October 2021
-
ပင်လယ်ကိုအလျှော့ပေးရတော့မလား
သတင်းတစ်ခုကြားတာကြောင့် ခေါင်းပေါ်ကဈေးဗန်းကို ဈေးထဲကအသိဆိုင်မှာပစ်ချ၊ တစ်မိုင်ပျော့ပျော့အကွာအဝေးရှိတဲ့ သူ့အိမ်ကို မစံပယ်တစ်ယောက် ဆိုင်ကယ်ငှားဖို့တောင် သတိမရနိုင်ဘဲ သုတ်ခြေတင်ပြေးချလာတယ်။ အိမ်ရောက်တော့ သတင်းကြားရတဲ့အတိုင်းပဲ သူ့အိမ်ဟာ အငမ်းမရ ဖျက်ဆီးခံနေရတာကို တွေ့လိုက်ရတော့တယ်။ ဓနိမိုး ထရံကာသူ့အိမ်လေးဟာ ယိုင်နဲ့နေပြီ။ အိမ်ပေါ်မှာမိသားစုတွေမရှိတော့ဘူး။ အိမ်နီးနားချင်းတွေက ဘေးလွတ်ရာကို ပို့ပေးထားကြတယ်။ သူဟာ အချိန်မဆိုင်းဘဲ ပြိုစပြုနေတဲ့ အိမ်ထဲကနေ ပစ္စည်းတွေနဲ့ ဓနိ၊ဝါး၊တိုင်တွေကို ရသလောက်ဆွဲထုတ်ပါတယ်။ လက်လုပ်လက်စားဘဝမို့…
-
ခေတ်ဟောင်းနှင့်ခေတ်သစ်ရေပြဿနာကွာခြားချက်
ရေထိန်းသိမ်းအသုံးချနိုင်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခေတ်ဟောင်းက မိုင်ယာနှင့်ခမာတို့၏ တိုင်းနိုင်ငံများ ပျက်သုဉ်းသည်အထိ ဆိုးရွားခဲ့သည်။ ခေတ်သစ်တွင်မူ ကိပ်တောင်းနှင့်ချင်းနိုင်တို့ကဲ့သို့ ရေပြဿနာကြီးထွားမှုမျိုးရှိခဲ့၊ နောင်တွင်လည်း ရှိလာဦးမည် ဖြစ်သော်လည်း ခေတ်ဟောင်းကကဲ့သို့ လူနေ မြို့ကြီးများပျက်စီးသည်အထိ ကြုံတွေ့ဖို့ မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ရေအရင်းအမြစ်များကို ရှာဖွေ ထိန်းသိမ်းအသုံးပြုရာတွင် ရှေးခေတ်ကထက် နည်းပညာ သိသာစွာတိုးတက်လာသောကြောင့် ဖြစ်သည်။ ရေကိုတစ်နေရာမှ တစ်နေရာသို့စက်အားဖြင့် တွန်းပို့နိုင်လာသည်။ မြေအောက်ရေကို…
-
မိုးခေါင်၍ရေပြတ်လုဖြစ်ခဲ့သောမြို့ကြီးများ
၁၈၇၆ ခုနှစ်နှင့် ၁၈၇၈ ခုနှစ်များကြားတွင် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့၌ ကြုံတွေ့ခဲ့ရသည့် မိုးခေါင်မှုကြောင့် ရေလျော့နည်း သီးနှံအထွက်ကျဆင်းကာ လူသန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ တရုတ်နိုင်ငံပြည်နယ်ငါးခု၌ လူဦးရေ ၁၀၈ သန်း နေထိုင်သည့်အနက် ကိုးသန်းမှ ၁၃ သန်းကြားသေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် မိုးခေါင်၍ အငတ်ဘေးကြုံခဲ့ကာ လူပေါင်းငါးသန်းခွဲမျှ သေဆုံးခဲ့သည်။ ခေတ်သစ်ရေအခက်အခဲ ၁၉ ရာစုနှစ်များနှင့် ၂၀…
-
ရေရှားကမ္ဘာအတွက် အသင့်ပြင်ကြပါစို့
ရေကြည်ရာမြက်နုရာဟူ၍ စကားရှိသည့်အတိုင်း လူတို့သည် မြို့ပြ ပြည်ရွာများ တည်ထောင်ရာ၌ မြစ်ချောင်း အင်းအိုင်နှင့်နီးသောအရပ်တွင် ဦးစားပေး တည်ထောင်ခဲ့ကြသည်။ စ၍တည်ကတည်းက ရေကို အလေးပေးခဲ့သကဲ့သို့ ရေကိုထိန်းသိမ်းနိုင်ခြင်းရှိမရှိဆိုသည့်အချက်က ယင်းမြို့ပြများနှင့် လူ့ယဉ်ကျေးမှုကြီးများ၏ ရေရှည်တည်တံ့မှုကို အဆုံးအဖြတ်ပေးခဲ့သည်။ မိုင်ယာယဉ်ကျေးမှု လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ခန့်မှစ၍ မြို့ပြများကို တည်ဆောက်ခဲ့ကြသော မိုင်ယာလူမျိုးများသည် အမေရိကတိုက်တွင် ပေါ်ထွန်းခဲ့သည့် လူ့ယဉ်ကျေးမှုကြီးများအနက် အဆင့်အမြင့်ဆုံး လူ့အဖွဲ့အစည်းကို…
-
မြန်မာ့ခြောက်သွေ့ဒေသအတွက်မိုးရေ
မြန်မာပြည်အလယ်ပိုင်းခြောက်သွေ့ဒေသကို ရခိုင်ရိုးမက ကွယ်ထားသဖြင့် မိုးနည်းသည်ဟု ပထဝီဝင်သင်ခန်းစာများ၌ သင်ခဲ့ရသည်။ အနောက်ဘက်တွင် ရခိုင်ရိုးမခံနေသဖြင့် ခြောက်သွေ့ဒေသသို့ ရေငွေ့ပါသည့်ပင်လယ်လေများ မရောက်နိုင်သောကြောင့် မိုးနည်းသည်ဟုဆိုလျှင်တောင်ဘက်လမ်းကြောင်းကို စဉ်းစားကြည့်သင့်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှစကာ ပဲခူးရိုးမနှင့် ရခိုင်ရိုးမကြားရှိ လမ်းကြောင်း၌ ခြောက်သွေ့ဒေသရောက်သည် အထိ မည်သည့်အတားအဆီးမျှမရှိ၊ ဟင်းလင်းပွင့်နေသည်။ ယင်းလမ်းကြောင်းတစ်လျှောက် သင့်တော်သော နေရာများတွင် သင့်တော်သောအပင်များဖြင့် သစ်တောများ စိုက်ပျိုးထူထောင်၍ ဘင်္ဂလားပင်လယ်အော်မှ ရေငွေ့ပါသည့်လေများကို စုပ်ယူဆွဲခေါ်လာကာ…
-
အုံ့ဆိုင်းသစ်တော စီးသောရေကြည်
ရေဝေဒေသ၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သော သစ်တောများသည် လိုအပ်သောသစ်ဝါးများကို ထုတ်လုပ်ပေးသည်၊ ရေစီးကို ထိန်းသိမ်းပေးသည်၊ အေးမြသောအာဝါသကိုပေးသည်၊ ဇီဝမျိုးစုံမျိုးကွဲများကို ရှင်သန်စေသည်၊ ကာဘွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူ၍ အောက်ဆီဂျင်ထုတ်ပေးသည်စသဖြင့် သိကြသည်။ သစ်တောရှိသော နေရာတွင် မိုးများသည်ဟုလည်း ယေဘုယျ သိကြသည်။ မိုးရွာသွန်းစေ ရုရှားသိပ္ပံပညာရှင်နှစ်ဦး(Anastassia Makarieva, Victor Gorshkov)တို့က သစ်တောသည် မိုးရွာသွန်းမှုကို ဖန်တီးသည်ဟူသော အချက်ကို လွန်ခဲ့သည့် နှစ်ပေါင်း…
-
ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
ရောဂါဖြစ်ပြီးမှဆေးကုသည်ထက် မဖြစ်မီကြိုတင်ကာကွယ်နိုင်လျှင် အကောင်းဆုံး ဖြစ်သကဲ့သို့ ရေစီးဆင်းရာ ဇာစ်မြစ်ဖြစ်သည့် ရေဝေဒေသများကို တတ်နိုင်သမျှ ထိန်းသိမ်းခြင်းဖြင့် မြစ်ချောင်းများထဲ၌ ရေကောင်း ရေသန့်များ စီးဆင်းရန်၊ ရေကြီးရေလျှံမှုနည်းပါးသွားရန် လုပ်ဆောင်နိုင်ကြသည်။ ရေဝေဒေသ Watershed ဆိုသည်မှာ မိုးရေ၊ လူနေအိမ်ခြေ၊ စိုက်ခင်းနှင့် လုပ်ငန်းစသည်များမှ ထွက်လာသောရေတို့ မြစ်ချောင်းထဲသို့ ဝင်ရောက်ရာ၌ ယင်းရေများ စတင်စီးဆင်းလာသည့်နေရာမှ မြစ်ထဲရောက်သည်အထိ ဖြတ်သန်းလာရာ မြေပြင်ဒေသ…


