Resources

  • အိုဂါလားလာရေကြော

    ကမ္ဘာ့အကြီးဆုံးစိုက်ပျိုးကဏ္ဍထုတ်လုပ်သူဖြစ်သည့် အမေရိကန်နိုင်ငံသည်လည်း အိုဂါလားလာ Ogallala Aquifer ဟုခေါ်သော ဧရာမမြေအောက်ရေကြောကြီးတစ်ခုကိုပိုင်ဆိုင်သည်။ စတုရန်းမိုင် ၁၇၀၀၀၀ ကျုယ်ပြီး အမေရိကန်နိုင်ငံ၏ ပြည်နယ်ရှစ်ခုအောက်တွင် ဖြန့်ကြက်တည်ရှိသော အိုဂါလားလာမြေအောက်ရေကြောသည် အများအားဖြင့်ပေ ၂၀၀ ခန့် ထူသည်။ မြေအောက်ရေကြော၏ ရေမျက်နှာပြင်သည်မြေပေါ်မှပေ ၅၀ နှင့် ပေ ၅၀၀ ခန့်အတွင်း၌ ရှိသည်။ ရေကြောတည်ရှိရာပြည်နယ်များသည် ခြောက်သွေ့သောရာသီဥတုရှိသဖြင့် အဆိုပါရေကြောမှရေများကို ၂၀…

  • နျူဘီယန်းသဲကျောက်မြေအောက်ရေကြော

    လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံသယံဇာတ ပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်းနိုင်ငံဟုသိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကိုရေနံမှရသည်။ ရေနံအပြင် အဖိုးတန်လှသောအခြားမြေအောက်သယံဇာတ တစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာလွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀၀ ခန့် ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန်နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် ဧရာမမြေအောက်ရေသိုက်ကြီးပင် ဖြစ်သည်။ ရုပ်ကြွင်းရေ ပုံမှန်အခြေအနေတွင် မြေပေါ်ရေများစိမ့်ဝင်မှုကြောင့် မြေအောက်ရေများသည် ပြန်ပြည့်မြဲသယံဇာတ…

  • စင်ကာပူမှာရွာသည့်မိုး

    ရန်ကုန်နှင့် စင်ကာပူတို့သည် လူဦးရေငါးသန်းခွဲခန့်စီ ရှိကြသောအချက်တို့တွင် တူညီကြသည်။ ရန်ကုန်ရော၊ စင်ကာပူတွင်ပါ တစ်နှစ်လျှင်မိုးရေချိန်လက်မ ၁၀၀ ခန့်စီရွာသည်။ ရန်ကုန်စည်ပင်သာယာသည် တစ်ရက် ရေဂါလန် ၂၀၅ သန်းခန့်သာ ပေးနိုင်သော်လည်း စင်ကာပူတွင် တစ်ရက်ရေဂါလန်သန်း ၄၃၀ ခန့်ပေးနေရာ ရန်ကုန်ထက် နှစ်ဆကျော်ဖြစ်သည်။ ၁၉၆၅ ခုနှစ်က ရန်ကုန်တွင် ရေပြဿနာကြီးကြီးမားမားမရှိခဲ့ချိန်တွင် ယင်းအချိန်က စင်ကာပူ၌ သောက်ရေအတွက် လမ်းဘေးတွင်တန်းစီစောင့်ဆိုင်းရယူနေခဲ့သည့်အဖြစ်မှ…

  • ထိုင်းနိုင်ငံ မိုးရေလှောင်ကန်များ

    သောက်ရေကန်များကို လေးထောင့်ပုံ၊ အဝိုင်းပုံစသည်ဖြင့် အမျိုးမျိုး ဆောက်လုပ်ကြသည့်အနက် ထိုင်းနိုင်ငံရှိ ရာဝင်အိုးပုံစံမိုးရေလှောင်ကန်များသည် အောင်မြင်မှုလည်း ထူးခြားစွာ ရရှိသည်။ ထိုင်းအစိုးရသည် မိုးရေအသုံးချရာတွင် အစဉ်အလာရှိပြီးသော ထိုင်းလူမျိုးတို့ကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာနှင့် စနစ်ကျစွာ သုံးကြရန်အစီအမံတစ်ခုကို ၁၉၈၀ ခုနှစ်က စတင်ခဲ့သည်။ ယင်းအစီအမံအရ ထိုင်းအစိုးရက မိုးရေလှောင်ကန် တည်ဆောက်နည်း သင်တန်းများကို ကြီးမှူးဖွင့်လှစ်ပို့ချပြီး တစ်ရွာလျှင် သင်တန်းသားနှစ်ဦးစီ သင်ယူစေကာ…

  • ပျက်ယွင်းရေသံသရာနှင့်မိုးရေ

    အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ ခန့်ကတည်းက မိုးရေလှောင်ကန်များကို အသုံးပြု ခဲ့ကြသည်။ တစ်ချိန်တည်းတွင် အရှေ့အလယ်ပိုင်းဒေသ ယခုခေတ် အစ္စရေး နှင့်ဂျော်ဒန်နိုင်ငံ နက်ဂက်(ဗ်) သဲကန္တာရ စိုက်ခင်းများသို့ ရေလွှမ်းမိုးတတ်သောနေရာများမှ ရေကိုသွယ်ယူ၍စိုက်ပျိုးခဲ့ကြသလို အမေရိကန် နိုင်ငံတောင်ပိုင်းနှင့် အာဖရိကတိုက်များ၌လည်း စိုက်ပျိုးရေးအတွက် မိုးရေလှောင်ကန်များ တည်ဆောက်ခဲ့ကြသည်။ ၂၀ ရာစုအစောပိုင်း၌ တည်ဆောက်ခဲ့သော မိုးရေလှောင်ကန်အများစုသည် ရေစီးကိုတန့်စေခြင်းဖြင့်…

  • အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

    ဒေသအချို့၌ ရေရှားပါးနေခြင်းမှာ မိုးရေကို ထိရောက် အကျိုးရှိစွာ အသုံးမချခြင်းက အကြောင်းတစ်ရပ် အနေနှင့် ပါဝင်သည်။ ရေပေါသောကမ္ဘာ ဖြစ်၍ မိုးရေကို အားမကိုးဘဲ အခြား ရေအရင်းအမြစ် များမှ ရယူလျှင် လည်း ရေဖူလုံသည်ဟု အထင်ရောက်ကြ သည်။ ထင်သလောက်မပေါများ ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကို ရေက ဖုံးထားသဖြင့် ကမ္ဘာသည် ရေပေါသော ဂြိုဟ်ကြီးတစ်လုံးဟု…

  • မြစ်ဝှမ်း ၁၅ ခု ရေပြန်လည် ပြည့်သည့် ပမာဏ လျော့နည်းမှု

    ကမ္ဘာကြီးပိုမိုပူနွေးလာသည်နှင့်အမျှ မြစ်ဝှမ်းဒေသများသို့ ရေဝင်ရောက်မှုလျော့နည်းလာကြောင်း မကြာမီက ပြုလုပ်ခဲ့သည့်လေ့လာချက်တစ်ရပ်က ဆိုသည်။ အဆိုပါဖြစ်စဉ်သည် လက်ရှိဖြစ်ပေါ်နေသည့် ရေရှားပါးမှု ပြဿနာအား ပိုမိုဆိုးရွားစေရန်ရှိနေသည်။ ပူနွေးလာခြင်းကြောင့် ရေငွေ့ပိုပျံသည်၊ အပင်များက ရေပိုစုပ်ယူသည်၊ တစ်ချိန်တည်း၌ မိုးရွာသွန်းမှုနှင့်ဆီးနှင်းကျမှုပုံစံပြောင်းလဲခြင်းကြောင့် မြစ်ဝှမ်းများသို့ ရေအဝင်နည်းလာခြင်း ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုပိုလာခြင်းနှင့်အတူ ယင်းဖြစ်စဉ်သည် ပိုမိုဆိုးရွားလာမည်။ Indian Institute of Science နှင့် University of…