Resources

  • ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များလျော့နည်းတိုဝင်လာခြင်း

    ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ မြန်မာနိုင်ငံတို့၏မြောက်ဘက်၊ တရုတ်နိုင်ငံ၏အနောက်ဘက် တစ်စိတ်တစ်ပိုင်းတို့ဖြင့် ဖွဲ့စည်းထားသော ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ(Hindu Kush Himalayan Region (HKH))တွင် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်အပါအဝင် တောင်မြင့်များစွာပါဝင်သဖြင့် ကမ္ဘာ့ခေါင်မိုးဟုလည်းကောင်း၊ တောင်နှင့်မြောက်ဝင်ရိုးစွန်းဒေသများပြီးလျှင် ရေခဲပြင် ရေခဲမြစ်အများဆုံးရှိ၍ တတိယဝင်ရိုးစွန်းဟုလည်းကောင်း တင်စားခေါ်ဝေါ်ကြသည်။ ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များသည် ၁၉၇၀ ပြည့်နှစ်အလွန်မှစ၍ အရည်ပျော်မှုများလာကာ ရေခဲပြန်ဖြစ်မှုနည်းလာသဖြင့် လျော့နည်းတိုဝင်လာလျက်ရှိသည်(ခြွင်းချက်-ဒေသအနောက်ပိုင်းရေခဲမြစ်များ)။ လေ့လာချက်တစ်ခုအရ အိန္ဒိယ၊ တရုတ်၊…

  • အစ္စရေးရေအရင်းအမြစ်

    အစ္စရေးနိုင်ငံ၏တစ်နှစ်ပျမ်းမျှမိုးရေချိန်သည် ၂၁ လက်မမျှသာဖြစ်ရာ မြန်မာနိုင်ငံ ခြောက်သွေ့ဒေသ၏ မိုးရေချိန်နှင့်နီးစပ်သည်။ မြန်မာ့ ခြောက်သွေ့ဒေသ၌ ရေအခက်အခဲကြီးမားသည့်နည်းတူ အစ္စရေးတွင်လည်း ရေပြဿနာကြီးကြီးမားမားရှိခဲ့သည်။ ယခုအခါ မြန်မာတွင် ခြောက်သွေ့ဒေသ၌သာမက မိုးများသည့်ဒေသ အချို့တွင်ပါ ရေအခက်အခဲရှိနေသော်လည်း အစ္စရေးတွင်မူ ရေများပိုလျှံသည့် အခြေအနေသို့ ရောက်သွားပြီ။ သူတို့ ရေအရင်းအမြစ်ကိုဘယ်လိုစီမံသလဲ လေ့လာပြီး သိလာသည်ကို အတိုချုံး၍ မျှဝေပါသည်။ အစ္စရေးသည် ၁၉၄၈ ခုနှစ်…

  • လျော့နည်းလာနေသော မြေပေါ် မြေအောက်ရေ (Terrestrial Water Storage (TWS)) ပမာဏ

    ဒေသတစ်ခု၏ ရေရရှိရေး အခြေအနေကို သိရန်၊ အနာဂတ် ရေရရှိရေး အလားအလာကို ခန့်မှန်း တွက်ချက်ရန် Terrestrial Water Storage (TWS) သည် အရေးပါသော အချက်များအနက် တစ်ခု ဖြစ်သည်။ မြေအောက်ရေ၊ မြေမျက်နှာပြင် အနီးရှိ သစ်မြစ်ဇုန်၊ မြေဆီလွှာ စသည်တို့ရှိရေ၊ သစ်ပင်များထဲရှိ ရေ၊ မြစ်ရေ၊ ကန်ရေ၊ ဆီးနှင်း၊ ရေခဲပြင်၊…

  • ရေချိုပမာဏလျော့နည်းလာခြင်း

    ဆီးနှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီး စသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ်ရွေ့လျားနေရာ ယင်းရွေ့လျားမှုကြောင့်ဖြစ်ပေါ်သော ကမ္ဘာ့ဒြပ်ဆွဲအားပြောင်းလဲမှုကို ဂရေ့စ်ဂြိုဟ်တုနှစ်လုံး(The Gravity Recovery and Climate Experiment – GRACE)က မှတ်တမ်းတင်ပြီး ဒေသတစ်ခုအတွင်း ရေထုအတိုးအလျော့ကို တွက်ချက်ပုံဖော်ပေးသည်။ ဂရေ့စ်သည် ရေအရင်းအမြစ်များကို တိုက်ရိုက်တိုင်းတာနိုင်သည့် ပထမဆုံးဂြိုဟ်တုများဖြစ်၍ ယင်းတို့မှရသည့်အချက်အလက်များသည် အခြားဂြိုဟ်တုများမှရသည်တို့ထက် ပိုမိုတိကျသည်။…

  • အစ္စရေး၏ရေအရင်းအမြစ်

    ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်သော အာရပ်-အစ္စရေးပဋိပက္ခသည် အဦးအစက နယ်မြေလုခြင်း လူမျိုးရေးပြဿနာစသည်တို့ကို အခြေခံခဲ့သော်လည်း လူဦးရေများလာသောအခါ ရေပြဿနာက ထပ်ဆင့်လာသည်။ အရှေ့အလယ်ပိုင်းနိုင်ငံအားလုံးသည် မိုးနည်းသဖြင့် ရေအခက်အခဲရှိကြသည်ချည်း ဖြစ်သော်လည်း ဆီးရီးယား၊ ဂျော်ဒန်၊ ပါလက်စတိုင်းနယ်မြေနှင့် အစ္စရေးတို့သည်မူ ဘုံရေအရင်းအမြစ်တစ်ခုကို ခွဲဝေသုံးစွဲရသဖြင့် ပြဿနာပိုများသည်။ ယင်းနိုင်ငံများခွဲဝေသုံးစွဲရသည့် ဘုံရေအရင်းအမြစ်မှာ ဂျော်ဒန်မြစ်ရေ ဖြစ်သည်။ ပူးတွဲမြေပုံတွင် ဂျော်ဒန်မြစ်သည် ဂျော်ဒန်နိုင်ငံ၏အနောက်ဘက်နယ်နိမိတ်တစ်လျှောက်လုံး၌ စီးဆင်းနေသည်ကို တွေ့နိုင်သည်။ သို့သော်…

  • ရန်ကုန်မြေအောက်ရေ မခမ်းခြောက်စေဖို့

    [ မြေအောက်ရေပညာရှင် – (Hydrogeologist) ဦးမြင့်သိန်း(မောင်ကျေးရေ) နှင့် တွေ့ဆုံမေးမြန်းခြင်း by ဒေါ်ခင်မျိုးသက် (VOA) 27.10.2019 ဦးမြင့်သိန်း။ ။ “ရန်ကုန်မြို့မှာ ၂၀၁၄ သန်းကောင်စာရင်း ကောက်တဲ့အနေအထားအရ ဆိုရင် လူဦးရေ ၅ သန်းကျော်ရှိတယ်။ အခုဆိုရင်တော့ ၆ သန်းကျော် လောက် ဖြစ်သွားပြီပေါ့။ အဲဒီမှာ လူဦးရေ ၅၀ %…

  • စင်ကာပူရေအရင်းအမြစ် (U Ye Htut)

    စင်ကာပူနိုင်ငံက နေ့စဉ် ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။ စင်ကာပူ ရေဘေးဆိုတာက ရေကြီး၊ ရေလျှံတာကိုပြောတာမဟုတ်ဘူး။ နိုင်ငံရဲ့ နေ့စဉ် ရေလိုအပ်ချက် အများစုအတွက် မလေးရှားနိုင်ငံကို မှီခိုနေရတဲ့ အခြေအနေကို ဆိုလိုတာပါ။ မလေးရှားဝန်ကြီးချုပ် မဟာသီယာက ဇွန်လ ၂၂ ရက်နေ့မှာ ၁၉၆၂ ခုနှစ်က ချုပ်ဆိုထားတဲ့ မလေးရှား- စင်ကာပူ ရေရောင်းချရေး သဘောတူညီချက်ကို ပြန်လည် သုံးသပ်ရမယ်လို့…