ရေငန်မြစ်ချောင်း ကမ်းရိုးတန်းများ ပတ်လည်ဝိုင်းနေသောမြို့ရွာဒေသများတွင် ရေ(ချို)အောင်းလွှာ-ဇုန် ရှာဖွေနည်း (ဦးမြင့်သိန်း – မောင်ကျေးရေ)

ဤဆောင်းပါးသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ကျွန်တော်၏ ဖေ့စ်ဘုတ်ဂရု မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ ဗဟုသုတမျှဝေကြအစီအစဉ်တွင် ဖော်ပြခဲ့သောဆောင်းပါး ဖြစ်ပါသည်။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီကမ်းမြောင်ဒေသများတွင် စက်ရေတွင်းတူးနေကြသော တွင်းတူးအဖွဲ့များ အဆင်ပြေစေရေး သုတမျှဝေခြင်း ဖြစ်ပါသည်။

ပင်လယ်ရေပတ်လည်ဝိုင်းနေသော ကျွန်း(သို့) ရေတက်ရေကျရှိသော၊ ရေငန်ရှိသော မြစ်ချောင်းများ ဝိုင်းပတ်နေသည့်မြို့ရွာများ (သို့) ရေငန်အောင်းလွှာများနှင့် တွဲတွေ့ရသည့် ကမ်းရိုးတန်းဒေသစသည့် နေရာဒေသများတွင် မြေအောက်ရေချိုလွှာ၏ အခြေအနေကို သိရန်အတွက် ၁၈၈၈၊ ၁၈၈၉ ခုနှစ်များနှင့် ၁၉၀၁ ခုနှစ်၌ ဇလဗေဒပညာရှင် “ဝီလျံဘဒွန်ဂျီဂျဘန်” နှင့် “အလက်ဇန္ဒားဟားဘတ်”တို့က ပင်လယ် ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများ၌ မြေအောက်ရေချိုအောင်းလွှာထဲသို့ ရေငန် (ပင်လယ် ရေငန်) တိုးဝင်ပုံနှင့် ရေချိုရေငန်ဆက်စပ်ဆက်သွယ်ပုံ- ပုံသေနည်း (ညီမျှခြင်း) ဖော်မြူလာကို လေ့လာ သုတေသနပြု အဖြေထုတ်ခဲ့ကြသည်။ အဆိုပါဆက်သွယ်မှုညီမျှခြင်း (ဖော်မြူလာ)ကို “ဂျိုင်ဘန်-ဟာချ်ဘချ် ဆက်သွယ်မှု” The Ghyben-Herzberg Relation ဟု ခေါ်သည်။

ဤညီမျှခြင်းကို ရေချိုရေငန်နှစ်မျိုး၏ သိပ်သည်းဆကို အခြေခံတွက်ချက်ထားခြင်း ဖြစ်သည်။ မြန်မာပြည်ရှိ စက်ရေတွင်းတူးအဖွဲ့များ၊ တွင်းတူးသူများ အလွယ်တကူ အသုံးပြုနိုင်ရန် အောက်တွင် ရှင်းလင်း ရေးသားထားပါသည်။

ρ ရေချို၏သိပ်သည်းဆ (ρf) = ၁ . ဝဝဝ ဂရမ်/ကုဗစင်တီမီတာ
(density of freshwater)      = (1.000 g/cm3)
ရေငန်၏သိပ်သည်းဆ (ρs ) = ၁ .ဝ၂၅ ဂရမ်/ကုဗစင်တီမီတာ
(density of Saltwater)        = (1.025 g/cm3)
Z = တူးဖော်သင့်သည့်အနက်ပေ
h = ကုန်းမြေပေါ်၌ ပင်လယ်ရေမျက်နှာပြင်နှင့် တပြေးညီမျဉ်းကြောင်း၏ အထက် ပိတ်လှောင်မထားသော၊ ရေအောင်းလွှာ (Unconfined Aquifer) ၏ အမြင့် (အထူ) = [(ကုန်းမြေပြင်၏အမြင့်ပေ) – (ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ)’ – (မြေအောက်ရေချို)
အောင်းလွှာ၏အနက်ပေ)]

မှတ်ချက်။ ။စက်ရေတွင်းတူးဖော်စဉ် မြေအောက်ရေကို တိုင်းတာရသည့်အနက်ပေနှင့် ပင်လယ်ရေမျက်နှာပြင်တို့နှစ်ခု ခြားနားချက်ဖြစ်သည်။
“ဂျိုင်ဘန်-ဟာချ်ဘချ်ဆက်သွယ်မူ” ညီမျှခြင်း အရ

အထက်ပါညီမျှခြင်းကို အသုံးပြု၍ အောက်ဖော်ပြပါပုံ နှင့်တွဲဖက်၍ နမူနာတွက်ပြထားပါသည်။

(မှတ်ချက်၊ ရေအောင်းလွှာသည် ဖိအားမဲ့ရေအောင်းလွှာ (ရေချို) အတွက်သာ ဤအဆိုမှန်သည်။)

အဆိုပါ‌ရေအောင်းလွှာမှရေထုတ်ယူရာ၌ ရေမှုတ်စမ်းသပ်ခြင်းလုပ်ငန်းကို သေချာစွာလုပ်ဆောင်ပြီးမှသာ ရေထုတ်ယူသင့်ပါသည်(သို့) ‌ရေအောင်းလွှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ရရှိသည့်ရေထွက်၏ ၇၀ ရာခိုင်နှုန်းသာ ထုတ်ယူသင့်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s