စက်မှုအညစ်အကြေး

စက်မှုလုပ်ငန်းများမှထွက်လာသော စွန့်ပစ်ပစ္စည်းများတွင် လုပ်ငန်းအမျိုးအစားကို လိုက်၍ ဆိုင်ယာနိုက်၊ ဇင့်၊ ခဲ၊ ကြေးနီ၊ ကက်(ဒ)မင်၊ ပြဒါးစသည်တို့ပါဝင်ရာ ယင်းတို့ကိုစားသုံးမိသော ရေသတ္တဝါတို့သည် ဓာတ်အမျိုးအစားနှင့်ပမာဏကို လိုက်၍ အချိန်တိုအတွင်း သေကြသည်လည်းရှိ၍ ရုတ်ချည်းမသေဘဲ ကိုယ်ခန္ဓာအတွင်းရှိနေကာ ယင်းသတ္တဝါတို့ကို ထပ်ဆင့် … Continue reading စက်မှုအညစ်အကြေး

ရေညစ်ညမ်းခြင်းဆိုသည်မှာ

ရေညစ်ညမ်းသည်ဆိုရာတွင် ရေသည် နောက်ကျိကာ အနည်နှင့် အမှိုက်သရိုက်များ ပါဝင်ရောနှောနေသည် ကိုသာ ဆိုလိုခြင်းမဟုတ်၊ လူတို့ကို ရောဂါရစေ သေကြေစေရုံသာမက ရေနေသတ္တဝါများ၏ ရှင်သန်မှုကို ထိခိုက်ကာ အဏ္ဏဝါဂေဟစနစ်ကြီးတစ်ခုလုံးကိုပါ ယိုယွင်းစေသော ပိုးမွှား အနည်အမှုန်၊ အရည်နှင့် ဓာတ်ပစ္စည်းအမျိုးမျိုးတို့ … Continue reading ရေညစ်ညမ်းခြင်းဆိုသည်မှာ

နယ်ချဲ့ညစ်ညမ်းရေ

အိန္ဒိယနိုင်ငံတွင် ဆွာမိနီဂါမာနန်းတစ်ယောက် အစာငတ်ခံဆန္ဒပြနေသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် နှစ်လ ပြည့်ခဲ့သည်။ ရက်ပေါင်းအတန်ကြာအစာမစားဘဲနေရာမှ သတိလစ်သွား၍ ဆေးရုံသို့ပို့ထားရသည်။ အထူးကြပ်မတ်ကုသဆောင်တွင် နှာခေါင်းပိုက်များတန်းလန်းနှင့် သူ့ကိုမြင်ရသည်မှာမသက်သာလှ။ သူ့ကို ထောက်ခံသူများက အားပေးစကားပြောသည်ကို ဆွာမိနီဂါမာနန်း ကြားတစ်ချက် မကြားတစ်ချက် … Continue reading နယ်ချဲ့ညစ်ညမ်းရေ

အေရယ်လ်ကုန်းတွင်းပင်လယ်

အေရယ်လ်ပင်လယ်သည် စတုရန်းမိုင် ၂၆၀၀၀ ရှိပြီး မျက်နှာပြင်ဧရိယာအားဖြင့် ကမ္ဘာ့စတုတ္ထအကြီးဆုံး ရေကန်ကြီး ဖြစ်ခဲ့သည်။ အေရယ်လ်ပင်လယ်ထဲသို့ အာမူဒါရီယာနှင့်ဆီရ်ဒါရီယာအမည်ရှိ အဓိကမြစ်ကြီးနှစ်စင်းမှ ရေများ စီးဝင်သည်။ အာမူဒါရီယာမြစ်သည် အာရှတိုက်အလယ်ပိုင်းတွင် အရှည်ဆုံးမြစ်ဖြစ်သည်။ ဆီးနှင်းဖုံးဟိန္ဒူကွတ်ရှ် တောင်တန်းမှ စတင်မြစ်ဖျားခံကာ အာရှအလယ်ပိုင်း … Continue reading အေရယ်လ်ကုန်းတွင်းပင်လယ်

ခန်းခြောက်လာသောရေကန်များ

ရေအသုံးလွန်ကဲမှု၊ ခြောက်သွေ့သောရာသီဥတုနှင့် ညစ်ညမ်းမှုတို့သည် ကမ္ဘာ့ရေကန်ကြီးအများအပြားကို ခန်းခြောက်အောင်၊ ရေအရည်အသွေး ကျဆင်းအောင်ဖန်တီးလျက်ရှိသည်။ တရုတ်နိုင်ငံ ပိုယန်းကန် ဒေသခံတို့၏ သောက်သုံးရေ စိုက်ပျိုးရေဇာစ်မြစ်ဖြစ်ရုံမက ဂေဟစနစ် ကောင်းမွန်သဖြင့် ငှက်အများအပြား လာရောက်ကျက်စားရာဖြစ်သော တရုတ်နိုင်ငံ၏ အကြီးဆုံးရေချိုအိုင် ပိုယန်းကန်သည် ၁၇၀၀ … Continue reading ခန်းခြောက်လာသောရေကန်များ

အရည်ပျော်တောင်ထိပ်များ

စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲ မဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီမှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး ဟု ညီပုလေးက စိမ်းလန်းတဲ့ တောင်ကုန်း မြင့်မားတဲ့တောင်တန်း စာအုပ်တွင် ရေးသားခဲ့သည်။ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ … Continue reading အရည်ပျော်တောင်ထိပ်များ

မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေး

မိုးကနည်း၊ မြေအောက်ရေမလုံလောက်၊ ရေကာတာဆောက်ရန်လည်း အခြေအနေမပေးသောနေရာများသို့ ရေပေါသောမြစ်ဝှမ်းများမှ ရေများကို လွှဲပြောင်းပေးနိုင်သည်။ လေ့လာချက်တစ်ခုအရ ရေလွှဲပြောင်းရေး စီမံကိန်းများ ကမ္ဘာပေါ်၌ ၇၆ ခုရှိပြီး လွှဲပြောင်းနေသောအကွာအဝေး စုစုပေါင်းမိုင် ၆၅၀၀၀ ကျော်သည်ဟု သိရသည်။ မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေးလုပ်ငန်းများကို သြစတေးလျ၊ … Continue reading မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေး