နှစ်သန်းပေါင်း ၄၅၀၀ ကျော်က စဖြစ်တည်ခဲ့သော ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးသည် အကြိမ်များစွာ ဖြစ် တည် ပျက်ခဲ့သောယုဂ် Periods များနှင့် ကြုံခဲ့ရပြီး ယခုလည်း ပျက်ကပ်တခုသို့ ဦးတည်နေပြီလား၊ လူသားများ အနေနှင့် ထိုအခြေအနေများကို တတ်နိုင်သရွေ့ ထိန်းထားနိုင်မလား၊ Earth, Water, Air, Fire မြေရေလေမီး ဓာတ်ကြီးလေးပါးရဲ့ ဖောက်ပြန် ပြောင်းလဲမှုတို့ကို ထိန်းချုပ်နိုင်ဖို့ လူသားများရဲ့ အသိဉာဏ် နည်းပညာတို့ဖြင့် ကျော်လွှားနိုင်မလား။
ဒီမေးခွန်းများရဲ့ အဖြေသည် အနာဂတ်ကမ္ဘာအတွက် အရေးကြီးတာတော့ အမှန်ပင်၊ ရာသီဥတုများ ပြောင်းလဲလာသည်နှင့်အမျှ မိုးကြီးရေလျှံ မြေပြို တောမီးလောင် မုန်တိုင်းစသော သဘာဝဘေး အန္တရာယ်များ (natural disasters) ဖြစ်လာစေသည်မှာ ဆယ်စုနှစ်များအတွင်း သိသိသာသာ များလာ၊ အကြိမ်ရေ စိတ်လာသည်ကို သတိထားကြမည် ထင်ပါသည်။
ထို့အတူ ကမ္ဘာကြီးတနှစ်ထက်တနှစ် ပိုပိုပြီးပူနွေးလာသည်ကို သိပ္ပံပညာရှင်များက ထောက်ပြလာသည်၊ အဓိက ပူနွေးလာသည့် အချက်တစ်ခုမှာ ကမ္ဘာလေထုထဲတွင် ပိတ်မိနေသော တချို့သော ဓာတ်ငွေ့များ (Greenhouse gases) က အပူငွေ့များကို ပိတ်ဆို့ထားမှု အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့သော ဓာတ်ငွေ့များက ကမ္ဘာအပူငွေ့များကို အာကာသထဲသို့ ထွက်မသွားအောင် ပိတ်ထားသဖြင့် ကြာလေလေ ကမ္ဘာကြီးဟာ အပူငွေ့တွေနဲ့ ပိတ်မိနေတဲ့ ပေါင်းအိုးတစ်ခုနှင့် တူလာကာ နောက်ဆက်တွဲ ကပ်ဘေးတွေ၊ ဥပမာ-ပူလာသောကြောင့် ဝင်ရိုးစွန်းရေခဲတွေ အရည်ပျော်ကျကာ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း (sea-level rising)၊ တောမီးလောင်ခြင်း(forest fires)၊ သစ်တောများ ပြုန်းတီးခြင်း (deforestation)၊ ပင်လယ်သတ္တဝါ မျိုးစိတ်များ ပျက်သုန်းခြင်း(extinction of sea creatures)၊ နောက်ပြီး ရာသီဥတုများဖောက်ပြန်လာကာ မုန်တိုင်းများနှင့် ရေကြီးမှုများ (heavy rainstorm, flooding)စတဲ့ နောက်ဆက်တွဲ ဘေးအန္တရာယ်များ ဖြစ်လာသည်မှာ အများအသိပင် ဖြစ်ပါသည်။
Paris Agreement and COP26
ဒီနှစ် ၂၀၂၁ တွင် ကိုဗစ်နှင့် နိုင်ငံအများ အလုပ်ရှုပ်ခဲ့၍ သတိမထားမိကြပေမယ့် ကမ္ဘာအပူလှိုင်းကပ်အတွက် အရေးကြီးသော ကမ္ဘာ့ ကုလသမဂ္ဂ နိုင်ငံတကာ အစည်းအဝေး COP26 (26th Conference of Parties) ကို စကော့တလန် Scotland, UK ၌ အောက်တိုဘာတွင် ကျင်းပခဲ့ပါသည်၊ ထိုအစည်းအဝေးမှာ၂၀၁၈ ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော အစည်းအဝေးမှ နိုင်ငံအားလုံး သဘောတူညီမှုနှင့် ကမ္ဘာအပူချိန်တိုးလာမှုကို တနှစ် ၂ ဒီဂရီ စင်တီဂရိတ် (၃ . ၅ ဖာရင်ဟိုက်)ထက် မပိုအောင်၊ ဖြစ်နိုင်ရင် ၁ . ၅ ဒီဂရီထက် မပိုအောင် ထိန်းထားကြရန်၊ တနှစ် $၁၀၀ ဘီလီယံကို ရာသီဥတု ဖောက်ပြန်မှု ထိန်းချုပ်ရေး ရံပုံငွေအဖြစ် ဆင်းရဲသောနိုင်ငံများကို ထောက်ပံ့ရန် သဘောတူခဲ့ကြပါသည်၊ ဒါ့အပြင် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ မရောက်အောင် လူသားတို့အနေနှင့် ဘာတွေလုပ်နိုင်သလဲ၊၊
- တတ်နိုင်သမျှ အစားထိုးလောင်စာသုံးခြင်း stop or control burning fossil fuels
- သစ်ပင်သစ်တောများ ပိုမိုပျိုးထောင်ခြင်း ထိန်းသိမ်းကာကွယ်ခြင်း plant more trees and protect forest
- နေရောင်ခြည် တိုက်ရိုက်ကျရောက်မှုကို ကာကွယ်ခြင်း workout how to block sun rays
- ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို စုပ်ယူဖယ်ရှားနိုင်သော စက်များတီထွင်ခြင်း develop machines to suck carbon out of the air
- တချို့သော လူလုပ်ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များလာမှု နှင့် ရာသီဥတုဖောက်ပြန်မှုများ တချို့သော အချက်များဟာ ထိန်းသိမ်းလို့ မရပေမယ့် တချို့မှာ ထိန်းသိမ်းလို့ ရနိုင်ပါသည်။
- စက်ရုံများမှ ဓာတ်ငွေ့လောင်စာဆီများ အသုံးပြုခြင်း burning of oil and gases
- အမှိုက်နှင့်စွန့်ပစ် ပစ္စည်းများ wastes and disposal sites
- သစ်တောပြုန်းတီးမှု နှင့် မြို့ပြချဲ့ထွင်မှု Deforestation and urbanization
- လူဦးရေ ထူထပ်လာမှု population growth
ဘူမိသိပ္ပံနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ရှားမှု
ဓာတ်ကြီးလေးပါးထဲက တခုဖြစ်တဲ့ မြေကြီး earth က ဘူမိသမားများနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ တကယ်တော့ တနှစ် အပူချိန် ၂ ဒီဂရီထက် မတက်ဖို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို ဖယ်ဖို့ ရည်မှန်းချက်ဟာ နှစ်စဉ်စက်ရုံများက ၄ % – ၈% ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်နေမှုကြောင့် မလွယ်ကူသော အလုပ်ဆိုတာ သိလာကြပါသည်။ ဒါဆို တခြားနည်းလမ်းတွေနဲ့ ဘယ်လို လျော့ကျအောင် လုပ်ကြမလဲ။

အပေါ်ပုံမှာ ပြထားတဲ့အတိုင်းဆို 5-20 Gt CO2e ကာဗွန်ဒိုင်အောက်ဆိုဒ်လောက်ကို ဖယ်ရှားမှသာ ရည်မှန်းထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို ဖယ်ရှားနိုင်ပြီး ၁ နှစ် အပူချိန် ၂ ဒီဂရီထက် မကျော်အောင် ထိန်းထားနိုင်မှာဖြစ်ပါသည်။ (မှတ်ချက် 1Gt of CO2= emissions of 250 million vehicles in a year)
ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လေထုထဲမရောက်ဖို့ သဘာဝနည်းနဲ့ ဖယ်ရှားနိုင်တာတွေရှိပါတယ်၊ ဥပမာ-
၁-ဒီရေသစ်တော Mangrove ထိန်းသိမ်းမှု
၂-သစ်ပင်များများစိုက်ခြင်း planting trees
၃-စိုက်ပျိုးမြေများမှာ သဘာဝမြေများအသုံးပြုခြင်း improving crops and soil management
၄-ပင်လယ်ကမ်းခြေ ထိန်းသိမ်းခြင်း စတာတွေအပြင် နည်းပညာသုံးပြီး လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ကို စုပ်ယူခြင်း စတာတွေ ရှိပေမယ့် ငွေကြေးနဲ့ သုတေသနတွေ လုပ်ရဦးမှာပါ။
နှစ်အနည်းငယ်မတိုင်ခင်ကတည်းက ဘူမိဗေဒအသိပညာနှင့် နံပတ် ၃- စိုက်ပျိုးမြေများမှာ ဘယ်လိုမြေကြီး soil ကို သုံးရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို များများ စုပ်ယူနိုင်မယ်ဆိုတာတွေကို သုတေသန လုပ်လာကြပါတယ်၊ တကယ်တော့ ဒီ idea ကလည်း ဘူမိဗေဒမှာ ကျောက်များ ရာသီဥတု တိုက်စားခြင်း Rock weathering မှ လာပါသည်။
အပေါ်ပုံမှာ ပြထားတဲ့ formula အတိုင်း silicates, carbonate rocks တွေ မိုးရေနှင့်တွေ့ weathering တိုက်စားခံရရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူထားလိုက်ပြီး လေထုထဲ ပြန်ထွက်သွားမှာကို တားဆီးနိုင်တာတွေ့ရမှာ ဖြစ်ပါသည်။
ဒါပေမယ့် ဒီရာသီဥတုတိုက်စားခြင်းကလည်း ဒေသရဲ့ အပူချိန်နဲ့လည်း ဆိုင်ပါတယ်၊ ဒါ့အပြင် ကျောက်အမျိုးလိုက်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူနိုင်မှုကွာတာကို သုတေသနများက တွေ့ရှိလာပါသည်။
အဲဒါကတော့ calcium magnesium silicate rocks တွေဖြစ်တဲ့ basalt, harzburgite လို ကျောက်တွေဟာ weathering ဖြစ်ရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုစုပ်ယူပြီး ပင်လယ်ရေရဲ့ pHကို ထိန်းနိုင်ပြီး carbonate deposition ကို အားပေးနိုင်တာကို တွေ့ရှိလာပါသည်။ (အောက်ပုံ)

လက်တွေ့လည်း အပူပိုင်းဒေသ equator တွေမှာ စမ်းသပ်ချက်အရ 2Gt CO2 ကာဗွန်ဒိုင်အောက်ဆိုဒ် ကို စုပ်ယူနိုင်တာတွေ့ရပါသည်။ တွက်ချက်မှုများအရ တစ်ကမ္ဘာလုံးရှိ စိုက်ပျိုးမြေတွမှာ သုံးမယ်ဆိုရင် ၂၀ %-၄၀ % ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားလာနိုင်ပြီး တနှစ် ၂ ဒီဂရီထက် အပူချိန်မတက်အောင် ထိန်းလာနိုင်ပြီး နှစ် ၂၁၀၀ ရည်မှန်းချက် အပူချိန်ကို ထိန်းလာနိုင်မှာပါ၊
ဒါ့အပြင် Ultramafic, mafic rocks ကျောက်မိုင်းတွေကထွက်ရလာတဲ့ mine tailing များ၊ periodotite, ophiolites ပေါ်ထွက်ပိုင်း outcrops များကို အသုံးချပြီး(အောက်ပုံ) နည်းပညာသုံး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လူလုပ် man-made weathering နည်းဖြင့် စုပ်ယူတဲ့နည်းများကိုလည်း ဘူမိသိပ္ပံပညာရှင်များက သုတေသနပြုနေကြပါသည်။

နိဂုံးအနေနဲ့ ရန်သူမျိုးငါးပါးမှာ တစ်ပါးဖြစ်တဲ့ ကမ္ဘာကြီးကို မီးလို ပူလောင်စေမယ့် greenhouse gas ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှား လျော့ကျလာရန် ကြိုးစားကြရမှာ ဖြစ်သလို မိမိရဲ့ လောဘ၊ ဒေါသ၊ မောဟမီးများကိုလည်း လျော့ပါးလာအောင် ကြိုးစားကြရမှာ ဖြစ်ပါသည်။
ကြည်ခင်၊ ၀၃-၁၁-၂၀၂၁
မှီငြမ်း၊၊ James R. et.al. (2021) Solutions for Carbon dioxide removal, Geoscientist, Autumn, 17-22.