Innovations
-
မြစ်ရေကိုနေရာပေးခြင်း
မြစ်တစ်စင်း ချောမွေ့သန့်ရှင်းစွာ စီးဆင်းနေနိုင်ခြင်းတွင် မြစ်ကြမ်းပြင်၊ မြစ်ကမ်းပါးစသည်တို့ မပျက်စီးဖို့ လိုသည့်အပြင် ရေဝေဒေသ၊ ရေလွှမ်းလွင်ပြင်တို့ကို ထိန်းသိမ်းခြင်းကလည်း အရေးပါသည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာသောခေတ်တွင် ရေဝေဒေသ၏ တန်ဖိုး၊ ရေဝေဒေသအား ကောင်းစွာ ထိန်းသိမ်းရမည်ဆိုသည်တို့ကို သိလာကြသော်လည်း ရေလွှမ်းလွင်ပြင်၏အရေးပါပုံကိုမူ ကျယ်ပြန့်စွာ မသိကြသေးချေ။ ရေလွှမ်းလွင်ပြင်ဆိုသည်မှာ ပုံမှန်ထက်တိုးလာသောမြစ်ရေများ ကမ်းပါးတစ်ဖက်တစ်ချက်ကို ကျော်လွန်ကာ အချိန်ကာလတစ်ခုအထိ လွှမ်းမိုးဖုံးအုပ်သွားသော နယ်မြေဖြစ်သည်။ မြစ်ရေပြန်ကျသောအခါ…
-
ရေလွှမ်းလွင်ပြင်ကိုအသုံးချခြင်း
မြစ်ရေကိုနေရာပေးခြင်း(Room for the Rivers Programme) သည် ပုံမှန်ထက် ထူးကဲသောအခြေအနေကို ရင်ဆိုင်ဖြေရှင်းရန် ပုံမှန်စိတ်ကူးမှ ခွဲထွက်စဉ်းစားရာမှ ရရှိသော အဖြေဖြစ်သည်။ ပုံမှန်ထက်ထူးကဲသောအခြေအနေဆိုသည်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ပုံမှန်ထက် သည်းထန်သောမိုးများ အကြိမ်စိပ်စိပ်ရွာလာသဖြင့် ဖြစ်နေကျထက်ဆိုးရွားသောရေကြီးမှုများကို ကြုံတွေ့လာရခြင်း ဖြစ်သည်။ ယင်းအခြေအနေတွင် တာရိုးကိုမြှင့်တင်ခြင်းစသော သမားရိုးကျ ကာကွယ်ရေးနည်းလမ်းများ သက်သက်ဖြင့် မလုံလောက်တော့သည်ကို သိလာကြပြီး မြစ်ရေကို နေရာပိုပေးသော…


