October 2021
-
စက်မှုအညစ်အကြေး
စက်မှုလုပ်ငန်းများမှထွက်လာသော စွန့်ပစ်ပစ္စည်းများတွင် လုပ်ငန်းအမျိုးအစားကို လိုက်၍ ဆိုင်ယာနိုက်၊ ဇင့်၊ ခဲ၊ ကြေးနီ၊ ကက်(ဒ)မင်၊ ပြဒါးစသည်တို့ပါဝင်ရာ ယင်းတို့ကိုစားသုံးမိသော ရေသတ္တဝါတို့သည် ဓာတ်အမျိုးအစားနှင့်ပမာဏကို လိုက်၍ အချိန်တိုအတွင်း သေကြသည်လည်းရှိ၍ ရုတ်ချည်းမသေဘဲ ကိုယ်ခန္ဓာအတွင်းရှိနေကာ ယင်းသတ္တဝါတို့ကို ထပ်ဆင့် စားသုံးကြသည့် လူအပါအဝင် အခြားသတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်းရောက်ရှိ၍ ဖြည်းဖြည်းချင်း ရောဂါရသေဆုံးကြသည်မျိုးလည်း ရှိနိုင်သည်။ အချို့သော စက်ရုံထွက်စွန့်ပစ်ပစ္စည်းများတွင် အောက်ဆီဂျင်ကိုစုပ်ယူဓာတ်ပြုသော…
-
ရေညစ်ညမ်းခြင်းဆိုသည်မှာ
ရေညစ်ညမ်းသည်ဆိုရာတွင် ရေသည် နောက်ကျိကာ အနည်နှင့် အမှိုက်သရိုက်များ ပါဝင်ရောနှောနေသည် ကိုသာ ဆိုလိုခြင်းမဟုတ်၊ လူတို့ကို ရောဂါရစေ သေကြေစေရုံသာမက ရေနေသတ္တဝါများ၏ ရှင်သန်မှုကို ထိခိုက်ကာ အဏ္ဏဝါဂေဟစနစ်ကြီးတစ်ခုလုံးကိုပါ ယိုယွင်းစေသော ပိုးမွှား အနည်အမှုန်၊ အရည်နှင့် ဓာတ်ပစ္စည်းအမျိုးမျိုးတို့ ရောယှက်နေခြင်းကို ခေါ်သည်။ ရေညစ်ညမ်းမှုရှိမရှိ သောက်သုံးရန် သင့်မသင့် သိနိုင်ရန် ရေတွင် လုံးလုံးမပါသင့်သည့် သို့မဟုတ် အများဆုံး…
-
နယ်ချဲ့ညစ်ညမ်းရေ
အိန္ဒိယနိုင်ငံတွင် ဆွာမိနီဂါမာနန်းတစ်ယောက် အစာငတ်ခံဆန္ဒပြနေသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် နှစ်လ ပြည့်ခဲ့သည်။ ရက်ပေါင်းအတန်ကြာအစာမစားဘဲနေရာမှ သတိလစ်သွား၍ ဆေးရုံသို့ပို့ထားရသည်။ အထူးကြပ်မတ်ကုသဆောင်တွင် နှာခေါင်းပိုက်များတန်းလန်းနှင့် သူ့ကိုမြင်ရသည်မှာမသက်သာလှ။ သူ့ကို ထောက်ခံသူများက အားပေးစကားပြောသည်ကို ဆွာမိနီဂါမာနန်း ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည်။ သူ့အခြေအနေသည် တဖြည်းဖြည်းဆိုးလာကာ စ၍ အစာမစားသည်မှ ရေတွက်လျှင် ၇၃ ရက်မြောက်နေ့တွင် သေဆုံးသွားတော့သည်။ အခြားသူများအစာငတ်ခံဆန္ဒပြကြခြင်းမှာ…
-
အေရယ်လ်ကုန်းတွင်းပင်လယ်
အေရယ်လ်ပင်လယ်သည် စတုရန်းမိုင် ၂၆၀၀၀ ရှိပြီး မျက်နှာပြင်ဧရိယာအားဖြင့် ကမ္ဘာ့စတုတ္ထအကြီးဆုံး ရေကန်ကြီး ဖြစ်ခဲ့သည်။ အေရယ်လ်ပင်လယ်ထဲသို့ အာမူဒါရီယာနှင့်ဆီရ်ဒါရီယာအမည်ရှိ အဓိကမြစ်ကြီးနှစ်စင်းမှ ရေများ စီးဝင်သည်။ အာမူဒါရီယာမြစ်သည် အာရှတိုက်အလယ်ပိုင်းတွင် အရှည်ဆုံးမြစ်ဖြစ်သည်။ ဆီးနှင်းဖုံးဟိန္ဒူကွတ်ရှ် တောင်တန်းမှ စတင်မြစ်ဖျားခံကာ အာရှအလယ်ပိုင်း မြက်ခင်းပြင်တစ်လျှောက်မိုင် ၁၅၀၀ မျှဖြတ်စီးခဲ့ပြီး အေရယ်လ်ပင်လယ် တောင်ဘက်သို့စီးဝင်သည်။ ဆီရ်ဒါရီယာမြစ်သည် အေရယ်လ်ပင်လယ်၏ မြောက်ဘက်သို့စီးဝင်သည်။ ၁၉၆၀ ပြည့်နှစ်များ၏အစပိုင်းအထိ…
-
ခန်းခြောက်လာသောရေကန်များ
ရေအသုံးလွန်ကဲမှု၊ ခြောက်သွေ့သောရာသီဥတုနှင့် ညစ်ညမ်းမှုတို့သည် ကမ္ဘာ့ရေကန်ကြီးအများအပြားကို ခန်းခြောက်အောင်၊ ရေအရည်အသွေး ကျဆင်းအောင်ဖန်တီးလျက်ရှိသည်။ တရုတ်နိုင်ငံ ပိုယန်းကန် ဒေသခံတို့၏ သောက်သုံးရေ စိုက်ပျိုးရေဇာစ်မြစ်ဖြစ်ရုံမက ဂေဟစနစ် ကောင်းမွန်သဖြင့် ငှက်အများအပြား လာရောက်ကျက်စားရာဖြစ်သော တရုတ်နိုင်ငံ၏ အကြီးဆုံးရေချိုအိုင် ပိုယန်းကန်သည် ၁၇၀၀ စတုရန်းမိုင် ကျယ်သော်လည်း ရေနည်းသောအချိန်များတွင် အိုင်ငယ်ကလေးများအဖြစ်သို့ အစိတ်စိတ်ကွဲလျက်ရှိသည်။ ယင်းရေကန်၏ အထက်ပိုင်းဒေသများတွင်ကြာမြင့်စွာမိုးခေါင်ပြီး ၂၀၁၁ ခုနှစ်တွင် ရွာသောမိုးရေချိန်သည်…
-
အရည်ပျော်တောင်ထိပ်များ
စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲ မဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီမှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး ဟု ညီပုလေးက စိမ်းလန်းတဲ့ တောင်ကုန်း မြင့်မားတဲ့တောင်တန်း စာအုပ်တွင် ရေးသားခဲ့သည်။ တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ ညီပုလေးကဲ့သို့ စိုးရိမ်စိတ်ဝင်နေသူသန်းပေါင်းများစွာရှိရာ တိဘက်လယ်သမား ဂျီယာဆွန်လည်းပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်ထူထပ်သောအပိုင်း၌ နေသူဂျီယာဆွန်က ကျွန်တော်တို့ဟာ သဘာဝတရားကြီးကိုနှောင့်ယှက်ဖျက်ဆီးမိခဲ့ပြီဟု…
-
မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေး
မိုးကနည်း၊ မြေအောက်ရေမလုံလောက်၊ ရေကာတာဆောက်ရန်လည်း အခြေအနေမပေးသောနေရာများသို့ ရေပေါသောမြစ်ဝှမ်းများမှ ရေများကို လွှဲပြောင်းပေးနိုင်သည်။ လေ့လာချက်တစ်ခုအရ ရေလွှဲပြောင်းရေး စီမံကိန်းများ ကမ္ဘာပေါ်၌ ၇၆ ခုရှိပြီး လွှဲပြောင်းနေသောအကွာအဝေး စုစုပေါင်းမိုင် ၆၅၀၀၀ ကျော်သည်ဟု သိရသည်။ မြစ်ဝှမ်းဒေသအချင်းချင်းရေလွှဲပြောင်းရေးလုပ်ငန်းများကို သြစတေးလျ၊ ကနေဒါ၊ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် အများဆုံးတွေ့နိုင်သည်။ အဆိုပါစီမံကိန်းများအနက်အကြီးဆုံးမှာ တရုတ်နိုင်ငံတောင်ပိုင်းမှမြစ်ရေများကို နိုင်ငံမြောက်ပိုင်းသို့ ပေးပို့နေသည့် တောင်မြောက်ရေလွှဲစီမံကိန်း…


