Resources
-
အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု
ရေအခက်အခဲကိုဖြေရှင်းရာတွင် မှန်ကန်သောရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုက အရေးပါသည်။ ရေရယူရေး၊ သန့်စင်ရေး၊ ပေးဝေရေးစနစ်များကို ပုံစံထုတ်ရာတွင် အတိတ်နှင့်ပစ္စုပ္ပန် မိုးရွာခြင်း မိုးခေါင်ခြင်း၊ သုံးစွဲနှုန်း နှင့်သုံးစွဲသည့်ပုံစံ၊ မြစ်ရေ ကန်ရေ မြေအောက်ရေပမာဏနှင့် အရည်အသွေးစသည်တို့ကို ထည့်သွင်း စဉ်းစားပြီး လာမည့်နှစ်ပေါင်း သုံးလေးဆယ်အတွင်း ဖြစ်လာနိုင်သည်တို့ကို ကြိုတင်တွက်ချက်ကာ အခြေခံ အဆောက်အအုံများကို တည်ဆောက်ကြရသည်။ ယခုအခါရာသီဥတုပြောင်းလဲခြင်းကြောင့် ယခင်က လိုက်နာကျင့်သုံးခဲ့သည့် ရေဘက်ဆိုင်ရာ အခြေခံ…
-
လူတိုင်းရေချွေတာစွာသုံးစွဲရေး
စိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ ရောင်းချသူ၊ သုံးစွဲသူများ ပါဝင်သည့် ရေသုံးစွဲမှုဖြစ်စဉ် ကွင်းဆက်တွင် လူသည် နောက်ဆုံးသုံးသူ ဖြစ်သည့်အတွက် လူတိုင်းရေချွေတာကြဖို့ အရေးကြီးလှသည်။ ယင်းဖြစ်စဉ်၌ နိုင်ငံသားများအား ဦးဆောင်စည်းရုံးပညာပေးကာ ရေချွေတာရေးကို နိုင်ငံအဆင့် အောင်မြင်အောင် လုပ်သည့် နိုင်ငံများအနက် စင်ကာပူသည် ထင်ရှားသည်။ စင်ကာပူနိုင်ငံသားတို့၏ တစ်ဦးချင်း ရေသုံးစွဲမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်က ၄၃ ဂါလန်ခန့် ရှိခဲ့ရာမှ…
-
ကုန်ထုတ်လုပ်ငန်း၌ ရေချွေတာခြင်း
ကုန်ပစ္စည်းနှင့်အသုံးအဆောင်များထုတ်လုပ်ရာတွင် ရေကိုတတ်နိုင်သမျှ ချွေတာစွာသုံးသော နည်းပညာများကို တီထွင်နိုင်ကြလျှင်လည်း ရေလိုအပ်ချက် အကြီးအကျယ်လျော့ကျလာနိုင်သဖြင့် ကမ္ဘာ့ထုတ်လုပ်မှုလုပ်ငန်း အများအပြားသည် ယင်းနည်းကို အာရုံစိုက်နေကြသည်။ ဥပမာ ကမ္ဘာကျော် ယူနီလီးဗားကုမ္ပဏီသည် ကုန်ကြမ်းရှာဖွေရယူရာမှ စကာ ကုန်ချောထုပ်ပိုးသည်အထိ အဆင့်တိုင်းတွင် ရေလျှော့သုံးနိုင်သည့် နည်းပညာများကို အလေးထားတီထွင်နေသည်။ မြန်မာတို့ကျယ်ပြန့်စွာသုံးစွဲနေသော အိမ်သုံးပစ္စည်းနှင့်အစားအသောက်များကို ထုတ်လုပ်သော ယူနီလီးဗား သည် ၂၀၁၀ ပြည့်နှစ်ကစတင်၍ ရေရှည်ခံ လူနေမှုအစီအစဉ်ဖြင့်…
-
သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
မိလ္လာအညစ်အကြေးရေတို့ကိုသန့်စင်၍ပြန်သောက်ပါဟုဆိုလျှင် အချို့သူများအဖို့ ပြန်သောက်ဖို့မဆိုထားနှင့်၊ ကြားရရုံမျှဖြင့်ပင် အော့ချင်အန်ချင်ဖြစ်လာကြမည်။ သို့သော် ကမ္ဘာ့အချို့ဒေသများတွင် မိလ္လာနှင့် အခြား ရေဆိုးများကို သန့်စင်ပြီး စိုက်ပျိုးရေနှင့် စက်မှုလုပ်ငန်းသုံးရေအပြင် သောက်သုံးရေအဖြစ်ပါ ပေးဝေနေခြင်းကို လက်တွေ့ အောင်မြင်စွာ လုပ်ဆောင်လျက်ရှိသည်။ ယင်းအချက်က ကောင်းမွန်သန့်ရှင်းသည့် ရေအရင်းအမြစ် ရှာရသည်မှာ ခက်သထက်ခက်လာနေသည့် အခြေအနေကို မီးမောင်းထိုးပြသည့်အပြင် ရေဆိုးများကိုပြန်လည်သန့်စင်အသုံးပြုခြင်းဖြင့်လည်း ရေပြဿနာ တစ်စိတ်တစ်ပိုင်း ပြေလည်နိုင်ကြောင်း ညွှန်းဆိုလိုက်ခြင်းပင်…
-
ရေချိုချက်စက်ရုံနှင့်မြန်မာ
ထိုင်းနိုင်ငံ ဖူးခက်၊ စမွီစသည့်ကျွန်းများတွင် မြေပေါ် မြေအောက် ရေအရင်းအမြစ် ကြွယ်ဝသော်လည်း လာရောက် အပန်းဖြေသည့် ကမ္ဘာလှည့်ခရီးသည် အလွန်များလှသဖြင့် ရေလောက်ငစွာ ပေးနိုင်စေရန် ရေချိုချက် စက်ရုံငယ်များကို တည်ဆောက် လည်ပတ်နေရသည်။ မြန်မာနိုင်ငံတွင်လည်း တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ကျွန်းတစ်ကျွန်းတွင် တည်ဆောက်မည့် ဟိုတယ် လုပ်ငန်းတစ်ခုအတွက် ရေချိုချက်စက်ရုံ တည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။ တနင်္သာရီဒေသသည် ထိုင်းကမ်းခြေများကဲ့သို့ပင် ရေအရင်းအမြစ်ပေါများသော်လည်း…
-
ရေငန်မှရေချိုချက်ခြင်း
ထုတ်ယူသုံးစွဲမှု လွန်ကဲ၍ မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေများ လျော့နည်းလာနေခြင်း၊ ရာသီဥတု ပြောင်းလဲသဖြင့် အချို့ဒေသများ၌ မိုးရွာသွန်းမှုလျော့နည်းလာနေခြင်းတို့ကြောင့် သမားရိုးကျမဟုတ်သည့် ရေအရင်းအမြစ်များမှပါ ရေရယူရန်လိုအပ်လာနေသည်။ ဤအခြေအနေ၌ ကမ္ဘာတွင်အပေါများဆုံး ဖြစ်သော်လည်း သောက်သုံး၍မရသည့် ပင်လယ်ရေငန်များကို ရေချိုအဖြစ်ချက်လုပ်ပြောင်းလဲအသုံးပြုမှုများ အရှိန်ရလာလျက် ရှိသည်။ ရေထုထည်အပုံတစ်သန်းတွင် ကလိုရိုက်အပုံ ၁၀၀၀ နှင့် အထက်ပါလျှင် ရေငန်ဟု ခေါ်သည်။ အပုံ ၁၀၀၀…
-
အာရှမြေအောက်ရေ
ကမ္ဘာ့ အဓိက မြေအောက်ရေကြော ၃၇ ခုအနက် ၂၁ ခုသည် ပြန်မပြည့်နိုင်တော့သည် အထိ ဆိုးရွားစွာ ရေလျော့နည်းလာနေကြောင်း အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ)နှင့် ဂျာမနီတို့ ပူးတွဲ လွှတ်တင်ထားသည့် ဂရေ့စ်ဂြိုဟ်တုများ၏ လေ့လာချက်က ဆိုသည်။ ဆီးနှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီးစသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ် ရွေ့လျားနေရာ…


