October 2021

  • ကုန်ထုတ်လုပ်ငန်း၌ ရေချွေတာခြင်း

    ကုန်ပစ္စည်းနှင့်အသုံးအဆောင်များထုတ်လုပ်ရာတွင် ရေကိုတတ်နိုင်သမျှ ချွေတာစွာသုံးသော နည်းပညာများကို တီထွင်နိုင်ကြလျှင်လည်း ရေလိုအပ်ချက် အကြီးအကျယ်လျော့ကျလာနိုင်သဖြင့် ကမ္ဘာ့ထုတ်လုပ်မှုလုပ်ငန်း အများအပြားသည် ယင်းနည်းကို အာရုံစိုက်နေကြသည်။ ဥပမာ ကမ္ဘာကျော် ယူနီလီးဗားကုမ္ပဏီသည် ကုန်ကြမ်းရှာဖွေရယူရာမှ စကာ ကုန်ချောထုပ်ပိုးသည်အထိ အဆင့်တိုင်းတွင် ရေလျှော့သုံးနိုင်သည့် နည်းပညာများကို အလေးထားတီထွင်နေသည်။ မြန်မာတို့ကျယ်ပြန့်စွာသုံးစွဲနေသော အိမ်သုံးပစ္စည်းနှင့်အစားအသောက်များကို ထုတ်လုပ်သော ယူနီလီးဗား သည် ၂၀၁၀ ပြည့်နှစ်ကစတင်၍ ရေရှည်ခံ လူနေမှုအစီအစဉ်ဖြင့်…

  • အစက်ချစိုက်နည်း

    ကမ္ဘာ့စုစုပေါင်းရေအရင်းအမြစ်၏ ၇၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးအတွက် အသုံးပြုနေရသည်။ ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်၌ သန်း ၉၈၀၀ ရှိလာမည်ဟု ခန့်မှန်းထားပြီး ဝင်ငွေပိုကောင်းလာမည့် ဖွံ့ဖြိုးဆဲနိုင်ငံသားတို့ အစားအစာပို၍ စားလာမည်။ ယင်းလိုအပ်ချက်ကို ပြည့်မီရန်အတွက် သီးနှံ အထွက်နှုန်းသည် ယခုထက် ၇၀ ရာခိုင်နှုန်းမျှ ပိုလိုလာမည်။ လက်ရှိတွင် စိုက်ပျိုးမြေနှင့်မွေးမြူရေးစားကျက်မြေနှစ်မျိုးပေါင်းသည် ကမ္ဘာ့ကုန်းမြေ ဧရိယာ၏ ၄၀ ရာခိုင်နှုန်းခန့်…

  • သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

    မိလ္လာအညစ်အကြေးရေတို့ကိုသန့်စင်၍ပြန်သောက်ပါဟုဆိုလျှင် အချို့သူများအဖို့ ပြန်သောက်ဖို့မဆိုထားနှင့်၊ ကြားရရုံမျှဖြင့်ပင် အော့ချင်အန်ချင်ဖြစ်လာကြမည်။ သို့သော် ကမ္ဘာ့အချို့ဒေသများတွင် မိလ္လာနှင့် အခြား ရေဆိုးများကို သန့်စင်ပြီး စိုက်ပျိုးရေနှင့် စက်မှုလုပ်ငန်းသုံးရေအပြင် သောက်သုံးရေအဖြစ်ပါ ပေးဝေနေခြင်းကို လက်တွေ့ အောင်မြင်စွာ လုပ်ဆောင်လျက်ရှိသည်။ ယင်းအချက်က ကောင်းမွန်သန့်ရှင်းသည့် ရေအရင်းအမြစ် ရှာရသည်မှာ ခက်သထက်ခက်လာနေသည့် အခြေအနေကို မီးမောင်းထိုးပြသည့်အပြင် ရေဆိုးများကိုပြန်လည်သန့်စင်အသုံးပြုခြင်းဖြင့်လည်း ရေပြဿနာ တစ်စိတ်တစ်ပိုင်း ပြေလည်နိုင်ကြောင်း ညွှန်းဆိုလိုက်ခြင်းပင်…

  • ရေချိုချက်စက်ရုံနှင့်မြန်မာ

    ထိုင်းနိုင်ငံ ဖူးခက်၊ စမွီစသည့်ကျွန်းများတွင် မြေပေါ် မြေအောက် ရေအရင်းအမြစ် ကြွယ်ဝသော်လည်း လာရောက် အပန်းဖြေသည့် ကမ္ဘာလှည့်ခရီးသည် အလွန်များလှသဖြင့် ရေလောက်ငစွာ ပေးနိုင်စေရန် ရေချိုချက် စက်ရုံငယ်များကို တည်ဆောက် လည်ပတ်နေရသည်။ မြန်မာနိုင်ငံတွင်လည်း တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ကျွန်းတစ်ကျွန်းတွင် တည်ဆောက်မည့် ဟိုတယ် လုပ်ငန်းတစ်ခုအတွက် ရေချိုချက်စက်ရုံ တည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။ တနင်္သာရီဒေသသည် ထိုင်းကမ်းခြေများကဲ့သို့ပင် ရေအရင်းအမြစ်ပေါများသော်လည်း…

  • ရေငန်မှရေချိုချက်ခြင်း

    ထုတ်ယူသုံးစွဲမှု လွန်ကဲ၍ မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေများ လျော့နည်းလာနေခြင်း၊ ရာသီဥတု ပြောင်းလဲသဖြင့် အချို့ဒေသများ၌ မိုးရွာသွန်းမှုလျော့နည်းလာနေခြင်းတို့ကြောင့် သမားရိုးကျမဟုတ်သည့် ရေအရင်းအမြစ်များမှပါ ရေရယူရန်လိုအပ်လာနေသည်။ ဤအခြေအနေ၌ ကမ္ဘာတွင်အပေါများဆုံး ဖြစ်သော်လည်း သောက်သုံး၍မရသည့် ပင်လယ်ရေငန်များကို ရေချိုအဖြစ်ချက်လုပ်ပြောင်းလဲအသုံးပြုမှုများ အရှိန်ရလာလျက် ရှိသည်။ ရေထုထည်အပုံတစ်သန်းတွင် ကလိုရိုက်အပုံ ၁၀၀၀ နှင့် အထက်ပါလျှင် ရေငန်ဟု ခေါ်သည်။ အပုံ ၁၀၀၀…

  • ညစ်ညမ်းဧရာဝတီ

    ၂၀၁၃ ခုနှစ် မတ်လနှင့်ဇူလိုင်လများက စဉ့်ကူး၊ မန္တလေး၊ ပြည်၊ ဟင်္သာတနှင့် ညောင်တုန်းမြို့များရှိ ဧရာဝတီမြစ်တွင် ရေနမူနာများရယူပြီး ဧရာဝတီမြစ်ရေ ညစ်ညမ်းခြင်းလေ့လာချက်တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါ လေ့လာချက်အရ သတ္တုတူးဖော်ခြင်း၊ သစ်တောပြုန်းခြင်း၊ မြေယာအသုံးချမှု စသည်တို့ကြောင့် တစ်နှစ်လျှင် တန်ချိန် ၃၆၀ မျှရှိသည့် မြေစာများ၊ နုံးအနည်များ ဧရာဝတီမြစ်တွင်းသို့ ဝင်ရောက်လျက်ရှိသည်။ ရေနေသတ္တဝါတို့ရှင်သန်ရေးအတွက် အရေးပါသည့်အောက်ဆီဂျင်သည် မြစ်ရေ၌ လုံလောက်စွာ…

  • သဘာဝ၏ရေသန့်စင်နိုင်စွမ်း

    မြစ်ရေကန်ရေများထဲသို့ ညစ်ညမ်းပစ္စည်းများ ဘက်ပေါင်းစုံမှ ဝင်ရောက်နေပြီး ကမ္ဘာ့နေရာ အတော်များများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းရေများကို မသန့်စင်မပြုပြင်ဘဲ သို့မဟုတ် လုံလောက်စွာ မသန့်စင် မပြုပြင်ဘဲ သောက်သုံးနေကြသည်။ ယင်းသို့ သောက်နေ၍ ရောဂါရကြ သေဆုံးနေကြသော်လည်း ဝင်နေသော အညစ်အကြေးပမာဏနှင့်စာလျှင် ကပ်ဘေးဆိုက်သည်အထိ ရောဂါဖြစ်ပွားနိုင်ပါလျက် မဖြစ်ခြင်းမှာ ရေထုသည် မိမိထဲရောက်လာသော အညစ်အကြေးများကို သဘာဝအလျောက် သန့်စင်ပေးနိုင်သော အရည်အသွေးကို…