Resources
-
အစားအစာလေလွင့်မှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ရေအရင်းအမြစ်ဆုံးရှုံးမှု
ကမ္ဘာတစ်ဝန်း၌ အငတ်ဘေးတွေ့ကြုံခြင်းသည် ဆယ်စုနှစ်နှစ်ခုကြာမျှ လျော့နည်းသွားပြီးနောက် ပြန်လည် ခေါင်းထောင်လာနေသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ခန့်မှန်းချက်အရ လူပေါင်း ၆၆၃ သန်းသည် အငတ်ဘေးနှင့် ကြုံနေရကြောင်း သိရသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ငတ်သူတို့က ငတ်နေသည့်အချိန်၌ အချို့နေရာများတွင် ထုတ်လုပ်သမျှ၏ သုံးပုံတစ်ပုံခန့်ရှိသော အစားအစာများသည် မစားရ မသောက်ရ လေလွင့် ဆုံးရှုံးလျက်ရှိ၏။ အစားအစာလေလွင့်မှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ရေအရင်းအမြစ်ဆုံးရှုံးမှု အကြောင်း ၁…
-
မြေအောက်သဲတမံ (အေးမြင့်-ညောင်တုန်း)
၂၀၁၂ က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ Stockholm Water Week ရေရက်သတ္တပတ်ကို သွားတက်ခဲ့စဉ်က မြန်မာပြည်မြစ်ဝကျွန်းပေါ် ရေစီမံမှုကိစ္စတွေ စာတမ်းတင် ဖတ်ကြားပြီး အတွေ့အကြုံ ဖလှယ်ခဲ့ပါတယ်။ Stockholm Water Week ကမ္ဘာ့ရေညီလာခံမှာ ရေအလုပ်တွေ တင်ပြ မျှဝေကြတဲ့ အာဖရိကအဖွဲ့တွေနဲ့ ဆုံခဲ့ရပါတယ်၊ သူတို့ ကျေးလက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတဲ့ သဲချောင်းတွေထဲက သဲတမံ(Sand…
-
နုန်းနစ်ပန်းလှိုင်
(အေးမြင့်(ညောင်တုန်း)၏ ရေအင်ဂျင်နီယာနည်းပညာအချက်အလက်နှင့် အယူအဆ ရေးသားချက်ကို ကျော်ဦးက တည်းဖြတ်မွမ်းမံပါသည်။) မြစ်များ တိမ်ကောလာခြင်း၏ အကြောင်းရင်းများမှာ မြစ်ဖျားခံရာနှင့် ဖြတ်သန်း စီးဆင်းရာ ဒေသများ၌ မိုးနည်းသွားခြင်း၊ ထုတ်ယူသုံးစွဲမှု များလွန်းခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် နုန်းအနည် များလာခြင်း စသည်တို့ကြောင့် ဖြစ်သည်။ လူဦးရေများလာ၊ ရာသီဥတုပြောင်းလဲလာသော ကမ္ဘာတွင် တိမ်ကောသော မြစ်စင်းရေ ပို၍များလာသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက တရုတ်နိုင်ငံ၌ မြစ်ပေါင်း…
-
တရုတ်မြစ်ပေါင်း ၂၈၀၀၀ ပျောက်ဆုံးသွားသည့်ကိစ္စ
တစ်ချိန်က တရုတ်နိုင်ငံတွင် မြစ်ပေါင်း ၅၀၀၀၀ ခန့်ရှိခဲ့ရာမှ တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်က လူပေါင်း ၈၀၀၀၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့သော အမျိုးသားရေသန်းခေါင်စာရင်းအရ ရေဝေဧရိယာ စတုရန်းမိုင် ၄၀ နှင့် အထက်ရှိသောမြစ် ၂၂၉၀၉ စင်းသာရှိတော့ကြောင်း သိရရာ နှစ်ပေါင်း ၂၀ ကျော်အတွင်း တရုတ်မြစ်ချောင်းပေါင်း ၂၈၀၀၀ ခန့် တိမ်ကောသွား၊ ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်။…
-
ရန်ကုန်မြို့တော် ရေပေးရေးဆိုင်ရာ အချက်အလက်အချို့
ရန်ကုန်ရေပေးရေးသမိုင်း စတင်သည့်ခုနှစ် အရင်းအမြစ် ၁၈၄၂ ရေတွင်းကြီး ၃၀ ၁၈၇၉ ကန်တော်ကြီးကန် ၁၈၈၄ အင်းလျားကန် ၁၉၀၄ လှော်ကားရေလှောင်ကန် ၁၉၄၀ ဂျိုးဖြူရေလှောင်ကန် ၁၉၉၂ ဖူးကြီးရေလှောင်ကန် ၂၀၀၅ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ပထမဆင့်) ၂၀၁၄ ငမိုးရိပ်ရေသန့်စင်စက်ရုံ(ဒုတိယအဆင့်) ဆက်စပ်ဖတ်ရှုရန် နှစ်တစ်ရာကျော်က ရန်ကုန်ရေပေးရေးနှင့် မိလ္လာစွန့်စနစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ်…
-
မြေအောက်ရေ၏အခြေခံသဘော
အထက်ပါပုံသည် မြေအောက်ရေ၏သဘောသဘာဝကို ရှင်းပြရာ၌ ကောင်းစွာအထောက်အကူပြုသောပုံ ဖြစ်သည်။ (သို့သော် ယင်းပုံသည် သရုပ်ပြပုံသာဖြစ်၍ နေရာတိုင်း၌ ဤအတိုင်းတွေ့ရမည်ဟု မှတ်ယူရန်မဟုတ်ပါ။) မြေလွှာကို အပေါ်ယံမြေဆီလွှာ(Top Soil)၊ မြေဆီလွှာ၏အောက်ရှိ ကြေမွဇုန်(Weathered Zone)ဟူ၍ နှစ်ပိုင်းခွဲထားသည်။ မြေဆီလွှာတွင် အဓိကပါဝင်သော ရွှံ့လုံးများကြား၌ ရေရှိသော်လည်း ဖြည်းညင်းစွာ ရွေ့လျားသည်။ ကြေမွဇုန်တွင် သဲလုံးများ ကျောက်ကျိုးအကြေအမွများ အဓိကပါဝင်သဖြင့် ယင်းတို့ကြားတွင် ရေရွေ့လျားစီးဆင်းရန်…
-
ရေဖြည့်တွင်းတစ်သန်း
အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့သည် လက်တူးတွင်းတိမ်များ၊ စက်ရေတွင်းတိမ်များဖြင့် ရေအခက်အခဲမရှိသော မြို့ဖြစ်ခဲ့သည်။ ထုတ်သုံး၍လျော့နည်းသွားသော မြေအောက်ရေကို တစ်နှစ်အတွင်းရွာသောမိုးလက်မ ၄၀ ခန့်က နိုင်နင်းအောင် ပြန်လည်ဖြည့်ပေးခဲ့သည်။ မြေအောက်ရေအပြင် မိုင် ၆၀ ကျော်ဝေးသောနေရာမှ မြစ်ရေဖြင့်လည်း မြို့ရေပေးရေးပြေလည်ခဲ့သည်။ နောက်ပိုင်း မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ ရေအသုံးကများ၊ သဘာဝမြေပြင်ပေါ်တွင် ကွန်ကရစ်နှင့်ကတ္တရာပြင်များက ဖုံးလွှမ်းလာသောအခါ သဘာဝမြေအောက်ရေဖြည့်စနစ်က နိုင်အောင်မဖြည့်နိုင်တော့ဘဲ တွင်းရေပြင် ကျဆင်းလာသည်။ မြေအောက်ရေလျော့နည်းလာသည့်အပြင်…


