စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ရက်သတ္တနှစ်ပတ်ကြာပြုလုပ်ခဲ့သော COP 26 ခေါ် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေးသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က အောက်ပါ အဓိကသဘောတူညီချက် သုံးခုကို ချမှတ်၍ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

၁ – ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေးခေတ်မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင် ထိန်းထားနိုင်ရေး လာမည့်နှစ်တွင် ထပ်မံစည်းဝေးကြဖို့ သဘောတူကြသည်။

၂ – ကျောက်မီးသွေး အသုံးလျှော့ချရန် ပထမဆုံးအကြိမ် သဘောတူကြသည်။

၃ – ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးအကူအညီပိုပေးရန် သဘောတူကြသည်။

ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေးခေတ်မတိုင်မီကထက် ၁ . ၅ စင်တီဂရိတ် ပိုမတက်အောင် ထိန်းထားနိုင်ရေးအတွက် တိကျသောဆုံးဖြတ်ချက်ကို အစည်းအဝေးတွင် ချမှတ်နိုင်မည်ဟု အကောင်းမြင်သူများက မျှော်လင့်ခဲ့ကြသော်လည်း ယင်းသို့ ဖြစ်မလာပေ။

ကျောက်မီးသွေးအသုံးလျှော့ချရန် ပထမဆုံးအကြိမ် သဘောတူကြခြင်းမှာမူ သိသာသော တိုးတက်မှုတစ်ခု ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးအကူအညီပိုပေးရန် သဘောတူကြခြင်းမှာလည်း ကြိုဆိုသင့်သည်။

ဆက်လက်လေ့လာရန် ကမ္ဘာ့အပူချိန် အနည်းငယ်တက်ရုံမျှဖြင့်

One response to “ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး”

  1. ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ – Water Security and the Changing Climate Avatar

    […] ပြုလုပ်ခဲ့သည့် စကော့တလန်နိုင်ငံ ဂလပ်စဂိုအစည်းအဝေး အပါအဝင် အစည်းအဝေးအတော်များများ […]

    Like

Leave a reply to ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ – Water Security and the Changing Climate Cancel reply