မိုးရေစုဆောင်းအသုံးချမှုကိုအားပေးသောအိန္ဒိယနိုင်ငံ

လေ့လာတွေ့ရှိသမျှ ကမ္ဘာပေါ်တွင် မိုးရေခံစနစ်ကို အားအပေးဆုံး၊ လက်တွေ့တပ်ဆင်အသုံးပြုမှုအရှိဆုံး နိုင်ငံသည် အိန္ဒိယဖြစ်သည်။

အိန္ဒိယပြည်နယ်အများအပြား၌ အဆောက်အအုံများတွင် မိုးရေခံစနစ်များ ထည့်သွင်းတပ်ဆင်ရန် ပြည်နယ် အလိုက် စည်းမျဉ်းစည်းကမ်းများ ရှိပြီး ဖြစ်သည်။ နေရာအများအပြား၌ မိုးရေခံစနစ်များကို တပ်ဆင် အသုံးပြုသဖြင့် လက်တွေ့အကျိုးများကို ရရှိခံစားနေကြသည်။ မိုးရေခံစနစ်၏အကျိုး၊ မည်သည့်အတွက် မိုးရေခံစနစ်တပ်ဆင်ရန် လိုအပ်ပုံစသည်တို့ကို အများပြည်သူတို့ သိရှိရန် စည်းရုံးပညာပေးမှုလည်း အားကောင်းသည်။ အကောင်အထည်ဖော်နိုင်မှု အနည်းအများတော့ ကွဲပြားသည်။ မလိုက်နာသူတို့အား အရေးယူရာတွင်လည်း အားနည်းချက်အချို့ရှိသည်။

မိုးရေခံစနစ်ကို တပ်ဆင်ရန် ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်သည့်အနေနှင့် ၂၂ . ၃. ၂၁ ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့ရေနေ့(World Water Day )တွင် မိုးရေခံကြပါ(Catch the Rain campaign)လူထုလှုံ့ဆော်မှုကို ဝန်ကြီးချုပ်မိုဒီ ဦးစီး၍ စတင်ခဲ့သည်။ ယင်းလှုံ့ဆော်မှုအရ တစ်နိုင်ငံလုံး မိုးရေခံစနစ်များကို တပ်ဆင်သုံးစွဲကြရန် ပြည်နယ်အစိုးရများတင်မက ဗဟိုအစိုးရကပါ တိုက်တွန်းသည်။

အဆောက်အအုံအမိုးမှကျလာသောမိုးရေခံစနစ်၊ ရေတားတမံနိမ့်များ၊ မြေအောက်ရေပြန်ပြည့်စေသော ရေဖြည့်တွင်းများစသည်တို့ကို ပိုမိုဆောက်လုပ်အသုံးပြုကြရန် အသုံးမပြုတော့သောရေတွင်းများကို ပြန်ဆယ်ရန်၊ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ရန်၊ သစ်ပင်ပိုစိုက်ကြရန် လှုံ့ဆော်သည်။

တစ်နိုင်ငံလုံး၌ မိုးရေဌာနများဖွင့်ကာ ပြည်သူတို့ မိုးရေခံစနစ်တပ်ဆင်ရာတွင် အကူအညီပေးသည်။

ယခု(၂၀၂၁)နှစ် သြဂုတ်လအတွင်းက အိုးအိမ်နှင့်မြို့ပြရေးရာဝန်ကြီးဌာနက အိန္ဒိယလွှတ်တော်သို့ အစီရင်ခံချက်တစ်ခုအရ အိန္ဒိယပြည်နယ် ၃၃ ခုရှိ အဆောက်အအုံများတွင် မိုးရေခံစနစ်များ မဖြစ်မနေ တပ်ဆင်ရန် စီစဉ်ထားသည်ဟု သိရသည်။ စတုရန်းမီတာ ၁၀၀ နှင့်အထက်ရှိသော အဆောက်အအုံများတွင် မိုးရေခံစနစ်တပ်ဆင်ရမည်၊ အဆောက်အအုံအသစ်ဆောက်လုပ်ရန် ခွင့်ပြုချက်တင်လျှင် မိုးရေခံစနစ်ပုံစံ ပူးတွဲပါရှိရမည်ဖြစ်သည်။

ဥပဒေထုတ်သည့်အပြင် မိုးရေခံစနစ်တပ်ဆင်ရန် မက်လုံးများပေးသည်။ ဥပမာတစ်ခုအဖြစ် နယူးဒေလီအစိုးရသည် မိုးရေခံစနစ်တပ်ဆင်သူများကို ရူပီးငွေ ၅၀၀၀၀ အထိထောက်ပံ့ပေးသည့်အပြင် ရေခွန်ဆောင်ရာတွင် လျှော့ပေါ့ပေးခြင်းမျိုး ရှိသည်။

နယူးဒေလီတွင် မိုးရေခံစနစ်တပ်ဆင်ရန် ငွေကြေးထောက်ပံ့သည့်အစီအစဉ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s