မပြေလျှင် တွင်းရေကို … Continue reading မြေအောက်ရေ၊ စက်ရေတွင်းများတွင် အများဆုံးတွေ့ရသည့် သံဓာတ်အကြောင်းနှင့် ယင်းကို ဖယ်ရှားနည်း (ဦးမြင့်သိန်း(မောင်ကျေးရေ))