အိုဂါလားလာရေကြော

ကမ္ဘာ့အကြီးဆုံးစိုက်ပျိုးကဏ္ဍထုတ်လုပ်သူဖြစ်သည့် အမေရိကန်နိုင်ငံသည်လည်း အိုဂါလားလာ Ogallala Aquifer ဟုခေါ်သော ဧရာမမြေအောက်ရေကြောကြီးတစ်ခုကိုပိုင်ဆိုင်သည်။ စတုရန်းမိုင် ၁၇၀၀၀၀ ကျုယ်ပြီး အမေရိကန်နိုင်ငံ၏ ပြည်နယ်ရှစ်ခုအောက်တွင် ဖြန့်ကြက်တည်ရှိသော အိုဂါလားလာမြေအောက်ရေကြောသည် အများအားဖြင့်ပေ ၂၀၀ ခန့် ထူသည်။ မြေအောက်ရေကြော၏ ရေမျက်နှာပြင်သည်မြေပေါ်မှပေ ၅၀ နှင့် ပေ ၅၀၀ ခန့်အတွင်း၌ ရှိသည်။

ရေကြောတည်ရှိရာပြည်နယ်များသည် ခြောက်သွေ့သောရာသီဥတုရှိသဖြင့် အဆိုပါရေကြောမှရေများကို ၂၀ ရာစုနှစ်အစပိုင်းက စတင်ထုတ်ယူပြီး စိုက်ပျိုးရေးအတွက်အဓိကအသုံးချခဲ့ရာ ဒုတိယကမ္ဘာစစ်ကာလ အတွင်းမှစ၍ ရေထုတ်ယူမှု ဆက်တိုက်မြင့်မားလာခဲ့သည်။ ယင်းရေကြော၏ နေရာအများအပြားတွင် ထုတ်ယူနေသောပမာဏသည် မိုးရေနှင့်အနီးရှိတောင်ထိပ်များမှ အရည်ပျော်ကျဆင်းလာသော ဆီးနှင်းရည်များက ပြန်လည်ဖြည့်တင်းနိုင်သောပမာဏထက် များစွာကျော်လွန်နေသည်။

အိုဂါလားလာရေကြောဗီဒီယိုသရုပ်ပြ ရှုစားရန်

ထုတ်ယူသောရေပမာဏကို စိမ့်ဝင်သောမိုးရေနှင့်ဆီးနှင်းရည်များကလိုက်၍ မဖြည့်နိုင်သဖြင့် ယခုအခါနေရာ များစွာတွင် ရေလျော့နည်းလာလျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း မိုးခေါင်သည့်နှစ်များကြောင့် မြေအောက်ရေကြောသည် တစ်နှစ်လျှင် ဧကပေပေါင်းရှစ်သန်းကျော်မျှ လျော့နည်းသွားခဲ့သည်။

အမေရိကန်နိုင်ငံ ဆည်မြောင်းစနစ်သုံးစိုက်ခင်းစုစုပေါင်း၏ ၂၇ ရာခိုင်နှုန်းသည် အိုဂါလားလာ ရေကြောပေါ်တွင်ရှိပြီး ပြည်နယ်ရှစ်ခုလူဦးရေ၏ ၈၂ ရာခိုင်နှုန်းသည် အိုဂါလားလာရေကိုသောက်သုံးကြရာ အဆိုပါရေကြောခန်းခြောက်သွားပါက အမေရိကန်၏ စိုက်ပျိုးကဏ္ဍအပြင်သောက်သုံးရေရယူရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ အမေရိကန်သည် သီးနှံများကို ကမ္ဘာ့ဈေးကွက်သို့ အမြောက်အမြား တင်ပို့သောနိုင်ငံဖြစ်၍ အမေရိကန်သီးနှံအထွက်လျော့လျှင် ကမ္ဘာ့သီးနှံအခြေအနေကိုလည်း မလွဲမသွေ ထိခိုက်မည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s