October 2021

  • ရေဖိုးရေခ

    အသက်ရှင်သန်ရေးတွင် ရေသည် မရှိမဖြစ်အရည်ဖြစ်နေ၍ ကုလသမဂ္ဂ ထုတ်ပြန်ချက်အချို့နှင့် နိုင်ငံအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် လူ့အခွင့်အရေးနှင့် ရေရရှိရေးကို ဆက်စပ်ထားသော်လည်း ရေကို အခမဲ့ ပေးဝေရမည်ဟု ဖော်ပြမထားချေ။ သို့သော် ရေကိုအခမဲ့ သို့မဟုတ်အခမဲ့နီးနီးဈေးဖြင့် ဘိုးစဉ်ဘောင်ဆက် ရခဲ့ကြသည့်အတိုင်း နောင်တွင်လည်း ဆက်ရနေမည့်အရာဟု အတော်များများက မှတ်ထင်စွဲလမ်းနေကြသည်။ အချို့ကမူ ထိုသို့ထင်မှတ်နေရုံတင်မက ငွေကုန်ကြေးကျ နည်းနည်းဖြင့်ရသော ရေကို တန်ဖိုးမထားကြဘဲ အလေအလွင့်များများဖြင့်…

  • ခြေရာပျောက်ရေ

    ကမ္ဘာပေါ်ရှိ ရေပမာဏသည် လူတို့သောက်သုံး၍ မကုန်နိုင် မခန်းနိုင်သည်ကတော့ မှန်သည်။ သို့သော် သောက်သုံးနိုင်သည့် ရေချိုရေသန့် ပမာဏသည် လူတို့၏ လုပ်ဆောင်ချက် အချို့ကြောင့် တဖြည်းဖြည်း လျော့နည်းလာနေပြီး ညစ်ညမ်းသော ရေပမာဏ တဖြည်းဖြည်းများပြားလာနေသည်ကို သဘောပေါက်ရန် လိုအပ်နေသည်။ ထို့ကြောင့် ရေသုံးစွဲရာတွင်တတ်နိုင်သမျှ ချွေတာရန် နှိုးဆော်နေကြသည်။ ရေခြေရာ ယင်းနှိုးဆော်ချက်များထဲတွင် လူတို့၏ ရေခြေရာ Water Footprint…

  • ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ

    ကမ္ဘာ့ရာသီဥတုပြောင်းလဲနေပြီ၊ အနာဂတ်တွင်လည်း ဆက်၍ပြောင်းလဲကာ လူနေမှုဘဝနှင့် သဘာ၀ ပတ်ဝန်းကျင်ကို သက်ရောက်နေမည် ဖြစ်ကြောင်း ခိုင်လုံသည့် သိပ္ပံအထောက်အထားများ ရှိပြီးဖြစ်သည်။ ယင်းဖြစ်စဉ်သည် ရေရရှိရေးနှင့် အရည်အသွေးတို့ကိုပါထိခိုက်နေသည်။ များပြားလာသော ရေလိုအပ်ချက်အား အလျဉ်မီအောင် မဖြည့်ဆီးနိုင်ခြင်းသည် သောက်သုံးရေအတွက် သာမက စွမ်းအင်ထုတ်လုပ်မှု၊ စားနပ်ရိက္ခာ ဖူလုံရေး၊ စီးပွားရေးစသည်တို့အထိ သက်ရောက်သည်။ တိုးပွားလာသည့်လူဦးရေ၊ ဖွံ့ဖြိုးလာသည့် စီးပွားရေး၊ ပြောင်းလဲလာသည့်ရေသုံးစွဲမှုပုံစံ၊ တိုးမြင့်လိုအပ်လာသည့်…

  • မြန်မာ့ကမ်းရိုးတန်းဒေသအတွက်ရေလှောင်ကန်

    ရေအခက်အခဲတွေ့နေသောဒေသများတွင်ပင်လယ်ရေပြင်ကို မြင်နေရသော်လည်း သောက်သုံးရေအတွက် ရပ်ဝေးရပ်နီးမှရေကို မှီခိုအားကိုးရသည့် မြန်မာ့ကမ်းရိုးတန်းမြို့ရွာများလည်း ပါဝင်သည်။ အဆိုပါမြို့ရွာများအတွက် ကမ်းရိုးတန်းရေလှောင်ကန်တည်ဆောက်ရန် ဖြစ်နိုင်သည့်နေရာများကို ရှာဖွေ ဖော်ထုတ် တည်ဆောက်ပေးသင့်သည်။ ကမ်းရိုးတန်းရေလှောင်ကန်သည် နိုင်ငံ့အခြေအနေနှင့် လိုက်လျောညီထွေ ရှိသည့်အပြင် မိုင် ၁၂၀၀ ခန့်ရှည်လျားသည့် မြန်မာ့ကမ်းရိုးတန်းတွင် ယင်းကန်မျိုး ဆောက်လုပ်နိုင်သည့်နေရာ အများအပြားရှိသော်လည်း လက်တွေ့ ဖော်ထုတ်အသုံးချခြင်းမရှိသေးပေ။ ကမ်းရိုးတန်းဟိုတယ်နှင့် အပန်းဖြေစခန်းများတွင်လည်း ကမ်းရိုးတန်းရေလှောင်ကန် တည်ဆောက်ရန်…

  • အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု

    ရေအခက်အခဲကိုဖြေရှင်းရာတွင် မှန်ကန်သောရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုက အရေးပါသည်။ ရေရယူရေး၊ သန့်စင်ရေး၊ ပေးဝေရေးစနစ်များကို ပုံစံထုတ်ရာတွင် အတိတ်နှင့်ပစ္စုပ္ပန် မိုးရွာခြင်း မိုးခေါင်ခြင်း၊ သုံးစွဲနှုန်း နှင့်သုံးစွဲသည့်ပုံစံ၊ မြစ်ရေ ကန်ရေ မြေအောက်ရေပမာဏနှင့် အရည်အသွေးစသည်တို့ကို ထည့်သွင်း စဉ်းစားပြီး လာမည့်နှစ်ပေါင်း သုံးလေးဆယ်အတွင်း ဖြစ်လာနိုင်သည်တို့ကို ကြိုတင်တွက်ချက်ကာ အခြေခံ အဆောက်အအုံများကို တည်ဆောက်ကြရသည်။ ယခုအခါရာသီဥတုပြောင်းလဲခြင်းကြောင့် ယခင်က လိုက်နာကျင့်သုံးခဲ့သည့် ရေဘက်ဆိုင်ရာ အခြေခံ…

  • မိုးရေလှောင်ကန်ဒစ်ဂျစ်တယ်စာအုပ်ဖတ်ရှုရန်

    ရေပြဿနာကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်သည့် လက်လှမ်းမီသောနည်းလမ်းများအနက်တစ်ခုဖြစ်သော မိုးရေခံစနစ်အကြောင်းကို မိုးရေလှောင်ကန်အမည်ဖြင့်စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ယခု ယင်းစာအုပ်ကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ပြောင်းလဲထုတ်ဝေတင်ဆက်လိုက်ပါပြီ။ ဒစ်ဂျစ်တယ်မူ၌ ပုံနှိပ်မူထက် ဓာတ်ပုံများပိုမိုပါဝင်သည့်အပြင် ဆက်စပ်ဖတ်ရှုနိုင်သောလင့်ခ်များ၊ ဗီဒီယိုများကို ထည့်သွင်းထားသဖြင့် မိုးရေခံစနစ်အကြောင်းကို ပိုမိုရှင်းလင်းစွာ လေ့လာနိုင်ပါသည်။ အောက်ပါလင့်ခ်များကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆုရှင် အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး…

  • လူတိုင်းရေချွေတာစွာသုံးစွဲရေး

    စိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ ရောင်းချသူ၊ သုံးစွဲသူများ ပါဝင်သည့် ရေသုံးစွဲမှုဖြစ်စဉ် ကွင်းဆက်တွင် လူသည် နောက်ဆုံးသုံးသူ ဖြစ်သည့်အတွက် လူတိုင်းရေချွေတာကြဖို့ အရေးကြီးလှသည်။ ယင်းဖြစ်စဉ်၌ နိုင်ငံသားများအား ဦးဆောင်စည်းရုံးပညာပေးကာ ရေချွေတာရေးကို နိုင်ငံအဆင့် အောင်မြင်အောင် လုပ်သည့် နိုင်ငံများအနက် စင်ကာပူသည် ထင်ရှားသည်။ စင်ကာပူနိုင်ငံသားတို့၏ တစ်ဦးချင်း ရေသုံးစွဲမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်က ၄၃ ဂါလန်ခန့် ရှိခဲ့ရာမှ…