ရာသီဥတု ပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံရှိ မိုးလေ၀သစခန်း ၃၅ ခု၏ မှတ်တမ်းများအရ ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်ပြည်လုံး အတိုင်းအတာဖြင့် မိုးရေချိန်နှင့် အပူချိန် သိသိသာသာ တိုးလာခဲ့သည်။ ၁၉၈၁ မှ ၂၀၂၀ အထိ၊ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန်သည် ၁ . ၁ ဒီဂရီ စင်တီဂရိတ်ခန့် တိုးလာပြီး တစ်နှစ်တာ မိုးရေချိန်သည် ၁၅၇ . ၇ မီလီမီတာခန့် များလာသည်။

မိုးရွာသွန်းမှု

နှစ်ပေါင်း ၃၀ အတွင်း တစ်နှစ်တာ မိုးရေချိန် များလာမှု

မိုးရေချိန် တိုးလာသည် ဆိုရာ၌ ပျံ့ပျံ့နှံ့နှံ့နှင့် ရွာသွန်းခြင်း မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နေရာတည်းတွင် မိုးအလွန် သည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ရွာသွန်းမြဲထက် ကျော်လွန်ခြင်း ဖြစ်သည်။ ထို့ကြောင့် အချို့ဒေသများတွင် မိုးပိုရသော်လည်း မိုးနည်းရေရှားဒေသနှင့် အချို့ဒေသများတွင် ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်သည်။

အနာဂတ်တွင် ယေဘုယျအားဖြင့် အနည်းငယ် ပိုမိုစိုစွတ်သည့် ရာသီဥတု ဖြစ်နိုင်ခြေ အသင့်အတင့်ရှိသည်။
အနောက်တောင် မုတ်သုံကာလ (အထူးသဖြင့် ဇူလိုင်နှင့် ဩဂုတ်)တွင် မိုးပိုမို ရွာသွန်းနိုင်သည်။ အချိန်တိုအတွင်း မိုးအများအပြား ရွာသွန်းသည့်အတွက် လျှပ်တစ်ပြက် ရေကြီးမှုများ ဖြစ်ပေါ်နိုင်သည်။

၁၉၉၇-၉၈ ခုနှစ်များကကဲ့သို့ အားကောင်းသော အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်လျှင် ခြောက်သွေ့ကာလ ရှည်ကြာပြီး မိုးခေါင်ခြင်းအထိ ဖြစ်နိုင်သည်။

အပူချိန်

နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးအပူချိန် တက်မှု

အနာဂတ် အပူချိန်သည် ကမ္ဘာ့နိုင်ငံများ၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏအပေါ် မူတည်သည်။

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အလယ်အလတ် အခြေအနေ (Representative Concentration Pathway 4.5) တွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးအပူချိန်သည် ၁၉၈၁-၂၀၁၀ ကာလနှင့် နှိုင်းယှဉ်ပါက ၂၀၆၀ တွင် ၀ . ၆ ဒီဂရီ စင်တီဂရိတ်ခန့် လည်းကောင်း၊ ၂၁၀၀ တွင် ၁ . ၇ ဒီဂရီ စင်တီဂရိတ်ခန့် လည်းကောင်း တိုးလာနိုင်သည်။

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အများဆုံး အခြေအနေ (Representative Concentration Pathway 8.5) တွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးအပူချိန်သည် ၁၉၈၁-၂၀၁၀ ကာလနှင့် နှိုင်းယှဉ်ပါက ၂၀၆၀ တွင် ၂ . ၃ ဒီဂရီ စင်တီဂရိတ်ခန့် လည်းကောင်း၊ ၂၁၀၀ တွင် ၄ . ၃ ဒီဂရီ စင်တီဂရိတ်ခန့် လည်းကောင်း တိုးလာနိုင်သည်။

ရည်ညွန်း – မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ရာသီဥတု ပြောင်းလဲမှုနှင့် အနာဂတ် အလားအလာ Power Point Presentation
(https://www.moezala.gov.mm/sites/default/files/articles/Leaflet%20Next%20%28MyanmarTMHfinal%29.pdf)

Keywords: ရာသီဥတုပြောင်းလဲခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြန်မာ

ဆက်စပ်ဖတ်ရှုသင့်သောဆောင်းပါး ရာသီဥတုပြောင်းလဲမှုနှင့် မြန်မာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s