Resources

  • မိုးရေစုဆောင်းအသုံးချမှုကိုအားပေးသောအိန္ဒိယနိုင်ငံ

    လေ့လာတွေ့ရှိသမျှ ကမ္ဘာပေါ်တွင် မိုးရေခံစနစ်ကို အားအပေးဆုံး၊ လက်တွေ့တပ်ဆင်အသုံးပြုမှုအရှိဆုံး နိုင်ငံသည် အိန္ဒိယဖြစ်သည်။ အိန္ဒိယပြည်နယ်အများအပြား၌ အဆောက်အအုံများတွင် မိုးရေခံစနစ်များ ထည့်သွင်းတပ်ဆင်ရန် ပြည်နယ် အလိုက် စည်းမျဉ်းစည်းကမ်းများ ရှိပြီး ဖြစ်သည်။ နေရာအများအပြား၌ မိုးရေခံစနစ်များကို တပ်ဆင် အသုံးပြုသဖြင့် လက်တွေ့အကျိုးများကို ရရှိခံစားနေကြသည်။ မိုးရေခံစနစ်၏အကျိုး၊ မည်သည့်အတွက် မိုးရေခံစနစ်တပ်ဆင်ရန် လိုအပ်ပုံစသည်တို့ကို အများပြည်သူတို့ သိရှိရန် စည်းရုံးပညာပေးမှုလည်း အားကောင်းသည်။…

  • အတုယူသင့်သော ကော်လိုရာဒိုမြစ် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု

    အမေရိကန်နိုင်ငံ အနောက်ပိုင်း၏ အဓိကမြစ်ဖြစ်သည့် ကော်လိုရာဒိုမြစ်သည် ကီလိုမီတာ ၂၃၀ဝ ကျော် ရှည်ပြီး ရေဝေဒေသသည် ၆၃၀ဝဝဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ မြစ်ဖျားခံရာ ရော့ကီးတောင်တန်းများပေါ်မှ စတင်ကာ အနောက်တောင်ဘက်သို့ ဦးတည်၍ ကွေ့ကောက်ဝေ့ဝိုက် စီးဆင်းသည့် ကော်လိုရာဒိုမြစ်၏ ရေဝေဒေသတွင် ဝိုင်အိုးမင်း၊ နဗားဒါး၊ ယူထား၊ ကော်လိုရာဒို၊ ကယ်လီဖိုးနီယား၊ အရီဇိုးနား၊ နယူးမက္ကဆီကို ပြည်နယ်များနှင့် မက္ကဆီကိုနိုင်ငံ၏…

  • မြန်မာ့ခြောက်သွေ့ဒေသအတွက်မိုးရေ

    မြန်မာပြည်အလယ်ပိုင်းခြောက်သွေ့ဒေသကို ရခိုင်ရိုးမက ကွယ်ထားသဖြင့် မိုးနည်းသည်ဟု ပထဝီဝင်သင်ခန်းစာများ၌ သင်ခဲ့ရသည်။ အနောက်ဘက်တွင် ရခိုင်ရိုးမခံနေသဖြင့် ခြောက်သွေ့ဒေသသို့ ရေငွေ့ပါသည့်ပင်လယ်လေများ မရောက်နိုင်သောကြောင့် မိုးနည်းသည်ဟုဆိုလျှင်တောင်ဘက်လမ်းကြောင်းကို စဉ်းစားကြည့်သင့်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှစကာ ပဲခူးရိုးမနှင့် ရခိုင်ရိုးမကြားရှိ လမ်းကြောင်း၌ ခြောက်သွေ့ဒေသရောက်သည် အထိ မည်သည့်အတားအဆီးမျှမရှိ၊ ဟင်းလင်းပွင့်နေသည်။ ယင်းလမ်းကြောင်းတစ်လျှောက် သင့်တော်သော နေရာများတွင် သင့်တော်သောအပင်များဖြင့် သစ်တောများ စိုက်ပျိုးထူထောင်၍ ဘင်္ဂလားပင်လယ်အော်မှ ရေငွေ့ပါသည့်လေများကို စုပ်ယူဆွဲခေါ်လာကာ…

  • အုံ့ဆိုင်းသစ်တော စီးသောရေကြည်

    ရေဝေဒေသ၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သော သစ်တောများသည် လိုအပ်သောသစ်ဝါးများကို ထုတ်လုပ်ပေးသည်၊ ရေစီးကို ထိန်းသိမ်းပေးသည်၊ အေးမြသောအာဝါသကိုပေးသည်၊ ဇီဝမျိုးစုံမျိုးကွဲများကို ရှင်သန်စေသည်၊ ကာဘွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူ၍ အောက်ဆီဂျင်ထုတ်ပေးသည်စသဖြင့် သိကြသည်။ သစ်တောရှိသော နေရာတွင် မိုးများသည်ဟုလည်း ယေဘုယျ သိကြသည်။ မိုးရွာသွန်းစေ ရုရှားသိပ္ပံပညာရှင်နှစ်ဦး(Anastassia Makarieva, Victor Gorshkov)တို့က သစ်တောသည် မိုးရွာသွန်းမှုကို ဖန်တီးသည်ဟူသော အချက်ကို လွန်ခဲ့သည့် နှစ်ပေါင်း…

  • ရေဖိုးရေခ

    အသက်ရှင်သန်ရေးတွင် ရေသည် မရှိမဖြစ်အရည်ဖြစ်နေ၍ ကုလသမဂ္ဂ ထုတ်ပြန်ချက်အချို့နှင့် နိုင်ငံအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် လူ့အခွင့်အရေးနှင့် ရေရရှိရေးကို ဆက်စပ်ထားသော်လည်း ရေကို အခမဲ့ ပေးဝေရမည်ဟု ဖော်ပြမထားချေ။ သို့သော် ရေကိုအခမဲ့ သို့မဟုတ်အခမဲ့နီးနီးဈေးဖြင့် ဘိုးစဉ်ဘောင်ဆက် ရခဲ့ကြသည့်အတိုင်း နောင်တွင်လည်း ဆက်ရနေမည့်အရာဟု အတော်များများက မှတ်ထင်စွဲလမ်းနေကြသည်။ အချို့ကမူ ထိုသို့ထင်မှတ်နေရုံတင်မက ငွေကုန်ကြေးကျ နည်းနည်းဖြင့်ရသော ရေကို တန်ဖိုးမထားကြဘဲ အလေအလွင့်များများဖြင့်…

  • ခြေရာပျောက်ရေ

    ကမ္ဘာပေါ်ရှိ ရေပမာဏသည် လူတို့သောက်သုံး၍ မကုန်နိုင် မခန်းနိုင်သည်ကတော့ မှန်သည်။ သို့သော် သောက်သုံးနိုင်သည့် ရေချိုရေသန့် ပမာဏသည် လူတို့၏ လုပ်ဆောင်ချက် အချို့ကြောင့် တဖြည်းဖြည်း လျော့နည်းလာနေပြီး ညစ်ညမ်းသော ရေပမာဏ တဖြည်းဖြည်းများပြားလာနေသည်ကို သဘောပေါက်ရန် လိုအပ်နေသည်။ ထို့ကြောင့် ရေသုံးစွဲရာတွင်တတ်နိုင်သမျှ ချွေတာရန် နှိုးဆော်နေကြသည်။ ရေခြေရာ ယင်းနှိုးဆော်ချက်များထဲတွင် လူတို့၏ ရေခြေရာ Water Footprint…

  • မြန်မာ့ကမ်းရိုးတန်းဒေသအတွက်ရေလှောင်ကန်

    ရေအခက်အခဲတွေ့နေသောဒေသများတွင်ပင်လယ်ရေပြင်ကို မြင်နေရသော်လည်း သောက်သုံးရေအတွက် ရပ်ဝေးရပ်နီးမှရေကို မှီခိုအားကိုးရသည့် မြန်မာ့ကမ်းရိုးတန်းမြို့ရွာများလည်း ပါဝင်သည်။ အဆိုပါမြို့ရွာများအတွက် ကမ်းရိုးတန်းရေလှောင်ကန်တည်ဆောက်ရန် ဖြစ်နိုင်သည့်နေရာများကို ရှာဖွေ ဖော်ထုတ် တည်ဆောက်ပေးသင့်သည်။ ကမ်းရိုးတန်းရေလှောင်ကန်သည် နိုင်ငံ့အခြေအနေနှင့် လိုက်လျောညီထွေ ရှိသည့်အပြင် မိုင် ၁၂၀၀ ခန့်ရှည်လျားသည့် မြန်မာ့ကမ်းရိုးတန်းတွင် ယင်းကန်မျိုး ဆောက်လုပ်နိုင်သည့်နေရာ အများအပြားရှိသော်လည်း လက်တွေ့ ဖော်ထုတ်အသုံးချခြင်းမရှိသေးပေ။ ကမ်းရိုးတန်းဟိုတယ်နှင့် အပန်းဖြေစခန်းများတွင်လည်း ကမ်းရိုးတန်းရေလှောင်ကန် တည်ဆောက်ရန်…